ကြာသပတေး သားသမီး အတွက် မိတ်ဓာတ်က အင်ကြင်း ဆိုတော့ ပန်းယတွဲလေး ဇောက်ထိုးမိုးမျှော် ဖြစ်နေတာလည်းဘွင်မကျဘူး
Na Win Thi Ha ကျမ်းရင်း ၄၀ က တစ်ကြောင်းမှာ (၂၃) ဆောင်ရာသင့်လျှင်၊သံယောဇဉ်ကိုမယှဉ်စေရာ။ လို့  ပါတယ် အဲ့ က သဘောတရားကို ယူလိုက်ရင် သူ့ နေရာနဲ့ သူ သုံးလို့ ရတာ ရေရှေည်သဘော တပွဲတိုးသဘောတွေမှာ အသုံး ကွဲသွားတယ်...သုည တနင်္လာ ရဲ့  အညွန့် က သောကြာနံ သီဟို ဆိုတာကို ဓမ္မာသောက ရန်ဓါတ်ပါနေလို့  မဆောင်ကောင်းဘူး လုပ်စရာမလိုဘူး အညွန့် ဟာ အညွန့် သဘောဆောင်ရင် ဖြစ်တယ်ဆိုသလိုပေါ့  မိတ်လိုချိန် တပွဲတိုး အင်ကြင်းကို သုံးတာကို မတွန့် စေရ အဆောင် ကျီးအာ နဲ့  ချိန်ဖို့ မလိုဘူးပေါ့  မိတ်လိုနေချိန် တပွဲတိုးသုံးတာ ဆိုက်အဖက်မရှိဘူးပေါ့ လေ ( သုံးခဲ့ ပေါင်းလဲများပြီ) အဆောင်ကာဗာအဖြစ် အင်ကြင်းကိုသာ သွားဆောင်မယ်ဆိုရင် မူလ အလည်အခြာ တည်ငြိမ်မှု့ အရင် စပျက်ပြီ...ဒါကို ဘာနဲ့ ဆက်စပ်ကြည့် လို့ ရသလဲဆိုရင် သဒ္ဒါသက်သက်နဲ့  ဘုရားပန်းလှုတာ နံ ကောက်စရာမလိုဘူး ယတြာခြေမှ နံ စကောက်တယ်ဆိုတာနဲ့ ဆက်စပ်ကြည့် လို့ ရတယ်.. သဘောက ယတြာတွေ ဟာ စိတ်တွေ သမုတိတွေ အပေါ်မှာ တည်ဆောက်ထားတာဖြစ်တယ်ပေါ့ လေ..
==================
သဒ္ဒါ ယတြာ သမုတိ သဘောတွေ မကွဲရင် စောဒက တက်စရာတွေ ဘ၀င်မကျစရာတွေ ဖြစ်ဖြစ်ကုန်တယ်....ဂုဏ်တော်တွေကို ကြည်ညိုလို့  မြတိသော သဒ္ဒါတရားနဲ့  ပန်းလှုတာဟာ ယတြာခြေတာမဟုတ်တဲ့  ယတြာခြေသလို နံကောက်ကြည့် နေစရာမလိုဘူး..နေရာတကာ နံကောက်နေရင် ကြာသာပတေး သားသမီးတွေ ဟာ နှင်းဆီပန်းဘုရား လှုဖို့ တောင်ခက်နေလိမ့် မယ်...အကြောင်းက ကြာသာပတေးသားသမီးတွေရဲ့  အကာအကွယ် နံတွဲပစ္စည်း သုံးမျိုးထဲက အင်္ဂါနံ အစ စနေနံအဆုံး (၀ါ)
ဆပွတ်အစ+ တြိရန်း = စွယ်တော် ညွန့် ဆိုတဲ့  သမုတိ ပညတ် ရဲ့ ပြောင်းပြန် နံတွဲဟာ နှင်းဆီ ဆိုတဲ့  သမုတိ ပညတ် ဖြစ်နေတယ် ဒီတော့  နေရာတကာ နံကောက်နေရင်
ကြာသာပတေးသားသမီးတွေ သူ့ ဟာသူကြိုက်လို့  လှလို့  နှစ်သက်လို့  နှင်းဆီပန်းကို အမြဲ ဘုရားပန်းလှုနေရင် အလည်မူလ ကြာသာပတေးနံ သဘောတွေရဲ့  မူလ တည်ငြိမ်အေးချမ်းနေတဲ့  အခြေအနေတွေ ပျက်ဆီးလာလိမ့် မယ်လို့  ဖြစ်နေလိမ့် မယ် တကယ် လက်တွေ့ ဘ၀ထဲမှာ နှင်းဆီပန်း လှုနေလေ့ ရှိတဲ့  ဘယ်ကြာသာပတေးသားသမီးမှ နှင်းဆီပန်းလှုလို့  ပြဿနာတွေ တက်ကုန်တယ်ဆိုတာ မရှိခဲ့ မကြားခဲ့  မတွေ့ ခဲ့ ရဘူး ဘာလို့  ပြဿနာမဖြစ်လဲ ဘုရားပန်းလှုတဲ့  စိတ်ဟာ
ယတြာခြေတဲ့ စိတ်မဟုတ်လို့ ပဲ သဘောပဲ..( ဒီ စိတ်တွေ စိတ်ထားသဘောကြောင့်  လက်ထဲက အနင်းခံမြက်တောင် ဘုရားပန်းလှုတဲ့ ပစ္စည်းဖြစ်သွားလို့ အဲ့ ဒီ ဘုရားကို ကြည်ညိုတဲ့ စိတ်က အကျိုးပေးကြီးမားတဲ့ အကြောင်း စာပေတွေမှာ ရှိတယ်)
ဒီလိုပဲ စနေသက်ရောက်ရဲ့  နိစ္စပြ ကြိုးတွဲဖြစ်တဲ့  စနေ+ အင်္ဂါ ကို ကြည့် ပြီး စနေသက်ရောက်မှာ နှင်းဆီပန်း မလှုကောင်းဆိုပြီး လုပ်တာရှိသေးတယ်...ဒါလဲ ကြည်ညို သဒ္ဒါနဲ့  ဂုဏ်တော်ကို ပူဇော်ခြင်း ဆိုတဲ့ သဘောနဲ့  လောကီ ကိစ္စတွေအတွက် ယတြာခြေယူကြခြင်း သဘော မကွဲတဲ့ ပြဿနာလို့ ပဲ ယူတယ်...သက်ရောက်မရွေး နှင်းဆီပန်း အမြဲလှုနေတဲ့ သူတွေဆိုတာ လက်တွေ့ ဘ၀ထဲမှာ ကြာသာပတေးနေ့ သားသမီးတွေ အပါအ၀င် တစ်ပုံကြီးရှိနေတယ်လေ....
ကြာသာပတေးကို အကာအကွယ် ဖြစ်အောင် မတွန့် စေရ အသားတစ်ခုခု ဆောင်ပါ ဆိုတော့  မတွန့် စေရ နံတွဲ အတည့် အမှန်သဘော စွယ်တော်ရွက်တို့  အရိုးလေးတို့ သာ ဆောင်ထားစေတယ် ဘယ်တုန်းကမှ မတွန့် စေရ နံတွဲ ပြောင်းပြန် နှင်းဆီ အရိုး အရွက်တွေကို မဆောင်စေခဲ့ ဘူး...အကြောင်းက လောကီပညာ ယတြာအဖြစ် အဆောင် ဆောင်ထားစေတဲ့  သဘော ဖြစ်နေလို့ သဘော...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..