၅ ထောင်ကျပ်တန် ယတြာ
----
အတုံးကြီးပြတယ် မထင်ပါနဲ့ ဗျ နော့် ..ဟီးး...အဲ့  ၅ ထောင်ကျပ်တန်ယတြာ ဆိုတာ ရေးပြလိုက်ရင် ဗေဒင်ဝါသနာပါတဲ့ သူတွေ ယတြာလေး ဘာလေး လုပ်ဖူးနေကျလူတွေ ဗေဒင်စာပေါင်းစုံဖတ်နေကျ ဖတ်နဆဲ လူတွေ
ဗေဒင် ပရောဟိတ် ဆရာသခင်တွေ သိပြီးသား တွေပါ လို့ ဆိုနိုင်မှာပါ... ကျနော် ပြောချင်တာက အချိန် သဘောပါ....အဲ့  အများသိတဲ့  ၅ ထောင်တန် ယတြာဖြစ်လာဖို့  အချိန်တွေဆိုတာ ၁၀စုနှစ်တွေ ရင်ခဲ့ ရတယ်
စွန့် လွှတ်စရာရှိတာတွေ စွန့် လွှတ်ခဲ့ ရတယ် ပေးဆပ်စရာ ရှိတာတွေ ပေးဆပ်ခဲ့ ရတယ် အဟန့် တစ်ခု ဖြစ်လအောင် (၀ါ) အများက ကြေးစား ဗေဒင်ဆရာပါလို့  လက်ခံလာအောင် အချိန်တွေ အများကြီးပေးခဲ့ ရတယ်လို့ ပါ..
ဒီလို ယတြာ မျိုးကို လူကိုမယုံရင် ဘယ်လောက်ပဲ စေတနာနဲ့ ဘေးကနေ အကြံပေးလဲ အကြံပေးခံရသူက အလေးအနက်ထားပြီး လိုက်လုပ်လေ့ မရှိကြတာများပါတယ်ဆိုတာလဲ ပြောချင်တာပါ
အဲ့ အမျိုးသမီးလးက ၃လပိုင်း ၈၆ စနေသမီး ၃ကြွင်း အဓိပတိဖွား အသက်က ၃၀ ထဲမှာ ဖြစ်လို့  သက်ရောက်က တနင်္လာ ..လစိတ်က တနင်္လာလစိတ်ပဲ...သူ လာရင်းက ကိစ္စက တစ်ခုထဲမှ တစ်ခုထဲ...ရီးစားပူးမိနေတာ ဒါပဲ.
ဒါလဲ သူပြောတာကြောင့် သိရတာဖြစ်ပြီး သူ့  အပူကို ဖြည်ပေးရမှာက အဲ့  ရီးစားပူမိနေတာကနေ သက်သာခွင့်  ရအောင် ယတြာနဲ့  ကူညီရမှာ အလုပ်က ဒါပဲ
ဒါနဲ့  ဘာဖြစ်လို့ လဲဆိုတော့  ရီးစားဆီက ကွန်တက်မလာတာ ကြာပြီလို့ ဆိုတယ်...ရီးစားဖြစ်တာ ဘယ်လောက်ကြာပြီလဲ ကွန်တက်ပြတ်နေတာ ဘယ်လောက်ကြာပြီလဲ
နက်လိုင်းတွေ ဒီလောက်ပေါနေတာ သူက ဘယ်အရပ်ကမို့ လို့ လဲလို့  ထောက်လိုက်တော့ ..ရန်ကုန်ထဲကပါပဲ ကြာသာပတေးသားပါ ရီးစားဖြစ်ခဲ့ တာ ၉ လလောက်ရှိပြီ
ပြီးခဲ့ တဲ့  ၁၁ လပပိုင်းလဆန်းအထိက ကွန်တက်မပြတ်ခဲ့ ပါဘူး..စကားများပြီး ကွန်တက်ဖြတ်ထားလို့ ...လို့ ဆိုလာတယ်...ကျနော်က ကွန်တက် ရဖို့ တော့  ယတြာ အခုပေးအခုလွယ်ပါတယ်...ဒါပေမယ့်  ဒါက တပွဲတိုးသဘော ယတြာပါပဲ ရေရှည်ကတော့  အခြေအနေအရပေါ့ 
တစ်ခု သတိထားရမှာက ကိုယ့် ဇာတာက စိတ်ထွက် စိတ်မြန်ရင် စကားလုံးတွေ လွှတ်ကနဲထွက်လာတာက ဘရိပ်အုပ်ချိန်မရလိုက်တတ်ဘူး...အဲ့ ကိစ္စက ရီးစားကိစ္စသဘောတင်မကဘူး အလုပ်ခွင်မှာ အိမ်မှာ မိတ်ဆွေတွေကြားမှာ မကြာခဏ အဖုအထစ်တွေ ဖြစ်လာတတ်တဲ့ ပြဿနာဖြစ်နေတယ်
တကယ်တော့  ဒီဇာတာမျိုးက စကားနဲတာတို့ ထိမ်းထိမ်းသိမ်းသိမ်းပြောဆိုတာတို့ တော့  လုပ်ပေး လေ့ ကျင့် ပေးထားရတာမျိုး ခက်တော့ ခက်တယ် ဗီဇစိတ်သဘောဖြစ်နေတယ် လို့ ဆိုပြီး ယတြာပေးလိုက်တာက.....
၅ ထောင်တန်ယတြာ..
------------
ဘုရားတစ်ဆူဆူရဲ့ ရာဟုထောင့် မှာ ပိတောက် ၁ညွန့်  + ဒါန်း၁ ညွန့်  + ပျဉ်းမ ၁ (၀ါ) သပြေ ၁ညွန့်  ကို အဲ့ ကြာသာပတေးသားကို ပြန်ပြီး ကွန်တက်လာပါစေလို့ အာရုံပြုပြီး သွားလှုပါ အချိန်မလိုဘူး ၃ ရက်ဆက်တိုက် တို့  ၅ ရက်ဆက်တိုက်တို့ ပေါ့ 
အိမ်မှာ လွယ်ရင် ပေါင်မုန့် ထောပတ်သုတ် ၁ချပ်ဒါမှ မဟုတ် ပေါင်မုန့် နို့ ဆီဆမ်း ၁ ချပ် မနက်တိုင်း ဘုရား ကပ်ပါ ၅ရက်ဆက်တိုက်ပေါ့ ....အဲ့ လို ကပ်ပြီးရင် ရပ်လိုက်လို့ ရပြီ...ကိုယ်က စကွန်တက်စရာတောင်မလိုဘူး အဲ့ ကြာသာပတေးသားဆီက ကွန်တက်တို့ မတ်စိတို့  လာလိမ့် မယ် အဲ့ တော့ မီးစင်ကြည့် ကပေါ့ လို့  ယတြာပေးလိုက်တယ်..
အဲ့ ဒါ တပွဲံတိုး ယတြာ ဖြစ်တယ် ယတြာက ဒါပဲ သူ့ လာရင်းကိစ္စကလဲ ဒါရဖို့ အဓိက ပဲ အဓိက ဗေဒင်အလုပ်ကိစ္စက ဒီမှာတင်ပြီးပြီ
နောက် အဲ့ အမျိုးသမီးက သူ့ ရီးစားရဲ့  မွေးသက္ကရာဇ်လေးကို ပြောချင်နေပုံရတယ် ဒီတော့  အလိုက်တသိနဲ့  ပြောလေဆိုတော့  မေလမွေး ၉၂ဖွား ကြာသာပတေးတဲ့  ၃ကြွင်း သိုက်ဖွား ကြာသာပတေးသားပေါ့  အသက်က ၂၄ နှစ် စနေသက်ရောက်ပေါ့  သက်ရောက်က ညံ့ နေတာပေါ့  ပြီးတော့  စကားမထိမ်းနိုင်ကြတဲ့  ၃ ကြွင်းအချင်းချင်းထိပ်တိုက်တွေ့ နေကြတဲ့  သဘောပေါ့ 
အဲ့ အမှာ အမျိုးသမီးက သူ့ ရီးစား ကြာသာပတေးသားရဲ့ မွေးသက္ကရာဇ်ကို ပြောပြတဲ့ အချိန်မှာ ရီးစားက အသက်ငယ်တယ်လို့ ပါ လွှတ်ကနဲ့ ထွက်လာသေးတယ်...ဒီလိုသဘောဟာ ဆိုက်ကိုသဘောပဲ ကိုယ့် ထက် အသက် အတော်ငယ်နေတာ (၀ါ) တော်တော်လေးကြီးနေတာမျိုး ကို အပြစ်တစ်ခုခု ကျူးလွန်မိထားသလိုလို ခံစားနေတတ်တာ ဒီနိုင်ငံရဲ့ 
အစဉ်အလာလိုတောင်ဖြစ်နေခဲ့ ပြီ ...ကျနော်ကတော့  အချစ်နဲ့ အိမ်ထောင်ရေးကို အသက်ကို ပြဿနာအတွေးလို့  တွေးလေ့ မရှိဘူး ကျနော် ကြည့် တာ စိတ်ကောင်း ရှိမရှိ လောကသဘာဝတွေကို နားလည်ပေးတတ်မှု့ ရှိမရှိ နဲ့  စိတ်ထား၇င့် ကျက်နေမှု့  သဘောထားကြီးမှု့  သစ္စာတရား ကရုဏာ စာနာခြင်း ဘက်မျှအောင်ကြည့် မကြည့် သဘောတွေကိုသာ ဦးစားပေးတွေးတတတ်တယ်
အဲ့ တော့  ကျနော်က အဲ့ ကြာသာပတေးသာလေးလဲ ကံမကောင်းလှဘူး တကယ်က အခုမှ ကံမကောင်းတာမဟုတ်ဖူး ၂၂လောက်ထဲက ဖယိုဖရဲတွေ ဖြစ်နေတာမျိုး ဒီ ၂၄ကတော့  ပြဿနာပိုထူပြောတဲ့  သဘောတော့ ရှိတယ်..တစ်ချို့ ဆို သူများအရိုက်တောင်ခံရတတ်တဲ့  နှစ်မျိုးပဲ ဆိုလိုက်တော့  သူများရိုက်တာ ခံခဲ့ ရပြီး တဲ့ ဗျာ...
နဲနဲပါးပါး အနာဂတ်သဘောတွေ ဆက်ဆွေးနွေးပေးလိုက်တယ်ပေါ့ လေ...( ဒါက အပိုစာသားတွေ စေတနာနဲ့  ဆက်ပြောပေးတာမျိုးပါ ဗေဒင်အလုပ်သဘောက သူအဓိကလာရင်း သဘော ပြန်ပြီးကွန်တက်ရချင်လို့  ယတြာလိုချင်တဲ့  ကိစ္စမှာတင် ပြီးဆုံးသွားခဲ့ ပြီ...အများအားဖြင့်  ခန့် မှန်းချက်အရ နှစ်နံတွဲ ယတြာ သဘောတွေမှာ ၁၀ယောက်မှာ ၇ယောက် ၈ယောက်လောက်တော့  တပွဲတိုး သဘောအဖြစ်တော့ အလုပ်ဖြစ်လေ့ ရှိပါတယ်...