--------------
အဲ့ ဆရာဝန်မလေးက ဗုဒ္ဓဟူးသမီး...အခုတော့ သြဇီမှာ လုပ်နေတာကြာပြီ ပီအာလဲရထားပြီးသား တဲ့  အစက စလုံးမှာ လုပ်တာ စလုံးပီအာလဲရထားပြီးသား ..အဲ့ ဒါ စလုံးပီအာကိုပြန်အပ်ရမလား သက်တမ်းတိုးရမလား လို့ မေးလာတယ်...ဒီကိစ္စက ပြီးခဲ့ တဲ့  ၃ နှစ်ထဲက ပြဿနာဟောင်းပါ...အဲ့ တုန်းက သူက အင်္ဂါသက်ရောက်မှာစမေးတာ...ကျနော်က ပီအာသက်တမ်းက အများကြီးကျန်သေးတယ်မလား ဟိုက အတင်းပြန်အပ်ခိုင်းနေတာမှမဟုတ်တာ ဆက်ကိုင်ထားလိုက် နောက် တစ်နှစ် နှစ်နှစ်လောက်မှ စလုံးမှာ အခြေချမလား သြဇီမှာ အခြေချမလား ဆုံးဖြတ်ကျတာပေါ့  လို့ ပြောလိုက်တော့  အိုကေတဲ့ ..
အဲ့ လို အခြေအနေကြည့် ပြီး အချိန်ဆွဲလို့ ရရင် အချိန်ဆွဲထားစေတာက စနေသက်ရောက်မကျော်သေးလို့  ပါပဲ...အင်္ဂါကနေ စနေသက်ရောက်ကြားမှာ ပုံမှန်သွားမြဲသွားနေတဲ့  အခြေအနေတစ်ခုကနေ အကြောင်းမယ်မယ်ရရ မရှိပဲ ပြင်ပ ဇွတ်ဖိအား တစ်စုံတစ်ရာမဖြစ်သေးပဲ ကိုယ့် သဘောနဲ ကိုယ် အပြောင်းအလဲကြီးတစ်ခုကို လုပ်ရတာခက်ခဲတတ်သလို အပြီးပြောင်းလဲဖို့ အခွင့် အရေးလဲမရတတ်သေးဘူး အထိုင်မှန်ပြီလို့  မဆိုနိုင်သေးဘူး...
အခုထပ်မေးလာတော့  ကျနော်က သြဇီမှာသာအခြေချလိုက်ပါ လို့ ပြောလိုက်တယ်...သူလည်း နဂိုထဲက အဲ့ လို စိတ်ကူးရှိပုံရပါတယ် စလုံးက ဖိအားများတယ်လို့ ပြောဖူးတယ်...
ကျနော့် အတွေးက စလုံးနဲ့ သြဇီမှာ သြဇီကို ရွေးလိုက်တာက စလုံးဟာအရှေ့ တောင်အာရှ အုပ်စုဝင်တွေပဲဖြစ်တာ အဲ့ တော့ အတွင်း အကျင့် တွေက အရှေ့ တောင်အာရှသားတွေအချင်းချင်း အတူတူပဲ ဒီတော့  အရှေ့ တောင်အာရှက ဥပဒေတွေကို မယုံဘူး မလိုတစ်မျိုးလိုတစ်မျိုးတွေ အာဏာရှင်စရိုက်တွေဆန်တာလဲ အတူတူတွေချည်းပဲလို့ မြင်တာ...သူတို့ ထက်စာရင် သြဇီက အဖြူတွေ အနောက်စိတ်ဆန်တယ် ဥပဒေသဘောက အတိအကျ ဆန်တယ်ကိုယ့် အလုပ်ကိုယ်သာ တာဝန်ကျေအောင် ဦးစားပေးလုပ်ကြလေ့ရှိတယ် အများစုက သူများကိုယ်ရေကိုယ်တာ အသားလွတ်ဝင်စပ်စုလေ့ စောင်းမြောင်းလေ့ မရှိဘူး..ဒီတော့ စလုံးထက်စာရင် နေသာထိုင်သာရှိတယ် စိတ်ဖိအားနဲတယ် ပြီးတော့  အနောက်ကိုဆက် ကုးလို့ ကောင်းတယ်..ဒီလိုတွေ ယှဉ်ပြီး နေခွင်ရှည်ရရင် သြဇီကိုရွေးလို့  ဆိုလိုက်တာပါပဲ...
ဒီလို ရွေးနေတာဟာ အဲ့ ဗုဒ္ဓဟူးသမီး ဆရာဝန်မလေးဟာ အခု ကြာသာပတေးသက်ရောက်ထဲဝင်နေပြီဖြစ်လို့ ရယ် အိမ်ဘယ်မှာဝယ်ရမလဲလို့ မေးလာလို့ ပါပဲြာသာပတေးသက်ရောက်ဆိုတာ အပြောင်းအလဲတစ်ခုကို စတင်လို့  ရတဲ့ သက်ရောက်မို့ ပါပဲဗျာ...အဲ့ ဆရာဝန်မလးက ၆ကြွင်း ဗုဒ္ဓဟူးသမီးပါ။