'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, February 20, 2015
ငွေမြဲချင်လို့ တဲ့ ....
ငွေမြဲချင်လို့ တဲ့ ....
-----
ငွေမမြဲဘူးလို့  ငြီး အပြခံရတာကလည်း အကြားရဆုံးစကားလုံးပါ...သူတို့ သာ လာငြီးပြတာ ကျနော်ကိုယ်တိုင်ကလည်း ၀င်သမျှ မလောက်ပါဘူး သုံးပစ်သလားမမေးနဲ့ ဆိုတာမျိုးပါပဲ...ငိငိ..ဆရာဝန်တစ်ချို့ လိုပေါ့  သူများသာ ရောဂါတွေကုပေး ဆောင်ရန် ရှောင်ရန်တွေသာပြောပေးတာ သူကိုယ်တိုင်ကလည်း ရောဂါတစ်ခုခုကြောင့်  ဆေးလုံးတွေနဲ့ ပါးစပ်နဲ့ မပြတ်ဆိုသလိုပေါ့ 
အဲလိုလာငြီးပြရင် ဟုတ်ဟုတ် မဟုတ်ဟုတ် (အနဲဆုံး စိတ်သက်သာရာရစေဖို့ ပဲဖြစ်စေ ငွေအထွက်နဲသွားအောင် ပိုက်ဆံထားနေကျ နေရာမှာ သပြေညွန့် ခပ်သေးသေး လေး ထည့် ထားလိုက်ပါ တနင်္လာနေ့ မှာထည့် ပါ အညွန့် လေး အသစ်လဲရင်လည်း တနင်္လာနေ့မှပဲလဲပါ အချိန်နဲ့ ထည့် ချင်ရင် မနက် ၉-၁၀း၃၀ကြား ဖြစ်စေ နေ့ ၁၂-၁း၃၀ကြားဖြစ်စေ ည ၉-၁၀း၃၀ကြားမှာဖြစ်စေထည့် ပါ အသစ်လဲပါ မီးခံသေတ္တာတွေ ငွေသိမ်းအံဆွဲတွေ စသဖြင့် တွေမှာထည့် ထားလို့ ရတယ်ပိုဓါတ်သက်ခိုင်ပါတယ်ပေါ့ 
လောကဓံကို အတွေးပြောင်းပြီး ရင်ဆိုင်ခဲ့ တာ ဒီလိုပါ
လောကဓံကို အတွေးပြောင်းပြီး ရင်ဆိုင်ခဲ့ တာ ဒီလိုပါ
--------
ကျနော်တို့ ဖအေကြီး ရုတ်တရက် ထဖေါက်ပြီး ဆေးရုံတင်လိုက်ရပါတယ်..၊ အတော် အသက်လုလိုက်ရပေမယ့်  နောက်ဆက်တွဲ သတင်းက ကျောက်ကပ်က အလုပ်မလုပ်တော့ ပါဘူးတဲ့ ..စက်ကူမှဆိုပါတော့ 
ဆရာဝန်မကြီးက အတော်သဘောကောင်းပြီး ဗမာပြည်အနေအထားနဲ့  စက်နဲ့ ဆေးရမယ့် ကိစ္စအထိမဖြစ်အောင်ထိမ်းကြည့် ပါသေးတယ်..ဒါပေမယ့်  မရတော့ ပါဘူး..မတတ်သာလွန်းလို့ နောက်ဆုံးကျနော်တို့ ကိုခေါ်တိုင်ပင်ပါတယ်...တစ်သက်တာဆေးရမှာ ဖြစ်တဲ့ အကြောင်းနဲ့ အကြမ်းဖျင်းကုန်ကျစားရိပ်တွေအကြောင်းပေါ့  ပြီးတော့  ရက်ပိုင်းအတွင်း ဆုံးဖြတ်ပါလို့ ပါ ပါသေးတယ်...ပြီးတော့  မဆေးရင်လဲ ရက်ပိုင်းပါပဲပေါ့ ..စဉ်းစားပါပေါ့  ...

Subscribe to:
Posts (Atom)