'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, May 24, 2016
သေချိန်မရောက်သေးလို့ သာ..
သေချိန်မရောက်သေးလို့ သာ..
--
ဘ၀တစ်လျှောက် မတော်တဆမှု့ နဲ့ သေပေါက်တွေ ပုံမှန် ကြုံသင့် တာထက် အများကြီး ကြုံခဲ့ ဘူးတဲ့ အထဲ သူများ ဆူပါကပ် အနင်းကောင်းလို့  သေမလို ဖြစ်ခဲ့ ဖူးတာလဲ ပါတယ်..အဲ့ တုန်းက ဘဲခေါင်းစိမ်း ဆူပါကပ်တွေ ခေတ်စားစပေါ့ လေ..ကျနော်တို့ က မ၀ယ်နိုင်ပါဘူး.. အိမ်နားနေတဲ့  အမျိုး အစ်ကို က ဘောစိဖြစ်နေပြီ သူက ၀ယ်စီးတာ ကျနော်ကသူငယ်ချင်းတွေနဲ့  ၀မ်းတူးဖိုက် ဆိုင်ကယ်တွေ တရုပ်တန်း စဉ့် အိုးတန်းထိပ် ကားစတင်းကနေ ည ည နာရီနဲ့ ငှားပြီး အမောင်းသင် ကညော့ နေတာ အဲ့ တော့  အမျိုး ဆူပါကပ်ကို လွယ်ပါတယ်ဆိုပြီး တက်ခွဖို့  အာရုံကလာနေတာ....
ဒါနဲ့  မိုးတွင်းတစ်နေ့  ညနေပိုင်း အမျိုး ဆူပါကပ်ကို စီးကြည့် ချင်လို့ ငှားပါ ကိုကြီးရယ် ဘာညာဆိုတော့  ရရော...အဲ့ မှာ ပျော်ပျော်ပါးပါးကြီး အုပ်မြစ်ချကြတာပေါ့  အဲ..မွှားလို့  ပျော်ပြီး မြို့ နယ်တွေပတ်တော့ တာပါပဲ..
စစီးနေတုန်းက မိုးမရွာဘူး နောက်တော့  မိုးဖွဲဖွဲတွေ ရွာလာရော ဒါနဲ့  အိမ်ပြန်မယ်ဆိုပြီး ကမ်းနားလမ်း အတိုင်း အလယ်မျဉ်းဖြူနား ကပ်နင်းလာရင်း မိုးက ပိုရွာလာရော အဲ့ တော့ 
လီဘာတင်ပြီး ဗျင်းတော့  ကိုယ့် လမ်းထိပ်မရောက်ခင် ၀ါးတန်းလမ်းကျော်တော့  ရှေ့ မှာ ဗိုက်ပူဘတ်စ်ကားကြီးက လမ်းလယ်ကနေ ဖြည်းဖြည်းလေး ပိတ်မောင်းနေတာ ဘွားကနဲ
ကြုံလိုက်ရရော...ဆိုင်ကယ်စပိက မြန်နေတာကို လျှော ချ ဘရိပ်နင်းလိုက်ပေမယ့်  မိုးရေတွေနဲ့  လျှောကနဲ စလစ်ဖြစ်ပြီး ဗိုက်ပူကား ရဲ့  နောက်ပိုင်းထဲ ၀င်လုလု ဖြစ်သွားရော
ထိတ်ကနဲပြာကနဲပဲ ငါတော့ သေပြီပဲ ထင်လိုက်သေးတယ်..ကံကောင်းချင်တော့  ဗိုက်ပူကားရဲ့ နောက် လူရပ်တဲ့ ခြေနင်းပြားနဲ့  လွတ်ပြီး ဗိုက်ပူကားဘေးနား ကပ်သွားတဲ့ အချိန်မှာ ဘရိပ်က အချိန်မီ အရှိန်ကျသွားလို့  ဗိုက်ပူရဲ့  ဖင် ၀င်မအောင်းတော့ ပဲ တော်သေးဖြစ်သွားတယ်....ကိုယ့် လမ်းထိပ်ရောက်တော့ လမ်းထဲချိုးကွေ့ ပြီး ဆိုင်ကယ်ကို ပြန်အပ် ကိုယ့် အိမ်ကိုယ်ပြန်ခဲ့ ရတယ်...
အိမ်ထဲသာ မှင်သေသေနဲ့ ဝင်လာတာ မျက်နှာက သွေးဆုတ်လို့ ဖြူဖတ်ဖြူရော်တောင် ဖြစ်နေပြီ ရင်တွေ တုံနေချက်က တော်တော်နဲ့  မပျောက်ဘူး အဲ့ ဆူပါကပ်လဲ လက်ဖျားနဲ့ 
တောင် မတို့ ရဲတော့ ဘူးဖြစ်သွားရော...ဘယ်သူ့ မှလဲ ဖွင့် မပြောရဲပဲ ကွကိုယ်လန့် နေတာ အတော်ကြာတယ် ဆိုင်ကယ်က တကယ့် ကို ဘေး နီး လွန်း တယ်ပေါ့ လေ...:P 😁
ထူးခြားမေးခွန်း
ထူးခြားမေးခွန်း
--
ဒီနေ့ လဲ ဟိုနေ့ ကတျောက်ပဲ မွေးသက္ကရာဇ်တွေ တစ်ပုံကြီးနဲ့  အတော် အမျိုးပေါ်ပုံရတယ်ဗျ..ဟီး..အဲ့  ဒီနေ့ ထူးခြားမေးခွန်းတစ်ခုပါလာတယ် ကောင်မလေးတစ်ယောက်ကို တွက်ပေးပြီးတော့  အဲ့ကောင်မလေးရဲ့  အဖေ အိမ်ကထွက်သွားလို့ တဲ့ အသက်ရှင်ရက် ရှိသေးလားမရှိတော့ဘူးလားတဲ့ ....ဒါနဲ့ ထွက်သွားတာဘယ်လောက်ကြာပြီလဲလို့ မေးလိုက်တော့  ၁၅ နှစ်လောက်ရှိပြီတဲ့ .
.ဒါနဲ့  နေ့ တိုင် ဟူး တိုင်နဲ့  မေးနေတဲ့  အခါတိုင် တနင်္ဂနွေတိုင် ၂ ခု ကောက်ရေးလိုက်ပြီး ဘာနေ့ သားလဲ ဆိုတော့  တနင်္ဂနွေသားတဲ့  ဒီတော့  နေ့ တိုင် ဆိုတဲ့  အတိတ်တိုင် ဟူးတိုင်မှာ တနင်္ဂနွေဟာ န၀င်းတိုင်ထိပ် အခုမေးနေတဲ့ ပစ္စုတ်ပန်တိုင် တနင်္ဂနွေတိုင် မှာ မူလအလယ်အခြာမှာ
ဒီတော့ လောကထဲ ရှိသေးတယ်လို့ ဖြေလိုက်ရတယ်
ဒါက ဒီလိုရှိတယ်လေ..
ဒါက ဒီလိုရှိတယ်လေ..
---------
မုံရွာသားဘဲလေးတစ်ပွေ အိမ်ထောင်ရေးကိစ္စ အတော် တော်ကီထုလွှတ်လိုက်ရတယ် ရန်ကုန်အထိုင်လာနေကျက ခေါ်လာတာ အမျိုးတွေသဘော မုံရွာက သားအမိတွေ
ဘဲလေးက မှန်ချောင်လေး အူတူတူပုံလေး အူသာအူတာ မိန်းမခိုးပြေးတာ ၁၇နှစ်သားမှာတဲ့  ၁၀တန်းဖြေအပြီးတဲ့  အခုတော့  အဲ့ မိန်းမနဲ့ မပေါင်းချင်တော့ ဘူး ကွာချင်လို့ ဆိုပဲ..
အဲ့ ဘဲလေးက ၉၅ ဖွား ၆ ကြာသာပတေးလေး. အခု တနင်္လာမရဏသက်ရောက် အသက် ၂၁ ပြည့် ဖို့  ၂ လ အလို မွေးလ ၇ လပိုင်းဆို အသက် ၂၂ အင်္ဂါသက်ရောက်ဝင်တော့ မယ် ဒါနဲ့ မိန်းမက ဘယ်နှစ်ခုနှစ်မွေးလဲဆိုတော့  ..သိဘူး...တဲ့  ကောင်းပါလေ့ ...အသက်ဘယ်လောက်လောက်ထင်လဲ ဘာနေ့ လဲ ဆိုတော့  အင်း..၂၅ ၂၆ လောက်ရှိပြီ တနင်္ဂနွေသမီးတဲ့  အရတော် ဖက်ရွာကတဲ့ ...ဟုတ်ပါပြီ အခု ဘာလုပ်နေလဲလို့  အဲ့ ဆရာသမားလေးကို မေးလိုက်တော့  မိဘဆိုင်မှာပဲ ပြန်ဝင်လုပ်နေတယ် ( ပထမနှစ်)ကျောင်းပြန်တက်မယ် တဲ့  ( မအေက သူ့ သားကို ပထမ ပစ်ထားပုံရပါတယ်နောက်တော့ မုံရွာပေါ်မှာပဲ အိမ်ငှားပေးထား စားရိပ်ထောက်ပေးထား အလုပ်အတူတူပြန်လုပ် ခိုင်းထားသဘောရှိပါတယ်) လင်မယားကွဲကိန်းတော့ လောလောဆယ်မရှိသေးဘူး ကွာချင်ရတဲ့  အကြောင်းက ငွေကြေးကိစ္စနဲ့  ပြီးခဲ့ တဲ့  ဖေဖေါ်ဝါရီလနဲ့  မတ် လာကြားမှာ လင်မယားရန်တွေဖြစ်ပြီး အင်ပရက်ရှင်ကျခဲ့ လို့  အဲ့ မိန်းမအပေါ်အကြီးအကျယ်စိတ်ကုန်သွားတဲ့  သဘောပဲလို့  ထောက်လိုက်တော့  ဘဲလေး ပြူးသွားတယ် မျက်လုံး..ခိခိ...( ဘောမတိုင် နဲ့  လာမေးတာကြောင့်  တနင်္လာ ခိုက်အား ငွေနံ အကြောင်း နဲ့  ဖေဖေါ်ဝါရီလနဲ့ မတ်လဟာ အဲ့  ၆ ကြာသာပတေး ဘဲလေးက သူ့ တနင်္လာမရဏလစိတ်နဲ့ အင်္ဂါလစိတ်ကြား ဖြတ်ခဲ ့လို့  ၆ ကြွင်းတွေ ခံရလေ့ ရှိတဲ့  သိက္ခာ မာန တွေကို အပုတ်ခတ်ခံရတဲ့  လစိတ်သဘော ထောက်လိုက်တာ ဘာအကြားအမြင်မှ မဟုတ်ဘူး..
အဲ့ မှာ မအေက စကားတွေ ပွင့် ထွက်လာပုံက အဲ့ ကောင်မလေးက ဆိုးတယ် ဇာတ်လမ်းအစက သို့ ဆိုင်မှာ အလုပ်အကူ ကောင်မလေးတွေ ၈ ယောက်လောက်ရှိတယ် အဲ့ ထဲက ကောင်မလေးနဲ့ ကြိုက်ပြီး ခိုးပြေးခံလိုက်ရတာ ( သားရှင်မအေြေ့ပာပုံက သူ့ သားက ခိုးပြေးခံလိုက်ရတာတဲ့ ဗျ.... ( ခွီခွိခွီ ကျိတ်ရယ်မိတဲ့ အသံ..ငိငိ) ။ အခုကျမတို့ ပဲအိမ်ငှားပေးထား စားရိပ်ထောက်ပေးထား အစစပါ သူတို့ ကို ပစ်မထားပါဘူးဆြာ ကောင်မလေးက တော်ကြာဟိုဟာလိုချင် တော်ကြာဒီဟာလိုချင် စီးပွားခွဲခိုင်း နဲ့ တပူပူသားကိုလုပ် သားက စိတ်ညစ်ပြီး ဟိုကပြောသမျှ ကျမတို့ ကို လာပြောနေတာ...ဘယ်လိုပြောရမလဲ အင်း...လိုချင်မျက်စိ ရှိလွန်းတယ်ဆြာ....ဘာညာ ဘာညာ..
--
လောလောဆယ်တော့  ကွဲကိန်းမရှိသေးဘူးဗျ ကွဲအောင်လဲ လုပ်မပေးတတ်ဘူး ကျနော်တို့ က ပေါင်းခန်းတွေသာ လုပ်လုပ်ကြည့် တာ.ဟီးဟီး...တစ်ခုတော့  ရှိတယ် ကြာသာပတေးဆိုတာ အသက် ၂၂ ၂၃ ၂၄ တွေက သိပ်မချောင်လှဘူး အဲ့ လိုနှစ်တွေမှာ သမီးရီးစားတွေဆို ခဏခဏ ကွဲလိုက် စိလိုက်ဖြစ်နေတတ်တယ် အိမ်ထောင်သည်တွေဆို ကွဲလွယ်တယ် တနင်္ဂနွေတွေဆို အသက်၂၇ ၂၈တွေမှာ အိမ်ထောင်သည်တွေဆို ကွဲလွယ်ပျက်လွယ်တယ်....အဲ့ တော့  သူနဲ့ ကိုယ်နဲ့  အဲ့ လို နှစ်တွေမှာ သွားဆုံရင် ကိုယ်က မကွဲချင်တောင် သူ့ ဖက်က ကွဲချင်တာမျိုးဖြစ်လာနိုင်တဲ့  ဆိုလိုတာကဗျာ ကွဲကိန်းဆုံဖို့ က နောက် တစ်နှစ်လောက်ကြာမှ ကွဲကိန်းရှိတာ..လို့  ပြောပြီးမှတစ်ခုတော့ ရှိတယ်ကိုယ် ကြာသာပတေးဇာတာက ဘာလေးလုပ်ချင်ချင် ပိုက်ဆံ မကုန်လိုက်ရရင်မပြီးတတ်တော့  အဲ့ မိန်းမနဲ့  ကွဲချင်ရင် ငါဘယ်လောက် လျော်ကြေးပေးနိုင်လဲ ကြိုတွက်ထားပါလို့  ပြောလိုက်တယ် အဲ...ဥပဒေသစ်တွေ ပေါ်နေလို့  စမောတွေဘာတွေတော့  သွားမလုပ်နဲ့  ၇ နှစ်ဖြစ်သွားမယ်ပါ ထည့် ပြောရသေးတယ်
ပြီးခဲ့ တဲ့ ဖေဖေါ်ဝါရီလနဲ့ မတ်လကြားမှာ အင်ပရက်ရှင်ထိခဲ့ တာကို အဲ့ ၆ ကြွင်းဘဲလေး ပြန်ရင်ဖွင့် ပုံတွေအများကြီးထဲမှာ စိတ်အနာဆုံး ဖြစ်ခဲ့ တာ က သူ့ မိန်းမက သူ့ ကို စောက်သုံးမကျတဲ့  နွား လို့ အခေါ်ခံရတာ စောက် နဲ့  အဆဲခံရတာ တွေကို စိတ်အနာဆုံးပဲလို့ ဆိုတယ်.. ( ဧ၀ံ မေသုတံ ဤသို့ ကြားနာရလေသည် ငိငိ) ...သူ့ မျက်နှာကို မကြည့် ချင်တော့ ဘူး အခု မအေအိမ်မှာ ကျနော် ပြန်အိပ်နေတယ်...ဘာဘာညာညာ
--------
'' စည်တော်ကြီး...'''
'' စည်တော်ကြီး...'''
--------------------
သိန်းပေါင်း များစွာသော ငွေစက္ကူ အတု အကြောင်းတွေ ဖတ်လိုက်ရချိန်မှာ ဖြတ်ကနဲ သတိရမိတာက လှိုင်သာယာ လို ရွှေပြည်သာလို ပိုက်ဆံတွင်းနက်နေတဲ့  ဆင်ခြေဖုံး အရပ်နေတွေရဲ့  ဘ၀တွေအကြောင်း ဂျာနယ်ထဲက သတင်းဆောင်ါးးကို သတိရလိုက်တယ်
အဲ့ လူတွေ တစ်နေ့ လုပ်စာ တစ်နေ့ စား ကိုယ့်  ကိုယ်ပိုင် ကာယအားကိုသာ ရိုးသားကြိုးစား အရင်းလုပ် ဘ၀ အသက်မွေးကြတာများပုံက ... အသားဟင်းလျားဆိုတာ အလုပ်အဆင်ပြေတဲ့ နေ့ တွေသာ ရံဖန်ရံခါပါတဲ့ ....အများအားဖြင့်  စည်တော်ကြီး လို့  တံဆိပ်ပါတဲ့  လဘက်ထုပ် ၅၀ကျပ်တန် တျောက်စာတွေနဲ့  ညနေစာတွေ မိသားစုထမင်းဝိုင်းကို ပြီးကြသတဲ့ 
ဆိုင်ကရောင်းတဲ့  အဆာ လဘက်သုပ် တစ်ပွဲ သုံးလေးငါးရာ တန်တွေထက်တောင် အဲ့  တျောက်စာ ထမင်းနဲ့ စားဖို့  ၅၀ကျပ်တန် လဘက်ထုပ်လေးတွေက မိသားစု ငါးယောက် ထမင်းဝိုင်းအတွက် ပိုတွက်ခြေကိုက်သတဲ့ လေ... ရံဖန်ရံခါ ဈေးပေါတဲ့  ၅၀တန် ငါးခြောက်ထောင်းကြော် ၅၀တန် အာဗြဲခြောက်ကြော်တွေနဲ့ လည်း ပြီးပါတယ်တဲ့  အရပ်လမ်းဘေး ထမင်းဆိုင်လေးတွေက ကျွတ်ကျွတ်အိပ်လေးတွေနဲ့  အရံသင့် ထည့်  ရောင်းပေးတဲ့  ၁၀၀တန် ၂၀၀တန် ထမင်းဖြူထုပ်လေးတွေ နဲ့  တွဲပြီးတော့ ပေါ့ လေ
ဗျူးထဲက သူတို့  အဆိုအရ ဗိုက်ဝပြီးတာပဲ လိုလို သဘောထားပြီး တျောက်စာ လဘက်ထုပ် ၅၀တန် ကို ဟင်းလျာလုပ် လွှေးရတဲ့ ထမင်းတနပ်စာ ကို ရေးကြီးခွင်ကျယ် လုပ်နေပုံတော့  မရပါဘူး..အသားဟင်းပါမှ ထမင်းစားဝင်တာ မဟုတ်ဘူး လဘက်သုတ်လေးနဲ့ လဲ ထမင်းစား ၀င်တာပါပဲလို့  ပြောလာ
တာမျိုးတွေလဲ......။
ဒီလို ပူပြင်းတဲ့ နွေတွေ မှာဆို တစ်ချို့ တွေ အလုပ် မကောင်းပုံက မိသားစုငါးယောက်စာ ထမင်းတစ်အိုးသာ တည်ထားလိုက်ရင်း မနက်စာ ညစာပေါင်းပြီး စည်တော်ကြီး ၅၀တန် တျောက်တစ်ထုပ်စီနဲ့  မိသားစ၀င်ုတွေ တစ်လမှာ တစ်နပ်သာ စားရတဲ့  နေ ဆိုးတွေလည်း.....လေးငါးရက်လောက် ရှိလာတယ်လို့ ဆိုတဲ့ အခါ...။ ....
ဘ၀အခြေအနေ ဂိတ်ဆုံး မဆိုးသေးတဲ့  ... စာဖတ်သူ ကျနော်တို့ ကတော့  ရိုးသားစီးပွားသဘောတွေ မသမာစီးပွားသဘောတွေ နဲ့  ဘ၀ကို ရိုးသားစီးပွား သဘောနဲ့ သာ ရုန်းကန်နေရတဲ့  သူတို့ တွေရဲ့  ဘ၀တွေကို စာနာမိရင်း ...ရင်ထဲမှာ............။

ဒါ..ငါတို့  ဧရာဝတီ
ဒါ..ငါတို့  ဧရာဝတီ
-----------
MRTV က လာတဲ့ ဘိုကလေးကနေ ကဒုံကနိ သွား တောလား ဒေါ်ကူမန်ထရီလေး
ထိုင်ကြည့် နေလိုက်တာ ကိုယ်ပါ ခရီးစဉ်ထဲ မျောသွားသလိုဖြစ်သွား ပြီး အရင်က မြင်းကကုန်းဖက်သွား ပဲချိတ်လှေရှည်လေးတွေနဲ့  သွားခဲ့ တာကို သတိရသွားတယ်။
ဒေါ်ကူမန်ထရီတွေကို သဘောကျတတ်ပုံက အဲ့ လိုလေးတွေကြည့် လိုက်ရရင်လူက အဲ့  ဒေါ်ကူ မပြီးမချင်း မထတော့ ဘူးဖြစ်သွားတတ်ရော..ရိုက်ချက်တွေနဲ့  တင်ဆက်သူကောင်းတော့  ခေတ်ပြိုင်ဘ၀တွေရဲ့ အကြောင်း ရသစာတန်းတစ်ခုကို အရသာရှိရှိဖတ်လိုက်ရသလိုမျိုးလဲ ခံစားလိုက်ရတယ်..၊
ဘိုကလေးနဲ့  ကဒုံကြားက ဘ၀ လူနေမှု့ တွေ အကြောင်း ၊ ရှပ်ပြေးယာဉ် ရှိလာလို့ အရင်ထက်တော့ သွားရလာရတာ မြန်လာတာ ၊ ရှပ်ပြေးယာဉ်ဟာ ဧရာသားတွေ ဒေသခံတွေအတွက် အရေးပါကြောင်းတွေ သဘောတွေ၊ မိန်းမလှကျွန်းကြီး အကြောင်း မိန်းမလှကျွန်းကြီးနဲ့ ဆက်စပ်နေတဲ့  နတ်ဖြစ်တဲ့  ရေငံငယ်တရိုး ပိုင်းစံငယ်စိုးပါတဲ့  ဆိုတဲ့  ဦးရှင်ကြီးနတ်အပေါ် ဒေသခံတွေရဲ့ ဘယ်လောက်တောင် ယုံကြည်မှု့ ရှိသလဲ ဆိုတဲ့ အကြောင်း တော်တော်ကြီးမားတဲ့ မိကျောင်းတွေ ဒီရေတောအကြောင်းတွေ နဲ့  အတော်စုံအောင် ပြောပြရိုက်ပြသွားသလို ခနော်နီခနော်နဲ့  ဆိပ်ခံတံတားတွေရဲ့ အန္တရယ် များလှပုံတွေကို တင်ဆက်သူ ဖီလင်လေးဝင်လာပုံက တိုင်းပြည်ကြီးကို ဒိထက် တိုးတက်စေချင်နေတဲ့ စိတ်တွေဖြစ်သွားပုံပါ ပါလာတယ်..
ဒါလဲ ဟုတ်တုတ်တုတ်ပဲ အမြန်ရှပ်ပြေးယာဉ်တွေ ရှိလာ တိုးလာတာပဲ ရှိတယ် ပတ်ဝန်းကျင် နဲ့ ဘ၀ လူနေမှု့  မြင်ကွင်းတွေကတော့  ၁၀နှစ် အနှစ် ၂၀ကြာမှ ပြန်ရောက်လာပြီး ထ သွားလဲ ဒါပဲ လိုလိုဖြစ်နေတာ..၊ ဒါပေမယ့်  အဲ့ အပေါ် ကြီးကြီးကျယ်ကျယ် အလိုမကျ ဖြစ်မနေမိပဲ.. ''' ဒါ ငါတို့ ရဲ့ မြန်မာပြည်ကြီး ဒါ ငါတို့  မြန်မာပြည်သားတွေ ဒါ ငါတို့ ဧရာသားတွေ '' ဆိုတဲ့  ဖီးလ်က ရင်ထဲ လာဖြစ် နေပြီး အဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်မြင်ကွင်းကျယ်ကြီး ကိုကြည့် နေရတာကို လွှတ်သဘောတွေကျ နေပုံက မြန်မာပြည်ထဲ ထိုင်ကြည့်် နေရင်းနဲ့ ကို...
.'' မြန်မာပြည်ကို လွမ်း.'''' .ဖြစ်နေပါရောဗျာ...။
ဒါမျိုး မြန်မာပြည် ဒေသတွေက ကိုယ့် မြန်မာပြည်သားတွေရဲ့  ဘ၀လူနေမှု့ စတိုင်တွေကို ရိုက်ပြီး ခရီးသွားဒေါ်ကူလုပ်ပြီး တင်ဆက်ပြတတ်တာ ဂျာမဏီက DWကလည်း လာတတ်တယ် ။ အဲ့ လိုဒေါ်ကူတွေမှာ ပေါ်တစ်ကိစ္စတွေ ပေါ်တင်မပါတတ်ပဲ ကိုယ့် ဟာကိုယ်သာ တွေးကြည့် ကြသဘောတွေက မြှုတ်ကွက်ကလေးတွေ ရေးတတ်တဲ့  အက်ဆေးကောင်းတစ်ပုဒ်ကို ဖတ်လိုက်ရသလိုမျိုးနဲ့ ခံစားလိုက်ရတာမျိုးနဲ့ လည်းဆင်တယ်.
.ခဏခဏကြည့် ရလဲ ရိုးမသွားဘူး ထပ်ထပ်ကြည့် ချင်မိနေတဲ့  ခရီးသွားတောလား ရိုက်ချက်မျိုးတွေပေါ့ ဗျာ... ဘိုကလေး မြင်းကကုန်းဖက် ကိုယ်သွားခဲ့ တဲ့ အတွေ့ အကြုံတွေ ခေတ်ပြိုင်လူနေမှု့ ဘ၀တွေ နာဂစ်အကြောင်းတွေနဲ့  ချဲ့ သာရေးလိုက်လို့ ကတော့ ..
ရွှေတော မိသားစုတစ်စုရဲ့ ဘ၀ အိပ်မက် ဒေါ်ကူမန်ထရီ

ရွှေတော မိသားစုတစ်စုရဲ့ ဘ၀ အိပ်မက် ဒေါ်ကူမန်ထရီ
----------
တီဗွီကလာတဲ့  သပိတ်ကျင်းမြို့ နယ်မှာ အိမ် လို့ မြည်ကာမတ္တ ပြောလို့ ရလောက်တဲ့  တဲလေး ထိုးနေတဲ့  လင်မယား ၂ ယောက် ဆိုးတူကောင်းဖက် ရွှေတူး ၀မ်းစာရှာရင် ကလေးတွေကို ပညာတတ်ကြီးတွေ ဖြစ်အောင် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေးကျောင်းမှာ လူစဉ်မှီအောင် ကျောင်းထားခဲ့ ပုံတွေ သူတို့ မိသားစုဟာ ၀မ်းစာကို ဘယ်လောက်တောင် ပင်ပင်ပမ်းပမ်းနဲ့  ရိုးရိုးသား ရှာဖွေရင်း ဘ၀ရပ်တည်ကြပုံတွေ မိသားစု အတွက် လင်မယား ၂ ယောက် တစ်နိုင်တစ်ပိုင် တက်ညီလက်ညီ တစ်နေ့ စာ ၀မ်းစာရေးအတွက် မျောတိုက် ရွှေတူးကြပုံတွေ စသဖြင့်  ကြည့် လိုက်ရတဲ့ အခါ...
.ပြန်ပြန်လာတိုင်းလဲ ပြန်ပြန် ကြည့် ဖြစ်ခဲ့ နေတယ်....ကရုဏာပေါင်းများစွာနဲ့ ရော လူ့ ရဲ့  ဘ၀လောကဓံကို ကြံ့ ကြံ့ ခံရင်း ရိုးသားစီးပွား ရှာင်္ပြီး ဘ၀ကိုရပ်တည်ကြပုံတွေ ကလေးတွေရဲ့  မွဲလှတဲ့  ဓနမိသားစုကြားထဲ မအေ ဖအေက တည်ရှိနေဆဲ ခေတ်က ပေးလာတဲ့ ပညာရေးကို မရှိတဲ့ ကြားက ကျောင်းထားပေးပြီး ဘ၀ကို ရုန်းကန် ရင်း အားသွန်ခွန်စိုက် ကြိုးစားနေကြပုံတွေကို အားရရင်း ပီတိဖြစ်ရင်းပေါ့ ..( ဘ၀တစ်ခုကို ရိုးသားကြိုးစား စီးပွားရှာနေတဲ့  မိသားစုတွေကို သိပ် သဘောကျတာပါပဲ)
ဇာတ်စ အဖွင့် မှာ မိုးလင်းလို့ နေရောင်ခြည် အလင်းအစမှာ မအေက ရေနွေးအိုးလေးတည် ထမင်းတစ်အိုးချက် ပဲကြီးဟင်းလေးတစ်ခွက် ပြင်ဆင်ပေးရင်း ဘုရား ၀တ်တက်လိုက်တယ် ( သူ့ စိတ်ထဲ ဒီနေ့  တပည့် တော်မတို့  မိသားစု ၀မ်းစာအတွက် ရွှေစလေးတွေ များများတွေ့ ပါစေရယ်လို့  ကိုယ်တော်ရှင်မြတ်ဆီမှာ ဆုတောင်းနေလေမလားလေ.လို မျှဝေ ခံစား မိလိုက်တယ်လေ)
.နောက်တော့  တစ်အိမ်သားလုံးကို လိုက်နှိုး သားသမီးတွေ ပုံချသွားတဲ့ စောင်တွေကို လိုက်သိမ်းပေးနေတဲ့  မအေ တစ်ယောက်ရဲ့  ရဲ့  မိသားစုအပေါ် အရာခပ်သိမ်းစောင့် လျှောက်တတ်မှု့ စိတ်အပေါ် အလေးအမြတ်ပြုလိုက်မိတယ်လေ)
အလင်းအစပျိုးချိန်မှာ အဆာပြေ ထမင်းနဲ့  ပဲကြီးဝါ၀ါကြော်လေးကို ဟင်းလုပ်စားကြရင်း သားသမီးတွေက ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးဆီသို့  လင်မယားနှစ်ယောက်ကတော့  ရွှေကျင်တိုက်ရာအရပ်ဆီသို့  အသီးသီး ကိုယ့့်တာဝန် ကိုယ်စီနဲ့ ပေါ့ ...
ဒီ ဒေါ်ကူမန်ထရီထဲမှာ ကလေးတွေက ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးမှာ စိတ်အားထက်သန်စွာ ပညာတွေသင်လို့  မုန့် စားဆင်းချိန်မှာ မအေထည့် ပေးလိုက်တဲ့  ထမင်းနဲ့  ဆီ မပါသလောက်ဖြစ်နေတဲ့  ပဲကြီးဝါ၀ါကြော် ကို ဘ၀ပေး အသိအရ ချေးများမနေပဲ လွေးနေကြပုံတွေ...ရွှေကျင်ရာ မြေတွင်းလေးမှာ လင်က ရွှေမြေတွေကို ပေါက်တူးလေးနဲ့ ဖဲ့ ကာ ဖဲ့ ကာကယူလို့  မယားက အဲ့ ရွှေမြေတွေကို မျောတိုက်လို ရေတွေ လောင်းချလိုက် ဇကာကျင်လိုက်နဲ့ တစ်နေ ကုန်အထိ လင်မယား ၂ ယောက် တက်ညီလက်လုပ်နေကြပုံတွေ ညနေစောင်းတော့  မြေညက်တွေကို မယားက ပြဒါးနဲနဲလေးနဲ့  ရွှေဖမ်းပုံတွေ. ရွှံ့ နစ်ရေတွေထဲမှာ ခြေတစ်ပိုင်းမြုတ်လို့  လက်ဖ၀ါးတွေဆိုတာ ကြမ်းတမ်းမှု့  တွေကြားထဲ ပဲကြီးရေခွံလေးများတောင်တွန့် လို့ ကလေးတွေ ပျော်ပျော်ပါးပါးကျောင်းဆင်းလို့  အမေ့ အိမ် အဖေ့ တဲကို ပြန်ရောက်ခဲ့ ကြပြီ ။
သမီးအကြီးက ရွှေတောကပြန်လာမယ့်  မိဘ ၂ပါးကို မျှော်ရင်း မီးမွှေး ရေနွေးအိုကြိုပေးနှင့် ခဲ့ ပြီ။ အဲ့ နေ့ က လင်မယား ၂ယောက် တစ်နေကုန် ကျင်ရသမျှ ပြဒါးနဲ့ ဖမ်းထားတဲ့  ရွှေမှုံလေးတွေကို ရွှေတောဈေးမှာ ၀င်ရောင်းတော့  ( ၇ထောင့်နဲ့ မှ ငါးရာ ရခဲ့ ကြတယ် ( ဒီလောက် လုပ်ခဲ့ ကြတာတောင် တစ်သောင်းတောင်မပြည့် ခဲ့ ပါလားလို့  စိတ်က မကောင်းမိလိုက်သေး )
အဲ့  ငွေလေးနဲ့  မိသားစု ညစာအတွက် ငါးလေး ခရမ်းချဉ်သီးလေး ဆီလေး ဆန်လေး ၀ယ်ပြန်လာ အိမ်ဝကနေစောင့် နေတဲ့ သမီးကြီးက ဆီးယူ မအေနဲ့ အတူတူချက်ပြုတ်လို့  ဖအေက သူ့ အိမ်လေးဘေးနားက စိုက်ထားတဲ့  ခရမ်းကျွတ်သီးလေးတွေ ဘူးသီးနုလေးတွေ တို့ စရာ အဖြစ် ခူးလို့  ...ဖယောင်းတိုင်မီးရဲ့  အောက်မှာ မိသားစုတေ လက်ဆုံစားကြပေါ့  ဓနမဲ့ သည်ဖြစ်စေ ဓနရှိသည်ဖြစ်စေ မိသားစုတွေ စုံစုံညီညီ ထမင်းဝိုင်းဖွဲ့ စားသောက်ကြတဲ့ မြင်ကွင်းဟာ ဖယောင်းတိုင်မီးလေး အောက်မှာကို မိသားစုရဲ့  ချစ်ခြင်းမေတ္တာ သင်္ကေတသဘော သိင်္ဂါရ ရသမြောက်လှသလို...ကိုယ့်  ငယ်စဉ်ဘ၀ကိုလဲ လွမ်းဆွတ်မိလိုက်တယ်လေ..
ညဦးပိုင်း မိသားစုတွေ နားနေခိုက်မှာတော့  ကလေးတွေက ကျောင်းကစာတွေကို ပြန်လေ့လာလို့ ( ကလေးတေရဲ့  စာတော်ချက်ကလဲ ပညာရည်ချွန် ဂုဏ်ပြုမှတ်တမ်းလွှာတွေက နှစ်စဉ်လိုလို ပါပဲ လောကဓံကို အရှုံးအမပေးနဲ့  ဆက်လက်ပြီး ပညာရည် ချွန်ကြပစေ ကလေးတွေရေလို့ သာ )
အဲ့  လို နဲ့  အဖေနဲ့  အမေက အဖန်ရည်လေး ဘ၀ အမောပြေ ထိုင်သောက်နေရင်း ဖအေက သူ့  အိမ်ကျူထရံ ကြားမှာ ညှပ် ထားတဲ့  ကြေးရတတ်တွေရဲ့  သားရှင်ပြု သမီးနားသ အလှုတော် မင်္ဂလာတစ်ခုက ကမ်းတဲ့  အလှုတော် မင်္ဂလာ ယပ်တောင်လေးကို လှမ်းယူလိုက်ရင်း..
. သြော်....ငါ့ သား ငါ့ သမီးတွေကိုလဲ ဒီလို သားရှင်ပြု သမီးနားသ အလှုတော်မင်္ဂလာလေး
ဘယ်တော့ များမှလို့ .. .........။.
ကိုယ်တွေ့ ..လျပ်စစ်သေတွင်း...
ကိုယ်တွေ့ ..လျပ်စစ်သေတွင်း...
----
ကလေး ၄ ယောက် အတွဲလိုက်ကြီး ဓါတ်လိုက်ခံရလို့ ကြေကွဲစရာတွေ ဖြစ်သွားရတဲ့  သတင်းဖတ်ပြီး ကျနော်ငယ်ငယ်တုန်းကလဲ အဲ့ ကလေးတွေလိုပဲ ဖြစ်တော့ မလို့  ဓါတ်လိုက်ခံခဲ့ ရတဲ့ ကိစ္စလေးပြန်ရေးပြလိုက်ပါတယ်...
တိုက်ဆိုင်ချက်က ကျနော် ဓါတ်လိုက်ခံရချိန်ကလဲ ၅တန်းဖြေပြီး ၁၁နှစ်နဲ့  ၁၃နှစ်ကြားလောက် အရွယ် ခုလိုနွေရာသီမှာပါပဲ ရှင်ပြုမဲ့ ဆဲဆဲပါ ၊ အဲ့ တုန်းက ကျနော်ဟာ အလွန်ကိုအဆော့ သန်သလို စပ်စုချက်ကလည်း အလွန် ဆရာလည်းအလွန်ကျချင်တတ်ပါတယ်၊ အဲ့ တုန်းက ကျနော်တို့  အိမ်မှာ အရင်ခေတ်က ဂျပန်က၀င်တဲ့ စားပွဲတင်ပန်ကာတစ်လုံးရှိပါတယ်..၊
အဲ့ ပန်ကာရဲ့ ဘော်ဒီအုံ တစ်ခုလုံးဟာ သံကိုယ်ထည်ပါ အဲ့ ပန်ကာကို ထားတာက ၅ပေ နီးပါးမြင့် တဲ့  အလှလျှိုးကေ့ စ်ဘီဒို ထိပ်ပေါ်မှာ တင်ထားတာပါ... ပြီးတော့  အဲ့ ဘီဒိုကို သစ်သားကြမ်းခင်းမရှိတဲ့  သံမံတလင်းပေါ်မှာ ထားတာပါ.
နေ့ လည်ကြီးဆော့ နေရင်း အိုက်လာလို့ ပန်ကန်လှမ်းဖွင့် တော့  ကျနော့် အရပ်နဲ့ မမှီမကန်းဖြစ်နေပုံက ဘီဒို ထိပ်က ပန်ကန်အုံခြေရင်းပေါ်က ခလုပ်ကို လက်ဖျားလေးနဲ့  အုပ်မိယုံလေးပါ..အဲ့ မှာ ပန်ကာခလုပ်ကို ခြေဖျားလေးနဲနဲ ထောက်ပြီး ညာလက်နဲ့  လှမ်းနှိပ်လိုက်ရင်ပဲ ဓါတ်စလိုက်တော့ တာပါပဲဗျာ...ဘယ်အချိန်က မီးကြိုးပေါက်ပြီး အဲ့ ပန်ကာသံအုံမှာ လျပ်စစ်ဓါတ်စီးနေလဲမသိပါဘူးဗျာ
ဓါတ်စလိုက်တာနဲ့  တစ်ကိုယ်လုံးကျင်ကနဲ ဖြစ်သွားပြီး '' ဟာ...ဓါတ်လိုက်တယ်ဟ'' ဆိုတဲ့  အသိက စိတ်ထဲက တန်းသိလိုက်လို့  လက်ကိုပြန်ဆွဲနှုတ်လိုက်ပေမယ့်  သိပ်မြဲတဲ့ ကော်နဲ့ ကပ်ခံထားရသလိုပါပဲ ကိုယ့် လက်ကိုယ်ဆွဲလို့ မရတော့ ပဲ လက်ကပန်ကာအုံပေါ်က ခလုပ်တွေပေါ်မှာ အုပ်မိ လျက် သားဖြစ်နေပါတော့ တယ်..
အဲ့ မှာ အရမ်းထိတ်လန့် ပြီး နောက်ဘယ်လက်နဲ့  ညာလက်ကို ဆွဲဖြုတ်မယ် ဆိုတဲ့  အသိနဲ့ နောက်လက်တစ်ဖက် ညာလက်ပေါ် လှမ်းကိုင်လိုက်တော့  အဲ့ မှာ လက်နှစ်ဖက်စလုံး ပန်ကာအုံပေါ်ကပ်သွားပြီး လက်နှစ်ဖက် တန်းလန်းကြီးဖြစ်နေပါတော့ တယ်
ဓါတ်လိုက်နေပုံက ပထမ လက်ကနေ အလိုက်ခံလိုက်ရပေမယ့်  နောက်တော့  ကျဉ်တက်လာပုံက သံမံတလင်းနဲ့  ထိနေတဲ့ ခြေထောက်ကနေ အပေါ်ဖက်ကို တစ်ဖြည်းဖြည်းပြန်တက်လာနေသလိုပါ အဲ့ မှာ ကျနော် အသားကုန် အော်ပါတော့ တယ် ခပ်လှမ်းလှမ်းမှာရှိနေတာ ဧည့် သည်နဲ့ ထိုင်စကားပြောနေတဲ့  အဖွားရှိနေပါတယ်
''အဖွားရေ..ကျနော် ဓါတ်လိုက်နေပြီ '' လို့ အားကုန်အော်နေတာကို ၁၀ပေလောက်သာ လှမ်းတဲ့ နေရာက အဖွားက ကြားပုံမရပါဘူး...အဲ့ ချိန်မှာ နောက်ဖေးမှာကစားနေတဲ့  ညီမက အိမ်ရှေ့ ရောက်လာပြီး ကျနော့် ကိုနောက်ကနေလာဖက်တော့  သူ့ ကို ဓါတ်ကဆက်လိုက်နေလို့  မောင်နှစ်မ နှစ်ယောက် တန်းလန်းကြီး ဖြစ်နေပါတော့ တယ်...
အဲ့ တော့ မှ မောင်နှစ်မ နှစ်ယောက် ဘီဒိုရှေ့ မှာ ရုန်းနေတာကို အဖွားက မြင်သွားပုံရပါတယ် ထိုင်နေရာက ရုပ်ကနဲထပြီး ကျနော့် ကို လာဆွဲတော့  အဖွားကိုပါ ဓါတ်ဆက်လိုက်နေလို့  အဲ့ ဘီဒိုရှေ့ မှာ သုံးယောက်ပူးကြီး ဓါတ်လိုက်ခံနေရပါရောဗျာ...
အဲ့ မှာ ထူးဆန်းတာက ကျနော့်  ခြေထောက်အောက်ကနေ ထုံကျဉ်တက်လာနေတဲ့  ခံစားမှု့ က အရှိန်နှေးသလို ဖြစ်သွားပြီး ရုန်းနေရင်းက အပေါ်ပိုင်းရောက်ရင် သေပြီ လို့ ကို '' ဓါတ်လိုက်နေတယ် '' လို့  အော်နေရင်း သိနေတာပါပဲဗျာ...
အဲ့ လိုဖြစ်နေတာကို အိမ်ခန်းထဲက အစ်မက မြင်သွားပြီး မီးခလုပ်ခုံနားကို ပြေးသွားပြီး ခလုပ်ကို ပိတ်ချလိုက်တဲ့ အခါ ..ကျနော်ရယ် ကျနော့် ညီမရယ် အဖွားပါ မြင်းအကန်ခံလိုက်ရသလိုပဲ ၀ုန်းကနဲဆိုနောက်ဖက်ကို ပြန်လွင့် ထွက် လဲကျကုန်ပါရောဗျား..
..တစ်ကိုယ်လုံး အသားတွေဟာ တဆပ်ဆပ် တုန်နေပြီး ညာလက် လက်ဖျားတွေက ညိုမဲသွားပါရောဗျာ.. အစ်မကသာ မီးခလုပ်ကို ပိတ်ရကောင်းမှန်းသာ မသိပဲ သူဝင်ဆွဲရင် ၄ ယောက်သား ဂန့် မယ့် သဘောရှိပါတယ်..အလယ်လူညီမလေးက နဲနဲပဲလန့် သွားပြီး အဖွားကတော့  ဇီးဖျော်ရေ ဖျော်သောက်လိုက်ရပါတယ်
ရေးပြတာသာ ရှည်ပေမယ့်  တကယ်တော့  ဒီအဖြစ်အပျက်ကြီးရဲ့  အစအဆုံးကြာချိန်ဟာ စက္ကန့် နဲနဲ ဒါမှမဟုတ် မီးနစ်ပိုင်းလောက်ပဲဖြစ်မှာပါ ဓါတ်လိုက်ခံနေရတုန်းက တစ်ကမ္ဘာလောက် ကြာတယ် ထင်နေမိပြီး ကျနော် အသားကုန်အော်နေတဲ့ အသံက ပြာနှမ်းနှမ်းအသံတိုးတိုးလေးပဲ ထွက်တယ်လို့  အစ်မက ပြောပါတယ်ဗျား.. အဲ့ ပန်ကာကို လက်ဖျားနဲ့ တောင်မတို့ ရဲတော့ သလို လျပ်စစ်ဆို အသေကျွတ်ဖြစ်သွားတော့ တာပါပဲဗျား...( မသေထိုက်သေးလို့ သာ လွတ် လွတ်လာတာ သေပေါက်တွေချည်းပဲ...ဟီးဟီး)

Subscribe to:
Posts (Atom)