'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, April 25, 2015
မွေးနံ ကိုယ်စားစွန့် ယတြာ.+ကုန်းစာရေစာ ..အလွယ်
မွေးနံ ကိုယ်စားစွန့် ယတြာ.+ကုန်းစာရေစာ ..အလွယ်
-----------------
ယေဘူယျကတော့  ခဏခဏခြူခြာနေတတ်တဲ့ ကျမ္မာရေးအတွက်ပေါ့ ..နာတာရှည်တွေ အတွက်လည်း အသက်ရှည်ဖို့ ပေါ့  နောက်တော့  ကံမကောင်းနေတဲ့ အခါတွေမှာပါလုပ်လို့ ရတယ်...စကားကုန်ပြောရရင် ကိစ္စကြီးငယ်မရှိပဲ အပျင်းပြေလုပ်လည်းကောင်းတာပါပဲ...သူက ကောင်းကျိုးပဲရှိပြီး ဆိုးကျိုးမရှိဘူး ပြီးတော့  အသက်အရွယ်အယူဝါဒလည်း မခွဲဘူး ရွတ်စရာ ဖတ်စရာလည်း မရှိဘူး....သူ့ အလုပ်က ကိုယ့် မွေးနံ ကိုယ်စားလေး ဘေးထား တစ်ညအိပ် မိုးလင်းတော့ အမှုက်ပုံးထဲပစ်လိုက်ယုံပဲ...န၀င်းပညာကနေ ခြုံ့ ထားတာပါ..အများသူငယ်လုပ်ချင်ရင်လုပ်ရလွယ်အောင်ပေါ့ ...တစ်ပတ်တစ်ခါ (သို့ ) ၃ပတ်၁ခါ (သို့ )တစ်လတစ်ခါ (သို့ ) ၃လတစ်ခါ (သို့ ) သဘောရှိပေါ့ ...
နည်းက ၃ နည်းရှိပါတယ်...၁။.ကိုယ့် နေ့ နံ ကို ကိုယ်စားက တစ်နည်း ၊ ၂။ အမည် ရဲ့ ရှေ့ ဆုံးနဲ့ နောက်ဆုံး နံတူကိုယ်စားက တစ်နည်း ၃။ သက်ရှိအရင်း သက်ကင်းအဖျား နဲ့ ကောက် ပြီး အမည်ရဲ့ ရှေ့ ဆုံးနံကို ယူပြီးလုပ်လို့ ရတယ်..
.ပထမနည်းက ကိုယ်ဟာ ဘာနေ့သားလို့  စိတ်အစွဲပိုကြီးနေတတ်တဲ့ သူတွေမျိုးအတွက်ဆို ပိုကောင်းတယ်..၊
ဒုတိယနည်းက ရွာဘုရားပွဲကို ဖိုးချစ်တို့ လာကတုန်းက မွေးလို့  ကိုချစ်လို့ ခေါ်လိုက်တာ ဘာနေ့သားမှန်းတော့  မမှတ်မိတော့ ဘူးရှင့်  ဆိုတဲ့  အမည်ပိုင်ရှင်မျိုးတွေအတွက်ပိုသင့် တော်တယ်
တတိယနည်းက အမည်အဖျား ဥပမာ မဒေါင်းမေ..ဆို (ဒေါင်း+မေ)..ဖြစ်လို့  ဒေါင်းမေ= တမာကိုင်းတစ်တောင်လောက်နဲ့ ပေါ့ ၊ ဒါမှမဟုတ် ဒေါင်း=(စနေနံ) = ထန်းလက်တစ်လက်ပေါ့ ..
မြေကျင်း ယတြာကစားကွက်..( အနဲဆုံး ဗဟုသုတပေါ့ )
မြေကျင်း ယတြာကစားကွက်..( အနဲဆုံး ဗဟုသုတပေါ့ )
--------------
လွယ်အောင်ပြတာပါ ၊ ဆရာကြီးဆီကထွက်လာတဲ့ ပညာပါ ။ အကျင့် မှားလို့ သေနမိတ်တွေ ပြနေတဲ့ တပည့် ကြီးတစ်ယောက်ကို သေတွင်းထဲက ဆွဲထုတ်ဖို့  ဆရာနဲ့ ဆရာကြီးနဲ့  တိုင်ပင်ကြရင်းက ထွက်လာတဲ့ နည်းကို ချုပ်ထားပါ...ယေဘူယျကတော့  မကြာခဏခြူခြာနေရင် ရောဂါတွေထွေနေရင် ဒူးနာရောဂါကဆေးမတိုးလောက်အောင်ရစ်နေရင် နဲ့ ကံနိမ့် လွန်းနေတယ်ဆိုတဲ့ အခါမှာ ဒီမြေကျင်ဲး့  ယတြာကစားကွက်လေးကို သုံးပါတယ်...မြေကြီးလွယ်တဲ့ ဆင်ခြေဖုံး ခြံမြေအပိုနဲနဲရှိတဲ့ နေရာတွေမှာတော့ ပိုအဆင်ပြေလွယ်ပြီး မြို့ လယ် ဒေါင်းတောင်းမှာတော့  မြေမရှိလို့  ဒီယတြာလုပ်ရတာ ခက်ပါတယ်။ဒါပေမယ့် အကြံအဖန်က နို့ ဆီသေတ္တာလို ထင်းရူးပုံးလေးထောင့် ထဲ မှာ မြေကြီးထည့်  ထားပြီးကစားတာ၊ ပန်းအိုး ခပ်တန်တန်မှာမြေကြီးထည့် ကစားတာမျိုးတွေလုပ်ခဲ့ ဘူးပါတယ်.. တကူးတကဆန်လို့ နဲ့  အဲ့  မြေကြီးထုတ်ကြီးကို စွန့် ပစ်ရတာ ခက်လို့  နောက်ပိုင်း မလုပ်တော့ ပါဘူး...ရောဂါထူးနေတာ ဒူးရောဂါပြဿနာတွေ မှာတော့ သက်သာ ပျောက်ကင်းဆေး တိုးလွယ်သွားကြတယ်..ကံနိမ့် လွန်းနေတာကနေသက်သာသွားကြတာတော့ တွေ့ ခဲ့ ရပါတယ်...
ကားရောင်းတဲ့ နည်းတစ်ခု
ကားရောင်းတဲ့ နည်းမျိုးစုံမှာ အလွယ်ပေးတတ်တာက သပြေ ၁ညွန့် လောက်နဲ့  ကားခေါင်းကို ၁၅ချက်ပုတ်လိုက်ပါ လို့  ပေးတတ်ပါတယ်...၊ ၁၅ချက်ဆိုတာ ကားဆိုတဲ့  တနင်္လာနံ ရဲ့  ဂြိုလ်သက်ပါ....တစ်ချို့ က တစ်ကြိမ်ရိုက်ယုံနဲ့  အရောင်းတည့် ပြီး တစ်ချို့ က တစ်နေ့ တစ်ကြိမ် ၃ ရက်ဆက်ရိုက်လိုက်ရင် အလုပ်ဖြစ်သွားပါတယ်
( အလုပ်ဖြစ်တယ်ဆိုတာ ၀ယ်လက်ပေါ်လာပြီး အလုပ်ဖြစ်သွားတာကိုဆိုလိုတာပါ ကြိုက်ဈေးမရလို့  အုံနာက အင်နေတာက ပညာနဲ့ မဆိုင်ပါ) ..သပြေကို သုံးလည်း ရတယ်ဆိုတာက သပြေ ဟာ သောကြာနံ +ကြာသာပတေးနံ ဖြစ်ပြီး သောကြာနဲ့  တနင်္လာဟာ သော်က အတွင်းရန် ၊ ကြာသာပတေးနဲ့ တနင်္လာဟာ ခေမာ အပြင်ရန် ဖြစ်လို့  တနင်္လာ ဟာ သပြေ နဲ့  အတွင်းရန်အပြင်ရန် ဖြစ်နေလို့ ပါပဲ ရန်ဓာတ်နဲ့ ရိုက်တာဟာ ထွက်စေတဲ့ သဘောရှိပါတယ် ဒါကြောင့် ပါ....အခါတိုင်ပညာမှာ တနင်္ဂနွေအခါတိုင်နဲ့  လာတဲ့  တနင်္လာသားသမီးတွေဟာ တိုင်အထက်ရောက်နေပေမယ့်  အတွင်းရန် အပြင်ရန် ညှပ်နေလို့  ယာယီပဲဖြစ်စေ အလုပ်ခွင်မှာရော မိသားစုတွင်းမှာပါ ပြဿနာတွေဖြစ်နေတဲ့  သူတွေ များနေချိန်တွေဖြစ်နေတတ်ပါတယ်ဗျား.
စစ် နဲ့  စစ်ပြေးရင်းကပါလာတဲ့ အကျင့် ..
စစ်
-----
စစ်ပွဲတစ်ပွဲကို စစ်ပွဲတစ်ပွဲလို့ ပဲ အရင်မြင်တယ်..တရားသော မတရားသောတွေ ခေါင်းစဉ်တပ်မနေဘူး..ဒီတော့  စစ်ပွဲတစ်ပွဲကို ဆင်နွဲပြီးဆိုရင် ကိုယ်အားပေးတဲ့ ဘက်ကသာ နိုင်စေချင်တယ်...ဒါလည်း ဘောပွဲကြည့် ကြည့်  လက်ဝှေ့ ကြည့် ကြည့်  လူ့ သဘာဝပါပဲ ။ အဲ့ သဘာဝသဘောကြောင့်  စစ်ကားတွေကြည့် ရင် ကိုယ်အားပေးတဲ့ ဘက်က နိုင်တယ်ဆိုတဲ့ စစ်ကားတွေချည်းကြည့် တာများတယ်..အမေရိကန်တွေ ကားသွားတဲ့ ဘလက်ဟော့ ဒေါင်းတို့ လို့ မိုဂါဒစ်ရှုးမှာခံလိုက်ရတဲ့ ကားတို့ လိုမျိုးတွေဆို ပထမ မကြည့် သေးဘူး..နောက်မှ ရိုက်ချက်တွေ ကောင်းတယ်ဆိုမှ အီလယ်လယ်နဲ့ ကြည့် လိုက်တာ.ဒီလိုပဲ ဒုတိယကမ္ဘာစစ်ဆိုလည်း မဟာမိတ် တပ်ပေါင်းစုံတွေနိုင်တဲ့ စစ်ကားတွေမျိုးသာကြည့် တာ...စစ်ရှုံးတာကို ရှုံးတယ်လို့  မဆိုပဲ အောင်မြင်စွာ ဆုတ်ခွာတယ်လို့  သမိုင်းတင်တဲ့ ဒန်းကပ်မှာ ပိတ်မိနေတဲ့  မဟာမိတ်တပ်တွေကို သွားကယ်ထုတ်ရတဲ့ မော်ကွန်းကားမျိုးဆို တော်တော်နဲ့ မကြည့် ပါဘူး.နောက်မှ ဟောင်းခဲ့ တဲ့  သမိုင်း မှတ်တမ်းတွေပဲလေ ဆိုပြီး. . ဟဲဟဲ..ကိုယ်အားပေးတဲ့ ဘက်ကဆို အရှုံးကို မခံစားနိုင်ဘူးသဘောပေါ့ .အဲ့ ဒါနဲ့ မြန်မာအမျိုးသားဘောလုံးပွဲဆို...ငိငိ ဖြစ်တာကြာပြီ..ခိခိ
..'' ငါ့ ဘာမှတ်....'''
..'' ငါ့ ဘာမှတ်....'''
-----------------------
ကျနော်တို့  အမျိုးတွေမှာ လူစုံရှိပါတယ်...စရိုက် အကြမ်းအနု အကုန်စုံပါတယ်...အခု ရေးပြမှာက ကျနော်တို့ အမျိုးထဲက ဘွားအေကြီး ကြီးဒေါ်ကြီး အမျိုးသမီးကြီးတွေ လူစုမိ စုံမိလို့  ထွေရာလေးပါးတွေ ပြောရင်း သူတစ်ပါးကို စိတ်တိုတဲ့ အခါ ထဘီ တင်ပါးပင့်  စွန်တောင်ဆွဲပြီး ထ ထ ပြောတဲ့  အာမေဋိတ်စကားပါ..
.အမေဘက်က အမျိုးတွေဖြစ်ပြီး သူတို့  အုပ်စုတွေက ''' ဧရာဝတီတိုင်းဒေသကြီး ( အဟီးးခိခိ)..က အသုတ် ရေကြည် ငသိုင်းချောင်း အင်းရဲကြီးအင်း '' ဆိုတဲ့ ဂိုဏ်းလမ်း ဗိန္ဓောလမ်း အပေါ်လမ်း အောက်လမ်း ပယောဂလမ်း စုန်းလမ်း ကဝေလမ်း ရိုးရာလမ်း နတ်လမ်း စသဖြင့်  လိုင်းပေါင်းစုံ မထသတွေ ရှိတဲ့ နယ်မြေသားတွေပါ အသက်မွေးမှု့ လည်း အကြမ်းစားများပါတယ်...သူတို့  စိတ်မကျေနပ်ရင် နည်းပေါင်းစုံနဲ့ ရန်ရှာတတ်ပြီး အားမရရင် အမျိုးအချင်းချင်းတောင် ဓားဆွဲ အိမ်ပေါ်တက်ခုတ်သတ်တဲ့ အထိ ကြမ်းပါတယ်...အဲ့ တော့  ဘာအတိုက် ညာအတိုက်ဆိုတာ သူတို့ စကားတွေထဲမှာ ပါလေ့ ရှိလာတဲ့ ရိုးနေပြီဖြစ်တဲ့  စကားလုံးမျိုးပါပဲ....ဒီလို အလကားနေရင် ချစ်လို့ တိုက်တယ် မုန်းလို့ တိုက်တယ် ဆိုတဲ့  နယ်ကြမ်းကြီးမှာ လူဖြစ်လာတဲ့ အမျိုးတွေ ဖြစ်လို့  ကာကွယ်ရေး တို့  ပြန်တိုက်တာတို့ ဆိုတဲ့ သဘောတွေက အမြဲ အာရုံထဲ ရောက်နေပုံရပါတယ်...အဲ့ ထဲမှာ သူတို့ '' ပြန်တိုက်လိုက်မယ် ပြန်ဖြဲလိုက်မယ် ငါ့ ဘာမှတ် '' ဆိုတဲ့  သဘောနဲ့ အာပေါင်အာရင်းသန်သန်နဲ့ ထ ထ ဟစ်ကြွေးတဲ့ စကားလုံးက....
ဖြစ်တော်စဉ်ကို မှီး၍ အခါတိုင်တွေကို ဖြတ်လမ်းသိ...
ဖြစ်တော်စဉ်ကို မှီး၍ အခါတိုင်တွေကို ဖြတ်လမ်းသိ...
---------
အခါတိုင်တွေကို စပြီး လိုက်ခါစမှာ အသေမှတ် မလုပ်ခဲ့ ပါဘူး အမြဲတွေးပါတယ် .နောက်တော့  ဒီ အခါတိုင် ၇ တိုင်ဟာ ''မ သိ ကြ လျင် တွေး ဆ ဦး'' ဆိုတဲ့ ဘုရားဖြစ်တော်စဉ် နဲ့  ညှိလို့ ညီညွတ်တယ် ဘုရားရဲ့ ဖြစ်တော်စဉ်တွေထဲကနေ လောကီပညာတွေအဖြစ် ယူသုံးတယ်ဆိုတာ သိလာရပါတယ်...အဲ့ ဒီမှာ တွေးတော့ ကြည့် ရင်းက အခုပုံထဲက အတိုင်း ထွက်လာတော့ တာပါပဲ...
လောကီပညာသဘာဝတွေလိုက်ရင်းက တစ်ချို့  သီလသမာဓိပညာ သိက္ခာသုံးပါး ပြည့် စုံနေတဲ့ ဆရာတော်ကြီးတွေဟာ ဗေဒင်ပညာ လောကီပညာက ပြောတဲ့  ဆောင်ရန် ရှောင်ရန်သဘောတွေနဲ့ အလိုလို ညီညွတ်ပြီး ကွက်တိဖြစ်နေတတ်တာတွေ တွေ့ ခဲ့ ပါတယ်..ဆြာတော်ကြီးတွေရဲ့  သိက္ခာသုံးပါးကြောင့်  ဗေဒင်ပညာ နဲ့ အထူးတွက်ချက် ရှောင်ရှားနေစရာမလိုပဲ ညီညွတ်သွားတဲ့ သဘောပေါ့  တစ်ချို့ လူတွေမှာလည်း သူတို့ ရဲ့ အတိတ်ကံတွေ သီလသမာဓိပညာဆင်ခြင်တုံ
တရားတွေကောင်းလို့  ဆောင်ရန် ရှောင်ရန်တွေကို ဗေဒင်မတတ်ပဲ အလိုလို ညီညွတ်နေတာတွေ တွေရပါသေးတယ်..ဆိုလိုတဲ့  သဘောက မြတ်ဘုရားရှင်ဟာ တွက်ချက်ပြီး ဘုရားအဖြစ်ကျင့် ကြံတော်မူတာ မဟုတ်ဘူး ဘုရားရှင်ဖြည့် ကျင့် ခဲ့ တဲ့ ပါရမီတော်တွေကြောင့်  သူ့ အလိုလို လောကီလောကုတ် အကြောင်းအကျိုး ညီညွတ်နေတာသာဖြစ်တယ်ပေါ့ လေ...ဒါကို ကျနော်တို့ လို သာမန်ပုထုဇဉ်တွေက ဘုရားရှင်ရဲ့  ကံသုံးပါးကို လိုက်လေ့ လာပြီး လောကီနယ်မှာ အံဝင်ဂွင်ကျအောင် လောကဓံတရားဆိုးတွေကနေ သက်သာအောင် ဆွဲယူဆင်ခြင် အသုံးပြုတာပါပဲပေါ့ ဗျာ...
မေးခွန်းတွေ..
မေးခွန်းတွေ..
----------
မေးခွန်းတွေထုတ်တာဟာ ဓမ္မသဘောအရဘက်ကကြည့် ကြည့်  လောကသဘောဘက်ကြည့် ကြည့်  အသိသစ်တွေကို ရလာစေတဲ့ သဘောရှိပါတယ်...ဓမ္မသဘောအရဆိုရင် သေဆုံးတဲ့ သူတွေကို တွေ့ နေရလို့  မသေရာရော ရှိနိုင်သလား စသဖြင့် အတွေးဆင်ခြင်မှု့  မေးခွန်းတွေ ထွက်လာပြီး သေခြင်းရှိရင် သေခြင်းကင်းရာရှိရမယ် ဆိုတဲ့  ဆင်ခြင်မိခြင်းရဲ့  အဖြေရှာခြင်းသဘောကိုရောက်လာတဲ့ သဘောပါပဲ...
စိတ်တန်ခိုးကို သူဟာ ရသွားတယ်လို့ ဆိုပြီး ရေပေါ်လမ်းလျှောက်ပြပါတယ် ငယ်စဉ်ကတော့  ထူးဆန်းလိုက်တာ တော်လိုက်တာ ဆိုတဲ့  မှတ်ချက်မှာသာ ရပ်နေခဲ့ ပါတယ်...နောက်တော့  အတွေးပါတဲ့ မေးခွန်းတွေ ရှိလာပါတယ်...ရေပေါ်လမ်းလျှောက်ပြတာတော့  ဟုတ်ပါပြီ...အဲ့ လိုလျှောက်ပြတော့  ဘာဖြစ်မှာလဲ ငါ့ အတွက်ရော အကျိုးစီးပွား ကောင်းကျိုးချမ်းသာ တစ်ခုခု နဲ့ ဆက်နွယ်တဲ့  တစ်စုံတရာ ဘာကောင်းကျိုးရနိုင်မလဲ ...ရေပေါ်မှာလမ်းလျှောက်ပြတာဟာ ရေပေါ်မှာ လမ်းလျှောက်ပြတာပဲဖြစ်တယ်. .ဒါထက် ပိုတဲ့  ထူးခြားမှု့ ငါ့ အတွက် မရှိလာဘူး..သူလမ်းလျှောက်ပြတဲ့ ရေပြင်ကို ငါ့ ဟာငါ လှေနဲ့ သွားလည်း ရနိုင်တာပဲ...စသဖြင့်  အတွေးစဉ်တွေဆက် မေးခွန်းတွေ ဖြစ်လာတဲ့ အခါ ရေပေါ်လမ်းလျှောက်ပြတဲ့ တန်ခိုးဟာ ကိုယ့် အတွက် ထူးခြားတဲ့  အဖြစ်ကနေ လျှောကျသွားတော့ တယ် ငယ်စဉ်ကလို ပါးစပ်ထဲ ခြင်ဝင် အုမတတ် ပါးစပ်ဟောင်းလောင်းနဲ့  အံ့ သြတကြီး ဖြစ်မနေတော့ ဘူး...အားလပ်တုန်းကြည့် တဲ့  စိတ်အပန်းဖြေ အပျော် မျက်လှည့် သဘောအဆင့် သာ ကျန်တော့ တယ်..
ဒါပေမယ့်  ကိုယ့် လိုချင်လောဘဇောတွေ ကပ်ငြိနေတဲ့ အခါ ရေပေါ်လမ်းလျောက်ပြနိုင်တဲ့  စိတ်တန်ခိုး ရှိသူဟာ ကိုယ့် ရဲ့ လိုအင်ဆန္ဒ အရာရာ မှန်သမျှ (၀ါ) ကိုယ့် လောဘတွေကို ဖြည့် ဆည်းပေးနိုင်မယ့်  သူလို့ တွေးလိုက်မိတဲ့ အခါ....
''တစ်စုံတရာကို..''
''တစ်စုံတရာကို..''
-------------------
တစ်စုံတရာကို...
ဆန့် ကျင်တော့ မယ်လို့  စိတ်ကူးသလား..
ကိုယ်တိုင်ရဲ့ သဘောထားတော့ ဖြစ်ပါစေ
တစ်စုံတရာကို..
ဆန့် ကျင်တော့ မယ်လို့  စိတ်ကူးသလား..
ကိုယ်တိုင်လမ်းရွေးသူတော့ ဖြစ်ပါစေ...
တစ်စုံတရာကို..
ဆန့် ကျင်တော့ မယ်လို့  စိတ်ကူးသလား
အကျိုးဆက်ကိုလည်း တွက်ပါလေ...
တစ်စုံတရာကို..
ဆန့် ကျင်တော့ မယ်လို့  စိတ်ကူးသလား..
အနုနည်းနဲ့ ပဲ ဆန့် ကျင်ကျင်
အကြမ်းနည်းနဲ့ ပဲဆန့် ကျင်ကျင်..
ဒဲ့ ပဲ ဆန့် ကျင်ကျင်
သွယ်ဝိုက်ပဲ ဆန့် ကျင်ကျင်.
ဆန့် ကျင်ဖြစ်နေဖို့ တော့ လိုလိမ့် မယ်...
တစ်စုံတရာကို..
ဆန့် ကျင်တော့ မယ်လို့  စိတ်ကူးသလား..
အနဲဆုံး
စိတ်အားဖြင့် တော့  ဆန့် ကျင်ရဲစေ...။ ( န၀င်းသီဟ)
တစ်ဖက်ကလည်း လူတွေဖြစ်တယ်..
တစ်ဖက်ကလည်း လူတွေဖြစ်တယ်..
----------------
၁၀တန်းမှာ သူငယ်ချင်းက အောင်သွားပြီး ကိုယ်က ကျကျန်ရစ်တယ်။ တကယ်တော့  ကျကျန်ရစ်တယ်လို့ သာဆိုတယ် အမှန်စင်စစ် ကိုယ်က ၉တန်း ပြန်ဆင်းရတာမဟုတ်ပဲ သူက တက္ကသိုလ်ကို ကိုယ့် ထက် စောရောက်သွားပြီး ကိုယ်က ၁၀တန်းမှာသာ ဆက်နေရတဲ့  သဘောပဲ...သူလည်း လူဖြစ်လို့ ၁၀တန်းအောင်ဖို့  စာကြိုးစားနေလိမ့် မယ်ဆိုတာထည့် မတွေးမိခဲ့ ဘူး...အကယ်၍သာ ကိုယ်သာ၁၀တန်းမအောင်ခဲ့ ပဲ ကိုယ့် သူငယ်ချင်းက ဘွဲ့ ရသွားရင် ကိုယ်ရဲ့ ပညာအရည်အချင်းဟာ ၁၀တန်း အဆင့် မှာသာ ဖြစ်နေပြီး သူငယ်ချင်းရဲ့ ပညာရည်အဆင့် ဟာ ဘွဲ့ ရအဆင့် ဖြစ်နေမယ်...၁၀တန်းအထိတတ်ထားတဲ့ ကိုယ့် ကို ဘယ်သူက စာမဖတ်တတ်ဖူး ပညာမတတ်လို့  ဆိုရဲမလဲ စွပ်စွဲရမလဲ...
လူ ဒဿန
လူ ဒဿန
--
ဒဿနသဘောတွေကို နှစ်ပိုင်းခွဲရင် အိန္ဒိယ တရုပ် ဆိုတဲ့ ဒေသကြီး အခြေပြုတဲ့  အရှေ့ တိုင်းဒဿနသဘောနဲ့  ဂရိခေတ်ကစလိုက်တာ ဖြည်တည်မှု့ ဝါဒီတွေအထိ အနောက်တိုင်း ဒဿနတွေ အထိလို့ ယေဘူယျခွဲလို့ ရလောက်တယ် အိန္ဒိယဒဿနဆို အများကြီးပဲ...အဲ့ ဒီက ဒဿနတွေ အများစုက ဗုဒ္ဓဓမ္မထဲက ဒိဌိ ၆၂ ပါး နဲ့  နှိုင်းယှဉ်ကြည့် လို့ ရတဲ့ အကျိုးရှိခဲ့ တယ်..ထူးခြားချက်က အနောက်တိုင်း ဒဿနဆရာတွေမှာ ဗုဒ္ဓဓမ္မအနား သိပ်ကို နီးကပ်လာတဲ့ ဒဿန အမြင်ဆရာတွေပါနေခဲ့ တယ်..ဥပမာ ရှိုပင်ဟောင်ဝှါတို့ ယန်ပေါဆပ်တို့ ဒဿနတွေက အမှတ်တမဲ့ ဆို ပစ္စုတ်ပန် တည့် တည့် ရှု့ ဆိုတာနဲ့  နီးသလိုလိုပေါ့ ..ပြီးခဲ့ တဲ့ ဘ၀တွေ နဲ့ နောက်ဖြစ်မဲ့ ဘ၀တွေက အတွေ့ အကြုံသိနဲ့ မသိနိုင်လို့  အာရုံမယူတော့ ပဲ လက်ရှိဘ၀ဖြစ်နေတာကသာ သေခြာလို့ လက်ရှိဘ၀ဟာ အရေးအကြီးဆုံးပေါ့ လေ..နောက် သဘောတရားအချုပ်က ဒါကြောင့်  ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိရမယ်ပေါ့ ..နောက်ဒဿန အကြောဆက်တာက ကိုယ့် ဟာကိုယ်ဖန်တီးလို့ ပြန်ဖြစ်လာတဲ့  အကျိုးဟာလည်း ကိုယ့် မှာပဲ တာဝန်ရှိတယ် တာဝန်ခံရမယ်ပေါ့ ..အဲ့ လိုသဘောတရားတွေပါလာလို့  ဒီဘက် အရှေ့ တိုင်းဒဿနနဲ့ အတော်နီးလာတယ်ဆိုပြီး အရှေ့ တိုင်းဘက်မှာ ခေတ်တော်တော်စားသွားတယ်ပေါ့ လေ...
အဲလိုဒဿန တောကြီးထဲမှာ အနောက်တိုင်း ဒဿနထဲက အယူအဆတစ်ချို့ ဟာ ဓမ္မနဲ့ သိပ်နီးကပ်လာတာရှိတယ်..ဒါက လူမှာ ဘယ်လိုတွေ ကွဲပြားနေစေ ''အနိမ့် ဆုံးတန်ဘိုးအဖြစ် လူ့ ဇာတိဝင် လူဆိုတဲ့  ဂုဏ် '' တစ်ခုတော့  ရှိနေသေးတယ်..ဆိုတဲ့  အဆိုတစ်ခု ပေါ်ထွန်းခဲ့ တယ်၊ နောက်တော့  ဒီ အဆိုဟာ လူကြိုက်များလာပြီး တစ်စတစ်စ ပျံ့ နှံ့ သွားရာက နောက်တော့ ဒီအဆိုရဲ့ အရှိန်ကြောင့် သေဒဏ် ပေးနည်းပုံစံတွေပြုပြင်လာကြတယ်လို့ ဆိုတယ်. လူမြင်ကွင်မှာ မစီရင်တော့ တာ အသက်သာဆုံးနည်းတွေကြံဆလာတာ ခေါင်းဖြတ်စက်ကို ဖြုတ်ပစ်လိုက်တာတွေ ဖြစ်လာတာတွေနဲ့ တစ်ချို့ အရပ်တွေမှာ သေဒဏ်စနစ် မသုံးတော့ တာတွေ ဖြစ်လာတယ်လို့ ဆိုတယ်...အဲ့ ဒီ့  လူကို လူလို မြင်ပါဆိုတဲ့ အမြင်ဟာ ဒီဘက်က ဓမ္မတရားအရဆိုရင် အတော်လေးမြင့် မားတဲ့ သဘော ရှိလာနေပြီး ဒီအမြင်ကနေ ရှေ့ ခရီးဆက်ရင် ငါသူတစ်ပါးယောက်ျား မရှိတော့  ရုပ်နာမ်ဓမ္မ သင်္ခါရနယ်သားတွေသာဖြစ်တယ်ဆိုတဲ့ အဆင့်  အဲ့ ကနေ နောက်တစ်ဆင့် မြင့် ပေါ့ လေ.....

'''တစ်အိမ်လုံး ငြိမ်သက်ခြင်း ရှိစေသတည်း..''
'''တစ်အိမ်လုံး ငြိမ်သက်ခြင်း ရှိစေသတည်း..''
-----------
တစ်ယောက် တစ်ပေါက်တွေနဲ့  တစ်အိမ်လုံး ၀ရုန်းသုန်းကားနဲ့  အိမ်ပူတယ်လို့ ပြောတာ ခဏခဏကြုံရတယ်..အဲ့ အခါတိုင်းအလွယ်ပေးတဲ့ ယတြာက တနင်္ဂနွေ နေ့ မှာ တစ်အိမ်လုံးကို ရေမွေးရေအမွှေးနံ့ သာနဲ့ သပြေညွန့် နဲနဲ နဲ့  စတိလျှောက်ပက်ဖြန်းလိုက် ဖြန်းပြီးအိမ်ရှေ့ တံခါးမှာချီချင်ချီထား စွန့် ပစ်ချင်စွန့်  တစ်ပတ် နှစ်ပတ်သုံးပတ်လောက်လုပ်လိုက် ဖြန်းနေတုန်း စိတ်က ကိုယ်ရွတ်နေကျ ဘုရားစာတစ်ခုခု ရွတ်ဖြန်းပေါ့ လို့  ယတြာပေးလေ့ ရှိတယ်...ဒါက ကိုယ်တိုင်လည်းဒီလိုပဲ
လုပ်တတ်သလို ကိုယ်တိုင်ထဖြန်းမှမဟုတ်ပဲ အိမ်သားထဲက တစ်ယောက်ယောက်ဖြန်းလဲရတာပါပဲ...
ဒီနေရာမှာ သပြေညွန့် သုံးတာဟာ လူနဲ့ နံတိုက်ကောက်မဟုတ်ပဲ ရိုးရာယဉ်ကျေးမှု့  သဘော တစ်ပြည်လုံးအသုံး အောင်ညွန့် အောင်ပန်း ကျွန်းဦးသပြေ အစဉ်အလာ အောင်ပန်းအညွန့် ဂုဏ် သဘောကို ယူသုံးတာပါ....ဂုဏ်သဘောယူတာဖြစ်လို့  သပြေ မရတဲ့  ဒေသတွေရောလို့ မေးလာရင် အမြင့် တင် မင်္ဂလာယူတဲ့ နေရာမှာ သုံးတဲ့  အညွန့် အရွက်ပန်းတစ်ခုခု ဆို ဖြစ်တာပါပဲပေါ့ ....
အိမ်လို့  ယူတာဟာ တနင်္ဂနွေသဘောဖြစ်ပြီး ဒီနေရာမှာ အိမ်ရဲ့ ဖွင့် ဆိုချက်ကို မိသားစု အဖွဲ့ အစည်း မှီတင်းစုစည်းနေထိုင်ရာ နေရာဂေဟာ ကို ရည်ညွှန်းတာပါပဲ ဒီသဘောအရ အိမ်ရဲ့ စက်ဝိုင်းကြီးထဲမှာ အဆောင်ခန်း တိုက်ခန်း ကွန်ဒို ခြံ စသဖြင့် တွေ အကုန်ပါသွားပါတယ်။...ဒီလို ခြုံငုံယတြာပေးရတာဟာ တစ်ခါတစ်လေ မိသားစုဝင်တွေ တစ်ယောက်တစ်ပေါက်ဖြစ်နေတာကို လူပေါက်စိ ယတြာနဲ့ လိုက်ထိမ်းရတာ မလွယ်လှသလို အဲ့ လိုသာ အကုန်လိုက်တွက်ကြည့် နေရမှာ နဲ့  အကုန်လုံးကိုလိုက် ယတြာလုပ်နေရမှာကလည်း အလုပ်ရှုတ်လို့  တစ်အိမ်လုံး ငြိမ်သက်ခြင်းရှိစေသတည်း ဆိုတဲ့  အာရုံပြုလုပ်စေလိုက်တဲ့  သဘောပါပဲဗျား...
'ငါတို့ တွေသာ သေးသေးကျန်ခဲ့ တယ်..''
''ငါတို့ တွေသာ သေးသေးကျန်ခဲ့ တယ်..''
------------------
အသစ်ပြီး အသစ်တွေ ပေါ်နေတဲ့  ပိုစ်မော်ဒန်လွန် ခေတ်ကြီးမှာ အပင်မြင့် ရင် လေတိုက်ခံရတယ်ဆိုတာလောက်ကတော့  ပျင်းနေပြီ.. ..
အပင်မြင့် လေလေ မော့ ကြည့် ရလို့  ဇက်ညောင်းလေလေ ဖြစ်တတ်သေးသလို ..အဲ ဒါတင်ဘယ်ကဦးမလဲ ...မော့ ကြည့် ရတာ အဆင်မသင့် ရင် ပက်လက်တောင် လန်လဲသွားဦးမှာ...လို့  ရေးပြီးမှ ဒဿနဆရာရဲ့  ကဗျာတစ်ပုဒ်ကို သတိရလိုက်တယ်...
အဲ့ ဒဿနဆရာရဲ့ ကဗျာမှာ ရေးထားတာက '''အမြင့် ပျံငှက်တွေ မြင့် မြင့် ပျံသွားလေလေ..ငါတို့ မြင်ကွင်းထဲ သေးသေးသွားလေလေ '' လို့ ဖွဲ့ ဆိုခဲ့ တယ်..ဒါကို ဖွင့် ဆိုပုံ အနက်မျိုးစုံနဲ့  ကိုယ့် ဟာကိုယ် ၀ိုင်းခံစားကြလေတယ်...
အတိတ်ဟောကိန်း အနာဂတ်ဟောကိန်း.နဲ့ .မှန်ကန်မှု့  လွဲချော်မှု့ များ..

အတိတ်ဟောကိန်း အနာဂတ်ဟောကိန်း.နဲ့ .မှန်ကန်မှု့  လွဲချော်မှု့ များ..
------------------------
ဖြစ်ပြီးခဲ့ ပြုပြီးခဲ့ တဲ့  အတိတ်ကို မှန်အောင်ပြောနိုင်တာ ဓမ္မစာပေလာတွေ ထောက်ပြီး လက်ခံနိုင်စရာ ရှိပါတယ်...မပြုရသေး ဖြစ်မလာသေးတဲ့  အနာဂတ်ကို မှန်အောင် ပြောနိုင်ဖို့ ကတော့  အတိတ်ကို ပြောတာထက် ခက်ပါတယ်.ဒါလဲ ဓမ္မစာပေတွေထောက်ရင် မြင်သာပြန်ပါတယ် ..ပစ္စုတ်ပန် ပြုဆဲ အခြေအနေကြည့် ပြီး ကြိုခန့် မှန်းထားတာ ဟောချက်ထုတ်လိုက်တာလည်း ရနိုင်ပါတယ် ဒါပေမယ့်  ပစ္စုတ်ပန်မှာ ပြုဆဲ အခြေအနေတစ်ခု ပြုနေသူက အပြုအမူသစ်တွေကို အပြောင်းအလဲ လုပ်ပစ်လိုက်နိုင်ရင်..အနာဂတ်အတွက် ခန့် မှန်းချက်ဟာ လွဲကောင်းလွဲနိုင်ပါတယ် ဒါကို အလွယ်ဆုံးတွေးလို့ ရတာက...ဖြစ်တော်စဉ်တွေ ထောက်ပြီး တွေးလို့ ရပါတယ်.
ပုံပြ မဟာဘုတ်အတိုကောက်..
ပုံပြ မဟာဘုတ်အတိုကောက်..
---------------
အခုပုံက အလှမဟုတ်ပါဘူး... မဟာဘုတ်အယူအဆ ကို ဖြတ်လမ်းကနေ လိုဂို ပုံနဲ့  ပြသွားတာပါ...ဒါကြောင့်  ဒီပုံတွေသဘောကနေ ဖြတ်ကနဲဆို မဟာဘုတ်အိမ်တွေရဲ့ အခြေခံသဘာဝကို ရိပ်မိလိုက်တာပါပဲဗျာ....
မရဏ အိမ်က တြိဂံပုံဆိုတာမှာ တြိဂံရဲ့  အခြေဟာ ကျယ်ပါတယ် ဒါကြောင့် ခိုင်တယ်။ ဒီတော့  မရဏအိမ်က စိတ်ထားဟာ ပြောင်းလဲရခက်တယ် ခိုက်နေစွဲနေတတ်တယ်ပေါ့ ...သဘောက ၁ ကြွင်းဟာ လူတွေကို အဆိုးမြင်နေရင် အကောင်းပြောင်းမြင်ပေးဖို့ ခက်ခဲတယ်ပေါ့ 
အထက်ဆောင်ပန်း..တစ်ခန်းယူမှီးကြ ခွင်ရိုက်နည်း
အထက်ဆောင်ပန်း..တစ်ခန်းယူမှီးကြ ခွင်ရိုက်နည်း
--------------
အခုပုံမှာပြထားတာ..တနင်္ဂနွေတိုင် (၀ါ) သူရဇ္ဇတိုင်ပါ...အထက်ဆောင်ပန်း သဘောအရ ဆောင်ရမယ့် အညွန် သုံးနံဟာ( ကြာသာပတေး+တနင်္လာ+သောကြာနံ)ထွက်လာတာ တွေ့ ရပါလိမ့် မယ် အဲ့ သုံးနံကို ကစားတတ်ရင် မူလ အခြာ အလယ်က တနင်္ဂနွေသားသမီးတွေနဲ့ တနင်္ဂနွေနံကိစ္စတွေကို အထိုက်အလျောက် အားကောင်းစေတယ်နာမည်ထင်ရှားစေတယ် ပြေလည်စေတယ် ခိုင်မာစေပါတယ်..ဥပမာ သိကြားမင်းကို အာရုံပြုပြီး (ဖီးကြမ်းဆို ကြာတေး+တနင်္လာ အညွန့် ပိုနံထပ်)ငှက်ပျောသီးကို သကြားဖြူးလှုရင် အလုပ်ကောင်းတယ် (သိကြားမင်းမဟုတ်ပဲ ဘုရားအာရုံပြလဲ အတူတူ လူတွေကို လှုဒါန်ဲး အတူတူပါပဲ)အလုပ်ခိုင်တယ်အလုပ်ရှာရလွယ်တယ်တနင်္ဂနွေသားသမီးတွေကံတက်တယ် အိမ်ကိစ္စတွေကောင်းတယ် အိမ်ထောင်ရေးကိုခိုင်မာစေတယ် အိမ်ထောင်ရေးအပူတွေအတွက် စသဖြင့် တပွဲတိုးပညာခန်းထွက်လာပါတယ်...ဒါဟာ တနင်္ဂနွေသားသမီးတွေ ကံတက်ဖို့ အတွက်သာနဲ့  တနင်္ဂနွေနံကိစ္စတွေအတွက်သာ သီးသန့် သဘောပါပဲ...
နံ ပညတ်သရုပ်ခွဲ
နံ ပညတ်သရုပ်ခွဲ
---------------
ဒါကိုနားလည်ဖို့ က သမုတိသစ္စာ သဘောကိုနားလည်မှ ပိုရှင်းလိမ့်  အဲ့ သစ္စာသဘောက ဒေသ အလျှောက်ခေတ်အလျောက် ပြောင်းလဲသွားတဲ့ အခေါ်တွေဟာ အဲ့ ကာလအတွင်းမှာ မှန်တယ်ပေါ့  အဲ့ တာကြောင့် ပညတ်သွားရာ ဓါတ်သက်ပါဖြစ်လာတယ်၊ အဲ့ သမုတိမှာ အများအတွက် သမုတိနဲ့  ကိုယ့် စိတ်ပါဝါ အားကောင်းရင်ကောင်းသလောက် လိုက်မှန်ပေးနေတဲ့ သမုတိသဘောတွေ့ နိုင်တယ်..။
ကြာသာပတေးကိစ္စဆိုတာ လူ ကြာသာပတေးသား ဘုန်းကံတက်တာ တစ်ခြားကြာသာပတေးသားက အာရုံနောက်အောင်လာလုပ်နေရင်သဘောတွေ ကြာသာပတေးသားကိုယ်က ကံတက်လာတာ လူရာဝင်လာတာသဘော နဲ့ ရုပ်ပစ္စည်း မြေ ကိစ္စ ပဲအမျိုးအမျိုးရောင်းဝယ်တာမျိုးတွေဖြစ်တယ် ပဖဘဗမ နံအားကြီးတဲ့  ကိစ္စတွေ သာဖြစ်တယ် ကခဃဂင နံအားကြီးတဲ့ တနင်္လာနံ မဟုတ်ဖူး..

အမွှေးတိုင်မှာ ၀ ပေါ်တယ်...
အမွှေးတိုင်မှာ ၀ ပေါ်တယ်...
---------
န၀င်းပွဲတွေ အများကြီးထွန်းခဲ့ ရလို့  ပြည်တွင်းပြည်ပထုတ် အမွှေးတိုင်ပေါင်းစုံသုံးဖူးခဲ့ တယ်ပေါ့ ဗျာ..ဖယောင်းတိုင်လည်း တံဆိပ်ပေါင်းစုံပါပဲ...
အဲ့ မှာ အမွေးတိုင်မှာ အထဲက သုံးတဲ့  ၀ါးအမျိုးအစားအလိုက် သစ်သားအလိုက် ကွာခြားချက်တွေ ရှိတယ်...တိုင်ဝမ်တို့ ဟောင်ကောင်တို့ က၀င်တဲ့ အမွှေးတိုင်တွေဟာ ရှည်တယ် သွယ်ပြီး အစအဆုံး တဘရိပ်ထဲလောင်လေ့ ရှိတယ်...တစ်ချောင်းတစ်လေ မကောင်းတာတောင်ပါခဲသလို အကုန်မလောင်းပဲ ခါးတစ်ဝက်တင်ရပ်ငြိမ်းနေတာမျိုး မဖြစ်သလောက်လို့ ဆိုလို့ ရအောင် အရည်အသွေးကောင်းတယ် အခိုးဆိုလည်း ခပ်ငွေ့ ငွေ့ သာ ထွက်တယ်..ဒီလို အမွှေးတိုင်တွေက တစ်ထုပ်ဆို အတိုင်ရေ ရာနဲ့ ချီပါတတ်ပြီး လက်ဆောင်ရတာများတယ် တရုပ်တန်းမှာလည်းရောင်းလေ့ ရှိတယ်

ဆရာမာန်...
ဆရာမာန်...
--------
ဟိုတစ်နေ့ က လာနေကျ အမျိုးသမီး တစ်ယောက်လာတယ်..သူ့ မှာ ကျောင်းနေကလေး မောင်နှစ်မ ၂ ယောက်ရှိတယ်...ဒီနှစ်ပိုကောင်းတဲ့ ကျောင်းပြောင်းမယ်ပေါ့ ..တစ်ခြားကိစ္စတွေ ပြောပြီးမှ သူက ရုံးဖိုင်လို အပြာဖိုင်ကြီး ၂ ခု ဆွဲထုတ်လှန်ပြတယ် အဲ့ ထဲမှာ ကွန်ပြူ တာ စာစီနဲ့ သေသေသပ်သပ် ရိုက်ထားတဲ့ ကလေးအမည်ပေးတွေပါတယ်.အမည်ကို ၆ လုံးပေးထားတယ် မိဘက အဲ့  ၆လုံးထဲက ရွေးပေါ့ ..ဒါကို ဆရာတဲ့  အဲ့  ၆ လုံးထဲက ဘယ်ဟာရွေးရကောင်းမလဲတဲ့ ..ကျနော့် ကို ပြပြီး အမည်ရွေးခိုင်းလာတယ်......

စလုံးနဲ့ စ စလုံးနဲ့ ပိတ်..
စလုံးနဲ့ စ စလုံးနဲ့ ပိတ်..
----------
ဒီ စမ လေးလုံးဂါထာမှာ အများသိတဲ့  စက္ခုမာစရ...ဆိုတာက စဓဗ၀..အတည့် ပုံမှန်ပေါ့ ၊ ၀ရံလာဘ...ဘာညာက..၀ဗဓစ ပြောင်းပြန် ပြန်ဂါထာစီထားတာ မို့ 
ဂါထာပြန်..ဒါက အရွတ်နဲကြတယ်..။...အဲ့ မှာ ဂါထာရဲ့  အဆုံးတွေမှ စမ အက္ခရာတွေကို ပြန်ထည့်  ပိတ်ထားတာ ပုံမှာတွေ့ မှာပါ...
ဒါကို ကျနော်တို့  သုံးစွဲပုံက အရွတ်တွေ ပုတီးစိတ်တွေမှာမဟုတ်ပဲ..စမအင်းကွက်တွေ စာရွက်ပေါ် ပိုက်ဆံပေါ်ဘယ်ပေါ်ညာပေါ်တွေမှာ ရေးတဲ့ အခါမှာ ရွတ်ဆွဲတာ.
.ဥပမာ...စ လုံး စမ ကို အင်းကွက်ထဲ ဆွဲထည့် တဲ့ အခါ...ခဲတံနဲ့  စာရွက်ပေါ်စထောက်တာနဲ့  စိတ်က စက္ခုမာစရ မာစိဏ္ဏော.လို့  ရွတ်နေပြီး
စလုံကို ရေးပြီးသွားချိန် ..စ..လို့ အဆုံးသတ်အပိတ် အဖြစ် ရွတ်ရေးလိုက်တာပါ..။ သဘောက စ လုံး စမကို ရေးတော့  ဂါထာကို .စလုံးနဲ့ စ စလုံးနဲ့ ပြန်ပိတ်လိုက်တာပါပဲဗျာ..အဖွင့် နဲ့ အပိတ် စည်းသဘောပေါ့  (စိတ်ပါဝါကို အာရုံမလွင့် အောင် စိတ်နှစ်ပြီးထိမ်းဆွဲတဲ့ သဘော) ။ .( ဂြိုလ်ပတ်ယတြာအညွန့် တွေလှုတော့  ကိုယ့် မွေးနံက စထွက် ဘုရားလက်ယျာရစ်ပတ် ကိုယ့် မွေးနံထောင့် မှာ ဒုတိယအကြိမ် ပြန်ဝင်အဆုံးသတ်လှုသဘောနဲ့ တူပါတယ်)
ကျနော်တို့ စိတ်က ရွတ်နကျ အသွား အပြန်က..ဒါ..
------------
အတည့် 
---------
စက္ခုမာစရ မာစိဏ္ဏော
ဓမ္မညု ဓမ္မသာမိကော
ဗလူပေတော ဗလာဓရော
ဝရဒေါ ဒေတု မေ ဝရံ
အပြန်
---------
ဝရံလာဘ သိဒ္ဓီ သံယုတ္တံ
ဗဟူဓည ပုညပုန်ညံ
ဓမ္မောဗာသေဟိ လလိတံ
စက္ကံဝန္ဓာမိ သံဗုဒံ္ဓ
ဒီလို အသက်မွေးပါ..
ဒီလို အသက်မွေးပါ..
-------
အထွန်းဆိုတာ ဒါကို ကျင့် သုံးရင် အသက်မွေးရလွယ်တယ်ပေါ့ ..
၁ကြွင်းမွေးတွေက က စနေနံထွန်းလို့  သိက္ခာရှိရှိ မဟုတ်တာမလုပ်ဖူးဆိုတဲ့  ဂုဏ်နဲ့ အသက်မွေးပါပေါ့  ဘနဖူးသိုက်တော့ မတူးလေနဲ့ သဘော ( နာမည်ဆိုးအတွင်မခံနဲ့ သဘော)
၂က..တနင်္ဂနွေနံ သဘော မိသားစုဝင်တွေ အလုပ်ခွင်ကလူတွေနဲ့  အကြောတဲ့ အောင်ပေါင်းပြီး အသက်မွေးပါပေါ့ ..
၃က..ငွေကြေးရလွယ်တယ် အလွယ်မသုံးနဲ့  စုဆောင်းပါ သဒ္ဒါလည်းကောင်းပါ လက်မဖွာနဲ့  အသုံးနဲ့ အဖြုံးခွဲသိပါသဘော..( တနင်္လာနံထွန်းလို့  မဟာဘုတ် ၇ မျိုးထဲမှာ အတိတ်ကံအရငွေရလွယ်တဲ့ မဟာဘုတ်ရှင်တွေဖြစ်တယ်လို့ ဆိုပါတယ်...လိုအပ်တာထက် မွဲနေရင် တစ်ခုခုတော့ မှားနေပြီ မှားခဲ့ ပြီ ကံထိုက်တာတစ်ခုခုရှိခဲ့ ပြီပေါ့ )
၎က ငါးပွက်ရာငါးစာမချနဲ့  လမ်းရွေးပြီးရင် အဆုံးအထိ တစ်စိုက်မတ်မတ် လျှောက်ပါ...မျှတတဲ့ စိတ်မွေးပါ အဆိုးမြင်လွန်းစိတ် အကောင်းမြင်လွန်းစိတ်မဖြစ်စေနဲ့  သဘော
၅က..လူမှု့ ရေးကောင်းလေလေ အသက်မွေးရကောင်းလေလေပါ အလေတော့ လျှောက်လိုက် ဝေလေလေတော့ လုပ်မနေနဲ့ သဘော
၆ က ပညာတစ်ခုကို ဆုံးခန်းတိုင်အောင်တပ်ရင် လုပ်စားလို့ ရပြီ တပ်ယောင်ကား ဆရာကြီးစတိုင်ဖမ်းရင် ဒုက္ခတွေ့ မယ်.
သုညက....စကားငြိမ်စေ ကတိတည်စေ ဆိုခဲစေမြဲစေ မှန်ပြီး တော်ကီကောင်းပါစေ စေတနာစကားတွေဖြစ်စေတဲ့ ဗျာ...
ကာယကံ ၀ီစီကံ မနောကံ နဲ့  မဟာဘုတ်
ကာယကံ ၀ီစီကံ မနောကံ နဲ့  မဟာဘုတ်
-------
ကာယကံ ကိုယ် ၄ ဂဏန်း ၊ ၀စီကံ နှုတ် ၆ ဂဏန်း. မနောကံက ၃ ဂဏန်း စိတ် လို့  သတ်မှတ်ပါတယ်...ဒီတော့  ဘယ်အကြွင်းရဲ့ မဟာဘုတ်မဆို အဲ့ ကိုယ်နှုတ်စိတ် သုံးပါး ဘယ်အိမ်ရဲ့  သဘောတွေမှာ ထိုင်နေပါသလဲကို ချက်လိုက်ပြီး အဲ့  မဟာဘုတ်အိမ်ရဲ့  အကောင်းသဘောကို ကျင့် သုံးနိုင်လေလေ ဘ၀တည်ငြိမ်လေလေသဘောပါပဲ....အပေါ်လေးအိမ်မှာ ပါနေရင် နဂို ကောင်း ဖြစ်လို့  ပိုကောင်းစေပေါ့ ။ မဟာဘုတ် အောက်တန်းရောက်နေရင် မကောင်းတာတွေ ထိမ်းလိုက်ပါ အကောင်းဖြစ်လာမယ်ပေါ့ 
ညှပ်သတ်ကိန်းသဘော..
ညှပ်သတ်ကိန်းသဘော..
---------
ဒါကို တီဆားဖြူးကိန်းလို့ လည်းဆိုတယ်....တီကောင် ဆိုတဲ့  စနေနံကို ဆား အင်္ဂါ နံ နဲ့  ဖြူး (ကြာသာပတေးအသံ) လိုက်ရင် တီကောင် ထွန့် ထွန့် လူးသွားတယ် တစ်နည်းအားဖြင့်  မူလအခြေအနေပျက်သွားတယ်ပေါ့ လေ...ဒီကနေ ထွက်လာတဲ့  သဘောက အဝေးရောက်နေတဲ့  စနေသားရဲ့ ဓါတ်ပုံကို စပယ်ရိုးနဲ့  (သို့ ) စိန်ပန်းရိုးနဲ့  ရိုက်ပေးရင် အဝေးက စနေသားဟာ အဲ့ ဒီမှာ တည်ငြိမ်နေတဲ့  အခြေအနေတစ်ခုပျက်သွားလိမ့် မယ်ဆိုတဲ့  ဓါတ်ရိုက်နည်းတစ်ခုဖြစ်လာသလို အဲ့ စနေသားသမီးကို (သို့ ) အမှု့ ဖြစ်နေသူတစ်ယောက်ယောက်ဟာ စပယ်ပန်းတွေ ဆပ်ပြာတွေ လှုဒါန်းဆုတောင်းပေးရင် အမှု့ ပြေငြိမ်းခွင့် တွေ သက်သာခွင့် တွေ အပူသောကတွေ လျော့ ပါးသွားလိမ့် မယ် ကူညီမယ့် သူတွေ ရလာလိမ့် မယ်လို့ ဆိုတယ်...
ဘ၀အစဟာ ဘင်္ဂ အိမ်ကပါ
ဘ၀အစဟာ ဘင်္ဂ အိမ်ကပါ
-------
မဟာဘုတ်တစ်ခု စတင်တည်ဆောက်တဲ့ နေရာဟာ ဘင်္ဂ အိမ်ကပါ...ဒါကြောင့်  ဘ၀တစ်ခု စတင်ခြင်းဟာ ဘင်္ဂအိမ်ကစတင်တယ်လို့  တင်စားတာပါပဲ၊ သီအိုရီအရ ဘင်္ဂါအိမ်ကို အပျက်မတည်ငြိမ် လှုပ်ရှားပြောင်းလဲ လို့  ဆိုပါတယ်...အလွယ်သဘောပြောရရင် ဘင်္ဂါအိမ်သဘာဝဟာ မတည်ငြိမ်တတ်ဖူး လှုပ်စိလှုပ်စိနဲ့  ဆီးဆော စီးနေရသလို စိတ်ချလက်ချ မရှိလှဘူး အပြောင်းအလဲတွေကြုံရ မြန်တတ်တယ် ဆိုတဲ့  သဘာဝတွေ လွှမ်းမိုးခံနေရသလို့  အဲ့ နှစ်မဟာဘုတ်နဲ့ မွေးတဲ့ သူတွေကိုယ်တိုင် အဲ့ ဘင်္ဂအိမ်သဘာဝတွေနဲ့  ကြုံနေတတ်သလို ကိုယ်တိုင်ရဲ့ စိတ်တွေကလည်း အဲ့  ဘင်္ဂအိမ်သဘာဝ လွှမ်းမိုးခံနေရလေ့ ရှိတယ်ပေါ့ လေ...၊ အဲ့ လို အပြောင်းအလဲမြန်တတ်တဲ့ သဘာဝကို ထိမ်းချုပ်နိုင်ပြီဆိုရင် တည်ငြိမ်အောင်ထိမ်းထားနိုင်ပြီဆိုရင် ဘ၀တစ်ခုဟာ အတော်လေး တည်ငြိမ်တဲ့ အနေအထားကို ရောက်လာလိမ့် မယ် ရောက်လာပြီလို့ ဆိုပါတယ်..ဟုတ်မဟုတ်က တစ်ချို့ တွေက တော့  နှစ်တော်တော်ကြာမှ သိသာလာတတ်ပြီး တစ်ချို့ ကတော့  သတိထားကြည့် ရင် မွေးကတည်းက သိသာတယ်ပေါ့ လေ..အဲ့ နှစ်မှာမွေးလာတာဟာ အတိတ်ကံသဘောဦးဆောင်လို့  အတိတ်ကံရဲ့  လက်ချက်တွေလည်းများတယ်လို့ ဆိုနိုင်သလို တစ်ချို့ ကတော့ ပစ္စုတ်ပန်ကံနဲ့  ပြုပြင်ပြီးပြောင်းလဲပစ်လိုက်နိုင်လို့  အနေအထားကောင်းကိုရသွားတာလည်းတွေ့ ရပါတယ်..တစ်ချို့ ကတော့  အတိတ်ကံအရကို အလိုလို တည်ငြိမ်ပြီးသားလိုဖြစ်နေတာလည်းတွေ့ ရပါတယ်...
ဖအေနဲ့  သမီးများ...
ဖအေနဲ့  သမီးများ...
-------
အရပ်ထဲနေရတော့  နီးကပ်တဲ့ အရပ်သားအကြောင်းတွေပဲ မြင်ကြားနေရလို့  အရပ်ဇာတ်ထုတ်တွေအကြောင်းကိုပဲသိတာ သဘာဝကျပါတယ်နော်..ဟီးး..အင်းလေ အာဖရိကမှာနေရင် အာဖရိကအကြောင်းပိုသိမှာပေါ့ ..အဟိ...အလဲ့  ကွကိုယ်မေး ကွကိုယ်ဖြေ နိပ်ဟ..။
အဲ့ လူကြီးက သိပ်သဘောကောင်းတယ် ရပ်ရေးရွာရေး ဓမ္မာရုံရေးလည်း တက်ကြွလို့  လူချစ်လူခင်ပေါတယ်..အိမ်မိသားစုစီးပွားကိုလည်းပစ်မထားပါဘူး..ဒီတော့  ဓနတောင့် တယ်ပေါ့ ..ပြီးတော့  စိတ်ကောင်းရှိတဲ့  ဘာသာရေးသမားဖြစ်လို့  တွေးတာတောတာ ကောင်းတယ် ဗဟုသုတလည်းစုံတယ် သနားလည်းသနားတတ် နှုတ်ပါလက်ပါကူညီတတ်တော့  သူ့ အလုပ်သမားတွေက အစ အမျိုးတွေကပါ ကြည်ညိုချစ်ချစ်ကြတယ်...ဒါပေမယ့်  အဲ့ လူကြီးကတော်သလောက် သူ့ မိသားစုဝင် တွေ အထူးသဖြင့်  သူ့ သမီးတွေက ဂုဏ်မောက်တယ်..အဲ့ တော့  လူမုန်းများတယ်ပေါ့ လေ..အဲ .ဒါပေထပ်မယ့် ရရင် အဲ့ လူကြီးများနှာကြောင့် မေးထူးခေါ်ပြောတော့ ရှိကြပါတယ်..အဲ့ လူကြီး သဘောကောင်းချက်က အဲ့ လို အရပ်နဲ့ အကြောမတည့် တဲ့ သမီးတွေကိုလည်း အများအားဖြင့် အလိုလိုက်ပြီး သူ့ သမီးတွေက သူ့ ကို ဗိုလ်ပြန်ကျချင်တာတောင် သည်းခံနေလေ့ ရှိတယ်.( မအေကလည်း သမီးတွေနဲ့ သိပ်မကွာပါဘူး)...ဖအေ့ မေတ္တာပေါ့ လေ...

စစ်ပြေးရင်းကပါလာတဲ့ အကျင့် ..
စစ်ပြေးရင်းကပါလာတဲ့ အကျင့် ..
--------
အတော်လေးသိတတ်လာတော့  တွေးတာတွေဖက် ပိုအားသာလာတယ်၊ ငယ်တုန်းကတော့ ခံစားချက်ဦးဆောင်ပေါ့ ၊ ဥပမာ လက်ဝှေ့ ပွဲ အရင်ကကြည့် တာ ကိုယ်အားပေးတဲ့ ဖက်က နိုင်မှ..အတွေးဦးစီးလာတဲ့ အခါ ဂုဏ်(သို့ )အခကြေးငွေကြောင့် လူ ၂ ယောက် ထိုးသတ်နေတာ အဓိပ္ပါယ်မရှိလှဘူးဆိုတာ ဖြစ်လာတယ်။
ကျနော်တို့ က မြို့ ပေါ်နေတွေမို့  စစ်ပွဲတွေရဲ့ ဆိုးကျိုးကိုတိုက်ရိုက်မခံစားဖူးသေးတော့  စစ်ကားကြည့် ပြီးရင် ရိုက်ချက်ကောင်းမကောင်း ဝေဖန်ပြီး ဖင်ခါဖုံခါပြီး ထပြန်တာလောက်သာ ဖီလင်ရှိတယ်။ ကျနော်တို့ မအေတွေ အမျိုးတွေအများစုက ပြည်တွင်းစစ်မှာ ရွာစွန့်  သုတ်ခြေတင်ပြီး လွန်ရာကျွတ်ရာ အမျိုးကွဲ လူကွဲ
ငတ်ငတ်ပြတ်ပြတ်နဲ့  အတိဒုက္ခရောက်ပြေးလာရတဲ့ ဘ၀ကလာတာဖြစ်လို့  စစ်ဆို ရေစစ်ဆိုတဲ့ အသံတောင်မကြားချင်ဘူးဆိုတဲ့ အရပ်သားတွေထဲမှာပါတယ်..

စစ်ပွဲတစ်ပွဲကို စစ်ပွဲတစ်ပွဲလို့ ပဲ အရင်မြင်တယ်..တရားသော မတရားသောတွေ ခေါင်းစဉ်တပ်မနေဘူး..ဒီတော့  စစ်ပွဲတစ်ပွဲကို ဆင်နွဲပြီးဆိုရင် ကိုယ်အားပေးတဲ့ ဘက်ကသာ နိုင်စေချင်တယ်...ဒါလည်း ဘောပွဲကြည့် ကြည့်  လက်ဝှေ့ ကြည့် ကြည့်  လူ့ သဘာဝပါပဲ ။ အဲ့ သဘာဝသဘောကြောင့်  စစ်ကားတွေကြည့် ရင် ကိုယ်အားပေးတဲ့ ဘက်က နိုင်တယ်ဆိုတဲ့ စစ်ကားတွေချည်းကြည့် တာများတယ်..အမေရိကန်တွေ ကားသွားတဲ့ ဘလက်ဟော့ ဒေါင်းတို့ လို့ မိုဂါဒစ်ရှုးမှာခံလိုက်ရတဲ့ ကားတို့ လိုမျိုးတွေဆို ပထမ မကြည့် သေးဘူး..နောက်မှ ရိုက်ချက်တွေ ကောင်းတယ်ဆိုမှ အီလယ်လယ်နဲ့ ကြည့် လိုက်တာ.ဒီလိုပဲ ဒုတိယကမ္ဘာစစ်ဆိုလည်း မဟာမိတ် တပ်ပေါင်းစုံတွေနိုင်တဲ့ စစ်ကားတွေမျိုးသာကြည့် တာ...စစ်ရှုံးတာကို ရှုံးတယ်လို့  မဆိုပဲ အောင်မြင်စွာ ဆုတ်ခွာတယ်လို့  သမိုင်းတင်တဲ့ ဒန်းကပ်မှာ ပိတ်မိနေတဲ့  မဟာမိတ်တပ်တွေကို သွားကယ်ထုတ်ရတဲ့ မော်ကွန်းကားမျိုးဆို တော်တော်နဲ့ မကြည့် ပါဘူး.နောက်မှ ဟောင်းခဲ့ တဲ့  သမိုင်း မှတ်တမ်းတွေပဲလေဆိုပြီး..ဟဲဟဲ..ကိုယ်အားပေးတဲ့ ဘက်ကဆို အရှုံးကို မခံစားနိုင်ဘူးသဘောပေါ့ .အဲ့ ဒါနဲ့ မြန်မာအမျိုးသားဘောလုံးပွဲဆို...ငိငိ ဖြစ်တာကြာပြီ..ခိခိ

ဟန်ရေးချီမိုး...
ဟန်ရေးချီမိုး...
----------
အခါလေ လာလေတဲ့ 
ကောင်းကင်တခိုက
ရာသီကြိုမိုး ဟန်ရေချီ....
ပြိုမလို ညိုမလိုလိုနဲ့ လား
ငိုမလိုလို စိုယုံလေးလား
ကြိုနေသူ အရှိုက် ခက်ရအောင်
လေအပင့် မှာ လေလွင့် ဆော့ ကစားသွားယုံလေးလား...။
Subscribe to:
Posts (Atom)