Powered By Blogger

Sunday, July 26, 2015

''''ဘေး...'''

''''ဘေး...'''
-------
ငယ်စိတ်က ဒူးအော်ဒိုင်းသဘောပဲ ဒါလဲ မထူးဆန်းပါဘူး လူတကာ ထိုနညးနှင်နှင်ပေါ့ ...အရွယ်တစ်ခုရောက်လာလို့  ဗဟုသုတ်တွေ အတွေ့ အကြုံတစ်ချို့ တွေရလာတော့  တစ်ခုခုဆို ''ဘေး'' ရှိမရှိ အမြင်ထောင့် က ပါ တွေးကြည့် လာတတ်တဲ့ သဘောနဲ့ တူပါရဲ့  လောကမှာ ကိုယ်ကကျူး ကိုယ့် ဒူးတောင် စိတ်ချလက်ချယုံထားလို့ မဖြစ်ဖူး ဆိုတဲ့  သဘောတရားလို ကလေးကို လူတကာပြောသမျှကို မတွေးမတောမလေ့ လာပဲ စွတ်ယုံမနေနဲ့ လို့  သင်္ခန်းစာပေးချင်လို ဖအေကပြောတာလို့ ဆိုလာရင်တောင်
မျက်စိမှိတ်မယုံထားလိုက်ပါနဲ့ သဘောကို လက်တွေ့ အဖြစ် ပုံပြင်ဖန်တီးခဲ့ ကြတာ ဖတ်ရတာ ရိုးတောင်နေခဲ့ ပြီ  သူ့ မူအတိုင်းနောက်ပုံပြင်က မြေးခွေးသားအဖ ပေါ့  သားမြေခွေးကို ဖအေမြေခွေးက သင်္ခန်းစာပေးတာပေါ့ လေ....



တောက်လျှောက်ကတော့  မယုံလွယ်ဖို့  မြင်ထောင့် ကချည်း မတ်စိပေးခဲ့ တာကိုသာ မြင်တာ....သားအဖ ပုံပြင်မှာတော့  နောက်မြင်ထောင့် သစ်တစ်ခုသွားမြင်မိလာတယ်  သင်ခန်းစာပေးချင်တဲ့ ရည်ရွယ်ချက်ကောင်းပေးမယ့်  အဲ့ သင်ခန်းစာတွေက ဘေးကင်းမကင်းပါ ကြည့် ဖို့ လိုတယ်လို့ မြင်ထောင့် ပြောင်းသွားတာမျိုး....ဖအေ့ စကားကိုယုံပြီး ခုန်ချလိုက်တဲ့ ကလေးကို သိပ်ဇာာတ်နာသွားမှာစိုးလို့ ခြေထောက်လေးသာ နာခိုင်းလိုက်တာ မူလစိတ်ကူးက ဖင်ထိုင်ရက်ကျ နောက်ပြန်လဲ နောက်စိနဲ့ ကြမ်းပြင်ထိ အတွင်းကြေပြီး သေပြခိုင်းလိုက်မလို့ ...အဟီး...ကိုယ့် ဟာကိုယ်တွေးပြီ ကိုယ့် ဟာကိုယ် ပြန်လန့် သွားတယ်

အဲ့ လို အကျမတော်ရင်ရော မသေနိုင်ဘူးလားလို့ တွေးရင် သေနိုင်တာပေါ့ လို့ ပဲဖြေရမှာပါ...မနှစ်က ဂျာနယ်တစ်ခုမှာတောင်ပါသေးတယ် ကလေးကို ဆုံးမတယ်ဆိုပြီး အရိုက်လွန်ပြီးသေသွားတာဒါက ကလေး...စစ်သင်တန်းတွေတောင်မှာမှ ပြင်းထန်တဲ့ သင်ခန်းစာတွေအောက်မှာ သေသွားတဲ့  သင်တန်းသားတွေ ကမ္ဘာအရပ်ရပ်မှာ အများကြီးဖြစ်ခဲ့ တတာ ခဏခဏဖတ်ရတယ်  လူသေနိုင်တဲ့ အထိ ဖြစ်နိုင်တဲ့  သင်္ခန်းစာမှာသမျှ အိုဗာ ဖြစ်တယ် လို့ ပဲထင်တယ်...ဘာကြီးတွေ ဖြစ်နေစေစေ  လူ့ အသက်ထက် ဘယ်ဟာမှ တန်ဘိုးမကြီးဘူးလို့ ပဲမြင်တယ် အသက်ဆိုတာ အစားထိုးလို့ မရဘူး ငွေနဲ့ လျော်လို့ မရဘူးလေ..


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..