
ကျနော်တစ်စိုက်မတ်မတ် လေ့ လာခဲ့ တဲ့  ဒီမဟာဘုတ်ပညာအရ လူတစ်ယောက်က ဘယ်လောက်အထိ ပိုက်ဆံတွေ ချမ်းသာသွားမလဲလို့ တော့  ကျနော်မပြောနိုင်တာ အမှန်ပါ
ကျနော် ပြောနေတဲ့  လမ်းကြောင်း ညွှန်ပြနေတဲ့  လမ်းကြောင်းက လွယ်လွယ်နဲ့  ဘ၀ပျက်မသွားအောင် လွယ်လွယ်နဲ့ မဆင်းရဲသွားအောင် ပိုးစိုးပက်စက် သေပွဲဝင်မသွားရအောင်
နဲ့  ဘယ်လို အခြေအနေမျိုးတွေနဲ့ ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ စိတ်ဓါတ်တွေကို ကျမသွားစေရအောင် ကိုယ်မျှော်လင့် မထားတဲ့  လောကဓံဆိုးတွေကို လွယ်လွယ်နဲ့  အရှုံးမပေးရအောင် ပစ်မှတ်ထား ရေးပြနေတာမျိုးပါသူငယ်ချင်းတို့ ...
====================
ကျနော် ဘယ်လောက်အထိ ယတြာပညာကို သုံးခဲ့ လဲဆိုရင် ကျနော့် အဖေ နဲ့ အမေ ၂ ယောက်စလုံး ကျနော့် လက်ပေါ်မှာ နောက်ဆုံးထွက်သက် မေးလေး တစ်ချက် ငေါ့ ပြသွားတဲ့ အထိ ဒီယတြာပညာကို သုံးခဲ့ တယ် ...ပြောချင်တာက သေကာမှ သေရော စိတ်ဓါတ်အရ ဘာကိုမှ လွယ်လွယ်နဲ့  အရှုံးမပေးဘူး လို့ ဆိုချင်တာ.. ဘာလုပ်လို့ ရသလဲ လ်ုလို့ ရတာ လုပ်နိုင်စွမ်းရှိတဲ့ အထိ လုပ်နေမယ် ရုပ်ခွန်အား အားမနိုင်တော့ ရင်တောင်မှ စိတ်ဓါတ်ကတော့ ဘယ်တော့ မှ လက်မမြှောက်ကြနဲ့ သဘော...
===========
ကိုယ့် ဘ၀ဆိုတာ ကိုယ့် ဘ၀သာဖြစ်တယ် သူများတွေရဲ့  ဘ၀ဆိုတာ သူများတွေရဲ့ ဘ၀သာဖြစ်တယ် သတ္တ၀ါတစ်ခု ကံတစ်ခု သဘောသည်လဲ ရှိပါသည် သို့ အတွက် ကြောင့်  ကိုယ့် ဘ၀ကို သူများအတွက် ဘယ်သူ့ အတွက်ကြောင့် မှ ကိုယ့် ကိုယ်ကိုယ် သတ်သေဖို့  တွေးနေစရာတောင်မလိုပါခြေ..
--============
အများစု ရဲ့ အမှားတွေထဲမှာ တွေ့ ရလေ့ ရှိတဲ့ အမှားတွေက သူဟာ ကိုယ့် လိုစိတ်မျိဲုးရှိလိမ့်မယ်ထင်ပြီး ပုံပြီးယုံလိုက်မိတာက စတာမျိုးတွေလဲံ တွေ့ ရတယ်
===========
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..