'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, October 3, 2015
၎ကြွင်းအင်္ဂါသား ၅၁နှစ်
ကျနော့ ဗေဒင်စတိုင်က ယတြာပဲ အဓိကသဘော ဖြစ်နေတာမျိုးဗျ....၅ လပိုင်းလကုန် ၆၅ မွေး အင်္ဂါသားအတွက်တဲ့ .၄ကြွင်း အင်္ဂါ အထွန်းဖွားပေါ့  . ကျမ္မာရေးလေးတဲ့  အပြင်သွားခါနီးလေး..ဒါနဲ့  ကောက်တွက်လိုက်တော့  အင်္ဂါသား ၅၁ နှစ် စနေ မရဏသက်ရောက် အခု ၁၀လပိုင်းဆိုတော့  စနေလစိတ်..ဒီတော့  သက်ရောက်ရော လစိတ်ပါ စနေတွေထပ်ပြီ ဆေးရုံမရောက်သေးဘူးလားလို့ မေးလိုက်တော့  ရောက်သွားပြီ အဲ့ ဒါကြောင့် တဲ့ ..
.
သွေးရောဂါနဲ့ တူတယ်လို့ ထပ်ပြောလိုက်တော့  ဟုတ်တယ် သွေးသွင်းထားတာ ၂ ပုလင်းရှိပြီလို့ ဆိုတယ်....အခြေအနေက ၁၀လပိုင်းကုန်အထိခံရမယ် သဘော ရှိတယ် ကြည့် ရတာ သွေးနီဥတွေ နဲကုန်တာနဲ့ တူတယ်လို့ ဆိုလိုက်တော့  ဟုတ်တယ် အဲ့ ဒါ ဆေးရုံကြီးပြောင်းရမယ် ချဉ်ဆီထုတ်စစ်ရမယ်လို့ ပြောလို့ ..လို့ ဆိုလာတယ်..ဒါနဲ့  ခရေရွက်ယတြာတွေကို နည်းမျိုးစုံလှည့် ပေးရင်း ဇာတာသဘောအရ တော့  အဲ့ လို ခါးကွေးချဉ်ဆီထုတ်ဘာညာလောက်အထိတော့  ဒီ၁၀လပိုင်းထဲ ခံရမှာပဲ ဒီလကုန်ရင်တော့  ပြန်အိုကေသွားမှာပါလို့  အားပေးစကားပါပြောလိုက်ရတယ် သောကြာ အခါတိုင်အရတော့  သေဘေးလောက်အထိ သွားမယ့် ပုံမပေါ်ဘူး လစိတ်ပါညံ့ လွန်းနေလို့  ၃ ပတ်လောက်တော့  ခံရဦးမယ့် ပုံပေါ့ လေ...
၎ကြွင်းတွေမှာလည်း အဲ့ လို သွေးပြဿနာပေါ်တာ ခွဲစိတ်ကုသရတာသွေးလွန်တာတွေ သွေးအဆိပ်ဖြစ်လွယ်တာတွေ ကြုံရလ့ ရှိတယ်..၃ကြွင်းလိုတော့  ရေရှည်သဘောမဖြစ်တတ်ပဲ
အသက်ပိုင်းလပိုင်းညံ့ တုန်း ယာယီခံရတာမျိုးများတယ်...ဒါနဲ့  သူ့ အမျိုးသမီးက ဘာနေ့  အသက်ဘယ်လောက်လဲဆိုတော့  တနင်္လာသမီးတဲ့  ၄၄ နှစ်တဲ့ .
.အဲ့ ဒါနဲ့  အမျိုးသမီးအတွက်ပါ သပြေညွန့် ယတြာ အတင်ခိုင်းလိုက်ရတယ် အိမ်ထောင်ဘက်မိန်းမပါ စနေ ၂ ထပ်ဆိုတော့  မိန်းမရဲ့ ကံကပါ ဆေးရုံရောက်လွယ်သွားတဲ့ သဘောပေါ့ 
ဒါမျိုး လင်ရောမယားပါ ပြိုင်တူ ညံ့ နေရင် ၂ ယောက်စလုံးကို ယတြာ ကစ်မှ ပိုလုံခြုံတဲ့ သဘောရှိတယ် တစ်ခါတစ်လေ လင်မယားတွေမှာ ညံ့ နေတယ်ဆိုတဲ့  တစ်ယောက်ထဲကို ယတြာပေးနေတာက သိပ်တက်မလာတတ်ဘူး...ကျန်တစ်ယောက်ကပါ ညံ့ နေရင် ခံနေရတာကြာသွားတတ်လေ့ ရှိတယ်...အခုကေစ့် ကတော့  မိန်းမ တနင်္လာ အသက် ၄၄ စနေသက်ရောက်က ကိုယ်တိုင် ကျမ္မာနေပေမယ့်  ယောက်ျား အတွက် လူမမာစောင့်  အဖြစ်ဆေးရုံရောက်သွားတဲ့ သဘောပေါ့  ယောက်ျားသာ ကျမ္မာရေး ဂွတ်နေရင် သူကိုယ်တိုင် လူမမာဖြစ်သွားနိုင်တာမျိုးပေါ့ 
ဟောကိန်းတွေကို တိုင်းတာနည်း
ဟောကိန်းတွေကို တိုင်းတာနည်း
---------------
၁၃၂၃ ရာဇဖွား ကြာတေးသား ကားသမားပေါ့ လေ..အသက် ၅၄ အင်္ဂါ မရဏသက်ရောက်ပေါ့ ...အင်္ဂါမရဏ၀င်တော့  မိသားစုလိုက် အိမ်ကကားနဲ့  ကျိုက်ထီးရိုးတက်တာ ဘုရားမရောက်ဘူး လမ်းမှာ ရေဆင်းသောက်သွားတယ် လူမသေတာကံကောင်းပေါ့  ဆေးရုံတော့ ယာယီတက်လိုက်ရတယ် (ရေးဘူးတယ် သူတို့ မိသားစုအကြောင်း သူ့ မိန်းမသောကြာရဲ့ အိပ်မက်ကောက်ကိစ္စလေး စောင့် ကြည့် မယ်ဘာညာနဲ့ ).အခုလဲ ကားကို ခါတိုင်းနေရာမှာ စိတ်မချလို့ ဆိုပြီး နေရာရွှေ့ ညသိပ်တော့  ညက ကားတာယာ တစ်လုံးအခိုးခံလိုက်ရတယ်တဲ့ ဗျ...အင်္ဂါသက်ရောက်က သုံးတန်ပေါ်နိစ္စတိုင်က နိစ္စပြကြိုးတွဲကျနော်ထဲ့ ထဲ့  သတိပေးတတ်တဲ့  သူခိုးကိန်းသဘောလေးဗျ....အဲ့ ဂြိုလ်တွေကအဲ့ လိုပဲ စိတ်ပူပြီး ၀ီရိယတွေထကောင်း ကွန့် လုပ်မိမှ ထ ရစ်တာမျိုးလဲရှိတယ်
---------------
နောက်တစ်ချက် ဒီလို ဂြိုလ်အကြောင်းရေးပြလို့  အသည်းအသန် ဖြုံနေစရာလဲ မလိုပါဘူး...စိတ်နဲနဲဆင်းရဲသွားတာလောက်ပု အခုတာယာ တစ်လုံး အခိုးခံရတဲ့ ကိစ္စက မိသားစုဘ၀ပျက်မယ့်  အသက်သေနိုင်တဲ့  ကိစ္စမျိုးလောက် မကြီးဘူး တာယာ တစ်လုံးဖိုးပဲ ပါသွားတာ...ဖြစ်တတ်တဲ့ သဘောလောက်ပါ...ကြိုသတိပေးတတ်တဲ့  သဘောက အဲ့ လိုသက်ရောက်မျိုးဆို အပျေက်မခံနိုင်တဲ့  အတွင်းပစ္စည်းတွေ စာရွက်စာတမ်းတွေ နဂိုကတည်းက ကိုယ့် ဟာကိုယ် လုံခြုံအောင် သိမ်းထားကြလို့ ပဲမှာတယ်ပျောက်ရှပြီးမှ တရားခံရှာရတာ ခက်တယ် ပြန်ရဖို့ ကမသေခြာဘူးလို့ ပြောတာမျိုး
---------------------
ကျနော်ပြောချင်တဲ့  ဟောကိန်းတွေကို တိုင်းတာနည်းက ကိုယ့် ကို ဟောသွားတဲ့  ဟောကိန်းတွေမှာ ကိုယ့် ရဲ့ မိသားစုဘ၀ရပ်တည်မှု့  ကိုယ့် ရဲ့ စီးပွားရေး အိမ်ထောင်ရေးဘ၀ ကိုယ့် ရဲ့ အခြေခံ ထမင်းအိုးကို လာပြီးထိခိုက်နိုင်လာ မထိခိုက်နိုင်ဘူးလား အဲ့ ဒါနဲ့ အရင်တိုင်းပစ်လိုက်တာ...အဲ့ ဒါတွေကိုတော့  မထိခိုက်လောက်ပါဘူးလို့  တွက်ဆလို့ ရပြီဆိုရင် ဘာေ ဟာကိန်းတွေလာလာ ပါးပါးလေး သဘောထားတာ အဲ့ မှာ စိတ်ချမ်းသာအောင်နေတတ်သွားတော့ တာပါပဲ

ကျနော့် အကြိုက်ဆုံး န၀င်းရိုက်နည်း
ကျနော့် အကြိုက်ဆုံး န၀င်းရိုက်နည်း
ကျနော့် အကြိုက်ဆုံး န၀င်းရိုက်နည်းက ဘယ်သူ မဆို ဘယ်ဂြိုလ်ရောက်ရောက် ရှေ့ ဆုံးက မတွန့် စေရ အညွန့် အတွဲ တစ်ခုခု အရင်ခံရိုက်ရှင်းပြီးမှ နောက်အပိုင်းတွေက ဆောင်ပန်း နင်းကြမ်းရိုက်တာမျိုးဗျာ.....( မတွန့် စေရ ရလွယ်ရင်ပေါ့ လေ)....
အကြောင်းက ခေတ်မကောင်းလို့ ရယ်...နောက်တစ်ချက် လူတိုင်းလိုလိုမှာ ပါလာတတ်တဲ စိတ်အညစ်အကြေးတွေ အခက်အခဲတွေ အတိုက်ဓာတ်သဘောတွေ အမြဲလိုလို ရှိနေတတ်တဲ့  အတွင်းအပြင် ရန်တွေ အနဲနဲ့ အများရှိနေတတ်တဲ့ ရောဂါဘယတွေ ကို မတွန့် စေရ အညွန့် အတွဲတစ်ခုခု နဲ့ အရင်ဆုံး ရှင်းပစ်လိုက်တဲ့ သဘော
သဘောက ရေချိုးပြီးမှ နံ့ သာလူး အ၀တ်အစားအသစ်တွေဝတ်ဆင်တဲ့ သဘောဗျ.....
အသည်းရောဂါကိစ္စ ဇာတ်လမ်း..(၁)
အသည်းရောဂါကိစ္စ ဇာတ်လမ်း..(၁)
------------------
အသည်းနဲနဲ အစားထိုးခံမယ့် တနင်္ဂနွေသားက ၁၀လပိုင်း ၄၅ မွေး တနင်္ဂနွေမရဏဖွားပါ...အခု ၇၁ ရာဟု သက်ရောက်ဝင်စလေးပေါ့ ..၀င်ဝင်ချင်း အသည်းမှာ မသင်္ကာစရာ တွေ့ တယ်ဆိုတာကစတဲ့ ဇာတ်ထုတ်....ကျောက်သမားတွေဖြစ်လို့  အိန္ဒိယဘက်ရောက်သွားတာ..အသည်းပေးမှာက သား ၂ ယောက်စီက တစ်ယောက်ပေါ့ ..ဆေးတွေစစ်ကြတုန်း....ဘယ်သူ့ ဆီက ယူဖြစ်မယ်တော့  အဖြေ မလာသေးဘူး...သားတစ်ယောက်က ၃၄ ၆ကြွင်းရာဇွား ဟူးသား စနေ သက်ရောက်..
.နောက်တစ်ယောက်က ၃ ကြွင်းတနင်္ဂနွေ ရာဇဖွား ၃၀ ကြာတေးသက်ရောက် အ၀င်....(စနေသက်ရောက် ဟူးသားဆီကနေ ယူဖြစ်ဖို့ တော့ပိုများနေတယ်..ဒါက ပွဲမလုပ်ရသေးခင် ခန့် မှန်းချက် ..(တကယ်က ပွဲက မမြင်ရတဲ့ ကံကြမ္မာအမှားတွေမရှိအောင် ဘယ်သူ့ အသည်းက ပိုသင့် တော်သလဲဆိုတာ. ပွဲယတြာက သူ့ ဟာသူ လမ်းကြောင်းသွားလိမ့် မယ် )
နောက်တစ်ချက် ကံကြမ္မာ ဖေါင်းဖြစ်သံကြားရတာက ပထမကွန်ဖန်းက နယူးဒေလီမှာ လုပ်မယ်...နောက်တော့  ဘေးစကားတွေရဲ့  အရပ်သား ဆေးညာအကြံပေးတွေ လေသံအရ ''ချနိုင်း'' မြို့ ကို ရွေးပါလားလို့ လေသံတွေ လာတော့  မိသားစုရဲ့ ပထမကွန်ဖန်းနယူးဒေလီမြို့ က ၀ါးတားတားတွေဖြစ်သွားပြီး အဲ့ မြို့ ၂ မြို့  ဘယ်မြို့ ရွေးရမလဲလို့  အကြံတောင်းတယ်...
ယေဘူယျကတော့  မူလ နယူးဒေလီပဲ သွားပါ ချနိုင်းကို ရွေးရင် နောက်ထပ်ယတြာပညာတစ်ခု ဖြစ်တဲ့  ကနက္ကဒါန်ထီးတွေဘာတွေ အဖြည်အကူယတြာ ထပ်လုပ်နေရလိမ့် မယ်.လို့  အကြောင်းပြန်ပေးလိုက်တယ်.
.( အကြောင်းက '' ချနိုင်း ''ဆိုတာ တနင်္ဂနွေသားရဲ့  အလယ်တွဲ အမြစ်အညွန့်  မတွန့် စေရ အတွဲ '''စနေနံအစ တနင်္လာနံ ''အဆုံး အကာအကွယ် ယတြာသဘောရဲ့  ပြောင်းပြန် အဖျက်ဓါတ်နံ သဘောဖြစ်သွားလို့ ပဲ...သဘောက စီးပွား ချက်ချင်းတက်ချင်လို့ ဆိုပြီး စကားပြော ပညတ်တွေကို ကောက် ယတြာလုပ်တဲ့  '''ဂျင်းတက် ''ပေါ်မှာ မီးထွန်းတာဟာ တစ်ခါတစ်လေ တပွဲတိုးတွေမဟုတ်ပဲ တာရှည်တွေ ခဏခဏတွေသာလုပ်နေရင် ''တနင်္ဂနွေသားသမီးတွေ'' အတွက် မူလ အလယ်အခြာ အိမ်ထောင်ရေး အိမ်တွင်းရေး အလုပ်ကို အဖျက်ဓါတ် ဆိုက်အဖက် ရှိသလို '''ဟူးသားတွေ ''' အတွက် မူလအလယ် လူမှု့ ရေး လေနာ ၀မ်းဗိုက်ပိုင်း အဆုပ်ရေ၀င် အဆုပ်ပွ ရောဂါတွေကို ဆိုက် အဖက်ဝင်လာစေတဲ့  ညှပ်သတ် သဘော တီ ဆားဖြူးကိန်းဆိုး သဘောဝင်သွားတာမျိုး...ဒီလို အရေးကြီးအနေအထားမျိုးမှာ နံကောက်ကိန်းတွေ တိုက်ဆိုင်လာရင် ရှောင်ခွင့် ရှိရင် ရှောင်ချိန်ရရင် ရှောင်ပြီး ရှောင်ခွင့် ရှောင်ချိန်မရရင် အဖြည် ပြန်တွေးယတြာထပ်ပိုးကူရတဲ့ သဘော..)...
အခု ကေ့ စ်ကြီးမှာ န၀င်းပွဲယတြာက လောလောဆယ် သုံးကြိမ်ကစားရမယ်..ပထမက အခု ဆေးစစ် ပြင်ဆင်ကာလမှာ တစ်ကြိမ်၊ ဒုတိယကဗမာပြည်က ထွက်ခါနီး တစ်ကြိမ်နဲ့  အိန္ဒိယမှာ အော်ပရးရှင်ဝင်ခါနီး တတိယ တစ်ကြိမ်ပေါ့ နောက်ထပ် လိုမလိုက နောက်မှပေါ ..စိတ်ထဲမှ မှတ်ထားတာက မူလ နယူးဒေလီမြို့ ကနေ ချနိုင် မြို့ ကို ပြန် ကွန်ဖန် ရွေ့ ရမလားဆိုတဲ့ မေးခွန်းဟာ ဒီ တနင်္ဂနွေသားဟာ ကံကြမ္မာ စောင်းနေတယ်ဆိုတဲ့  နမိတ်တစ်ခုအဖြစ် ရှိနေတယ်..ဆိုတာ မှတ်ထားတယ်...န၀င်းပွဲတွေ တစ်ကြိမ်စီ လုပ်ပြီးရင်တော့  နမိတ်အနေအထား ကံအခြအနေ အပြောင်းအလဲ ဖြစ်သွားလေ့ တော့ ရှိလာတတ်တယ်..ပြီးတော့  တနင်္ဂနေင်္ွ မရဏဖွား အတွက် အသည်းရောဂါဟာ မရဏနံ ရောဂါဆိုတာလဲ ထည့် တွေးထားရသေးတယ်..။
န၀င်းယတြာက ယူသူရောပေးသူပါ သုံးယောက်စလုံးကို လုပ်ရမှာဖြစ်တယ် အ၀တ်အစားဓါတ်ပုံတွေနဲ့ ....

ဒိန်းတလိမ်းနတ်
ယတြာပေးရတာ အခက်ဆုံးတွေထဲမှာ ဒိန်းတလိမ်းနတ်ဖမ်းစားလို့  သွေးသားတွေ ကြောင်ထွက်သွားပြီး စိတ်တွေ ကယောင်ခြောက်ခြားဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်လာတာမျိုးကို ယတြာပေးရတာ အခက်ဆုံးတွေထဲမှာလည်း ပါတယ်...အညာကျေးလက် ပြောသမျှယုံတဲ့ အရိုးခံသဘောသာ တွေးတတ်သူတွေနဲ့  ရုပ်နာမ် ပုထုဇဉ် သဘာဝဘက်က ဆေးပညာရှု့ ထောင့် ဘက်က မတွေးမိသူ အတွေ့ အကြုံနဲသူတွေဆို ပယောဂလို့  အစွတ်အစွဲခံရတတ်တဲ့ အထဲ ပါသွားတတ်တယ်..
.
ဒါမျိုးကယောင်ခြောက်ခြားဖြစ်တတ်ချိန်ဟာ မဟာဘုတ်ဘက်ကဆို ပုတိဂြိုလ်ဖြတ်နေချိန်...အင်္ဂါ သက်ရောက် လစိတ် ရာဟုသက်ရောက် လစိတ် ရက်စိတ် ဖြတ်နေချိန်တွေမှာ အဖြစ်များတာတွေ့ ရတတ်ပြီး အဲ့ သက်ရောက် လစိတ် ရက်စိတ် တွေ ကျော်သွားတဲ့ အခါတွေမှာ ပုံမှန်ဖြစ်သွားလေ့ ရှိတယ်...အခါတိုင်မှာတော့  မွေးနံစုတ်ရောက်ချိန် ဘောမတိုင် နဲ့  ဂုရုတိုင် စန္ဒရောတိုင်တွေမှာ ကယောင်ခြောက်ခြားတွေ ပိုဖြစ်လေ့ ရှိတာတွေ့ ရလေ့ ရှိတယ်
-----------------
သဘောကတော့  ရုပ်နာမ် ၂ ပါး ပုံမှန်အနေအထားကနေ ကွိုင်တက်လာတာဟာ ကံစိတ်ဥတုအာဟာရ လေသလိပ်သည်းခြေတြိဒေါသ ဆိုတဲ့  ပင်မအကြောင်းကြီး ၈ပါးအောက်ကနေ ဖြစ်လေ့ ရှိပြီး ဂြိုလ်စီးသဘောတွေက ကံအောက်မှာ ဥာဏ်ကွန့် ပြဿနာရင်းမြစ်တွေကို ရှာဖွေခြင်းသဘောလို့ ဆိုလို့ ရလောက်မယ်...ဆိုလိုတာက ကိစ္စတစ်ခုခုဆို တစ်ကြောင်းထဲဆွဲလို့  မသင့် တော်ဘူးသဘောပေါ့ လေ...
------------------
မိဘ တွေနဲ့ အတူတူ ထိုင်းရောက်နေတာ ဆယ်နှစ်ကျော်လောက်ရှိနေပြီဖြစ်တဲ့  ၉၈ ဖွား ၂ ကြာတေးကောင်မလေး တစ်ယောက် ကယောင်ခြောက်ခြား ဖြစ်တာ ၂ ခါရှိပြီ..ပထမတစ်ခါရော အခုတစ်ခါပါ ယတြာနဲ့ တင် ပျောက်ပျောက်သွားတယ်...၁၈နှစ် ရာဟုထဲမှာ ဖြစ်ပြီးအလုပ်လုပ်နေရတာ နေ့ ရောညပါ ဆက်အလုပ်ဆင်းနေတယ်လို့  ဒီကအမျိုးတွေကပြောတယ် အဲ့ ဒါနဲ့  ပရက်ရှာကျ သွေးသားမမှန်ပေါ့ လေ..မအေက အင်္ဂါ ၄၃ စနေထဲမှာ ...ဖြစ်တိုင်းမေးတာ ပယောဂလားချည်းမေးတာ...ဘာ ပယောဂမှ မဟုတ်ဖူး သဘာဝကိစ္စတွေက သွေးသားကို အဲ့ လို အဲ လိုတွေရှိတယ်လို့ ပေါ့ ...
Subscribe to:
Posts (Atom)