'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, April 25, 2015
တစ်ဖက်ကလည်း လူတွေဖြစ်တယ်..
တစ်ဖက်ကလည်း လူတွေဖြစ်တယ်..
----------------
၁၀တန်းမှာ သူငယ်ချင်းက အောင်သွားပြီး ကိုယ်က ကျကျန်ရစ်တယ်။ တကယ်တော့  ကျကျန်ရစ်တယ်လို့ သာဆိုတယ် အမှန်စင်စစ် ကိုယ်က ၉တန်း ပြန်ဆင်းရတာမဟုတ်ပဲ သူက တက္ကသိုလ်ကို ကိုယ့် ထက် စောရောက်သွားပြီး ကိုယ်က ၁၀တန်းမှာသာ ဆက်နေရတဲ့  သဘောပဲ...သူလည်း လူဖြစ်လို့ ၁၀တန်းအောင်ဖို့  စာကြိုးစားနေလိမ့် မယ်ဆိုတာထည့် မတွေးမိခဲ့ ဘူး...အကယ်၍သာ ကိုယ်သာ၁၀တန်းမအောင်ခဲ့ ပဲ ကိုယ့် သူငယ်ချင်းက ဘွဲ့ ရသွားရင် ကိုယ်ရဲ့ ပညာအရည်အချင်းဟာ ၁၀တန်း အဆင့် မှာသာ ဖြစ်နေပြီး သူငယ်ချင်းရဲ့ ပညာရည်အဆင့် ဟာ ဘွဲ့ ရအဆင့် ဖြစ်နေမယ်...၁၀တန်းအထိတတ်ထားတဲ့ ကိုယ့် ကို ဘယ်သူက စာမဖတ်တတ်ဖူး ပညာမတတ်လို့  ဆိုရဲမလဲ စွပ်စွဲရမလဲ...
ဂျပန်ဟာ စစ်ပါဝါကြီးလာတော့  စစ်သွေးကြွလာတယ်..ဒီတော့  ကမ္ဘာ့ အရှေ့ ခြမ်းကို စစ်နဲ့ လွှမ်းမိုးဖို့ ဖြစ်လာတယ် သူ့ လောက် စစ်ပါဝါ မကြီးသေးတဲ့  ဒေသတွေကိုတော့  အလွယ်တကူ လွှမ်းမိုးနိုင်ခဲ့ ပေမယ့်  အမေရိကန်ကို သွားပြီး တိုက်မိတော့  နောက်ဆုံး အနုမြူဗုံးဒဏ်ခံလိုက်ရတယ်...သူတို့  အဓိကမေ့ လျော့ ခဲ့ ပုံရတဲ့ အချက်က အမေရိကန်တွေလည်း လူဂျပန်တွေ လို လူအမေရိကန်တွေ ဖြစ်လို့  အမြဲတီထွင်ကြံဆမှု့ တွေ ရှိနေလိမ့် မယ်ဆိုတာကို မတွေးမိခဲ့ ဘူးလို့ယူဆရတယ်
အိုင်အက်စ်တွေကို တိုက်ရတာဟာ ဘင်လာဒင်ကိုတိုက်ရတာထက် တာလီဘန်တွေကို တိုက်ရတာထက် ပိုပို ခက်လာတယ် ပိုကြာလာတယ်...အကြောင်းအရင်းက အိုက်အက်စ်တွေဟာ ဘင်လာဒင်တို့  တာလီဘန်တို့ ထက် ခေတ်သစ်ပညာရပ်တွေကို တတ်တဲ့ လူတွေ ပိုများလာလို့ သဘောပဲ...သဘောက အိုင်အက်စ်တွေဟာလည်း လူ့ ဇာတိဝင်တွေဖြစ်လို့  တွေးတော ကြံဆနေတတ်တဲ့ သဘောရှိနေမှာပဲဖြစ်တယ်..
ဒေသဆိုင်ရာ စစ်ပွဲတွေဟာ ၅၀လွန် နှစ်တွေ ၇၀လွန်နှစ်တွေ ၉၀လွန်နှစ်တွေ စသဖြင့်  ၁၀စုနှစ်တွေ ကွာလာတိုင်း တိုက်ရတာ ပိုပို ခက်လာတာတွေ့ ပိုပိုကြာလာတာ အလွယ်လေတွေ့ နိုင်တယ်..ဘာကြောင့် လဲ....တစ်ဖက်က လူတွေဟာလည်း လူတွေ ဖြစ်တယ် ငတုံးတွေ မစဉ်းစားတတ်သူတွေ ဥာဏ်မရှိသူတွေ မဟုတ်ကြဘူး...
တိုးတက်နေပါတယ်ဆိုတဲ့ စင်္ကာပူဟာ စက်မှု့ ဖွံ့ ဖြိုးပြီး ဥရောပနိုင်ငံတွေ တစ်ခြားတိုးတက်ပါတယ်ဆိုတဲ့ မြို့ ကြီးတွေ နဲ့  တန်းညှိကြည့် ရင် တန်းတူသဘောလောက်ပါပဲ...ကိုယတွေနိုင်ငံကတော့ .ကုန်းဘောင်ခေတ်ကို ပြန်ဆင်းသွားတာတော့  မဟုတ်ခဲ့ ပေမယ့်  ၆၀၀န်းကျင် ၇၀၀န်းကျင်ကာလတွေမှာသာ ရပ်နေတာသာဖြစ်တယ်.....
.စင်္ကာပူသားတွေလည်း လူတွေဖြစ်တယ် ကိုယ်တွေလည်း လူတွေဖြစ်တယ်.. .ကိုယ်တွေလည်း ပညာတတ်တယ် စင်္ကာပူတွေလည်း ပညာတတ်တယ် ကိုယ်တွေက ၁၀တန်း မအောင်သေးဘူး ဒါပေမယ့်  စာမတတ်တဲ့ သူတွေကို ကြည့် ပြီး ၁၀တန်းလောက်ကို ဟုတ်လှပြီလို့ မာန်တက်နေခဲ့ တယ် စင်္ကာပူသားတွေကတော့  ဘွဲ့ လွန်မဟာတန်းတွေ ဒေါက်ထရိပ်တွေ ဆက်တက်နေခဲ့ ပြီ
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..