Powered By Blogger

Saturday, December 26, 2015

အတ္တအကြောင်းက အနတ္တအကြောင်းထက်


တစ်ခါတစ်လေ လူ (၀ါ) သက်ရှိတွေရဲ့  အတ္တအကြောင်းက အနတ္တအကြောင်းထက်တောင် စိတ်ဝင်စားစရာ ကောင်းသလိုပဲဗျ ကိုယ့် ဘ၀ အတွေ့ အကြုံအရ ပြန်တွေးဆကြည့် တာပေါ့ ခမျာ...ထူးဆန်းတာက ရုတ်တရက် ကြုံတွေ့  ရင်ဆိုင် ရလို့  ဖြစ်လာတဲ့  အနေအထားအပေါ်မှာ ကိုယ့် ရဲ့ အတ္တက.... ကိုယ့် ဖက်ကိုယ်သာ ဦးစားပေးတွေးမိတဲ အတ္တသဘောလဲ ဖြစ်သွားနိုင်သလို သူများရဲ့  ဒုက္ခအပေါ်မှာ ခံစားချက်က အရမ်းကို ဖီးလ် ၀င်သွားပြီး မူလက ကိုယ့်  ကိုယ်အပေါ်မှာသာ အခြေပြုတဲ့  ခံစားမှု့ ကနေ အများအတွက် ကိုယ့် ဘ၀ဖြစ်တည်နေမှု့ တွေထက် ပိုဆိုးနေတဲ့  ဒုက္ခသည်တွေအတွက် နိုင်ငံတော်အတွက် ကိုယ့်  ဘ၀ကို ချကျွေးရဲတယ် ဆိုတဲ့  ဖီးလ် အဖြစ်လဲ ချက်ချင်းပြောင်းလဲချင်ပြောင်းလဲသွားနိုင်တယ် ဆိုတာ သေခြာ လေ့ လာရင်ပေါ်လာတာမျိုးပဲ..
ဆိုလိုတာကဗျာ လူတစ်ယောက်ရဲ့  ဖီလင်က အချိန်မရွေး ပြောင်းလဲသွားနိုင်တယ် သဘောဘောလေးပေါ့ နော်....ချစ်ရလွန်းတဲ့  အမေ အဖေ ဂန့် သွားလို့  ကြေကွဲလွန်းလှချည့်  ဆိုပြီး ဂန့် သွားတဲ့  အမေ အဖေနောက်ကို အတူတူ လိုက်ပြီး ကိုယ့်  အသက်ကို မစွန့် လွှတ်ပေမယ့်  ကိုယ့်  ညီအစ်ကို မောင်နှစ်မတွေအတွက် ကိုယ့် ရဲ့ ရင်သွေးတွေ ကိုယ့် ရဲ့ အိမ်ထောင်ဖက်အတွက် ကိုယ့် ရဲ့  နိုင်ငံတော်အတွက် ကိုယ့်  ယုံကြည်ရာ အယူတွေ အတွက် ကိုယ့်  အသက် (၀ါ) ကိုယ့် ဘွ ကို ကိုယ့်  စွန့် လွှတ်ပေးဖို့  ၀န်မလေး ဆိုတဲ့  လူတွေလဲ သမိုင်းစဉ်မှာရော ဒီနေ့ မျက်မှောက်ခေတ်မှာပါ တွေ့ နေရတာ....လူ့ စိတ်ရဲ့  ဖီလင်တွေဟာ သိပ်ထူးဆန်းသလို တစ်ခါတစ်လေ တွေ့ ဘူးယုံ သိဘူးယုံ သူ့ ရဲ့  စာတစ်ပုဒ်လောက် ဖတ်ဖူးယုံ သူ့ ရဲ့  အပြုအမူ တစ်ခုလောက် တွေ့ မြင်ဘူးယုံမျှ နဲ့  ..သူဟာ ဘယ်လို လူစားပါလို့  ပုံသေ ပြောရခက်လှတယ်ပေါ့ နော့် ...........။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..