Powered By Blogger

Monday, December 7, 2015

လိုချင်တာ အဓိက ဘာလဲ


ရေးပြဖူးတယ် ကိုယ် လိုချင်တာ အဓိက ဘာလဲ အဲ့ အတွက် ဘာတွေကို ပေးရမှာလဲ ပေးလိုက်ရတာတွေကရော ပြန်ရတာနဲ့ ကာမိရဲ့ လား တွက်ပါ ဆိုတဲ့ သဘောကို  ခုခေတ် ကုမ္ပဏီဝန်ထမ်းလောကမှာ ကျင်လည်နေတဲ့  အထူးသဖြင့်  အမျိုးသမီးလေးတွေကို ရယ်ကာမောကာနဲ့  ပြောပြလိုက်လေ့ ရှိတဲ့ အကြောင်း..

သူတို့ တွေ ဆီက မကြာခဏကြားရတာ....အလုပ်ခွင်မှာ အထက်အလယ်အောက် တွေ နဲ့  ပတ်လည်ရိုက် ကွိုင်တက်နေလေ့ ရှိတဲ့  အကြောင်း...အများစု ဖီးလ်က  ကိုယ့် စိတ် နဲ့ သဘောမတွေ တာမျိုးတွေ...

ကျနော်က  လစာက မဆိုးဘူးမလား  အဲ့ ဒါဆို တစ်ချို့ ကိစ္စတွေမှာ ပိုက်ဆံကို နားစို့ ပြီး အလုပ်လုပ်သင့် ရင် လုပ်နေရလိမ့် မယ် သူ့ ထက်ပိုရတဲ့  နေရာ ရှိရင် ရမယ်ဆိုရင်တော့ တစ်မျိုးပေါ့  သူတို့ ပေးသလို ပေးမယ့် နေရာ မရှိလောက်သေးရင် တစ်ခါတစ်လေ ကိုယ့် စိတ်နဲ့  သဘောမတွေ့ လဲ ပိုက်ဆံလိုချင်ရင် ....

လောကကို ကြည့် တဲ့ အခါ တစ်ချို့  အရာတွေကို ကြည့် ပုံကြည့် နည်းတွေက ကိုယ့် လက်ငင်းဘ၀ အနေအထားပေါ်ကနေပြီးတော့ လဲ ကြည့် ရတာမျိုးရှိသလို ရှု့ ထောင့် တွေ ပြောင်းပြီး ကြည့် ရတာမျိုးတွေလဲ ရှိတယ်ပေါ့ ဗျာ..ကိုယ့် စိတ်ချည်း သဘောမျိုးနဲ့ သာ နေထိုင် လုပ်ကိုင်စားသောက်ဖို့ ဆိုတဲ့ အခွင့် အရေးမျိုးက အမြဲတမ်း မရနိုင်တတ်ဖူးလေ..

=====================


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..