Powered By Blogger

Wednesday, June 17, 2015

အတွင်းကျင့် စဉ် သမတ်သတ်ကူးခြင်းသဘော စတိ..



အတွင်းကျင့် စဉ် သမတ်သတ်ကူးခြင်းသဘော စတိ..
-------------
ဂြိုလ်တွေမှာ စိတ်ထားကျင့် စဉ်တွေရှိတယ်..လွယ်သလိုလိုနဲ့  ခက်တယ်..အာ့ ကြောင့်  ဘာသာရေးလုပ်တာနဲ့ ယုံကြည်ရာ အပြင်ယတြာ ကူရတော့ တယ်
ဆိုပါတော့ ..

အင်္ဂါသက်ရောက်ဆို စိတ်တိုစရာ စိတ်အလိုမပြည့် စရာတွေ လာမယ် တတ်နိုင်သမျှ သည်းခံပါ ဆိုတာက ပထမဘေ့ စစ်...

နောက်တစ်ချက်က ကိုယ့် ကြောင့်  သူတပါးစိတ်မဆင်းရဲစေရအောင် တတ်နိုင်သမျှ နေပေးပါတဲ့ .
.( အဲ့ မှာ စခက်ပြီ)

နောက်ထပ်တစ်ချက်က သူများတွေ စိတ်ပျော်အောင် ဖန်တီးပေးပါတဲ့ ..( ဒါလည်းခက်တာပါပဲဗျာ)

ဒါဆို အင်္ဂါသက်ရောက်ဆိုပေမယ့်  အင်္ဂါံရဲ့  မျက်နှာချင်းဆိုင်ထောင့် က ရာဟု သက်ရောက်ကလိုလူစည်တဲ့ သဘောတွေ လာဘ်ရွှင်ခြင်းသဘောတွေ ပြန်လာမယ်လို့ ဆိုတယ်

တကယ်လည်း လူစည်တတ်ပါတယ် လာဘ်လည်းရွှင်တတ်ပါတယ်..ဒါပေမယ့်  လာဘ်ရွှင်ပေမယ့် လည်း အင်္ဂါရဲ့ သတ္တိအတိုင်း အဖတ်မတင်တာက မတင်တာပါပဲ...

၈ ခွင်စလုံး အဲ့ လို ကူးလူးတတ်ပါတယ်..ဆိုပါတော့  ကြာသာပတေးဂြိုလ်မှာ စိတ်ပုပ်ရင် တနင်္လာမရဏဂြိုလ်လို ခံရတာမျိုး..

တနင်္ဂနွေဂြိုလ်မှာ စိတ်ပုပ်ရင် စနေသက်ရာက်လိုခံရတာမျိုး...

စနေသက်ရောက်မှာ စိတ်ကောင်းထားရင် တနင်္ဂနွေဂြိုလ်မှာ ဂုဏ်တက်သလို စနေသက်ရောက်မှာ ဂုဏ်တက်တာမျိုး...

''' Death Of Truth.'''.



''ဖြောင့် တန်းစေ '' >>>>>




''ဖြောင့် တန်းစေ '' >>>>>
------
လေဆန်ကိုအံတု
ရန်အစုစုကို ဖြိုခွင်း
ဒေါင်းမင်းမဟာတို့ ရဲ့ 
(အမှန်တရားအတွက်)
မြား၏ပြေးလမ်း
ဖြောင့် တန်းစေ....>>>

တစ်ချို့ အမှားတွေရဲ့ အစ....>>>



တစ်ချို့ အမှားတွေရဲ့ အစ....>>>
----
တစ်ခါတစ်ရံ ပတ်ဝန်းကျင်ကပဲ နဂိုက သူ့ ဟာသူကောင်းနေတဲ့  လူကောင်းတစ်ယောက်ကို ရုတ်တရက် အံ့ သြစရာကောင်းလောက်တဲ့ အထိ မကောင်းတဲ့ လူတစ်ယောက် ဖြစ်သွားအောင် တွန်းပို့ လိုက်တဲ့ အဖြစ်မျိုး ရောက်သွားတတ်တာကို ၀ိဋဋူပရဲ့ အဖြစ်အပျက်မှာ မြင်လို့ ရတယ်..

ဝိဋဋူပဟာ နဂိုက လူကောင်းပဲ လူရည်မွန်ပဲ လူကောင်း လူရည်မွန်မို့ လို့ သာ အမျိုးကို အမျိုးမှန်းသိသူဖြစ်တယ် သူ့အမျိုးတွေဆီ သွားလည်ရကောင်းမှန်းသိတယ် ပူဇော်ထိုက်သူကို ပူဇော်ရကောင်းမှန်းသိတယ် ကန်တော့ ထိုက်သူကို ကန်တော့ ရကောင်းမှန်းသိတယ်....

သူ့ အမျိုးတွေကတော့  သူနဲ့ ဆန့် ကျင်ဘက်ပဲ အမျိုးမာန် ဇာတိမာန် ဇောင်းထလွန်ကဲလွန်းတဲ့ သဘောရှိလို့  သူ့ ကို အမျိုးသွေးပါသူဆိုပေမယ့်  ဇာတ်နိမ် နဲ့ ရတဲ့ သူဆိုပြီး မတူမတန်ဆက်ဆံဖို့  ကြိုတင်ယုတ်မာထားတာကိုတောင် ၀ိဋဋူပက ရိုးရိုးသားသားနဲ့ ဆက်ဆံပေးပြီး သူကချည်း လက်အုပ်ချီ ကန်တော့ ရဖို့ သူထက်ကြီး အသက်တွေဝါတွေကြီးနေတဲ့ သူတွေနဲ့ တောက်လျှောက်တွေ့ ခဲ့ ရ ကန်တော့ နေခဲ့ ရတာတောင် မသင်္ကာ စိတ်မ၀င်ခဲ့ ဘူး.....
.
.သူပြန်တော့ မှ သူ့ အမျိုးတွေက သူနေခဲ့ နားခဲ့  သွားခဲ့ စားခဲ့ တဲ့ နေရာတွေကို ငါတို့ အမျိုးအဆင့် နဲ့ မတူမတန် ဆိုပြီး နို့ ရေတွေ နဲ့ ဆေးကြောသန့် စင်ပစ်လိုက်တာကို ၀ဋဋူပမင်းသား ပြန်ပြီးသိသွားတဲ့ အခါမှတော့ ...

ခံစားတတ် စံစားတတ် ငိုတတ် ရယ်တတ် ပျော်ရွှင်တတ် ကြေကွဲတတ် ချစ်တတ် မုန်းတတ်တဲ့ ကြင်နာတတ် ရက်စက်တတ်တဲ့  ပုထုဇဉ်လူသား မင်းသား ၀ိဋဋူပရဲ့ ဒေါသစိတ် အကြီးအကျယ်ပေါက်ကွဲခဲ့ ပြီပေါ့ ....အရွယ် နဲ့ အင်အားတန်းတူရင် လက်စားတုန့် တင် ခြေပစ်ဖို့  အညှိုးတရားဖြစ်ခဲ့ ပြီပေါ့ ...

တစ်ခါတစ်ရံ မကောင်းဘူးဆိုတဲ့ လူတစ်ယောက်ရဲ့ ပြုမိမှားခဲ့ သမျှ အရာရာတွေထဲက တစ်ချို့ အပြုအမူမှားတွေဟာ မကောင်းဘူးဆိုတဲ့ လူတစ်ယောက်ဖက်ချည်း အမှားတစ်ခုကို စတင်မိခဲ့ တာ မဟုတ်ပေဘူး....သူ့ မှာချည်း တာဝန်ရှိတာ မဟုတ်ပေဘူး အမှားတွေကို ပြုမိအောင် တွန်းပို့ ပေးတဲ့  သူတွေမှာလည်း တာဝန်ရှိတယ်..

သရုပ်ပြ အမွှန်းတင်



သရုပ်ပြ အမွှန်းတင်
-----
အမျိုးတွေက ရွာက များတယ် ပြီးတော့ ဘုန်းကြီးကျောင်းထွက်တွေ...အဲ့ က ဓလေ့ တွေက မြို့ တက်ပြေးလာတဲ့ အထိပါလာတယ်..စီးပွားတူချင်း အမျိုးချင်းတစ်ခါတစ်လေ ထ ထဖိုက်ကြတာမျိုးကလွဲလို့ အများအားဖြင့်  လူညီကြတယ်...အလှုတွေ လုပ်ကြရင် အမျိုးတွေစုမိကြတဲ့ အခါ သူတို့ ရွာက ပါလာတဲ့  ဓလေ့ အတိုင်း ညဦးပိုင်းမှာ ပရိတ်ကြီး ၀ိုင်းရွတ်ကြတယ် အရွယ်လွန်တွေ အရွယ်မလွန့် တလွန်တွေပေါ့ .
.ပြီးတော့  သူတို့ က သူတို့ ကိုယ်ပိုင် ကိုယ်တိုင် ခဲတံနဲ့ ရးထားတဲ့  ဘုရားစာ မှတ်စုစာအုပ်လေးတွေကိုယ်စီရှိကြတယ်..လက်ရေးတွေကတော့  ရှေးမြန်မာ ဘုန်းကြီးကျောင်းထွက် လက်ရေးမျိုးလေးတွေ များပြီး ၀ိုင်းစက် လှပကြတာများတယ်.

ပစ္စုတ်ပန်...


ပစ္စုတ်ပန်...
----
ကံသတ္တိတွေရဲ့ အကျိုးပေးဆန်းကြယ်ပုံတွေဟာ သာမန် တွေးတောဆင်ခြင်ဥာဏ်နဲ့ သရုပ်ခွဲကြည့် ဖို့  လိုက်မမီတတ်လွန်းလို့  ပြုမူမိခဲ့ တဲ့ ကံတွေရဲ့ ရီအက်ရှင်တွေ ဟာ ဘယ်လိုစတိုင်နဲ့  ဘယ်အချိန်မှာ ပြန်လာမယ် ဆိုတာ တွေးမနေပါနဲ့ ကွာ မူးသွားမယ် လို့ များ ဆိုခဲ့ လေလျော့ သလား....?

ဝဋ်ကြွေးတော် ၁၂ ပါးမှာ သံသရာက ပြုမိမှားအတွက် ၀ဋ်လိုက်တဲ့ သဘောအဖြစ် ၃၁ ဘုံကျင်လည်ခြင်းကနေ အပြီးထွက်သွားတော့ မယ့် နောက်ဆုံးဘ၀ပါဆိုတာတောင် သံသရာကမထွက်ခွာခင် ကြွေးအပြီးကင်းသွားရအောင် ကြွေးဆပ်ရတဲ့ သဘောအဖြစ် ခေါင်းကိုက်ရောဂါ အစွဲခံရတယ်..ခါးနာရောဂါအစွဲခံရတယ်လို့ ဆိုတယ်

ဒါဆို တစ်ခါတစ်ရံ ခေါင်းလေးကိုက်တာတောင် တစ်ခါတစ်ရံ ခါးလေးနာတာတောင် ဒီ ပစ္စုတ်ပန်ဘ၀ရဲ့  အမှားတစ်ခုခုကြောင့် လား...?...သံသရာက မှားမိခဲ့ တာ တစ်ခုခုကြောင့် လား ? သို့ တည်းမဟုတ် ပစ္စုတ်ပန် အမှားရော သံသရာက အမှားပြုမိခဲ တာတွေကပါ ရောယှက် ပေါင်းစပ်ဖြစ်နေတာလား.?.....ဒီတစ်ဘ၀ အတွင်းက အပြုအမူတွေရဲ့  ချက်ချင်း အကျိုးပေးလား..? သံသရာဘ၀က အပြုအမူတွေရဲ့  ရုတ်တရက် ၀င်လာ အကျိုးပေးလား....?..

ခွဲခြမ်းစိတ်ဖြာဆွဲထုတ်ပြောဖို့  (၀ါ) တစ်ကြောင်းဆွဲ ပြောဖို့  ကိုယ့် ဥာဏ် အမှုံအမွှားလေးနဲ့ ပြောရခက်ပြီ....

ဒါပေမယ့် အကြောင်းရဲ့ အစကို မသိတတ်နိုင်ပေမယ့်  ..ပစ္စုတ်ပန်မှာ ခေါင်းကိုက်နေတာ ခါးနာနေတာတော့ သေခြာခဲ့ ပြီ ..ဒီတော့ အရေးအကြီးဆုံး ကိစ္စက အခုဖြစ်နေဆဲ ခေါင်းကိုက်ရောဂါနဲ့  ခါးနာရောဂါကို ဆေးကုရမှာက .လူ့ ရဲ့ ရုန်းကန်သတ္တိသဘောအရ..အဓိက သဘောဆောင်ခဲ့ ပြီ...ဘယ်နည်းနဲ့ ကုကု...ကုဖြစ်ဖို့ အဓိက...

ကုသနေရင်း အပြီးပျောက်သွားတာ အပြီးမပျောက်သေးတာက ကံကိစ္စ သဘောပါနေပေလိမ့် မယ်...ကုနေဖို့ သာ ပစ္စုတ်ပန်ကိစ္စ....

တစ်ချို့ သော ဘ၀ရဲ့ အဖြစ်အပျက်တွေကလည်း ထိုနည်းနှင်နှင်....

ဘာကိုဗေဒင်လို့ ...?


ဘာကိုဗေဒင်လို့ ...?
------------------
ကိုယ့် အမည်တွေရဲ့  နောက်ဆုံးပိတ် အဆုံးသတ် နံ တွေဟာ ကိုယ့် မူလ မဟာဘုတ်က မရဏအိမ်က နံတွေ နဲ့  သွားတိုက်နေရင် အဲ့  နံတွေရဲ့  ပရိယာယ်အတိုင်း အားနဲချက်အဖြစ်ပြန်လာတယ်..

ဆိုပါတော့  ၁ ကြွင်းမဟာဘုတ်ရဲ့  မရဏအိမ်က နံဟာ ဗုဒ္ဓဟူးနံပေါ့ ..
ဒီတော့  ၁ကြွင်းနှစ်မှာ မွေးသူတွေရဲ့ အမည်ဆုံး ဥပမာ ၀ါ လှယဉ် ရွှေ စသဖြင့် တွေပေါ့ လေ..အဲ့ လို တွေဖြစ်နေရင် လူမှု့ ရေးမှာ ခံဘက်ကချည်းလိုတွေဖြစ်တာ မကောင်းတဲ့ လူတွေနဲ့ ကြုံရတာများတာ လူပင်ပမ်းတဲ့ စီးပွားတွေနဲ့ ချည်း အသက်မွေးနေရသလိုဖြစ်တာမျိုးတွေသဘော...

''၀င်လေသည့်  ဗုဒ္ဓေါ '' ''ထွက်လေမှာ အရဟံ ''


ပညာကို ဒီလိုသုံးတယ်..



ပညာကို ဒီလိုသုံးတယ်..
-----------
ကျနော်က ၁ကြွင်း သောကြာသား ရာဇဖွား ..ပြီးတော့ မွေးချိန် နေ့  ၂နာရီ ဘောမချိန်..(၀ါ) ၃ကြွင်းမွေးချိန်ပါ .ဒါကြောင့်  လူက မူလမဟာဘုတ် အားကြောင့်  လူတွေကို သရော်အမြင်တွေ ဂလန့် အမြင်တွေ လွှမ်းမိုးတယ် မွေးချိန်မဟာဘုတ်အားကြောင့်  မတော်တဆမှု့ ဘေးတွေကို မနဲဘူး ကြုံခဲ့ တယ်ပေါ့ ..

ဒါကို ဘယ်လို ထိမ်းချုပ်ပါသလဲ...အဲ့ ဒါမှဘ၀ခရီးအတွက် အရေးပါတဲ့  ဗေဒင်အသုံးသဘောဆောင်လာတယ်...

ကာယကံရှင်ရဲ့ ကံသာ...



ကာယကံရှင်ရဲ့ ကံသာ...
----
လုပ်သက်နှစ်တွေအများကြီးရလာတဲ့ အခါ အတွေ့ အကြုံတွေ များလာခဲ့ တယ်..အဲ့ ဒီမှာ ကာယကံရှင်ရဲ့  ကံကသာ အဓိကဆိုတာ ပိုထင်ရှားလာတယ်...

လွန်ခဲ့ တဲ့ သုံးနှစ်လောက်က ပြည်ပသတင်းတစ်ပုဒ်မှာ (ဆွစ်လို့ ပဲထားပါတော့ မေ့တော့ နေပြီ) ဆွစ်နိုင်ငံက လူတစ်ယောက်ဟာ ကျောက်ပ်အသစ်လဲဖို့  သူ့ အလှည့် မရောက်ခင် စက်နဲ့ ဆေးရင်း အလှုရှင်ကိုစောင့် နေခဲ့ တာ နှစ်ပေါက်ခဲ့ ပြီ..တစ်နေ့ တော့ ပြင်သစ်ဆေးရုံးက ကျောက်ကပ်တစ်လုံးရလာတယ်၊ အအေးဗူးနဲ့ ထည့် ပြင်သစ်လေဆိပ်ကနေ ဆွစ်ကိုလေကြောင်းနဲ့ ပို့ တယ်..အဲ့ အခါမှာ အဲ့ ကျောက်ကပ်အအေးဗူးဟာ ဆွစ်ဆေးရုံကို ရောက်မလာခဲ့ ဘူး အကြောင်းက ပြန်စုံစမ်းတဲ့ အခ်ါလေယာဉ်မှားပါသွားပြီး တစ်ခြားဥရောပနိုင်ငံတစ်ခုပါသွားလို့ ဆိုတဲ့ အကြောင်းသိလိုက်ရတယ်..သိတဲ့ အချိန်မှာတော့  နာရီတွေလွန်နေခဲ့ ပြီဖြစ်လို့  အဲ့ ကျောာက်ကပ်ဟာ အစားထိုးဖို့ အသုံးမ၀င်တော့ ဘူးလို့ ဆိုတယ်..ဆက်ဆေးပြီး နောက်တစ်လုံးကို ဆက်စောင့် နေရတော့ တာပေါ့ 

သောကြာသား ရာဇဖွား ၂ ယောက်



သောကြာသား ရာဇဖွား ၂ ယောက်
----------
၂ရက်ဆက်ပြီး ၉၇ သင်္ကြန်ကျော် နောက်ပိုင်းမှ မွေးတဲ့  ၁ ကြွင်းသောကြာသား ၂ ယောက် နဲ့ ဆုံတယ်...၂ ယောက်စလုံးအဝေးသင် တက်နေသူတွေဖြစ်တယ်...
.
အဲ့ ဒီ့  ၁ ကြွင်းသောကြာ ရာဇ ဖွား ၂ ယောက်မှာ ပထမ ၁ သောကြာက မွေးချိန် နေ့  ၁၂ နာရီက တစ်နာရီကြား ဂုရုတိုင် (သို့ ) ကြာသာပတေးတိုင် (သို့ ) ၅ကြွင်းမွေးချိန်နဲ့ မွေးလာသူဖြစ်ပြီး ချမ်းသာတဲ့ မိဘကမွေးလာသူဖြစ်တယ် သူကတော့ လူကိုယ်တိုင် သူ့ အမေနဲ့ ပါလာသူဖြစ်ပြီး အလှအပ တော်တော်ကြိုက်ပုံရတယ် ရှပ်အင်းကျီ ခွကြား ရင်ဘတ်လေးနေရာမှာတောင်မှ နေကာမျက်မှန်လေး မခို့ တရို့ လေးချိတ်ဆွဲထားသူဖြစ်တယ်..ဖက်ရှင်လျှိုးပွဲ ကက်ဝေါ လျှောက်မယ့်  မော်ဒယ်ဘွိုင်တစ်ယာက့် ပုံထွက်နေတယ်...မျက်နှာ အမူအယာကတော့  မခုတ်တတ်တဲ့ ကြောင်လေးလိုပါပဲ..

လူ့ ဆိုက်ကို



လူ့ ဆိုက်ကို

ဗေဒင်မှာ လူ့ ဆိုက်ကိုသဘောတွေကိုပါ ထည့် စဉ်းစားပေးထားရတယ် သူသူကိုယ်ကိုယ် ကိုယ့် ကို မကောင်းကြာင်းပြောရင် မှန်နေသည့် တိုင် တင်းသွား တတ်တယ် ဒါကို သတိထားလိုက်တော့  ဗေဒင်တွေပြောတဲ့ အခါ မကောင်းတဲ့ အချက်တွေကို ဒဲ့ ပြောရင် အဲ့ လူ နောက်မလာအောင် လုပ်လွှတ်လိုက်တာမျိုးဖြစ်သွားတတ်တယ်..ဒီတော့  စကားလုံးတွေ ကစားင်္ပြီးပြောလိုက်ရင်အများအားဖြင့် က သဘောကျသွားလေ့ ရှိလာတယ်...

ဂျီးမများတဲ့  မိဘနဲ့ တွေ့ တော့


ဂျီးမများတဲ့  မိဘနဲ့ တွေ့ တော့  ၄ကြွင်း သောကြာ သမီးလေး သိုက်ဖွားလေးတစ်ယောက်ကို အမည် ပေးရတာ လွယ်ထှာ.
..''သင်းမြတ်သီရိဆု..'' .လို့ ပေးလိုက်တာ တစ်ထိုင်တည်း ၅မီးနစ်တောင်မကြာဘူး..ထူးဆန်းတယ် အဲ့ အမည်တွဲက သူ့ ဟာသူ တွေးမိသွားတာ..မိဘကလည်း ရွတ်ပြယုံရှိသေး ကြိုက်တယ် ဒါပဲယူမယ်တဲ့  ပြီးရောပေါ့ .ဆက် အုံးမစားတော့ ဘူးပေါ့ လေ...
.
အခြေခံက သောကြာနံ သဟ နဲ့  အဆုံးသတ်က အင်္ဂါနံ စဆဇဈည ကို ပဲ အခြေခံပြီး စိတ်ထဲက လျှောက်ရွတ်လိုက်တာ အဲ့ လိုချက်ချင်းရသွားတာ..
.အဲ့ လိုတော့  ရခဲတယ် တစ်ခါါတစ်လေ စိတ်က လမိုင်းမကပ်သေးရင် တစ်ပတ်လောက်တောင် ကိုယ့် ဖီလင်လာတဲ့ အမည်လေးတစ်ခု တွဲမရတတ်ဘူး..

'''ပန်းသတင်းလေညှင်းဆောင် ''' ''တူသောအကျိုး '''နဲ့  ''အမွှေးနံ့ သာရေ ''



'''ပန်းသတင်းလေညှင်းဆောင် '''
''တူသောအကျိုး '''နဲ့ 
''အမွှေးနံ့ သာရေ ''
---------
ပထမဆုံးအချက်က ကျနော်တို့ က ကိုယ်ယုံကြည်ရာ ယတြာသဘောတွေကို တွေးခေါ်စဉ်းစားတဲ့ အခါမှာ ယတြာတွေ အစီအရင်တွေဟာလုပ်ရတာ ကိုယ်တိုင်လုပ်ရတာလည်းလွယ်သင့် သလောက်လွယ်ရမယ် အများလုပ်ရတာလည်း လွယ်သင့် သလောက်လွယ်ရမယ် ထိရောက်ရမယ် ကုန်ကျစားရိပ် သက်သာရမယ် ..အနှစ်သာရလည်းပါရမယ် ကောင်းမှု့ ကုသိုလ်သဘောလည်း ပါနေရမယ်
သူများတကာတွေကိုလည်း ကိုယ့် အပြုအမူကြောင့် မနစ်နာ မထိခိုက်စေရဘူး ..စိတ်ကူးယဉ်ဆန်လွန်းတာလည်း မဖြစ်ရဘူုး လက်တွေ့ လည်းကျရမယ် ကိုယ်ပေးတဲ့ ယတြာတွေ အစီအရင်တွေအကြောင်းကို ဘာကြောင့်  ဒါကိုလုပ်ရပါတယ်လို့ လည်း ဒီဘက် ခေတ်သစ်က တွေးခေါ်စဉ်းစားတတ် မေးခွန်းတွေ ထုတ်တတ်တဲ့ သူတွေကိုလည်း ယုတ္တိရှိရှိလည်း ရှင်းပြနိုင်ရမယ် ...




♪·¯·♫ ♪·¯·♫.
ကမ္ဘာကို လွှမ်းမယ့် တစ်ခြားသောအရပ်က ဂြိုလ်သားတွေ...♪·¯·♫
------
အကျိုးအပဲ့ တွေ အတွက် အဓိက ဖွင့် ထားတဲ့ ဆေးခန်းနားနေရတော့  လောကကြီးက အကျိုးအပဲ့ တွေများလှချည့် လား ထင်စရာ...

တရားရုံးဖြတ်တော့  ရန်ကုန်မှာ အမှု့ ကင်းတဲ့ သူရော ကျန်သေးရဲ့ လား..
.ဆေးရုံပေါ်ရောက်တော့  ငါကိုယ်တိုင်ရော ရောဂါ တစ်ခုခုက ကင်းပါရဲ့ လား..
.ပိတ်ဆို့ နေလို့ တစ်ရွေရွေသွားနေတဲ့  ကားတန်းကြီးတွေကြည့် ပြီး သူဌေးတွေချည်းနေတဲ့ မြို့ လေလား...

ဘုရားပွဲတွေ ဇာတ်ပွဲတွေ ရုပ်ရှင်ရုံတွေ ဈေးတွေမှာ လူစည်လိုက်တာ...မွဲနေတယ်ဆိုတာ ဟုတ်လေပါ့ မလား..
အိမ်ထောင် အကွဲအပြဲတွေ ဆက်တိုက်လာတာ ကြုံသွားရင် လောကကြီးဟာသစ္စာမဲ့  အကွဲအပြဲ လောကကြီးလား ထင်စရာ....

ဆယ်စုနှစ် သုံးစု လေးစုကြာအောင်နေလာတဲ့ အိမ်ထောင်သည် မိသားစု ၂၇၀ကျော် ရှိတဲ့ အရပ် အနှစ် ၄၀လောက်အတွင်း အိမ်ထောင်ပျက်သွားတာ လက်ဆယ်ချောင်း မပြည့် ခဲ့တော့  ငါတို့ အရပ်က သစ္စာသမားတို့ စုဝေးရာ အရပ်များလေလား..

ပျက်သွားတဲ့ သူတွေက အံ့ သြစရာလား မြဲခဲ့ တဲ့ သူတွေက အံ့ ဖွယ်လေလား...

တစ်ခြားဂြိုလ်တွေမှာ သက်ရှိတွေ ထွက်ရှာနေတာချည်း ထိုင်ကြည့် နေရင်းက ကိုယ်တိုင်ကိုယ်က နေစကြ်ာဝဠာ စကြ်ာဝဠာ တိုက်တစ်သောင်း အနန္တစကြ်ာဝဠာကြီးထဲက မထင်မရှား ဂြိုလ်သိမ်ဂြိုလ်မွှား ဂြိုလ်ငယ်လေးတစ်လုံးပေါ်က ပါချီပါချက် သက်ရှိ ဂြိုလ်သားလေး တစ်ကောင်ပါပဲ ဆိုတာ မေ့လျော့ နေခဲ့ ...
ကိုယ့် မျက်ချေးကိုယ် ကိုယ့် မျက်စေ့ နဲ့ ကိုယ်တိုင်ရိုက် ပြန်မမြင်ရအောင် သဘာဝက ဖန်တီးပေးထားလို့  ကိုယ့် မျက်ချေးကို မှန်ခံကြည့် မှ မြင်ရတယ်...ဒါတောင် ကြည့် မှန်က ပြဒါးသုတ်ထားတဲ့  ရောင်ပြန်မှန်မှ....ထွင်းဖေါက်အကြည် မှန်မျိုး နဲ့ ဆို ကိုယ့် ကိုယ်ကို ပြန်မမြင်ရဘူး....

တစ်ချို့ သာ အိမ်ထောင်တို့ မြဲခြင်းသည် ချစ်လှည့် ချည့် ရဲ့  သစ္စာရှိလှချည့် ရဲ့ ကြောင့် မဟုတ်ခဲ့ ကြသလို တစ်ချို့ အိမ်ထောင်တို့  ကွဲပြဲကြခြင်းသည်လည်း အချစ်မဲ့ သွားခြင်း သစ္စာပျက်သွားခြင်းကြောင့်  မဟုတ်ခဲ့ ကြခြေ....

'' လွမ်းတတ်သူ...''



'' လွမ်းတတ်သူ...''
-----
ခွဲခွာခြင်းကို ကြောက်တတ်ခဲ့ လို့ 
သံယောဇဉ်ကြီးတတ်ကြောင်း သိုဝှက်ခဲ့ တယ်
ဘူတာရုံကိုရောက်တဲ့ အခါတိုင်း
ရထားကြီး တအိအိ ထွက်သွားရင်
ရင်ထဲမှာ ဟာ......
လွမ်းပြီး ကျန်ခဲ့ တတ်တယ်....

ခွဲခွာခြင်းကို ကြောက်တတ်ခဲ့ လို့ 
သံယောဇဉ်ကြီးတတ်ကြောင်း သိုဝှက်ခဲ့ တယ်
လမ်းမှာ အဝေးပြေးကားတွေ မြင်လိုက်ရင်
လွမ်းစိတ်တွေ ၀င်လာပြီး
စိတ်က တက်ခုန်လိုက်သွားချင်လာတယ်..

ခွဲခွာခြင်းကို ကြောက်တတ်ခဲ့ လို့ 
သံယောဇဉ်ကြီးတတ်ကြောင်း သိုဝှက်ခဲ့ တယ်
နှစ်ထပ်ကောင်တွေ ထွက်ခါနီး
ကမ်းပေါ်မှာ မနေချင်ခဲ့ ဘူး
သင်္ဘော ဥသြဆွဲသံကြားလိုက်ရတာနဲ့ 
လွမ်းစိတ်တွေ ၀င်လာတတ်တယ်..

ခွဲခွာခြင်းကို ကြောက်တတ်ခဲ့ လို့ 
သံယောဇဉ်ကြီးတတ်ကြောင်း သိုဝှက်ခဲ့ တယ်
ဒီဇင်္ဘာ ဘုရားဖူးအဖွဲ့ တွေမြင်ရင်
လွမ်းစိတ်တွေ ၀င်လာပြီး
စိတ်က ..
ဟိုး အဝေးက ..
တောင်ပေါ်စေတီလေးမှာ...။.။

အလွမ်းဖျား


အလွမ်းဖျား


အလွမ်းဖျား ဒီဂရီတွေ
ဖြစ်တည်လာတဲ့ အခါ
နှလုံးသားသံစဉ် တေးသံဟောင်းတွေနဲ့ 
ရင်တွင်းစေရာ ဝေဒနာတွေကို
နာခံတော်မူခဲ့ ရင်း..
နှောင်းအရိပ်မှာ
မှေးစက်ပျော်ရပေါ့ ...

နှစ်ချို့ 


နှစ်ချို့ 
----
အကြောင်းအပေါင်းသင့် တဲ့ အခါ
လမ်းဟောင်းလေးရှိရာ အရပ်ဆီ
နင်ပြန်လာလေမလားရယ် ငါမျှော်မိနေခဲ့ လည်း..
နေမင်းတို့ ချို
မိုးတို့ ပြိုခဲ့ 
နှင်းစက်တို့ သာ ကြွေခဲ့ တယ်..
အလွမ်းရာသီ
နှစ်ချို့ ပြီ..။

ခေတ်တွေပြောင်းခဲ့ ပေမယ့် 


ခေတ်တွေပြောင်းခဲ့ ပေမယ့် 


ခေတ်အကြောင်းတွေသာ ပြောင်းလဲသွားတတ်ပေမယ့် 
သံယောဇဉ်အစစ် သဘောတွေကတော့ ပြောင်းလဲ မသွားတတ်လို့ 
တေးသံဟောင်းတွေကို ပြောင်းလဲနေတဲ့ ခေတ်ထဲ ထည့် ပြီး သယ်ဆောင်လာခဲ့ တယ်..

ငါ့ ရဲ့ ကမ္ဘာ..


ငါ့ ရဲ့ ကမ္ဘာ..
---
နားခိုရာလား ပုန်းခိုရာလား
ဝိုးတ၀ါး မကွဲပြားပေမယ့် 
ဂီတဟာ
ငါ့ ရဲ့ ကမ္ဘာလေးတစ်ခုတော့ ဖြစ်ခဲ့ တယ်...