Powered By Blogger

Saturday, April 25, 2015

စလုံးနဲ့ စ စလုံးနဲ့ ပိတ်..



စလုံးနဲ့ စ စလုံးနဲ့ ပိတ်..
----------
ဒီ စမ လေးလုံးဂါထာမှာ အများသိတဲ့  စက္ခုမာစရ...ဆိုတာက စဓဗ၀..အတည့် ပုံမှန်ပေါ့ ၊ ၀ရံလာဘ...ဘာညာက..၀ဗဓစ ပြောင်းပြန် ပြန်ဂါထာစီထားတာ မို့  
ဂါထာပြန်..ဒါက အရွတ်နဲကြတယ်..။...အဲ့ မှာ ဂါထာရဲ့  အဆုံးတွေမှ စမ အက္ခရာတွေကို ပြန်ထည့်  ပိတ်ထားတာ ပုံမှာတွေ့ မှာပါ...
ဒါကို ကျနော်တို့  သုံးစွဲပုံက အရွတ်တွေ ပုတီးစိတ်တွေမှာမဟုတ်ပဲ..စမအင်းကွက်တွေ စာရွက်ပေါ် ပိုက်ဆံပေါ်ဘယ်ပေါ်ညာပေါ်တွေမှာ ရေးတဲ့ အခါမှာ ရွတ်ဆွဲတာ.
.ဥပမာ...စ လုံး စမ ကို အင်းကွက်ထဲ ဆွဲထည့် တဲ့ အခါ...ခဲတံနဲ့  စာရွက်ပေါ်စထောက်တာနဲ့  စိတ်က စက္ခုမာစရ မာစိဏ္ဏော.လို့  ရွတ်နေပြီး 
စလုံကို ရေးပြီးသွားချိန် ..စ..လို့ အဆုံးသတ်အပိတ် အဖြစ် ရွတ်ရေးလိုက်တာပါ..။ သဘောက စ လုံး စမကို ရေးတော့  ဂါထာကို .စလုံးနဲ့ စ စလုံးနဲ့ ပြန်ပိတ်လိုက်တာပါပဲဗျာ..အဖွင့် နဲ့ အပိတ် စည်းသဘောပေါ့  (စိတ်ပါဝါကို အာရုံမလွင့် အောင် စိတ်နှစ်ပြီးထိမ်းဆွဲတဲ့ သဘော) ။ .( ဂြိုလ်ပတ်ယတြာအညွန့် တွေလှုတော့  ကိုယ့် မွေးနံက စထွက် ဘုရားလက်ယျာရစ်ပတ် ကိုယ့် မွေးနံထောင့် မှာ ဒုတိယအကြိမ် ပြန်ဝင်အဆုံးသတ်လှုသဘောနဲ့ တူပါတယ်)

ကျနော်တို့ စိတ်က ရွတ်နကျ အသွား အပြန်က..ဒါ..
------------
အတည့် 
---------
စက္ခုမာစရ မာစိဏ္ဏော
ဓမ္မညု ဓမ္မသာမိကော
ဗလူပေတော ဗလာဓရော
ဝရဒေါ ဒေတု မေ ဝရံ
အပြန်
---------
ဝရံလာဘ သိဒ္ဓီ သံယုတ္တံ
ဗဟူဓည ပုညပုန်ညံ
ဓမ္မောဗာသေဟိ လလိတံ
စက္ကံဝန္ဓာမိ သံဗုဒံ္ဓ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..