ပုံပြ မဟာဘုတ်အတိုကောက်..
---------------
အခုပုံက အလှမဟုတ်ပါဘူး... မဟာဘုတ်အယူအဆ ကို ဖြတ်လမ်းကနေ လိုဂို ပုံနဲ့  ပြသွားတာပါ...ဒါကြောင့်  ဒီပုံတွေသဘောကနေ ဖြတ်ကနဲဆို မဟာဘုတ်အိမ်တွေရဲ့ အခြေခံသဘာဝကို ရိပ်မိလိုက်တာပါပဲဗျာ....
မရဏ အိမ်က တြိဂံပုံဆိုတာမှာ တြိဂံရဲ့  အခြေဟာ ကျယ်ပါတယ် ဒါကြောင့် ခိုင်တယ်။ ဒီတော့  မရဏအိမ်က စိတ်ထားဟာ ပြောင်းလဲရခက်တယ် ခိုက်နေစွဲနေတတ်တယ်ပေါ့ ...သဘောက ၁ ကြွင်းဟာ လူတွေကို အဆိုးမြင်နေရင် အကောင်းပြောင်းမြင်ပေးဖို့ ခက်ခဲတယ်ပေါ့ 
ဘင်္ဂအိမ်က ဆီးဆော ပုံလေးသဘောကတော့  ဆီးဆောဆိုတာ ဟိုဖက်နိမ့် လိုက် ဒီဘက်မြင့် လိုက်နဲ့  မတည်ငြိမ်တဲ့  သဘောကို ပြတာပါ...ဘင်္ဂ အပေါ်သဘောထားတဲ့ စိတ်ဟာ မတည်ငြိမ်တတ်ဖူးသဘောပေါ့ .
.သဘောက ၁ကြွင်းဟာ မိသားစုတွေ ဂ၇ုတွေ အိမ်ထောင်ရေးတွေ အပေါ် စိတ်လိုရင်ကောင်း မလိုရင် တစ်မျိုးဖြစ်သွားတတ်တဲ့ မငြိမ်တဲ့ သဘောပါ
ပုတိ အိမ်က အသည်းပုံလေးဟာ တကယ်က ဗလက်ချိုင့် ပုံပါ...ဗ အက္ခရာဟာ ထိပ်ချိုင့် ပါ...၀ လုံးလို့ မပြည့် ဘူးပေါ့ ..ဒီတော့  ပုတိအိမ်က စိတ် ခံစားမှု့ ဟာ ဘယ်လောက်ဖြည့် ဖြည့်  ပြည့် တယ်လို့ မရှိချင်ဘူး အလိုမပြည့် လွယ်တတ်သဘောပါ..သဘောက ၁ကြွင်းဟာ ငွေကြေးဘယ်လောက်စုစု သူ့ လိုဘကို သူလိုချင်တဲ့ အတိုင်းအတာအထိ ရဖို့ မလွယ်သလို သူ့ စိတ်ကိုက ပြည့် ကိုမပြည့် နိုင်တာမျိုးသဘော..
အထွန်းအိမ်က ၆ထောင့် ကြယ်မှာ မြားတစ်စင်း ထောင်တက်ပြပါတယ်..ဒီတော့  အထွန်းသဘာဝဟာ ငါးပွက်ရာငါးစာချတာ စိတ်များတာသဘောပါ အကုန်နဲနဲစီသိ စပ်စုသဘောပါ ဒါကို ပစ်မှတ် တစ်ခုတည်း တစ်စိုက်မတ်မတ်သွားရင် ချွန်တယ်ပေါ့ ဗျာ....သဘောက ၁ကြွင်းရဲ့ သဘောမှာ နေရာတကာပါလျင်သိချင်နေတာမျိုးကနေ ခေတ်ပေါ်ခေတ်စားသဘောတွေ နောက် လျှောက်လျှောကလိုက်နေရင် လိုရင်းမရောက် ပစ်မှတ်တစ်ခုကို တစ်စိုက်မတ်မတ်လိုက်နေရင် ဂွတ်တယ်ပေါ့ လေ..
သိုက်အိမ်က လေးထောင့် ကွက်ဟာ လုံခြုံအောင် နံရံလေးဘက်ကြားနေလိုက်ချင်တဲ့ စိတ်ပါ...လွန်ကဲသွားရင် ကိုယ့် ဟာနဲ့ ကိုယ် ပိတ်မိနေတတ်တယ်ပေါ့ လေ သဘောက ၁ကြွင်းဟာ မယုံသင်္ကာစိတ်ရှိလို့  ကိုယ့် စည်းကိုယ် အရင်ကာကွယ်နေရင်းက လွန်ကဲသွားရင် သံသယ၀ါဒီ ဖြစ်သွားပြီး အမှန်နဲ့ လည်းလွဲ အမှားလည်း မသိ ဖြစ်သွားတတ်မျိုး
ရာဇာအိမ်က ရှုတ်ထွေးနေတဲ့ သဘောက ပိရိယာယ်ကြွယ်ခြင်းသဘောကနေ လွန်ကဲသွားရင် မလည်ရှုတ် ကိုယ့် ဟာနဲ ကိုယ် ချာရပတ်တွေ ရမ်းကုန်တဲ့  သဘာဝကို ဆိုလိုတာပါ...သဘောက ၁ကြွင်းဟာ စကားပရိယာယ်တွေ ပြောရင်းက အိုဗာဖြစ်သွားတဲ့ အခါ ကိုယ့် စကားနဲ့ ကိုယ် ရှေ့ နောက်မညီတော့ ပဲ ချာရပတ်ရမ်းကုန်တတ်တဲ့  သဘောပါပဲဗျ
အဓိပတိ အိမ်က မြား အထောင်တစ်စင်းနဲ့  အစိုက်တစ်စင်းသဘောက ကောင်းရင်အတော်ကောင်း ဆိုးရင်အတော်ဆိုးသွားတတ်တဲ့ သဘောပါပဲဗျာ..သဘောက ၁ကြွင်းဟာ သူ့ ဥာဏ်ရည်ကို အကောင်းသဘောဘက်ရောက်သွားရင် အတော်ကောင်းပြီး မကောင်းဘက်ရောက်သွားရင် ဥာဏ်နီဥာဏ်နက်များသူ သဘောဖြစ်သွားတာမျိုးပါ...အရိယာ ဥာဏ်နဲ့  မာဖီးယား ဥာဏ်သဘောလောက်အထိ ကွာသွားတတ်ပါတယ်ပေါ့ လေ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..