'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, December 26, 2015
ကုန်ကြမ်း
ကုန်ကြမ်း
---------
တစ်ချို့ ကိစ္စတွေမှာ ပိုတုံးသွားပြီး တစ်ချို့ ကိစ္စတွေမှာ ပိုထက်လာတယ်
တစ်ချို့ အမြင်တွေမှာ ပိုမှုန်သွားပြီး တစ်ချို့ အမြင်တွေမှာ ပိုကြည်လာတယ်
တစ်ချို့ ကိစ္စ အမြင်တွေမှာ အဓိက နဲ့ သာမည နေရာချိန်းသွားတယ်
တစ်ချို့  ကိစ္စတွေမှာ ကိုယ့် ကိုယ်ကိုယ် လိုသေးနဲ့  ကျွံနေပြီလို့  မြင်လာတယ်
အသက်ကြီးခြင်းငယ်ခြင်းထက် ဥာဏ်ပညာ ကြီးခြင်း ငယ်ခြင်းသဘောကို အာရုံပိုကျသွားတယ်
အရေခွံတွေထက် အတွင်းနှလုံးသားကို ပိုခံစားပေးလာတတ်တယ်
တစ်ချို့ ကိစ္စတွေမှာ မူလရည်ရွယ်တွေကနေ သွေဖီသွားတယ်
စာတွေစာတွေ ရေးပါများ စာတွေထဲက ဇာတိပြ သဘောတွေထပ်ရလာတယ်
တအောကြီး စာတွေ ရေးလွှတ်နေတာလဲ အဓိပ္ပါယ်တစ်ခု ဖြစ်လာသလို
ဘာစာမှ မရေးတာကလဲ အဓိပ္ပါယ်တစ်ခုပဲ ဖြစ်တယ်ဆိုတာမြင်သာလာတယ်
တစ်ချို့ ..
တစ်ချို့ ...
....ဟဲဟဲ...စိတ်ကူးပဲလိုတယ် တလောကလုံး ကုန်ကြမ်းချည်းပဲ......ငိငိ.။
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..