တစ်ခွန်းစကား...
----
တို့ တွေ ငယ်သေးတယ်လေ နင်ရောငါပါ ပညာလဲ မပြည့် သေးဘူး ကျောင်းတွေပြီးမှပေါ့ နော် နဲ့  မဖြစ်နိုင်သေးဘူး မဖြစ်သင့် သေးဘူးလို့  ဆိုလိုက်တဲ့ ရက်တွေနောက်ပိုင်းမှာ တစ်ပတ်ကျော်လောက် အဆက်အသွယ်ပြတ်သွားပါတယ်၊
နော်ကတော့  သူ သူ့ အိမ်နဲ့ ငြိတုန်း ဖြစ်နေတဲ့ စိတ်တွေငြိမ်သက်သွားရင် ပုံမှန်ဖြစ်သွားလောက်မှာပါ အခြေအနေ အမှန်သဘောတွေကို ပြန်နားလည်သွားလိမ့် မယ်လို့ ပဲ ထင်ထားခဲ့ တယ်၊ ဒါပေမယ့်  သူ့ ကျောင်းဝသွားစောင့်  သူ့ ကျောင်းဘတ်စ် ကို စုံစမ်းကြည့် တော့ သူ ကျောင်းမတက်ဘူးလို့ သာ အဖြေရတယ် ဘာ့ ကြောင့် ဆိုတာတော့ သူ့ သူငယ်ချင်းတွေဆီကပါ မသိခဲ့ ရဘူး...စိတ်တော့ ပူစပြုလာပြီးပေါ့ လေ..ဆောင်းဦးးပေါက်ဖြစ်လာချိန် စာမေးပွဲကလဲ နီးလာပြီလေ...အဲ့ အပတ်က
ကျောင်းသာပိတ်သွားတယ် သူ့ ကို မတွေ့ လိုက်ရဘူး...နေမထိထိုင်မသာ...ခေတ်ကိုက သူနေတဲ့  အရပ်ကို ကိုယ်တိုင်လိုက်ချင်လိုက်ချသွားမှ ကွန်တက်လုပ်လို့ ရတဲ့ ခေတ်မျိုး လိုင်းဖုံးတောင် ရှားတားပါးတားခေတ်။
အဲ့ နေ့ ပေါ့  ဆောင်းငွေ့ တွေရိုက် နှင်းမြူတွေ ဆိုင်းနေချက်က မနက် ၇နာရီကျော်နေတဲ့ အထိ လမ်းမတွေမှာ အေးစိမ့် မှုံရီဝေလို့  ။ တနင်္ဂနွေဖြစ်လို့  နော်က စောင်ထူထူနဲ့  ဇိမ်ခံကွေးကောင်းနေတုန်းပေါ့ ။ ကျူရှင်က ညနေမှဆိုတော့  အပီယူပြီပေါ့ လေ။
အဲ့ မှာ ဘော်ဒါအရင်းကြီးက လာနှိုးတယ် တော်ယုံနဲ့ ဒီလိုရက်တွေမှာ အိမ်လာလေ့ မရှိတော့ ဘာလဲဟ ပေါ့ ၊ ဒီကောင်ကြီးက အိမ်ဝကနေ မျက်နှာရိပ်မျက်နှာကဲ ပြ ပါးစပ်လှုပ်ပြ နေပေမယ့် နော်က ဒီကောင် ဘာတွေ ပြောနေမှန်းမသိပေါ့  ကျယ်ကျယ်ပြောကွာ အိပ်ပျက်တယ်ဆိုတော့  အမြင်ကပ်ပုံရပါတယ် မင့် ဟာလေးလိုက်လာတယ်ဟ...( ထိတ်ကနဲပဲ)...ဟင့်  ရှုး တိုးတိုး ဘယ်မှာလဲ လို့ မေးလိုက်တော့  ဘတ်စ်ကားမှတ်တိုင်မှာစောင့် နေတယ် ငါ့ အိမ်လာပြီး မင်းကိုတွေ့ ချင်တယ် လို့ 
ခေါ်ခိုင်းလို့ ကွ တဲ့  ( ဒီကောင်ကြီးအိမ်က နော့် အိမ်ထက်ပိုလွတ်လပ်တယ်လေ)..အဲ့ တော့ ဘာများလဲမသိ တစ်ခုခုတော့ တစ်ခုခုပဲ သူ့ အိမ်နဲ့  ကွိုင်လာပြီလား ဘာညာတွေတွေးပြီး အဲ့ တုန်းက ခေတ်စားခဲ့ တဲ့  လောင်းကုပ်ညိုကို ကောက်စွပ် ပြီး ချမ်းချမ်းစီးစီးထဲလိုက်ချသွားတော့ တာပေါ့ လေ...စိတ်ကတော့  တထင့် ထင့် နဲ့ ပါ ကြောက်ကလဲ ခပ်ကြောက်ကြောက်နဲ့ ပါပဲ..
တွေ့ ပါပြီ...အံ့ အားသင့် စရာကောင်းတဲ့ ရဲတင်းမှု့ ကို တွေ့ လိုက်ရသလိုပါပဲ ဝေးလွန်းတဲ့ မြို့ နယ်ကနေ တစ်ယောက်ထဲကို လာခဲ့ တာပါ...ကျူရှင်သွားမယ့် ပုံစံမျိုးလေးနဲ့ ပေါ့ ..အပေါ်အနွေးထည်လေးနဲ့  လက်ထဲမှာတော့ လက်ကိုင်ပုဝါလေးနဲ့ ..။ အနားရောက်သွားတော့  နော်က ဘာဖြစ်လာလဲ ဆိုတဲ့  မျက်လုံးနဲ့ သူ့ ကိုကြည့် လိုက်တဲ့ အခါသူလေးကလဲ အဲ့ လို မေးမှန်းသိနေတဲ့  သဘော မျက်လုံးကနေပြန်တုန့် ပြန်လိုက်သလိုပါပဲ..ဒါပေမယ့်  သူ့ မျက်ဝန်းအိမ်ထဲမှာ အမြဲတွေ့ နေခဲ့ ရတဲ့  နူးညံ့ တဲ့  သဘောတွေ မတွေ့ ရတော့ ပဲ တင်းမာအေးစက်တဲ့  အရိပ်အယောင်တွေသာ ရှိနေတာ ရုတ်တရက် အကဲခပ်လိုက်မိတယ်ပေါ့ ဗျာ အဲ့ မှာမှ တကယ် ရင်ထိတ်မိတော့ တာပါပဲ..
ဆောင်းနှင်းမြုတွေကြား အေးစက်စက်လေတွေကြားမှာ ၂ ယောက်သား အသံတိတ်ကလေး ရပ်နေမိတာ ကြာသလိုလို ရှိနေရာက သူ့ ဆီက ရုတ်တရက် အသံထွက်လာပါတော့ တယ်.
... '' နီ့  ''ကို မေ့ ပစ်ပေးပါ..'' တဲ့ .၊
ထင်မထား မျှော်လင့် မထား မိတဲ့  စကား ဖြစ်လို့  ရုတ်တရက်ကြီးဆိုတော့  မယုံနိုင်ခဲ့ ဘူး..သူ တကယ် ပြောချလိုက်ပြီဆိုတာကိုလဲစိတ်က အလိုလိုသိနေပြီ..မဟုတ်ပါစေနဲ့ လို့ လဲ ကြိတ်မျှော်လင့် ရင်း သူ့ မျက်ဝန်းအိမ်ထဲကို အသနားခံတဲ့  မျက်လုံးနဲ့ နော်က လှမ်းကြည့် လိုက်တော့ ...သူ့ မျက်ဝန်းတွေဟာ နီရဲနေခဲ့ ပြီ မျက်ရည်ဥ တစ်စ သူ့ မျက်ဝန်းထောင့် စွန်းမှာ တွေ့ လိုက်ရပြီ..ဆောင်းချမ်းကြောင့်  စိုသလိုလို ခြောက်သလိုလို သူ့ အောက် နှုတ်ခမ်းကို သွားနဲ့ ဖိကိုက်ထားခဲ့ ပြီ။ သူ့ လက်ထဲက လက်ကိုင်ပုဝါလေးကို လိမ်ကျစ်နေချက်ကတော့  လက်ကိုင်ပုဝါလေးဟာ ကျိုးကျေလုလု..။
အင်း..မပြင်ပေးနိုင်တော့ ဘူးလား (နီ)..လို့  သိသိကြီးနဲ့ ကိုပြန်မေးလိုက်တော့ 
ခွန်းတုံ့ ပြန် တစ်ခွန်းစကားလေးတောင် မလာတော့ ဘူး အတင်းလုပ်ယူထားတဲ့  အေးစက်မာကျောတဲ့  မျက်ဝန်းအကြည့် တွေနဲ့ သာ တုန့် ပြန်တော့ တယ်......ဟားးးး...သွားပြီ..နော့် ကမ္ဘာပြိုခဲ့ ပြီ....သူလေးရဲ့  စိတ်ဓါတ်သဘောကို
သိပ်သိနေခဲ့ လို့  ဒါဟာ အိပ်မက်မဟုတ်တော့ ဘူးအမှန်ပဲဆိုတာ ခံစားလို့ ရနေပြီ.
.
..အဲ့ ဆောင်းမနက်ရဲ့  မြူထုဟာ ရုတ်တရက်ကြီး နော့်  မျက်ဝန်းထဲမှာ သိပ်သိပ် သည်းသည်း ပိုကျလာသလိုပဲ ဘာမှတောင်သဲသဲကွဲကွဲ မမြင်ရချင်တော့ ဘူး မြူထုတွေက အေးလဲ မအေးဘူး ပါးပေါ်ကျလာတာ ပူနေတာပဲ...အနားဝန်းကျင်က အသံတွေ ရုတ်တရက်ငြိမ်သွားတယ် ဘာမှမကြားရတော့ သလိုပါပဲ...။
----------------------------------------------------------------------------
အသဲကွဲဒီဇင်္ဘာ
--
''မေ့ ပစ်ပေးပါ '' ဆိုတဲ့  တစ်ခွန်းစကားဟာ အတော်တာသွားတယ်၊ ဘာကို ဆိုလိုမှန်းလဲ နှစ်ယောက်သား
ရင်ထဲက သိနေကြတာမျိုးပဲ၊ မလွှဲသာလို့ သဘောဆိုတာမျိုး သူ့ ဖက်ကတော့ တကယ်တော့ 
အဲ့ လိုဆန္ဒမရှိခဲ့ ပါဘူးဆိုတာမျိုးပေါ့ အဲ့ စကားတစ်ခွန်းနဲ့ တင် တစ်သက်တာ လွမ်းစေရော့ ဆိုတာမျိုးလဲဆန်တယ်
တစ်ခွန်းစကားကို ဆိုပြီး ကြားထဲမှ ဘာစကားမှ ဆက်ပြောစရာ မရှိတော့ လောက်အောင် ဖြစ်သွားသလို ငြိမ်ကျသွားချက်က လောကကြီးပါ ငြိမ်ကျသွားသလိုမျိုးပဲ..။ ဆောင်းမြူတွေထူပိန်းနေတဲ့ နံနက်ခင်းရဲ့  အေးစိမ့် နေတဲ့ အချမ်းကရုတ်တရက် မအေးတော့ ဘူး လူ့  ဘော်ဒီဟာ အရမ်းထူးဆန်းတယ် လမ်း တကယ်ဆုံးခဲ့ ပြီလို့  သိလိုက်ရ ကြားလိုက်ရချိန်မှာ... ရင်ဘတ်ထဲ ပူတက် စို့ တက်လာပုံက အပြင်က အေးနေတာကိုတောင် မခံစားရတော့ သလိုဖြစ်သွားတယ်..
အဲ့  ဒီဇင်္ဘာဟာ နော့် အတွက်တော့  သူမေ့ ခိုင်းတိုင်း မေ့ ပစ်ရ ခက်ခဲနေခဲ့ တဲ့  အသဲကွဲဒီဇင်္ဘာ ပါပဲ....
လေလွင့် ခြင်းများ စတင်ခြင်းကာလတွေ ပေါ့ လေ....