ပေးချည်းနေရတာ
---
ကျနော်တို့ ငယ်ငယ်က နောက်ပြောင်တဲ့ စကားရှိတယ်ဗျ...အဲ့ အနောက်အပြောင်စကားက လူရွှင်တော်တွေ ဒါမှမဟုတ် လူရွှင်တော်တွေလို သရော်တော်တော် ရိတတ်ထေ့ တတ် တဲ့ လူတွေဆီက
ထွက်လာပုံရပါတယ် ကျနော်ကတော့  ကျနော်တို့ အမျိုး စက်ချုပ်ဆရာဆီက စကြားဖူးတာပါ..
.ကျနော်တို့ ခေတ်က စက်ချုပ်ဆရာတွေဟာ စမတ်လည်းကျသလို သီချင်းလေးတအေးအေးဆိုပြီး
အ၀တ်စညှပ် စက်နင်းနဲ့  စက်ခုံပေါ်ကနေ လောကကြီးကို သရော်တော်တော်နဲ့  ကြည့် တတ်ပြောင်တတ်လှောင်တတ်တဲ့ သူတွေ များပါတယ်...သက်ကြီးစကားသက်ငယ်ကြားသဘောပေါ့ 
သူ နောက်ပုံက..ပုလိပ်ရယ် ဟိုနင်းရယ် ဗေဒင်ဆရာရယ် စက်သမားရယ်တွေကို ကပ်မပေါင်းနဲ့ ကွ ကိုယ်ကချည်းပေးနေရတာ..ဟားဟားဟား..လို့ ..နောက်တာပါ...အဲ ကျနော်ကတော့ အဲ့ လိုမျိုးတွေ မနောက်ရဲပါဘူးငရဲငအုံတွေကြီးမှာ ကြောက်တတ် အချုပ်တွေဘာတွေ ကြောက်တတ်လို့ ပါ. ခေတ်အလိုက် ကြားဖူးခဲ့ တဲ့  စကားလုံးတွေအကြောင်း ပြန်ပြောပြယုံလေးပါခင်ဗျာ.....ငိငိ😁
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..