Powered By Blogger

Saturday, October 3, 2015

အသည်းရောဂါကိစ္စ ဇာတ်လမ်း..(၁)

အသည်းရောဂါကိစ္စ ဇာတ်လမ်း..(၁)
------------------
အသည်းနဲနဲ အစားထိုးခံမယ့် တနင်္ဂနွေသားက ၁၀လပိုင်း ၄၅ မွေး တနင်္ဂနွေမရဏဖွားပါ...အခု ၇၁ ရာဟု သက်ရောက်ဝင်စလေးပေါ့ ..၀င်ဝင်ချင်း အသည်းမှာ မသင်္ကာစရာ တွေ့ တယ်ဆိုတာကစတဲ့ ဇာတ်ထုတ်....ကျောက်သမားတွေဖြစ်လို့  အိန္ဒိယဘက်ရောက်သွားတာ..အသည်းပေးမှာက သား ၂ ယောက်စီက တစ်ယောက်ပေါ့ ..ဆေးတွေစစ်ကြတုန်း....ဘယ်သူ့ ဆီက ယူဖြစ်မယ်တော့  အဖြေ မလာသေးဘူး...သားတစ်ယောက်က ၃၄ ၆ကြွင်းရာဇွား ဟူးသား စနေ သက်ရောက်..
.နောက်တစ်ယောက်က ၃ ကြွင်းတနင်္ဂနွေ ရာဇဖွား ၃၀ ကြာတေးသက်ရောက် အ၀င်....(စနေသက်ရောက် ဟူးသားဆီကနေ ယူဖြစ်ဖို့ တော့ပိုများနေတယ်..ဒါက ပွဲမလုပ်ရသေးခင် ခန့် မှန်းချက် ..(တကယ်က ပွဲက မမြင်ရတဲ့ ကံကြမ္မာအမှားတွေမရှိအောင် ဘယ်သူ့ အသည်းက ပိုသင့် တော်သလဲဆိုတာ. ပွဲယတြာက သူ့ ဟာသူ လမ်းကြောင်းသွားလိမ့် မယ် )


နောက်တစ်ချက် ကံကြမ္မာ ဖေါင်းဖြစ်သံကြားရတာက ပထမကွန်ဖန်းက နယူးဒေလီမှာ လုပ်မယ်...နောက်တော့  ဘေးစကားတွေရဲ့  အရပ်သား ဆေးညာအကြံပေးတွေ လေသံအရ ''ချနိုင်း'' မြို့ ကို ရွေးပါလားလို့ လေသံတွေ လာတော့  မိသားစုရဲ့ ပထမကွန်ဖန်းနယူးဒေလီမြို့ က ၀ါးတားတားတွေဖြစ်သွားပြီး အဲ့ မြို့ ၂ မြို့  ဘယ်မြို့ ရွေးရမလဲလို့  အကြံတောင်းတယ်...
ယေဘူယျကတော့  မူလ နယူးဒေလီပဲ သွားပါ ချနိုင်းကို ရွေးရင် နောက်ထပ်ယတြာပညာတစ်ခု ဖြစ်တဲ့  ကနက္ကဒါန်ထီးတွေဘာတွေ အဖြည်အကူယတြာ ထပ်လုပ်နေရလိမ့် မယ်.လို့  အကြောင်းပြန်ပေးလိုက်တယ်.

.( အကြောင်းက '' ချနိုင်း ''ဆိုတာ တနင်္ဂနွေသားရဲ့  အလယ်တွဲ အမြစ်အညွန့်  မတွန့် စေရ အတွဲ '''စနေနံအစ တနင်္လာနံ ''အဆုံး အကာအကွယ် ယတြာသဘောရဲ့  ပြောင်းပြန် အဖျက်ဓါတ်နံ သဘောဖြစ်သွားလို့ ပဲ...သဘောက စီးပွား ချက်ချင်းတက်ချင်လို့ ဆိုပြီး စကားပြော ပညတ်တွေကို ကောက် ယတြာလုပ်တဲ့  '''ဂျင်းတက် ''ပေါ်မှာ မီးထွန်းတာဟာ တစ်ခါတစ်လေ တပွဲတိုးတွေမဟုတ်ပဲ တာရှည်တွေ ခဏခဏတွေသာလုပ်နေရင် ''တနင်္ဂနွေသားသမီးတွေ'' အတွက် မူလ အလယ်အခြာ အိမ်ထောင်ရေး အိမ်တွင်းရေး အလုပ်ကို အဖျက်ဓါတ် ဆိုက်အဖက် ရှိသလို '''ဟူးသားတွေ ''' အတွက် မူလအလယ် လူမှု့ ရေး လေနာ ၀မ်းဗိုက်ပိုင်း အဆုပ်ရေ၀င် အဆုပ်ပွ ရောဂါတွေကို ဆိုက် အဖက်ဝင်လာစေတဲ့  ညှပ်သတ် သဘော တီ ဆားဖြူးကိန်းဆိုး သဘောဝင်သွားတာမျိုး...ဒီလို အရေးကြီးအနေအထားမျိုးမှာ နံကောက်ကိန်းတွေ တိုက်ဆိုင်လာရင် ရှောင်ခွင့် ရှိရင် ရှောင်ချိန်ရရင် ရှောင်ပြီး ရှောင်ခွင့် ရှောင်ချိန်မရရင် အဖြည် ပြန်တွေးယတြာထပ်ပိုးကူရတဲ့ သဘော..)...


အခု ကေ့ စ်ကြီးမှာ န၀င်းပွဲယတြာက လောလောဆယ် သုံးကြိမ်ကစားရမယ်..ပထမက အခု ဆေးစစ် ပြင်ဆင်ကာလမှာ တစ်ကြိမ်၊ ဒုတိယကဗမာပြည်က ထွက်ခါနီး တစ်ကြိမ်နဲ့  အိန္ဒိယမှာ အော်ပရးရှင်ဝင်ခါနီး တတိယ တစ်ကြိမ်ပေါ့ နောက်ထပ် လိုမလိုက နောက်မှပေါ  ..စိတ်ထဲမှ မှတ်ထားတာက မူလ နယူးဒေလီမြို့ ကနေ ချနိုင် မြို့ ကို ပြန် ကွန်ဖန် ရွေ့ ရမလားဆိုတဲ့ မေးခွန်းဟာ ဒီ တနင်္ဂနွေသားဟာ ကံကြမ္မာ စောင်းနေတယ်ဆိုတဲ့  နမိတ်တစ်ခုအဖြစ် ရှိနေတယ်..ဆိုတာ မှတ်ထားတယ်...န၀င်းပွဲတွေ တစ်ကြိမ်စီ လုပ်ပြီးရင်တော့  နမိတ်အနေအထား ကံအခြအနေ အပြောင်းအလဲ ဖြစ်သွားလေ့ တော့ ရှိလာတတ်တယ်..ပြီးတော့  တနင်္ဂနေင်္ွ မရဏဖွား အတွက် အသည်းရောဂါဟာ မရဏနံ ရောဂါဆိုတာလဲ ထည့် တွေးထားရသေးတယ်..။

န၀င်းယတြာက ယူသူရောပေးသူပါ သုံးယောက်စလုံးကို လုပ်ရမှာဖြစ်တယ် အ၀တ်အစားဓါတ်ပုံတွေနဲ့ ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..