'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, April 25, 2015
ဖြစ်တော်စဉ်ကို မှီး၍ အခါတိုင်တွေကို ဖြတ်လမ်းသိ...
ဖြစ်တော်စဉ်ကို မှီး၍ အခါတိုင်တွေကို ဖြတ်လမ်းသိ...
---------
အခါတိုင်တွေကို စပြီး လိုက်ခါစမှာ အသေမှတ် မလုပ်ခဲ့ ပါဘူး အမြဲတွေးပါတယ် .နောက်တော့  ဒီ အခါတိုင် ၇ တိုင်ဟာ ''မ သိ ကြ လျင် တွေး ဆ ဦး'' ဆိုတဲ့ ဘုရားဖြစ်တော်စဉ် နဲ့  ညှိလို့ ညီညွတ်တယ် ဘုရားရဲ့ ဖြစ်တော်စဉ်တွေထဲကနေ လောကီပညာတွေအဖြစ် ယူသုံးတယ်ဆိုတာ သိလာရပါတယ်...အဲ့ ဒီမှာ တွေးတော့ ကြည့် ရင်းက အခုပုံထဲက အတိုင်း ထွက်လာတော့ တာပါပဲ...
လောကီပညာသဘာဝတွေလိုက်ရင်းက တစ်ချို့  သီလသမာဓိပညာ သိက္ခာသုံးပါး ပြည့် စုံနေတဲ့ ဆရာတော်ကြီးတွေဟာ ဗေဒင်ပညာ လောကီပညာက ပြောတဲ့  ဆောင်ရန် ရှောင်ရန်သဘောတွေနဲ့ အလိုလို ညီညွတ်ပြီး ကွက်တိဖြစ်နေတတ်တာတွေ တွေ့ ခဲ့ ပါတယ်..ဆြာတော်ကြီးတွေရဲ့  သိက္ခာသုံးပါးကြောင့်  ဗေဒင်ပညာ နဲ့ အထူးတွက်ချက် ရှောင်ရှားနေစရာမလိုပဲ ညီညွတ်သွားတဲ့ သဘောပေါ့  တစ်ချို့ လူတွေမှာလည်း သူတို့ ရဲ့ အတိတ်ကံတွေ သီလသမာဓိပညာဆင်ခြင်တုံ
တရားတွေကောင်းလို့  ဆောင်ရန် ရှောင်ရန်တွေကို ဗေဒင်မတတ်ပဲ အလိုလို ညီညွတ်နေတာတွေ တွေရပါသေးတယ်..ဆိုလိုတဲ့  သဘောက မြတ်ဘုရားရှင်ဟာ တွက်ချက်ပြီး ဘုရားအဖြစ်ကျင့် ကြံတော်မူတာ မဟုတ်ဘူး ဘုရားရှင်ဖြည့် ကျင့် ခဲ့ တဲ့ ပါရမီတော်တွေကြောင့်  သူ့ အလိုလို လောကီလောကုတ် အကြောင်းအကျိုး ညီညွတ်နေတာသာဖြစ်တယ်ပေါ့ လေ...ဒါကို ကျနော်တို့ လို သာမန်ပုထုဇဉ်တွေက ဘုရားရှင်ရဲ့  ကံသုံးပါးကို လိုက်လေ့ လာပြီး လောကီနယ်မှာ အံဝင်ဂွင်ကျအောင် လောကဓံတရားဆိုးတွေကနေ သက်သာအောင် ဆွဲယူဆင်ခြင် အသုံးပြုတာပါပဲပေါ့ ဗျာ...
''ဘုရားရှင်ဟာ ဗောဓိညောင်ပင်ကို မှီ အလှုခံရတဲ့  မြက် ၈ ဆုပ်ကို ဖြန့် ခင်း ပလ္လင်ပြုတော်မူပြီး ဘုရားအဖြစ်ကိုရောက်အောင် ကျင့် ကြံအားထုတ်တော်မူသွားခဲ့ ပါတယ်...''
ဒီတော့  အဲ့ ဒီ နေရာမှာ သောကြာသား ဘုရားရှင် ဟာ သောကြာတိုင်ရဲ့  တိုင်အထက် ပဉ္စပွတ် ဖြစ်တဲ့ (၀ါ) အောင်မြင်ခြင်း န၀င်းနေရာ ကဖြစ်တဲ့  ''အင်္ဂါနံ = ညောင်ပင်ကို မှီလိုက်သလိုပဲလို့ ဆိုတာကို '' အခါတိုင်ကနေ တစ်ဆင့် မြင်လိုက်ရပါတယ်..သဘောက လောကီနယ်ထဲက နေ့ သားတွေဟာ သူတို့ရဲ့ န၀င်း နေရာက ဂဏန်း ပရိယာယ်သဘောကို မှီရင် အလုပ်ဖြစ်လွယ်တယ်ဆိုတဲ လောကီပညာ သဘောတရားထွက်လာပါတယ်ပေါ့ ဗျာ...ဥပမာ တနင်္ဂနွေသားသမီးဟာ သူတို့ ရဲ့ တိုင်ထိပ် န၀င်းနေရာက ကြာသာပတေးနံ ပညာကောင်းလေလေ အလုပ်ဖြစ်လေသဘော တနင်္လာဟာ သူတို့ တိုင်ထိပ်က န၀င်းနေရာက သောကြာနံ စကားပြောကောင်းရင်အလုပ်ဖြစ်တယ်...ရုပ်ပိုင်းသဘောအရ တနင်္ဂနွေဟာ ပညာရေးနဲ့ အသက်မွေးလို့ ကောင်းတယ် တနင်္လာဟာ ခရီးသွားလုပ်ငန်းတွေ လုပ်လို့ ကောင်းတယ်..စသဖြင့် သဘောတရားတွေ ဖြစ်လာပါတယ်..(မြင်သာယုံလေး စတိပါ)
သောကြာသားသမီးတွေ ရဲ့  သောကြတိုင် နံ တိုင်ရဲ့  ''အကာအကွယ် အညွန့် တစ်ခုက အမြစ်အညွန့် မတွန့် စေရ ''ဆိုတဲ့  အလယ်တွဲ ဖြစ်တယ်..အဲ့ အတွဲရဲ့ နံကောက်က ကြာသာပတေးနံ အစ+ စနေနံ အဆုံး အတွဲဖြစ်ပါတယ်..ဒီ အတွဲကနေ .ဒီဘက်လောကီပညာမှာ သောကြာသားသမီးတွေအတွက် အကာအကွယ်တွေ အဆောင်တွေအဖြစ် ထားသုံးလေ့ရှိတဲ့ ပိတောက်ညွန့် တွေ ပိန္နဲညွန့် တွေ ဖြစ်လာပါတယ်...မြတ်ဘုရားရှင်ရဲ့  မှီရာ ညောင်ပင်ရဲ့ အမည်ဟာ ''ဗောဓိ '' ညောင်ပင်ပါ..တစ်ခြားညောင် အမည်တွေ မဟုတ်ခဲ့ တာတွေ့ လိုက်ရပါတယ် .ဒါဟာ ပိတောက်ညွန့်  အမည်နဲ့ အတူတူ သွားဖြစ်နေပါတယ် '' ဗောဓိ= ပိတောက် '' သဘောတရားနဲ့ အတူတူပဲ လို့  အခါတိုင်ကနေ မြင်လိုက်ရတာပါပဲ....ဒီသဘောကနေ တနင်္လာဆို သြဇာ အင်္ဂါဆိုခရေ...စသဖြင့် နေ့ သားအသီးသီးအတွက် မတွန့် စေရ အလယ်အတွဲ အကာအကွယ်ပညာတွေ တန်းစီထွက်လာတော့ တာပါပဲ...
ဘုရားရှင်ရဲ့ အပရာဇိတပလ္လင်တော်မြတ်ရဲ့  မူလဇစ်မြစ်က မြက်၈ဆုပ်က စတဲ့ သဘောပါ...ဒီတော့ '' မြက် ''ဆိုတဲ့  ကြာသာပတေးနံ အခေါ်ဟာ အခါတိုင်ပညာက သံပေါက်လို ''အထက်ဆောင်ပန်း အောက်နင်းကြမ်း တစ်ခန်းယူမှီးကြ..''ဆိုတဲ့  စာသားထဲက သောကြာသားသမီးတွေရဲ့ နင်းကြမ်းပြုရမယ့် နံကောက် ကြာသာပတေးနံ ပေါက်တို့ ပျဉ်းမတို့  သဘောနဲ အလိုလိုညီညွတ်ပြီး သားဖြစ်နေတာမြင်လိုက်ရပါတယ်....
ထူုးခြားဆက်စပ်မှု့ က အခါတိုင်တွေကို မူတည်ထားပြီး အင်္ဂါ့ ဝိဇ္ဇာအင်းပညာတွေကို ရေးဆွဲတဲ့ အခါမှာ..ဆောင်ပန်းအင်းနဲ့ နင်းကြမ်းအင်းဆိုတာ ရှိပါတယ်...အဲ့ ဒီမှာ နင်းကြမ်းအင်းကို သောကြာသားအတွက် ဆွဲတဲ့ အခါ သောကြတိုင် အောက်သုံးလုံးပေါင်း ၈ နဲ့  စထည့် ဆွဲပါတယ်.။ ဆောင်ပန်းအင်းဆွဲရင် အပေါ် သုံးလုံးဖြစ်တဲ့ ၃+၇+၄ = ၁၄ ကစဆွဲပါတယ်၊ နောက်တစ်ခါ တြိစတု နင်းကြမ်းပြု အဖြစ် သောကြာသားတွေဟာ စတုရန်း အညွန့်  တနင်္လာနံ ကြံညွန့် နဲ့  တြိရန်းအညွန့်  အုံးညွန့် ကို ခြေ ၂ဖက်နဲ့  ဘယ်ညာ နင်းတဲ့ အချက်ရေဟာ တနင်္လာ (၂) + ကြာသာပတေး (၅) +တနင်္ဂနွေနံ (၁) = ၈ချက် နင်းထွက်စေတာ ရှိပါတယ်...ဒါတွေဟာ ဘုရားရှင် အလှုခံတော် မူတဲ့  မြက် ၈ ဆုပ်ဆိုတဲ့ ကိန်းဂဏန်း အရေအတွက်နဲ့  တူညီနေတာမြင်လိုက်ရပါတယ်...
ချုပ်လိုက်ရင် သောကြာသား ဖြစ်တဲ့  မြတ်ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်ထဲက အချက်အလက်တွေကို မှီးလိုက်မြင်လိုက်ရတဲ့ အခါ တစ်ခြားနေ့သားသမီးတွေ့ အတွက် လောကီပညာနဲ့  ဘာတွေကူညီပံ့ ပိုးလို့ ရသလဲဆိုတာတွေပါ ထပ်ထပ်မြင်လာစေတယ် မြန်မြန်မြင်သွားတော့ တာပါပဲဗျား..ဒါကြောင့်  ဘုရားဖြစ်တော်စဉ်ကို မှီးပြီးးခပ်မြန်မြန်လေးမြင်သွားခဲ့ တာပါပဲလို့ ဆိုလိုတာပါပဲဗျာ..
ပြီးတော့  အခုအမြင်ဟာ ကြာခဲ့ ပြီဖြစ်တဲ့  ကိုယ်တိုင်တွေးရင်းက တွေးတောမိသွားတဲ့  အတွေးအမြင်ပါ မှီငြမ်း မဟုတ်ခဲ့ ပါဘူးဗျား..
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..