သုညကြွင်း စစ်မှု့ ထမ်း
------
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပဲခူးတိုင်း ကညွှတ်ကွင်းရွာမှာ ၁၁ ဇူလိုင် ၁၉၄၇ ခုနှစ်က ဖွားမြင်ပါတယ်။
--------------
ပထမတော့ အမှတ်တမဲ့ ပဲ၊ နောက်တော့  သုညကြွင်းမဟာဘုတ်ဖြစ်နေတာ သတိထားမိသွားပြီး အင်္ဂါနံ စစ်မက် သဘောက မရဏအိမ်ထိုင်နေတာကို စိတ်ဝင်စားသွားတယ်၊ မရဏကို မှီပြီး အသက်မွေးရတာ အန္တရာယ်များတယ်ဆိုတဲ့ သဘောကိုတွေ့ ခဲ့ တာကြာပြီဆိုတော့ လေ၊ ဒါနဲ့ ပြက္ခိးန်မှာနေ့ သား ရှာလိုက်တော့ သောကြာသားတဲ့  အထွန်းဖွားပေါ့ ၊ သုညတွေ အဲ့ အထွန်းသောကြာ စကားကြောင့် ကျနော်တို့ က သုညကြွင်းတွေကို လေအိုးတွေလို့ နောက်ခေါ်ကြတယ် ၊ ကားပွဲစားလိုပဲ လေဖေါ်တတ်
သလို စိတ်လွတ်သွားရင် စကားဖေါင်တတ်တယ်။ ..
ဒါနဲ့  အသက်ပိုင်းကြည့် တော ၆၈ နှစ်ပြည့် စလေး လပိုင်းတောင်မစွန်းသေးဘူး အစိခံလိုက်ရတယ်၊..သောကြာသား ၆၈ ဆိုတာ ၄ခွင်မြောက် ဘုမ္မိ နဲ့ အင်္ဂါ သက်ရောက်ပေါ့ ၊
ရိုးရိုးအင်္ဂါတောင်မဟုတ်ဖူး မရဏအင်္ဂါ...သဘောက သတ်သေချင်စိတ်ပေါက်သွားအောင် ညစ်တဲ့ နေရာပေါ့ ...။ ဒီမွေးသက္ကရာဇ်သာ အမှန်ဆိုရင် အခုကိစ္စက သက်ရောက်ဗေဒင်တွေနဲ့  တိုက်ဆိုင်သားပဲပေါ့ လေ
အဲ့ မှာ ပိုသတိထားစရာက မရဏအိမ်က နံရဲ့ သဘာဝပါပဲ.....ဒီသောကြာသားရဲ့ ဘ၀ဖြစ်စဉ်အရ စစ်တပ်ထဲဝင်လိုက်တာ ကျိကျိတက်ချမ်းသာခဲ့ တယ်..ဒီတော့  စစ်မှု့ ထမ်းဘ၀နဲ့  သုညကြွင်းကို အကျိုးမပေးဘူးလို့ ပြောရမှာ အခုလို အစိမခံရခင်အထိဆို ယုံနိုင်စရာမရှိဘူး...အခု လုပ်ချခံလိုက်ရပုံက တစ်ဘ၀လုံး မျှောပေးကျွေးမွေးထားပြီးမှာ တစ်မနက်ထဲ ရိုက်သတ်ခံလိုက်ရတာ သူတင်မကဘူး မျိုးပါကန်းရော သဘောဖြစ်သွားတာမျိုးဖြစ်သွားတဲ့ သဘောပေါ့ ဒါတောင် မွေးချိန်မပါသေးဘူး....
ဒါကြောင့်  မရဏနံကို မှီပြီး အသက်မွေးဝမ်းကြောင်း ပြုရတာ စိတ်မချရဘူး တစ်ခါတစ်လေ နှစ် ၂၀ လောက် မျှောပေးထားပြီးမှ တစ်ခါတည်း အပြီး ပွဲသိမ်း ရိုက်ချတတ်လိုက်တယ်လို့ ဆိုတာပါ....
.ဒါကို ထောက်ပြုတ်တစ်ယောက်ရဲ့ ကတော် ၆ကြွင်းသောကြာသမီး ကျောက်ပွဲစားအမျိုးသမီး ကျောက်ထုပ် အလိမ်ခံလိုက်ရတာ ဆယ်စုနှစ် ၂ စုလောက် ကာလအတွင်း..
တစ်သက်စာရှာခဲ့ သမျှ ကုန်ရောဆိုတဲ့ အကြောင်းရေးပြခဲ့ ဘူးပါတယ်ဗျား..
=======
ခေါင်းပေါင်း နမိတ်သဘော နဲ့ သုညကြွင်း သောကြာသားကြီးကိစ္စ ပြန်တွေးထားတာပါ...
-----------------------------------------
အမှန်တော့  အဲ့ လိုမျိုး အများဆိုင်ရာ နိုင်ငံရေးဗေဒင်တွေကို အပျော်လောက်ကလွဲ သိပ်စိတ်မ၀င်စားတတ်ဖူးဗျ ကိုယ့် ဆီလာတဲ့ သူတွေနဲ့ တစ်ယောက်ချင်းသဘော ဘ၀အဖြစ်ပျက်တွေ သဘောလောက်ပဲ စိတ်ဝင်စားတာမျိုး...နောက် စိတ်ဝင်စားတာက နမိတ်တွေ သဘော..
ဒါလဲ ပညာသဘောထက် ပဟေဠိဂိမ်းကစားတာမျိုးလောက်ပဲ သဘောထားတာ..ပညာရှင်ကြီးတွေလို သိပ်အလေးတနက် မရှိဘူးပေါ့ ဗျာ.....
ဒီသောကြာသားမွေးသက္ကရာဇ်ကို စိတ်နဲ့ လှမ်းတွက်လိုက်မှ သုညကြွင်း မဟာဘုတ်ရှင်ဖြစ်နေတာကို မြင်လိုက်မှ အင်္ဂါနံ စစ်မက်တိုက်ခိုက်ရေး သဘောတွေက မရဏထိုင်ထားတာကို မှီပြီး အသက်မွေးလာရင် နောက်ဆုံးရလာဒ်သဘောက ဘာဖြစ်မလဲကို စိတ်ဝင်စားသွားတာ ၊ ဒါက နောက်ဆုံး ရလာဒ်တွေသဘောကို ပိုစိတ်ဝင်စားတတ်တဲ့  ကျနော့် ဖီလင်သဘောဖြစ်နေလို့ ကိုးဗျာ...အဲ့ မှာ သောကြာသားဖြစ်ပြီး မရဏ အင်္ဂါသက်ရောက် အထွက် ရက်ပိုင်းမှာ ထွက်ခတ်လေး
တီးလွှတ်လိုက်တာကို ပို အာရုံလာသွားတယ်..ဒါနဲ့  ၂၀၁၄ နဲ့  ၂၀၁၅ကြား မှာ အဲ့ သောကြာသားနဲ့ ပတ်သက်ပြီး ဘာတွေထင်ရှားတာ ရှိခဲံ့ လဲကိုပြန်တွေးကြည့် တာပေါ့ ဗျာ..
နှစ်စက ဒီနှစ် ၅ ကြွင်းမဟာဘုတ်နှစ် တနင်္ဂနွေနံ မရဏသဘောကြောင့် အိမ်ကိစ္စ အဆောက်အဦးဆိုင်ရာကန်ထရိုက်သဘော အိမ်ထောင်သည်တွေရဲ့ အိမ်ထောင်ရေးပြဿနာသဘော တွေတင်မကပဲ ၂ ယောက်စပြီး အုပ်စုသဘောဝင်သွားတဲ့  အစိုးရအဖွဲ့  အသင်းအဖွဲ့ ပါတီတွေ ပရဟတိတ ဓမ္မာရုံဝတ်အသင်းပါမကျန် ပြဿနာတက်တာ ပြိုကွဲတာတွေဖြစ်လွယ်မယ့် နှစ်ဖြစ်လာနိုင်တယ်လို့ ရေးပြခဲ့ ပေမယ့်  အခုလောက်ကြီး အန်အယ်လ်ဒီထဲရော အန်ဖွတ်ပါတီထဲရော ဒီလောက်ကွိုင်လိမ့် မယ်လို့  တွေးမထား ထင်မထားမိဘူး...အခုက ထင်တာထက်ကို ပိုတဲ့ သဘောတွေ့ ရတယ်..
( ၅ကြွင်းနှစ်ဆိုတာ အမှန်တော့  ၈ နှစ်တစ်ပတ်လည်တိုင်းကြုံနေတာဖြစ်ပြီး တစ်ပတ်ထက်တစ်ပတ် ပြဿနာတွေက မရိုးနိုင်သလို ပိုလဲ ရစ်လာသလိုပဲပေါ့ )
အဲ့ မှာ မကြာသေးခင်က အထူးခြားဆုံးပြဿနာကို ကျနော်သတိထားမိလို့  နမိတ်ကောက်လုပ်ပြီး ပိုစ်တင်လိုက်သေးတယ်...ဒါပေမယ့် အလုပ်ရှုတ်ပါတယ်လေ ချက်ချင်းလိုပဲ ပြန် ဒလိပစ်လိုက်တယ်...အဲ့ ကိစ္စက လွှတ်တော်ထဲမှာ ရေးကြီးခွင်ကျယ် လုပ်ပြီး ''ခေါင်းပေါင်း'' ကိစ္စကို အဆိုတင်ဆွေးနွေးလို့ ပြဿနာတွေတက်ကြသေးတယ်..ထူးဆန်းတဲ့ အဆိုတွေ တင်လိုက် ဆွေးနွေးလိုက်လုပ်နေတဲ့  တိုင်းပြည်ပေါ့  ..အဲ့ အထိလဲ နမိတ်တွေဘာတွေ မတွေးမိအာရုံမလာပါဘူး...နောက်တော့  ဘယ်မှာ ဖြတ်ကနဲ သတိထားမိလိုက်လဲဆိုတော့  လွှတ်တော်ဥက္ကဌက ကျနော့် ခေါင်းတော့ ချွေးပျံနေပြီ မရတော့ ဘူး ချွတ်ပြီး ခင်ဗျားတို့ လည်း ကျမ္မာရေးကြောင့် လိုအပ်ရင် ချွတ်ချင်ချွတ်ထားကြဆိုပြီး သူကစပြီး လွှတ်တော်ဥက္ကဌထိုင်ခုံပေါ်မှာ စချွတ်လိုက်တာမြင်လိုက်ရတာပါပဲဗျ
အဲ့ မှာ တွေးမိတာ ကြံ့ ဖွတ် နဲ့ ခေါင်းပေါင်း က နံတူပဲ တိုက်ဆိုင်လိုက်တာ.ဆိုပြီး ဆက်တွေးတာ ခေါင်းပေါင်းချွတ်ချတယ်ဆိုတော့  ကြံ့ ဖွတ် အခြေအနေမကောင်းဘူးပေါ့ လေ..အဲ့ တုန်းက အဲ့ သောကြာသားကို ထည့် မတွေးမိဘူး တွေးမိတဲ့ သဘောက လွှတ်တော်ဥက္ကဌဆိုတာ အမြင့် ဆုံးနေရာ ခေါင်းပေါင်းကလည်း အမြင့် ဆုံးခေါင်းထိပ်မှာ ကိုယ့် ဟာကိုယ်ချွတ်တယ်ဆိုတော့  ကိုယ့် ဟာကိုယ် ဒုက္ခဖြစ်မယ့်  ပါတီ ဆိုပြီးဒီလောက်ပဲတွေးခဲ့ တာ..အခုက သူကိုယ်တိုင်ပါ ဒုက္ခ ဖြစ်သွားတာဖြစ်နေတယ်.သူဆောင်းထားတဲ့ ခေါင်းပေါင်း ကိုယ့် ဟာကိုယ် ချွတ်မိလျက်သားပေါ့ ...( အဲ့ ကာလမှာ အဲ့ သောကြာသား အင်္ဂါမရဏသက်ရောက်ဖြစ်နေပြီ) ပြီးတော့  အဲ့ ခေါင်းပေါင်း ပြဿနာကာလမှာ..ကြံ့ ဖွတ်ပါတီ အခုလောက် ကွိုင်မတက်သေးဘူး ...ဒါက သောကြာသား ရဲ့  ခေါင်းပေါင်းကိုယ်တိုင်ချွတ် နမိတ်သဘောက အခု သြဇာအာဏာကျတာ ပါတီဥက္ကဌရာထူးကနေ ဖြုတ်ချခံရတာနဲ့ ဆို ထင်သာမြင်သာရှိလွန်းတယ်ပေါ့ 
နောက်တစ်ချက်က မဟာဘုတ်မရဏ ကို ပုန်ကန်ရာရောက်တဲ့ သဘောနဲ့ ဆိုင်တယ်လို့  တွေးလို့ ရတယ် ဒီသောကြာသား အထွဋ်အထိပ်ရောက်လာတာ သူ့ မဟာဘုတ်မရဏ အိမ်က စစ်တပ်သဘောကို သူ့ ဘ၀တစ်လျှောက်လုံး အသေခံ သစ္စာခံပြီး အမှုထမ်းလာခဲ့ လို့ သူရဘွဲ့ တောင်ရခဲ့ တဲ့  သစ္စာရှိကျွန်ကောင်းကြီးပေါ့ သဘောက သုညကြွင်းက သူ့ မဟာဘုတ်မရဏ အိမ်က အင်္ဂါနံ ကို ပေးဆပ်ခဲ့  အနစ်နာခံခဲ့  အောက်စည်းကနေပေါင်းခဲ့ လို့  သူ့ ကို စီးပွားချမ်းသာ အာဏာတွေ ပြန်ချပေးလာတဲ့ သဘောပေါ့  ဒါကို မရဏ နံ ကိုတည့် အောင်ပေါင်းလို့  အလျော်အစားပေးတာလို့ ကျနော်တို့ ကဆိုလေ့ ရှိတယ်...ပြီးတော့  သူနဲ့  ပလဲနံပသင့် နေတဲ့  ဒီမိုစုကလည်း အင်္ဂါသမီး.ဒါကိုလည်း သူတည့် အောင်ပေါင်းခဲ့ တယ်..အဲ့ တော့  သူလည်းစစ်အုပ်စုထဲကပါပဲဆိုတာတောင် တစ်ချို့ တွေမေ့ တေ့ တေ့ တွေ
ဖြစ်ကုန်တာတွေ့ ရတယ်...
ဒါပေမယ့်  ဗေဒင်ဘက်ကကြည့် ရင် သူ့ ရဲ့ အကြီးဆုံးအမှားကွက်က သူ့ ကျေးဇူးရှင် တပ်ဖက်ကနေ ပါတီထဲဝင်ပြီး ရွေးကောက်ပွဲဝင်စေဖို့ ဘောင်းဘီချွတ် လူရာကျော်ကို သူက လူ၅၀လောက်ပဲ လက်ခံပြီး ကျန်တာတွေ ပယ်ချပစ်လိုက်တဲ့ အမှားသဘောလို့ ယူတယ်...ယူရတာက သူ့ ကို စင်တင်ပေးခဲ့ တာ တပ်ကျေးဇူးပဲ..ဒီတော့ တပ်က ပို့ လာတဲ့  လူရာကျော်ထဲက အများကြီးကို သူက ပါတီ ဥက္ကဌဆိုပြီးငြင်းလိုက်တာက တပ်ကို မဏ္ဍိုင်ပြုပြီး အနာဂတ်ကို တည်ဆောက်နေတဲ့ တပ်အုပ်စုကို အကြီးအကျယ် အာရုံနောက်သွားစေတဲ့ သဘောရှိတယ် ဒါဟာ တပ်ကိုပုန်ကန်တာမျိုးနဲ့ တောင်တူနေတယ်ပေါ့ ဗျာ..တစ်ဖက်ကကြည့် ရင် အင်္ဂါနံမရဏကို သွားပြဿနာရှာလိုက်တာလို့ ဆိုလိုတာပါပဲ...
အဲ့ လိုရှာယုံနဲ့  ဒီလောက်ကြီးဖြစ်ရလားလို့ တွေးစရာ ရှိတယ်..ပုံမှန်သဘောက လူတွေရဲ့ အမှားသဘောက ခဏခဏ ဖြစ်တတ် ဖေါင်းဖြစ်တတ်ပေမယ့် ချက်ချင်းမြေမြိုတာမျိုး မဖြစ်တတ်သေးဘူး..သဘောက ဂြိုလ်ကောင်းနေရင် အမှားဖြစ်တောင် ပြဿနာ သိပ်မဖြစ်သေးဘူး ဂြိုလ်မကောင်းချိန်နဲ့  အမှားနဲ့ ပေါင်းလိုက်မှ ပြဿနာသေးသေးလေးလို့ ထင်ရတာက ကြီးကျယ်တဲ့ မီးကြီးဖြစ်သွားတာမျိုး...
သဘောက အင်္ဂါ မရဏသက်ရောက် တစ်နှစ်လုံးမှ အင်္ဂါသက်ရောက်က မကြိုက်တဲ့  ကိစ္စ တွေ သေးသးမွှားမွှားတွေ အများကြီးသူလုပ်တယ် သူ့ ကို မြေတောင်မြှောက်ပေးခဲ့ တဲ့  သူ့ ရဲ့ မရဏနံသဘော တပ်အကြီးအကဲဂရုတွေ ကို အာရုံ့နောက်အောင်တော်တော်များများလုပ်ခဲ့ တာတွေ့ နိင်သလို အဂ်ီသက်ရောက်မှာ ငွေကြးသဘော စီပွားလျှောသင့် သလောက် မလျှောသွားတဲ့ အပြင် တက်တောင်လာသလိုလိုရှိနေသေးတဲ့ သဘောက အင်္ဂါသက်ရောက်ရဲ့ တနင်္လာနံ ခိုက်သဘောက သတ်ကွင်းတွေချဲ့ ပေးလာသလိုပဲပေါ့ လေ..( အင်္ဂါ ပြီးရင် ရှေ့ ဂြိုလ်တွေက ဟူးနဲ့  စနေသက်ရောက်တွေက တန်းစီထားသေးတာဆိုတော့  ဒီသောကာသားရဲ့ ရှေ့ ခရီးက မချောင်ဘူးပေါ့ ..)
ချုပ်လိုက်ရင် အင်္ဂါ မရဏ သက်ရောက်မှာ သူ့ ဖေါင်းအကြီးကြီးက သူ့ ကျေးဇူးရှင် သူ့ မရဏအိမ်က အင်္ဂါနံ သဘော စစ်တပ်ကို ဂရုမစိုက်တော့ သလို ဖြစ်သွားတဲ့ သဘောက ဒီလို အင်္ဂါ မရဏ သက်ရောက်မှာ ပွဲအသိမ်းခံလိုက်ရတာမျိုးသဘော နဲ့  အဲ့ လို အသိမ်းခံရဖို့  ပထမဆုံး သူကိုယ်တိုင်ဖန်တီးသွားတဲ့ နမိတ်က သူ့ ခေါင်းပေါင်း သူ့ ဟာသူ ချွတ်ချလိုက်တာက နမိတ် အရင်လာထားပြီးသားသဘောပေါ့ ဗျာ...
================
နမိတ်ရဲ့ အကျိုးကျေးဇူး
-----------
ဒီနေ့  ရေးခ့ဲတဲ့  နမိတ်အကြောင်းကို ရေးတဲ့  အဓိက ပစ်မှတ်က မွေးစက စပြီး သေတဲ့ အထိ လူတိုင်းမှ ရှေးဖြစ်တွေအတွက် ကံ သုံးပါး တစ်ပါးပါးနဲ့ ဖြစ်စေ
ပြင်ပအချင်းအရာနဲ့ ဖြစ်စေ ရှေ့ ပြေးနမိတ်တွေ ကြိုဖြစ်ပြလေ့ ရှိတယ်ဒါဟာာ ဘာသာရေးလုပ်တာမလုပ်တာနဲ့ မဆိုင်ဘူး သတ္တ၀ါတစ်ခု ကံတစ်ခု လူ ဖြစ်နေတဲ့ 
ကံသတ္တိကြောင့် ဖြစ်လာတာဖြစ်တယ်
ဒါပေမယ့်  အများစုက ကိုယ့် ရဲ့  အတ္တ လောဘ ဒေါသ မောဟ တရားတွေ လွန်ကနေချိန်မှာ သတိမထားမိတာလို့  တစ်စုံတစ်ရာ ဖြစ်ပြီးမှ ဟာ....သူ့ ပါးစပ်က သူ့ ဟာသူ နမိတ်ဖတ်သွားတာပဲ
ဆိုတဲ့  အသံမျိုးတွေ ကြားဘူးနေကြတာမျိုးများတယ်ပေါ့ ဗျာ...စိတ်ရှင်းသူတွေ သတိကပ်နေတတ်သူတွေ ရောင့် ရဲလွယ်သူတွေ သီလကောင်းသူတွေ တစ်ချို့  ဆြာတော်ကြီးတွေကတော့  အဲ့ လို ရှေ့ ပြေး နမိတ်တွေကို ကိုယ့် ဟာကိုယ်သတိပြုမိလေ့ ရှိတယ်
ဆိုပါတော့  အပေါ် မျက်ခမ်း အောက်မျက်ခမ်းတွေ တဆပ်ဆပ် လှုပ်ပြတာ ခံစားလိုက်ရပြီဆိုရင် မကြာခင် အတွင်း သိသာတဲ့  ပြဿနာ တစ်ခုခု ကြုံရလေ့ ရှိတယ်ဆိုတာ အများစု သတိထားမိတဲ့ အသားလှုပ် နမိတ်သဘောမျိုး...ဒီလို မျက်ခမ်း လှုပ်ပြတာရဲ့  အကျိုးကျေးဇူးက ကာယကံရှင်ဟာ စိတ်ကို ကြိုတင်ပြင်ဆင်ခွင့် ရတယ်ပေါ့ လေ ဥပမာ ပြဿနာတော့  လာနိုင်တယ် စိတ်ရှည်ရှာထားမှ သဘော...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..