'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, July 26, 2015
လိပ်ပြာလုံခြင်း /စိတ်လုံခြင်း နဲ့ မှီတွယ်ရာ ရှာနေမိတဲ့ အချိန်

------
လိပ်ပြာလုံတယ်လို့ တင်စားလေ့ ရှိတာပေါ့ ၊ အနက်သဘောက ကိုယ့် မှာ အပြစ်မရှိဘူးလို့ ခိုင်ခိုင်မာမာယုံကြည် ထားလို့ လောကဓံဆိုးတွေလာတဲ့ အခါ စိတ်သတ္တိက မတုန်လှုပ်ဘူးသဘောပေါ့ ၊
ဒါမျိုးက တကယ့် ကြက်ရေးငှက်ရေးသဘောကို ရင်ဆိုင်ရချိန်တွေမှာမှ သိသာတတ်တာတွေလည်း ရှိတတ်တယ် ဥပမာ သေလုလု သေတော့ မယ်လို့ ထင်နေချိန်မှာ စိတ်က သိပ်တုန်လှုပ်သွားချိန်မှာ အားကိုးရာ ဘုရားတမိရော ငရဲလည်းကြောက်မိရော ၊ ထူးဆန်းတာက တစ်ပြိုင်နက်ထဲမှာ ကိုယ်ပြုခဲ့  မိတာတွေကို ပါ ဦးနှောက်က အလိုလိုတွေးမိသွားတတ်တယ်

''''ဘေး...'''
''''ဘေး...'''
-------
ငယ်စိတ်က ဒူးအော်ဒိုင်းသဘောပဲ ဒါလဲ မထူးဆန်းပါဘူး လူတကာ ထိုနညးနှင်နှင်ပေါ့ ...အရွယ်တစ်ခုရောက်လာလို့  ဗဟုသုတ်တွေ အတွေ့ အကြုံတစ်ချို့ တွေရလာတော့  တစ်ခုခုဆို ''ဘေး'' ရှိမရှိ အမြင်ထောင့် က ပါ တွေးကြည့် လာတတ်တဲ့ သဘောနဲ့ တူပါရဲ့  လောကမှာ ကိုယ်ကကျူး ကိုယ့် ဒူးတောင် စိတ်ချလက်ချယုံထားလို့ မဖြစ်ဖူး ဆိုတဲ့  သဘောတရားလို ကလေးကို လူတကာပြောသမျှကို မတွေးမတောမလေ့ လာပဲ စွတ်ယုံမနေနဲ့ လို့  သင်္ခန်းစာပေးချင်လို ဖအေကပြောတာလို့ ဆိုလာရင်တောင်
မျက်စိမှိတ်မယုံထားလိုက်ပါနဲ့ သဘောကို လက်တွေ့ အဖြစ် ပုံပြင်ဖန်တီးခဲ့ ကြတာ ဖတ်ရတာ ရိုးတောင်နေခဲ့ ပြီ သူ့ မူအတိုင်းနောက်ပုံပြင်က မြေးခွေးသားအဖ ပေါ့  သားမြေခွေးကို ဖအေမြေခွေးက သင်္ခန်းစာပေးတာပေါ့ လေ....

သံယောဇဉ် (၀ါ) မီးကိုမြိုလို့ သောက အံ...(၀ါ) ချစ်ရမှာလည်းကြောက် အချစ်ခံရမှာလည်းကြောက်

---------
ချစ်တတ်လွန်းသူတွေအဖို့  ချစ်ရသူတွေအပေါ်ထားခဲ့ မိတဲ့  သံယောဇဉ်ကြောင့် ဖြစ်လာတဲ့  ခံစားမှု့ တွေကို စာနဲ့ ရေးပြရတာတောင် မခံစားနိုင်တတ်ဘူး တစ်ခါတစ်လေ စာရိုက်နေရင်းက မျက်ရည်တွေ တောက်တောက်ကျလာပြီး ပင့် သက်ရှိုက်ရင်း ခဏနားလိုက်ရတဲ့ အထိမျိုးပေါ့ ။ မူလကတွေးထားတဲ့  စကားလုံးတွေတောင် ပျောက်ကုန်တဲ့ အထိပဲ..၊ လူဆိုးလူညစ်တွေရဲ့ ရန်ကနေ ကင်းလွတ်ရအောင် ကိုယ်မွေးထားတဲ့  ဂုတ်ကျားတစ်ကောင်ကို ကိုယ့် ထက်လုံခြုံမယ်ထင်တဲ့  အရပ်ဆီ သွားပို့ ရချိန်မှာ ဖြစ်လာတဲ့ ခံစားမှု့ ဆိုတာ.....
သင်ယူခြင်း
သင်ယူခြင်း
----
ဒါ ဒီနေ့ ဝေါပေါ်တက်လာတဲ့  သဘောကျစရာပုံလေးပေါ့ ဗျာ ဒီမိုစုရဲ့ ပွဲမှာ လာတဲ့ ဆရာသမားတစ်ယောက်ရဲ့  ဂွတ်အိုင်ဒီယာ ဖိနပ်သိမ်းတဲ့ သဘာဝစင်ပေါ့ ..သူများတော့ မသိဘူး ကျနော်တော့ သူ့ လို့ အဲ့ လို စွတ်ထားလဲ ရတာပဲလို့ တစ်ခါမှ မတွေးခဲ့ ဘူးဘူး လက် ၂ဖက်မှာပဲ လျိုစွတ်ပြီး ပြေးခဲ့ ဘူးတယ်..
ပြီးတော့ ကျနော်တွေးဖြစ်ခဲ့ တာက ကလေးဆိုတာတွေကအစ ဘယ်သူ့ ကိုမှ လျှော့ မတွက်ထားဘူး အကုန်လုံးမှာ တွေးတတ်တဲ့ ဥာဏ်တွေပါတယ်
ယုတ်အစွဆုံး စိတ်ကျမ္မာရေးအားနဲသူတွေမှာတောင် ကျနော်တို့ မတွေးမိတဲ့ ထောင့် တွေကနေ တွေးတတ် လုပ်တဲ့ သဘောတွေရှိတယ်ပေါ့ ဒီတော့  သူများအတွေးတွေကို နားထောင်ကြည့် လိုက်တော့ ကိုယ့် မှာ ဖြစ်လာတတ်တဲ့  ဘ၀င်ကိုလည်း ထိမ်းကွပ်နှိပ်ကွပ်ပြီးသားဖြစ်
တစ်ခါတစ်လေ ကိုယ့် အတွက် အသုံးတည့် တဲ့  အခြေအနေတစ်ချို့ ရသွားတတ်တယ်ပေါ့ လေ ကိုယ်ပဲတွေးတတ်သယောင်ယောင် ဘ၀င်ခံလိုက်တာနဲ့ အဆင်မသင့် ရင် မြွေခြောက်ကိုက်ခံလိုက်ရပါရောဗျားးးး...
'''၀ဋ်.....''
'''၀ဋ်.....''
---------
မမွေးခင်မှာ ဘ၀တွေဖြစ်ခဲ့ တယ်ဆိုတာ ကို စာသိတွေ ယုံကြည်လောက်သူတွေ ပြောချက်အရသာ လက်ခံထားခဲ့ ကြရတာ ကိုယ် တွေ့  အဖြစ်က သာမန်မှတ်ဥာဏ်နဲ့ က မသိတော့ ဘူး မအေ့ ဗိုက်ထဲမှာနေရတဲ့ ဒုက္ခကြောင့် အပြင်ရောက်တော့  ဘ၀ဟောင်းတွေမှာ ဘာတွေဖြစ်ခဲ့  လုပ်ခဲ့ သလဲဆိုတာမေ့ကုန်တာလို့ ဆိုတယ်...တစ်ချို့ တွေကတော့  မအေ့ ဗိုက်ထဲမှာ ကံကောင်းထောက်မတဲ့ ကုသိုလ်တစ်မျိုးကြောင့်  အပြင်ရောက်တော့ ဘ၀ဟောင်းရှိခဲ့ တာ ဘာတွေဖြစ်ခဲ့ တာ ဘာတွေလုပ်ခဲ့ တာတွေကို မေ့ မသွားပဲ တစ်ချို့ ကိစ္စတွေကို ပြန်မှတ်မိနေတယ်လို့ ဆိုတယ်...အဲ့ မှာ လူဝင်စား မှတ်ဥာဏ်သဘော ဖြစ်လာပုံရတယ်...

Subscribe to:
Posts (Atom)