၂ကြွင်းအကြောင်း...( ပြန်ဆိုတေးပါ..ငိငိ)
---
ရေးပြဘူးတယ် ပြန်ရေးပြတာပါ ကြုံဖူးခဲ့ သမျှတွေထဲမှာ ထင်သာမြင်သာရှိလွန်းတဲ့  ကြီးမားတဲ့ အဖြစ်မို့ ပါ ၂ကြွင်းတစ်ယောက်အကြောင်းပါ သူငယ်ချင်းထဲကပါပဲ သူက.ဆိုးတယ်. မိုက်သွေးလည်းကြီးတယ်.ပိုက်ဆံရမယ်ဆို သူခိုးလက်ခံကအစ အကုန်လုပ်တယ် ဒါပေမယ့် 
မိန်းမနဲ့ အရက်တော့ ကင်းတယ်..မိန်းမမရှိဘူး ဂမ္ဘီရ အစီအရင်တွေကိုလည်းဝါသနာထုံတယ် ဒါနဲ့  ပြည်ဘက်ကဆရာတစ်ယောက်နဲ့ ဝက်ကုန်းဆေးထိုးတယ်..စွမ်းပုံတော့ရတယ်..
.ရန်ဖြစ်လို့ အရိုက်ခံရလဲ မကွဲမကြေဘူး..ခဲမှန်တာတောင် ဘုံးကနဲပဲ အသံကြားရတယ်ဘာမှမဖြစ်ဖူး..
.ဒါနဲ့  သူတို့ ရပ်ကွက်မှာ ပီးတယ်ဆိုပြီး လူရှိန်ကုန်တယ် ဂျလေဘီတွေရဲ့ ဆရာတင်တာလဲ ခံရတယ် လူကဆိုးပေမယ့်  မအေနဲ့ က တော်တော်ညက်တယ်
ဒီတော့ .မအေက အလိုလိုက်ပေမယ့် ဖအေနဲ့ က မညက်ဘူး အမြဲပြဿနာတက်တယ်...တစ်ခါတော့  သားအဖတွေ စကားများရာက သူ့ ဖအေက လက်တွေ ဘာတွေပါလာတယ်..အဲ့ မှာ အသက်ရနေတဲ့ သူကလည်း ရှက်ရမ်းတွေရမ်းပြီး ပြန်ကာ ပြန်ဖယ်..သူ့ အမေက ၀င်ဆွဲ နဲ့ သုံးယောက်သား ရှုတ်ရှက်ခတ်နေရင်က သူ့ လက်ကို စောင့် ရမ်းလိုက်တာ သူ့ အဖေ မေးရိုး လက်သီးနဲ့  ထိုးမိလျက်သားဖြစ်သွားတယ်.သူ့ အဖေ သွားတစ်ချောင်းကျွတ်ထွက်သွားတယ်....အဲ့ မှာ ဖအေက ပေါက်ကွဲပြီး သူ့ ကိုတောင်ပြန်ထိုးတယ်ဆိုပြီး အဲ့ ၂ကြွင်းကို အရွဲ့ တိုက်ပြီး ဘုရားစင်က အမွှေးတိုင်တစ်တိုင်သွားထွန်းယူလာပြီး သူ့ သား၂ ကြွင်းကို အမွှေးတိုင်စုံကိုင်ပြီင်္း
ထိုင်ကန်တော့ တော့ တယ်. အဲ့ ၂ကြွင်းထွက်ပြေးရော...ဒါနဲ့  အဲ့ နေ့ ကပြီးရောဆိုပါတော့ ...
နောက် သုံးလေးရက်မှာ သူတို့ အိမ်ရှေ့ မှာ သူများတွေ ရန်ပွဲဖြစ်တယ် ...သူတို့ အိမ်ရှေ့ မှာက ရပ်ကွက်ဈေးတန်းရှိတယ် ငါးစိမ်းတန်းရှိတယ်...အဲ့ က ငါးသည်တွေ ထရန်ဖြစ်ကြတာ..အဲ့ မှာ ရန်ပွဲက လွင့် လာတဲ့  ခဲစက သူ့ ခေါင်းမှန်ပြီး သွေးတွေကဖြာကနဲဖြစ်ပြီးပုံလျက်သားလေးလဲပြီးမေ့ သွားတယ်
ဒါနဲ့  ဦးနှောက်နဲ့  အာရုံကြောဆေးရုံရောက်သွားတယ် ခေါင်းခွံပါကြေသွားလို့  ဦးခေါင်းခွံလှန်ပြီး စတီးပြားပါးပါးလေး အစားထိုးထားလိုက်ရတယ်....
မသေပေမယ့် အဲ့ မှာ ပြဿနာက နွေရာသီတို့  သိပ်အေးတဲ့ ရာသီဆို ခေါင်းကကိုက်ခဲလာတယ်..အဲ့ တော့  ငယ်ထိပ်ကို သီလရှင်တွေလိုပဲ အမြဲသဘက်လေးအုပ်ထားရတော့ တယ် .အရပ်ထဲက ဂျလေဘီ လူငယ်ပိုင်းမှာတော့  အံ့ သြနေကြတာက အစက ပီးတဲ့ သူက ဘာလို့ မပီးတော့ တာလဲဆိုပြီးတော့ ပေါ့ ...
နောက်တော့  သူလည်း သူ့ ကိုယ်သူ ဆင်ခြင်မိသွားပုံရတယ်သူ့ ဖအေကို ကိုယ်ထိလက်ရောက် လုပ်မိတဲ့  အမှားပဲလို့ ဆင်ခြင်မိသွားရာက တစ်သက်တာ ဘုန်းကြီးဝတ်ပြီး တောမှာသွားနေတော့ တယ်...ဘုန်းကြီးဝတ်တုန်းက ခဏဆိုပြီးဝတ်တာ...၀တ်တုန်းမှာ ခေါင်းမကိုက်ပဲ လူပြန်ထွက်ရင်ခေါင်းက
ပြန်ပြန်ကိုက်ခဲလာတယ်ဒါကြောင့် တစ်သက်တာဝတ်တာဖြစ်သွားတယ်...
ဒီကိစ္စမှာ...အဓိက ပြဿနာတက်သွားတာက သူဟာ ၂ ကြွင်းဖြစ်နေလို့ သဘောပဲ ၊ မိဘကို သူ့ ထက်ပြစ်မှား ဆိုးသွမ်းတဲ့ သူတွေ အများကြီးကြုံဖူးပေမယ့် တုန့် ပြန်ခံရတဲ့  အကုသိုလ်က ချက်ချင်း မလာတတ်ဘူး တစ်ချို့ သေတဲ့ အထိ အကုသိုလ်သဘော ပြန်မလာသေးတာတွေ ရှိတယ်...သူ က သူ့ ဆီကို အကုသိုလ်ကြွေး ချက်ချင်းနီးပါး ပြန်လာတာရယ် ခေါင်းကိုမှ ပြဿနာ အရှာခံနေရတာ နဲ့  ဘုန်းကြီးဝတ်တော့  သက်သာသွားတယ်ဆိုတာ. ၂ ကြွင်းရဲ့  မရဏနံ ကြာသာပတေး နံ တွေ ရဲ့  သဘောပဲ.
..ဒါကြောင့်  ၂ကြွင်းတွေကို အဓိက ၂ ချက် အမြဲ မှာတာက ကြိုက်သလောက်ဆိုးပါ
မိဘ ကိုတော့ ထိပ်တိုက် မတွေ့ နဲ့ ရှောင်ပါ မိဘကို ဖေါင်းသွားထုမိလို့  ပြန် တုန့် ပြန်ခံရတာ ဘ၀မကူးဘူးမြန်လွန်းတတ်တယ် နဲ့  ဘာအလုပ်လုပ်စားစား ဘာသာရေးနဲ့ သိပ်မဝေးစေနဲ့  ဆိုတာပါပဲဗျာ..(သူကလည်း ဒီမဟာဘုတ် သဘောတရားတွေကို သိထားတဲ့ သူပါပဲဗျာ..)
ချုပ်လိုက်ရင် ကြိုက်တာလုပ်ပါ ကိုယ့် မဟာဘုတ်အိမ်က မရဏနံ ပရိယာယ်တွေ သဘောတွေကိုတော့ သွားမရစ်နဲ့  ပတ်ရှောင်သွား ရှောင်မရရင် ဝေးဝေးနေ ဝေးဝေး နေမရရင် ချော့ ပေါင်း မြှောက်ပေါင်း တည့် အောင်ပေါင်း လာဘ်ထိုးပေါင်းဆိုတဲ့ သဘောတွေက ဘ၀ခရီးမှာ ဒုက္ခအရမ်းရောက် မသွားရေးအတွက် ကီးပွိုင့် သဘောလို့  ဆိုနေတာပါဗျား..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..