ဒီလို အသက်မွေးပါ..
-------
အထွန်းဆိုတာ ဒါကို ကျင့် သုံးရင် အသက်မွေးရလွယ်တယ်ပေါ့ ..
၁ကြွင်းမွေးတွေက က စနေနံထွန်းလို့  သိက္ခာရှိရှိ မဟုတ်တာမလုပ်ဖူးဆိုတဲ့  ဂုဏ်နဲ့ အသက်မွေးပါပေါ့  ဘနဖူးသိုက်တော့ မတူးလေနဲ့ သဘော ( နာမည်ဆိုးအတွင်မခံနဲ့ သဘော)
၂က..တနင်္ဂနွေနံ သဘော မိသားစုဝင်တွေ အလုပ်ခွင်ကလူတွေနဲ့  အကြောတဲ့ အောင်ပေါင်းပြီး အသက်မွေးပါပေါ့ ..
၃က..ငွေကြေးရလွယ်တယ် အလွယ်မသုံးနဲ့  စုဆောင်းပါ သဒ္ဒါလည်းကောင်းပါ လက်မဖွာနဲ့  အသုံးနဲ့ အဖြုံးခွဲသိပါသဘော..( တနင်္လာနံထွန်းလို့  မဟာဘုတ် ၇ မျိုးထဲမှာ အတိတ်ကံအရငွေရလွယ်တဲ့ မဟာဘုတ်ရှင်တွေဖြစ်တယ်လို့ ဆိုပါတယ်...လိုအပ်တာထက် မွဲနေရင် တစ်ခုခုတော့ မှားနေပြီ မှားခဲ့ ပြီ ကံထိုက်တာတစ်ခုခုရှိခဲ့ ပြီပေါ့ )
၎က ငါးပွက်ရာငါးစာမချနဲ့  လမ်းရွေးပြီးရင် အဆုံးအထိ တစ်စိုက်မတ်မတ် လျှောက်ပါ...မျှတတဲ့ စိတ်မွေးပါ အဆိုးမြင်လွန်းစိတ် အကောင်းမြင်လွန်းစိတ်မဖြစ်စေနဲ့  သဘော
၅က..လူမှု့ ရေးကောင်းလေလေ အသက်မွေးရကောင်းလေလေပါ အလေတော့ လျှောက်လိုက် ဝေလေလေတော့ လုပ်မနေနဲ့ သဘော
၆ က ပညာတစ်ခုကို ဆုံးခန်းတိုင်အောင်တပ်ရင် လုပ်စားလို့ ရပြီ တပ်ယောင်ကား ဆရာကြီးစတိုင်ဖမ်းရင် ဒုက္ခတွေ့ မယ်.
သုညက....စကားငြိမ်စေ ကတိတည်စေ ဆိုခဲစေမြဲစေ မှန်ပြီး တော်ကီကောင်းပါစေ စေတနာစကားတွေဖြစ်စေတဲ့ ဗျာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..