Powered By Blogger

Saturday, April 25, 2015

ညှပ်သတ်ကိန်းသဘော..


ညှပ်သတ်ကိန်းသဘော..
---------
ဒါကို တီဆားဖြူးကိန်းလို့ လည်းဆိုတယ်....တီကောင် ဆိုတဲ့  စနေနံကို ဆား အင်္ဂါ နံ နဲ့  ဖြူး (ကြာသာပတေးအသံ) လိုက်ရင် တီကောင် ထွန့် ထွန့် လူးသွားတယ် တစ်နည်းအားဖြင့်  မူလအခြေအနေပျက်သွားတယ်ပေါ့ လေ...ဒီကနေ ထွက်လာတဲ့  သဘောက အဝေးရောက်နေတဲ့  စနေသားရဲ့ ဓါတ်ပုံကို စပယ်ရိုးနဲ့  (သို့ ) စိန်ပန်းရိုးနဲ့  ရိုက်ပေးရင် အဝေးက စနေသားဟာ အဲ့ ဒီမှာ တည်ငြိမ်နေတဲ့  အခြေအနေတစ်ခုပျက်သွားလိမ့် မယ်ဆိုတဲ့  ဓါတ်ရိုက်နည်းတစ်ခုဖြစ်လာသလို အဲ့ စနေသားသမီးကို (သို့ ) အမှု့ ဖြစ်နေသူတစ်ယောက်ယောက်ဟာ စပယ်ပန်းတွေ ဆပ်ပြာတွေ လှုဒါန်းဆုတောင်းပေးရင် အမှု့ ပြေငြိမ်းခွင့် တွေ သက်သာခွင့် တွေ အပူသောကတွေ လျော့ ပါးသွားလိမ့် မယ် ကူညီမယ့် သူတွေ ရလာလိမ့် မယ်လို့ ဆိုတယ်...



ဒါကို ထပ်ပြီး မြင်သာအောင်ပြရင်. တနင်္ဂနွေ နံအားကြီးတဲ့ အဆုပ်နာရောဂါတွေ ကို လောက်သေရွက် ကို အရိပ်ထဲအခြောက်လှမ်း လက်ဘက်ခြောက်ဖတ်လို ရေနွေးကြမ်းလုပ်သောက်ရင် အဆုပ်နာရောဂါကိုသက်သာပျောက်ကင်းစေတဲ့ ဆေးနည်း တစ်ခုရှိပါတယ် အဲ့ ဒီက လောက်သေ က လောက် ဆိုတဲ့  ဗုဒ္ဓဟူးနံနဲ့  သေ ဆိုတဲ့  သောကြာနံဟာ တနင်္ဂနွေနံက ညပ်သတ်နံ ဗုဒ္ဓဟူးနံ လောက် နဲ့ ဆပွတ်နံ သေ..သဘော ပညတ်လို့  မြင်နိုင်ပါတယ်...ဆေးပညာဘက်မှာတော့  ရောဂါကုတဲ့  အပူနာပျောက်တဲ့ ပိုးသတ်တဲ့ သဘော ဖြစ်သွားပါတယ်...

ဆယ်ကျော်သက်တွေ အိမ်ပြန်ချိန် ပြန်မရောက်လာရင် ဥပမာ စနေသားတစ်ယောက် ဟာ ည၉နာရီကျော်နေပြီ ဆိုင်ထိုင်လေပန်းကောင်းတုန်း လုပ်နေရင် အိမ်ကမိသားစုတစ်ယောက်ယောက်က အဲ့  စနေသားရဲ့ ဓါတ်ပုံကို အိမ်မြန်မြန်ပြန်ခဲ့ လို့ စပယ်ရိုးနဲ့  ခဏခဏရိုက်ပြီး ခေါ်ပြီး အမြင့် ဖြစ်စေ ဘုရားစင်ဘေးနားဖြစ်စေ အဲ့ ဓါတ်ပုံကိုတင် အဲ့ ဓါတ်ပုံပေါ်က စပယ်ရိုးလေးတင်ဖိထားရင် အိမ်မေ့ပြီးဆိုင်ထိုင်လေပန်းနေတဲ့  စနေသားဟာ အိမ်ကိုဖြတ်ကနဲသတိရပြီး ထပြန်ချင်စိတ်ဝင်ပြီးပြန်လာတာ ဆိုင်မှကြာကြာထိုင်နေလိုစိတ်မရှိတော့ တာနဲ့ အိမ်ပြန်လာတာမျိုးတွေ နာရီပိုင်းအတွင်းဖြစ်သွားလေ့ ရှိတယ်လို့ ဆိုပါတယ်...

စည်းကမ်းတစ်ခုက မြို့ ခြားနယ်ခြား တိုင်းတစ်ပါးခြားနေရင် (သို့ ) အချုပ်အနှောင်ခံနေရတုန်းဆိုရင်..(သို့ ) ဆေးရုံတက်နေတုန်းမျိုးဆိုရင် မလုပ်သင့် လို့ ဆိုပါတယ်..သဘောက တကယ့် ကို ချက်ချင်းလာရခက်ပုံရတဲ့ နေရာမျိုးရောက်နေရင်မလုပ်သင့် သဘောပါ....

ဒီသဘောအရ 

တနင်္လာဆိုရင်...ကြာသာပတေးနံ + စနေနံ=..တမာကိုင်းလေးနဲ့ ကစ်...( အဲ့ ဒီ့ ကနေ တနင်္လာနံ ဆိုတဲ့  သြေားလုံးတို့  ဇက်ကြောတို့ လို အကြောတက်ရင် တမာနဲ့ ခပ်ဆပ်ဆပ် ရိုက်ရိုက်ပေးတို့ ဓားမအတုံးဖက်နဲ့ စတိ လျှောက်ခုပ် ပေးတို့ ဖြစ်လာတယ်...
အင်္ဂါဆိုရင် ..သောကြာနံ+ တနင်္ဂနွေနံ =သင်အူ (ကြိုးလေးတွေ)
ဗုဒ္ဓဟူး ဆိုရင် စနေနံ + တနင်္လာနံ= ဒန့် ကျွဲ..(ယတြာခြေတဲ့ တံခွန်လုံးလေး လက်ကဆုပ်ပြီးတဖုံးဖုံးရိုက်တော့ တာပဲ)
ကြာသာပတေး တနင်္ဂနွေနံ + အင်္ဂါနံ= သြဇာ..( သြဇာရိုးကို အုန်းဆီ ထပ်တို့ ပြီးတော့ တောင် တဖုံးဖုံးတောင်ရိုက်သေး)
သောကြာ....တနင်္လာနံ + ဗုဒ္ဓဟူး = ခရေရိုး...ခေါင်းလောင်းလေးနဲ့ ခေါက်တာ
ချုပ်လိုက်ရင် ညှပ်သတ်ဟာ ကောင်းနေရင်ဆိုးအောင် ဆိုးနေရင်ကောင်းအောင် ဓါတ်ဆင်တဲ့ ကိန်းကစားကွက်တစ်ခုဖြစ်သလို .......

တစ်ခြားကစားကွက်တွေ လည်း ရှိပါတယ် ဥပမာ...
ဗုဒ္ဓဟူးသားတစ်ယောက်ဟာ ကိုထင်ကျော်နဲ့  အပေါင်းအသင်းဖြစ်ရင် ဗုဒ္ဓဟူးသမီးတစ်ယောက်ဟာ မနှင်းနှင်းခိုင်နဲ့  ဘော်ဒါဖြစ်နေရင် တစ်ခါတစ်ရံ အဲ့ ဒီ ဗုဒ္ဓဟူးသား/သမီးဟာ
ကိုထင်ကျော် မနှင်းနှင်းခိုင်တို့ ကြောင့်  မရှုနိုင်မကယ်နိုင်ဘေးကျပ်နံကျပ်မျိုးတွေကြုံသွားတတ်ပြီး ကိုယ့် တည်ငြိမ်နေတဲ့  အခြေအနေတစ်ခု လှုပ်စိလှုပ်စိ ဖြစ်သွားတတ်လို့ သတိထားပေါင်းရတယ်ဆိုတဲ့ လူ အမည်ကြည့် ပေါင်းတဲ့  ပညာ...


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..