Powered By Blogger

Sunday, May 3, 2015

ကုန်သလောက်ရှိမှ ယတြာခြေမလို့ တဲ့ .

 ကုန်သလောက်ရှိမှ  ယတြာခြေမလို့ တဲ့ .................

ဒါဟာ ဘောစိတစ်ယောင်အကြောင်းပါ  သူ နဲ့  က အရင်  ၃ နှစ်လောက် က လမ်းကြုံအဖေါ်ကောင်းလို့  တစ်ခါ ဆုံခဲ့ ဘူးပါတယ်...အဲတုန်းက သူဟာ အသက် ၅၀  တနင်္လာသက်ရောက်နေတဲ့ ကာလပါ...တနင်္ဂနွေသားပေါ့ ....သူ့ အသက် ၄၆ နှစ် ကြာသာပတေးသက်ရောက်ကနေပြီး..စ စီးပွားဖြစ်လာတာ  ၅၀မှာ...သိန်းပေါင်း သောင်းဂဏန်း လောက် ချမ်းသာနေပါပြီ...ပိုက်ဆံရမယ့် ဟာ အကုန်လုပ်ရင်းက  ကားမှာ တအား ရလိုက်ပါတယ်...ဂျင်လည်း ထောသွားပါတယ်...ကျနော်နဲ့ တွေ့ တဲ့ အချိန်မှာ ဘယ်သူ့ မှ လူမထင်တော့ ဘူးပေါ့ ..ဒါနဲ့  သူက အပျင်းပြေ လေး ဗေဒင်ကြည့် ပါတယ်..တကယ်က  ဗေဒင်မပြောနဲ့  ဘာသာရေးတောင်  သိပ် ယုံတာမျိုး မဟုတ်ပါဘူး ငါ လုပ်ရင်ဖြစ်တယ်  ဆိုတဲ့  စတိုင်ပေါ့ ......

ကျနော်ကတော့   ထုံးစံအတိုင်း  တနင်္လာ ပြီးလို့   ရှေ့  လာမယ့်  ၅၁၊၅၂၊ ၅၃၊ ၃ နှစ်ဟာ ဂြိုလ်မကောင်းလို့ စီးပွားထိမ်းနှစ်သာအဓိက ဖြစ်တယ်...တိုးဖို့ အဓိကမဟုတ်ဘူး....၅၁ ဟာ စီးပွား တက်မယ် ထင်လို့  စွတ်တွန်းတဲ့  တနင်္ဂနွေတွေဟာ ပြာနှမ်းလောက်အောင် ငွေ တွေ ဆုံးရှုံးတတ်တဲ့ အကြောင်း...၅၂ မှာ..ငွေတင်မက  ကျမ္မာရေးရော  အိမ်ထောင်ရေးပါ ပတ်ထိပြီး ၅၃ မှာအဆင်မသင့် ရင် အမှု့ ပါစောင့် နေမှာ ဖြစ်တဲ့ အကြောင်းပြောတော့   တစ်ခုမှလည်း မကောင်းပါလားတဲ့ ....မဖြစ်နိင်ဘူး ထင်ပါတယ်တဲ့ ကျနော်က ..ဒါဟာ ဂြိုလ်သဘာဝသာဖြစ်ပြီး  အဲဒီ ဂြိုလ်တွေ မဖြတ်ခင်ယုံနိင်စရာ ရှိမှာမဟုတ်တာကို  နားလည်နိင်ပါတယ်...ကျနော်တို့ က၅၁ကနေ ၅၃ နှစ်ကြား ဖြတ်သွားဘူးတဲ့ တနင်္ဂနွေတွေအများကြီးကြုံခဲ့ ဘူးတာပါလို့   ပြန်ပြောရင်း သူလည်း လှောင်ပြုံးလေးနဲ့  လစ်သွားပါတော့ တယ်.၊( သူ့ ကိုမကောင်းမှု့ တွေပိုသတိပေးမိတာဟာ သူဟာ လောင်းကစားဝါသနာပါပုံရသလို ကိုယ့် ဟာကိုယ် ဥာဏ်ကြီးသူ စီးပွားရေးကိုကောင်းကောင်း တွက်ချက်တတ်သူ လို့ အထင်ရောက်နေပုံရတယ်လို့  ထင်မိတာလည်းပါပါတယ်..

နောက် ၃ နှစ်လောက်အကြာမှာတော့  သူဟာ ကျနော်ဆီပြန်ဝင်လာပါတယ်....ဒီတစ်ခါဝင်လာတာတော့   လမ်းကြုံမဟုတ်တော့ ပါဘူးသက်သက်ကို လာခဲ့ တာပါတဲ့ ......သူပြန်လာတော့   ၅၃ နှစ် ပြည့် ခါနီးပါ ပြီ...ကျနော် ဘာမှမပြောရသေးခင်သူကဘဲစပြီး...လွန်ခဲ့ တဲ့ ၂ နှစ်ကျော် လောက်  သူအသက် ၅၀ တုန်းက  ဒီကိုတစ်ခေါက်ရောက်တုန်းက  ဟောလိုက်တာတွေဟာ အဲတုန်းက လုံးဝ လက်မခံနိင်ခဲ့ ပါဘူးတဲ့ ..ဒီလောက်သူ့ မှာ ချမ်းသာနေတာ  အဲဒီလို ဖြစ်သွားမယ်လို့  မထင်ခဲ့ ဘူး  သူ ဟာ ခု ကားမှာလည်းအကြီးအကျယ် ရှုံးသွားတယ်၊မိန်းမလဲ အိမ်ကဆင်းတယ်...ကားစာချုပ်အတုနဲ့ မိလို့  အမှု့ ဖြစ်ခဲ့ တယ်..တဲ့ ...ခုတော့ သူ့ မှာ အခြေ အတော်ပျက်သွားလို့  ယတြာခြေလို့  မရဘူးလားတဲ့ ....ဆိုလာပါတယ်........ဒီတော့ ကျနော်က  အရင်လို ပြန်ဖြစ်အောင် ယတြာတော့  မလုပ်တတ်ပါဘူး..ဒါပေမယ့် ..ရှေ့ လာမယ့်  ဂြိုလ်တွေကပြန်အဆင်ပြေနိင်ခြေရှိလို့   ယတြာနဲ့   နဲနဲ ပံ့ ပိုးလိုက်ရင်..အကွက်အကွင်း ကောင်းလေးတွေပြန်ရနိင်လို့   အသက်ရှု တော့ ချောင်မှာပါလို့ ပြန်အားပေးရင်း....လုပ်စရာရှိတာလေးတွေလုပ်ပေးခဲ့ ရပါတယ်.....................


ဒီဇာတ်လမ်းမှာ  ဆိုလိုတာက..စီးပွားရှာစားရတာ မကောင်းတတ်ဘူးလို့  ဆိုတဲ့  ဂြိုလ်တွေအကြောင်းကို  ကြိုသတိပေးရင်  အဲဒီဂြိုလ်ကိုမရောက်သေးတော့ လက်ခံနိင်စရာယုံနိင်စရာမရှိပါဘူး .....သူတို့ မှ  မရောက်ဘူးသေးလို့ ဆိုတဲ့ သဘောကြောင့် ပါ ..ကျနော်တို့ က သူတို့ လို လူတွေတစ်ပုံကြီး သူ့ ရှေ့ မှာတွေ့  ခဲ့ ပြီးမှ မဖြစ်သင့် တာ မဖြစ်ထိုက်တာ၊၊မကုန်သင့် တာ မကုန်ရအောင် သတိပေး တဲ့ အခါလက်မခံနိင်ခဲ့ ပဲ၊ ဒီလို  ပစ္စည်းဥစ္စာ ကုန်ခန်းပြီးမှာ ပြန်တွေ့ လို့  ဗေဒင်မှန်ကြောင်းပြောတော့ ....ဒါဟာ  ဗေဒင် မှန်တာမဟုတ်ဘူး...ဗေဒင်မှန်အောင် လူက လုပ်ခဲ့ တာ...ကံမကောင်းရင် ဒီလိုဖြစ်တတ်တယ်ဆိုတာ ကိုယ်ကြိုသိခွင့် ရခဲ့ သားနဲ့ ...ကိုယ့် ရဲ့  ဇွတ်ကြီး ကိုယ့်  ကိုယ် ကို ဥာဏ်ကြီးသူ အတွက်အချက်တော်သူ ဖြစ်လို့  ဘယ်တော့ မှ ကံမဆိုးနိုင် ဆိုပြီး အစွန်းရောက်ယုံကြည်နေ မှု့ က ကိုယ့် စီးပွား ပျက်စီးစေတာသာဖြစ်ကြောင်း ရှင်းပြလိုက်ရပါတယ်နော်..

တနင်္ဂနွေသားသမီး အသက် ၅၁ ဟာ အင်္ဂါသက်ရောက်၊ ၅၂ဟာ ဗုဒ္ဓဟူးဂြိုလ်သက်ရောက် ၅၃ဟာ စနေဂြိုလ်သက်ရောက်ပါ...သုံးနှစ်ဆက်တိုက် လောကဓံအညံ့  ကြုံတဲ့ သဘောပါ...စီးပွားတက်ရင် အသက်ကိုရန်ရှာတဲံ့ ရောဂါမျိုးတွေ မိသားစုကို ပြဿနာပေါင်းစုံ ဖြစ်စေတဲ့  သဘောပိုရှိလာတတ်ပါတယ် တစ်ခါတစ်လေ တနင်္ဂနွေသားကို တိုက်ရိုက်မထိပဲ သူ့ မိသားစုထဲက ကံမကောင်းသူတွေကို လှည့် ပတ်ထိခိုက်သွားတာမျိုးလည်းဖြစ်တတ်ပါတယ် ဒါမျိုးကိုတော့  သွယ်ဝိုက်ရစ်တာလို့ ဆိုကြပါတယ်

သဘောက လောကဓံ အကောင်းတွေအညံ့ တွေသဘောကြုံရတာမှာ တိုက်ရိုက်လာခြင်းသဘောနဲ့ သွယ်ဝိုက်လာခြင်းသဘောတွေ ရှိတတ်တယ်ပေါ့ လေ..

မဟာဘုတ်ရဲ့  မရဏ အိမ်ရဲ့ သဘော...

မဟာဘုတ်ရဲ့  မရဏ အိမ်ရဲ့ သဘော...
===========================
အများထင်တာက မရဏ ဆိုတာနဲ့  မကောင်းတော့ ပါဘူး ဆိုပြီး ပုံသေ ယူလိုက်တတ်ပါတယ်....ဒီလိုင်းက မဟာဘုတ်မှာတော့  ဒီလို ပုံသေ ခံသာခံလိုက်ပေတော့ လို့  ယူတာမျိုးမဟုတ်တော့ ဘဲ ဒီမရဏ ကို ကိုယ်က ဘယ်လိုဆက်ဆံရင် အဆင်ပြေမလဲ လို့  အသုံးပြုတဲ့ သဘော...သူကို ပြောင်းလဲ လို့ မရ ရင် မိမိကိုယ် မိမိပြောင်းလဲပစ်ပြီး ဒီမရဏနဲ့  ဆက်ဆံလက်တွဲသွားရမယ့် သဘောကို တည်ဆောက်ပါတယ်....

ပြောရရင် မိမိမွေးမဟာဘုတ် မရဏဂဏန်းဟာ သူ့ ဆီက ရဖို့  မဟုတ်ဘဲ ပေးဆပ်ခြင်းသဘော နဲ့ ဆက်ဆံတတ်မှ သာ မရဏဂဏန်းကရော ကျန်မဟာဘုတ်အိမ်က ဂဏန်းတွေဟာ အကောင်းသဘောနဲ့ အသက်ဝင်ပြီး၊ မိမိမဟာဘုတ်အိမ်က ဂဏန်းကို သူ့ ဆီက အယူနဲ့ သွားဆက်ဆံရင် မရဏဂဏန်းကရော ကျန် မဟာဘုတ်အိမ်ကဂဏန်းတွေဟာ အဆိုးသဘောနဲ့  ပြန်တုန့် ပြန်တတ်တာကို ဆိုလိုပါတယ်...။

''..အိမ်ရှင်း ယတြာ''(၁)+(၂)



''..အိမ်ရှင်း ယတြာ''(၁)+(၂)

 ''..အိမ်ရှင်း ယတြာ''(၁)

ပထမဆုံး  အခါ ရွေးပါတယ်......ပြက္ခဒိန်က ရက်ရာဇာ၊ ပြဿဒါး၊အမြိတ္တစုတ်ရက်၊သမားညိုဖြူ ဘယ်လိုတွေပါပါ........ကျနော်တို့ အဓိကရွေးမှာက.....အိမ်ရှင်၊ အခန်းရှင်၊ ရဲ့  နေ့ သား....။   ပြီးရင်  အဲဒိ့ နေ့ သား ရဲ့   နေ့   မနက် ၉နာ၇ီကနေ   ၁၀နာရီခွဲ ကြားကို ရွေးပါမယ်....(ဒါကို  နေ့ သား န၀င်းရောက်ချိန်လို့ ခေါ်ပါတယ်)...ဥပမာ....တနင်္ဂနွေ အိမ်ထောင်ဦးစီးဆိုရင်   တနင်္ဂနွေနေ့   မနက်၉နာရီကနေ ၁၀နာရီခွဲကြား ..ဖြစ်ရပါ မယ်...တနင်္လာ.အင်္ဂါ...အကုန်ဒီအချိန်ပါ..................။
(န၀င်းချိန်ဆိုတာ မင်္ဂလာ ရှိတဲ့  အလုပ်တွေ လုပ်ရင် အကောင်းဆုံးအောင်မြင်တဲ့  အချိန်ကို ဆိုလိုပါတယ်.....ဒါပေမယ့်  မတရားမှု့ တွေသွားလုပ်ရင် အကြီးအကျယ်ဆိုးကျိုးပြန်ပေးပါတယ်)..။


၁။။(အိမ်ရှင်းဖို့  အိမ်ထောင်ဦးစီး ခေါင်သူကြီး ရွေး နံကောက်နည်း.....။)

ခေါင်သူကြီးရွေးရာမှာ စီးပွားအဓိက ရှာပေးသူကို ရွေးတာမဟုတ်ဘဲ....ဒီမိသားစုမှာ လူ့ အဖွဲ့ အစည်း  စည်းမျဉ်းအရ  စီနေရာ ပါဝါ အကြီးဆုံး လူ နေ့ သားနဲ့ ရွေးပါတယ်....ဥပမာ  မိဘ ၂ ပါးမှာ..အဖေ့ နံဦးစားပေး..၊  မိဘအို လို့ ဒီအိမ်မှာ သားသမီးစီးပွားဦးဆောင် လုပ်နေထိုင်ရင်လည်း မိဘနဲ့ ဘဲ အဖေရှိအဖေ အဖေမရှိရင်မအေ..ပါ၊မိဘ ၂ ပါးလုံးမရှိလို့  သားသမီးတွေ စုပေါင်းနေရင် သက်ဦး သားသမီးနံနဲ့ ပါ(သူ့ ဟာသူအရက်မူးမူးနေနေပါ)လင်မယား အခန်းသစ်ပြောင်းရင် လင် နေ့ နံနဲ့ ပါ..(လေဘဲဖြတ်နေနေ သူက ဦးစီးပါဘဲ)..၊လင်မရှိရင် မယားနံပါ.၊နောက်အိမ်ထောင်ပြုရင်နောက်ယောက်ျား က ဦး စီးဖြစ်သွားလို့ သူ့ နံကောက်ရပါမယ်....တစ်ဦးတည်းဆိုရင်ကိုယ့် နံပေါ့ လေ....။....(ရ လောက်ပါပြီနော်).................။

 ၂။။။အသုံးပြုရန်  အရွက်အညွန့်   ပစ္စည်းများ ရွေး ချယ်ပုံ..................၇ နေ့  သား သမီး  အရွက် ၇ မျိုးပါ...................
တနင်္ဂနွေ..(မရမ်း၉ရွက်၊ ဒါမှမဟုတ် သစ္စာအရွက် ၉ ရွက်ပါ)။
  တနင်္လာ.......(သပြေ ၁၁ ညွန့် (သို့ )  သြဇာ ၄ ညွန့် )။
အင်္ဂါ...............(ခရေ ၆ညွန့်    (သို့ )  အုန်းပန်း ၁ခက်)။
ဗုဒ္ဓဟူး............(စပ္ပါယ် ၈ ညွန့်  (သို့ ) ကသစ် ၈ ညွန့်  )။
 ကြာသာပတေး...( စွယ်တော် ၁၀ရွက်  (သို့ ) ကျီးအာ ၃ ညွန့် )။
 သောကြာ............(ပိတောက် ၁၂ ညွန့်  (သို့ ) ဇော်ကြား ၅ ညွန့် )။
 စနေ...................(မာလကာ  ၇ ညွန့်   (သို့ ) သင်အူ ၆ ညွန် )


.၃။။။.စတင်ခြင်း............။အိမ်ထောင်ဦးစီး ဖြစ်တဲ့ နေ့ သားဟာ  အပေါ်က ဆိုင်ရာ အရွက် ၁ မျိုး စီနဲ့  စပ်ထားတဲ့ ရွှေရည်ငွေရည်အမွှေးနံ့ သာရည်တွေနဲ့ စိမ်ပြီးအိမ် တစ်ခုလုံးကို  အဲဒိနေ့ သားရဲ့  န၀င်းချိန်မှာ ပက်ဖြန်း ပေးရပါတယ်.  (အရမ်းရွှဲ နေစရာမလိုပါ..)ဥပမာ...တနင်္ဂနွေသား အိမ်ထောင်ဦးစီး အိမ်အတွက်...သစ္စာပန်းအရွက် ၉ ရွက် နဲ့   ဖြန်းပေးရမဲ့ သဘောပါ..။ဖြန်းတဲ့   အခါမှာ အရွက် နဲ့ ပက်ပုံမှာ တံမျက်စီး ခပ်သလို မပက်ရဘဲ  လက်ပြန်ရိုက်သလို လက်ခုံ ပင့်  ပင့် ပြီး ဖြန်းပါ။

 ၄။။။ ရွှေရည်ငွေရည် စပ်ပုံ..................

.ပထမ  ဖလားတစ်ခုထဲ  ရေ  အနေတော် ဖလား၏၃ပုံ၂ပုံထဲ့ ပါ....ပြီးရင်  ဘုရား က ရွှေဆိုင်း ၉ ချပ် ဖျော်ထဲ့ ပါ....ပြီးရင် ငွေအကြွေစေ့  တစ်မျိုးမျိုး၉စေ့ ...(ရွှေလက်စွပ်ဆွဲ ကြိုးနဲ့  ကျပ်စေ့ မတ်စေ့  စသဖြင့် ၁ စေ့ လဲအစားထိုး သုံးလို့ ရပါတယ်).......ထဲ့ ပြီးလျင်......ရေမွှေးရေ ညှစ်ထဲ့ လိုက်ပါ...ပြီးလျင်  ကိုယ် နဲ့ ဆိုင်ရာ အရွက် ထဲ့ လိုက်ပါ..............၊  ပြီးလျင်...ပစ္စည်းစုံပြီ ဖြစ်၏......စုံပြီဆိုလျင်  ၎င်း..ဖလားကိုကိုင် သရဏဂုံ၃ ပါးကို ဥုံခံ၍...၃  ခေါက်မန်းလိုက်ပါ........ပြီးလျင်......အိမ်ရှင်း လို့ ရပါပြီ...။

 ၅။။။အိမ်ရှင်းရာတွင်....စောစောက ရွှေရည်ငွေရည် အရွက်များနဲ့ ...ပထမ  အိမ်ဘုရားစင်တစ်ဝိုက် ပက်ဖြန်း ရပါမည်....ပြီးလျင်...အိမ် နောက်ဖေးမှ.အိမ်ရှေ့  အ၀  အထိ ဖြန်း ရပါမည်...(အပေါ်ထပ် ရှိရင် အပေါ်ကစပါတယ်)..(ပြီးမှအောက်ထပ်ဆင်းပါတယ်)။

 ဖြန်းရာမှာ...ကိုယ်ရရာ ဘုရားစာ တစ်ခုခု  စိတ်က ရွတ်၍ ဖြန်းနိုင်သည်.....ဖြန်းသူသည် ကာယကံရှင် မှ သာ ဖြန်လို့ ရတာမဟုတ်သွေးသား အရင်းအခြာ မိသားစုဝင်ဘယ်သူမဆိုက ဖြန်းပေး၍ ရပါသည်။(တစိမ်း အိမ်အကူကိုမခိုင်းရ)။

 အိမ်ဝ မှာနောက်ဆုံး အဆုံးသတ်ပြီး ပိုတဲ့ အရည်ကိုသွန် အရွက်တွေကို  အိမ်ဝမှာ ပရိပ်ရွတ်ပြီးချည်သလို ခေါင်းရင်းမှာ ချည်ထားလိုက်ယုံပါ..။

ဖလားမှ အကြွေစေ့ များနောက်အပါတ်ဆက်သုံးရန်သိမ်းပါ  (ဒီအတိုင်းဖြန်းခြင်းကို ၃ ပါတ် လုပ်လျင်  အိမ်ကံကြမ္မာ သန့် စင်သွားပါပြီ)

 အထက်ပါနည်းဟာ  မူလ  ရည်ရွယ်ချက်သာ မက...ဘယ်အိမ်ဖြစ်ဖြစ် ၁လ တစ်ခါ...၃လ တစ်ခါ  လုပ်ပေးနိုင်ရင် အိမ်အမြဲ သန့် နေ တဲ့ သဘောပါ ရှိပြီး  သိပ်ကံဆိုးစရာတွေ မဖြစ်တော့ တဲ့ အပြင်   ဘာတိုက်ညာတိုက်တွေပါ ကာကွယ်ပြီး...ဖယ်ရှားပြီးဖြစ်  သွားပါတယ်..။

ပြီးတော့  ၀င်ဒါမီယာ အိမ်ကအစ လှိုင်သယာ အိမ်အဆုံး လုပ်လို့ ရတဲ့ နည်းပါ........

ဘာပွဲ ဘာ အိုက်ချလောင်းမှ မလိုပါဘူး.....အချိန်အခါ....အရွက်မှန်ရင် အောင်မြင်ပါပြီနော်.....။

အိမ်ရှင်းယတြာ'' (၂)
==================

ဒီယတြာက တော့  ၊..နေရပ်၊နေရာ၊ အချိန် အခါ အဆောက်အဦး ဒီဇိုင်း ဘာမှ ရွေးစရာမလို ..၊ ရုပ်ပွားတော် တစ်ဆူ  (သို့  ) ပလပ်စတစ်လောင်းထားတဲ့  ဘုရားဓါတ်ပုံ တစ်ခုရှိယုံနဲ့ တင်း အလွယ်ဆောင်ရွက်နိုင်ပါတယ်...၊

ပထမ  ရုပ်ပွားတော် (သို့ ) ဓါတ်ပုံကို ဖလားထဲ ထောင်ထည့် သီတင်းသုံးစေပါတယ် ၊ ပြီးတော့ မှ ဂုဏ်တော် ဖြစ်စေ  မိမိ တစ်သက်စွဲမြဲနေတဲ့ ဘုရားစာ တစ်ခုခု ဖြစ်စေ စိတ်က ရွတ်ဆိုပြီး  ဖြည်းဖြည်း ချင်း ရေ သပ္ပါယ် ပါ   ခွက်သေးသေးနဲ့  ၉ ခွက်ပေါ့ .....ချိုးရေတော်တွေဟာဖလားထဲကျသွားပါမယ်........ပြီးရင် ဘုရားကို သူ့ မူလ နေရာ မှာ  ပြန်ပူဇော်လိုက်ပါ  ၊

ဒီအခါမှာ ဖလားထဲမှာ ကျန်ခဲ့  တဲ့ ချိုးရေတော် များထဲ  ရေမွှေးရေ ညှစ်ထဲ့ ပြီး  မိမိ လက်နဲ့  အခန်းအနှံ့  စိတ်ထဲက ဘုရားစာရွတ် လိုက်တောက်ပေးရင် ရပါပြီ...........ဒီနည်းဟာ...အိမ်ရှင်းတင်မက   တရားထိုင် ရာအဓိဌာန်ဝင်ရာ  အဆောင်ခန်း မှာ  မိမိကုတင်မှာ စသဖြင့်  ၁ပါတ်၁ခါလောက် လုပ်လုပ်ပေးတဲ့ အခါ  စီးပွားသာမက  အတိုက် ရန် မနာလို ကျမ္မာရေးအတွက်ပါ  အကျိုးရှိထိရောက်လို့ ငွေမကုန်ဘဲ အဆင်ပြေပါတယ် ..နောက်ဆုံးသင်္ဘော သားတွေပါ ကိုယ့်  အိပ်ယာစင်မှာ လုပ်လို့  အလွယ်ဆုံးပါဘဲနော်။

အင်္ဂါသား၂ ယောက် နဲ့ ....ဂြိုလ် အင်အား.....ကျိမ်းကျေတာနဲ့ ကျိမ်းချေ ထားရတာ.။......

အင်္ဂါသား၂ ယောက် နဲ့ ....ဂြိုလ် အင်အား.....ကျိမ်းကျေတာနဲ့ ကျိမ်းချေ ထားရတာ.။......
----------------------------------------------------------------
...စပြီး ဗေဒင်ကိုတွက်တုန်းက  ကံ တွေရဲ့ သဘာဝကို အသေအခြာ နားမလည်တတ် သေးလို့ ကျိမ်းကျေတာနဲ့  ကျိမ်းချေ တာလည်း ကွဲကွဲပြားပြားမသိပါဘူးတစ်ခါမှာတော့ .....

 ပထမ အင်္ဂါသားတစ်ယောက် အထွန်းဖွားပါ...သူ့ အသက် ၂၇  ဟာ  စနေ ဂြိုလ်မှာ ဂြိုလ်အိပ်၁၀ နှစ်ရော  ၊ ၈ နဲ့ စားတဲ့  သက်ရောက်ပါထပ်နေတဲ့ အပြင်  အထွန်းဖွားဖြစ်ပြီး မဟာဘုတ် အရ စနေမရဏမို့  သူများ အင်္ဂါထက် ချွန်ပြီး  စနေ ၃ လုံး အညံ့  ဆင့် နေလို့  သတိထားဖို့ ပြင်းထန်တဲ့ သွေးထွက်သံယိုတွေလာဖို့ က သေခြာသလောက် ဖြစ်တယ်ပေါ့ လေ.......ပြီးတော့ အကာအကွယ် ဘာညာတွေကို ပြောပြလိုက်တာပေါ့ ၊ဒါနဲ့ ...သူနဲ့   ၂၈  နှစ်မှာ  တစ်နှစ် စာ ကံ ချိန် ရင်းပြန်တွက်တော့  သူ့ ၂၇  ဖြတ်သန်းမှု့ ကို ပြန်မှတ်တမ်းယူ တဲ့ သဘော မေးတဲ့ အခါသူဟာ ၂၇ ထဲမှာ ဘာမှ မှဲ့ တစ်ပေါက်မစွန်းဘဲ  ပိုက်ဆံပါဝင်ပါသေးတယ်တဲ့ ....ဗေဒင်က ပြောသလို အန္တရယ်မကျရောက်ပါဘူးတဲ့ ...

ကိုယ်လည်းဇဝေဇ၀ါနဲနဲ ဖြစ်သွားလို့  အဲတော့ မှ ထမေးမိပါတယ် ....အိမ်ထောင်နဲ့ လား လူပျိုလားလို့ လေ.....ဒီတော့ မှ သူက  သူမိန်းမရ တာ ၂၃ မှာပါတဲ့ ခု ထိတော့  ကလေးမရနိင်သေးပါဘူးတဲ့ ....မနှစ်က သူ့ မိန်းမ က ကိုယ်ဝန်ရှိ လာလို့ ဝမ်းသာမလိုရှိတုန်း အိမ်ရှေ့ လမ်းမ ထွက် ၂ ယောက်သား အသုတ်စားနေကြတာ...ကားက ၀င်ပွတ်လို့ ...သူ့ မိန်းမ ကိုယ်ဝန် နုနုလေး ပျက်ကျသွားတာ မှာ နေရာတင်သွေးကိုရဲ ပြီး  ကျလာတော့  ဆေးရုံပြေးခဲ့ ရပါသတဲ့ ...သူ့ တကိုယ်လုံးလည်း ကားပေါ်မှာ မိန်းမ ကို ပွေ့ ထားရလို့  မိန်းမရဲ့ သွေးတွေ ကိုရွှဲနေပါရော့ တဲ့ ......ဒါနဲ့  မင့် မိန်းမက အသက်ဘယ်လောက်   ဘာနေ့ သမီးလည်း လို့ ဆက်စပ်စုတော့ ...ကျနော်နဲ့  တစ်နှစ်ထဲမွေး လလည်းတူတူ တစ်ပါတ်ပဲကွာပါတယ် တဲ့...သူလည်းအင်္ဂါသမီးပါတဲ့ ဗျား.

မ၊သ၊ိကြ၊လျင်၊တွေး၊စ၊ဦး.၊..ကို လောကီပညာမှာ ပွားယူအသုံချပုံ။''

မ၊သ၊ိကြ၊လျင်၊တွေး၊စ၊ဦး.၊..ကို လောကီပညာမှာ ပွားယူအသုံချပုံ။''
========================================
''မ...နှင့် ...သိ...( ဂုရုတိုင်နှင့် သောကြာတိုင်)..။

မ=ကြာသပတေးနေ့  ဖြစ်သလို  အခါတိုင်ခေါ်အရ..ဂုရုတိုင်လို့ သုံးပါတယ်.....ဘုရားလောင်းပဋိသန္ဓေနေ ယူတဲ့  နေ့  ကို လောကီ အမြင်ဖက်က ကြည့် ရင်...လူ့  သဘာဝ သံဝါသ ပြုခြင်းသဘောတနည်းအားဖြင့်  ၊ ဘုရားလောင်းဝင်စားတဲ့ ဟာ သံသရာ မှာအနစ်နာခံခဲ့ မှု့ ပါရမီပြည့်  ၀တဲ့  နမိတ်သဘာဝအရာ ပြန်အကျိုးခံစားရတဲ့ သဘောအရ   ဒီ လူ့ လောကီဘက်ကိုယူရင် အလျော်အစားခံစားခွင့် ပြန်ရတဲ့ သဘာဝ အဖြစ် ဂုရုတိုင်ကို ဖွင့် ဆိုလိုက်တဲ့ အခါ.....အလျော်အစားတိုင်။လခူပျက်အကျင့် ပျက်တိုင် ဖြစ်သွားပါတယ်.....လက်ကြောတင်း ကိုယ်ကျင့် ကောင်းရင်ကောင်းကျိုးရပြီး လက်ကြောမတင်းအချောင် စား ကိုယ်ကျင့် ပါက်ရင် ပြန်ပြီးဆိုးကျိုးလာ မယ်လို့   မှတ်ရပါမယ်......အောင်မြင်ခြင်းတိုင်ထိပ်မှာ တနင်္လာနံ ငွေ ရှိပြီး....ခိုက်မှာ  ဗုဒ္ဓဟူးနံ လူ  ခိုက် ရှိပါတယ်....ဒါကြောင့်  ဂုရုတိုင်ကို အိုကေရင် ငွေဝင်ပြီး မအိုကေရင် လူ  ခံရမယ်ဆိုတာ ကို ဖွင့် ဆိုပါတယ်နော်...။ဒီဂုရုတိုင်မှာ...အများအားဖြင့် လောင်းကစားသမားတွေ ဖွန်ကြောင်သူတွေအတွေ့ ရများပြီး ထောမဲ့ လူနဲ့ မွဲတော့ မဲ့ လူတွေအများဆုံးတွေ့ ရမှာပါ..၊ လူခိုက်မို့ မတော်တဆမှု့ ဖြစ်မဲ့ လူတွေလည်းကြုံရတတ်ပါတယ်...ဘိုက်ကြီးသယ်တွေပါတွေ့ ရတတ်ပါတယ်။


သိ= သောကြာတိုင်.....ဖွားတော်မူနေ့ ပါ.....လူုလောကီ အလိုဘက်ဆွဲသွင်းတော့   ကလေးမွေးတော့ ပျော်ရတာပေါ့ ..လေ....ဒါကြောင့် အပျော်တိုင် သောကြ တိုင်လို့ သုံးပါတယ်....ဒါပေမယ့်  ဘုရားသာလျင်  မွေးမွေးခြင်း စကား ၃ ခွန်းပြော လို့  ထူး ခြား တဲ့ လူသား မွေးလာပေမယ့် ..တကယ့် လူ့ လောကမှာတော့   မွေးမွေးခြင်းစကားပြောလေ့ မရှိဘဲ..သူနဲ့  နီးစပ်တဲ့ ..စကားကြီးစကားကျယ်တွေ ပြောတတ်သူတွေဖြစ်နေလို့  ပရိယာယ်အရ  ထူးခြားသူအဖြစ်ကနေ  ရူးနှမ်းသူတွေ ဖြစ်ကုန်လို့ .....ဒီသောကြ တိုင်ကို  အရူးတိုင်  အပျော်တိုင်လို့ သတ်မှတ်လိုက်ပါတယ်အတိုပြောရရင်  ထူးရင်ထူး မထူးရင် ရူး  တယ်ပေါ့ လေ...ဒါကြောင့် သောကြာသားအများစုဟာ  စကားကြီး စကားကျယ် တွေပြောတတ်ပုံရတဲ့ သဘာဝလို့ ဆိုနိင်ပါတယ်..။ဒီတိုင်မှာ  အနံကြီး ကွင်းကျယ် စကားဆိုသူတွေ....အရမ်းပျော်ရတော့ မဲ့ သူတွေ   သေခြင်စော်နံအောင်ရူးခြင်စိတ်ပေါက်နေသူတွေတွေ့ ရပါတယ်....တိုင်ထိပ်မှာ  အင်္ဂါနံ  စိတ်  ရှိလို့ သမထ အောင်သူ ဆုတောင်းပြည့် သူတွေ လည်းပါသလို....ခိုက်မှာ....ကြာသပတေးအတွေးအခေါ်ရှိလို့   အစွန်းရောက်တွေးသူ  အပျော်ဖက်သွားသူ ပညာကောင်းကို အဆိုးလုပ်ပစ်သူတွေအများဆုံးတွေ့ ရမှာပါ...။

ငလျင်



ငလျင် တစ်ခါလှုပ်ရင် လန့် ပြီး ဒါလေး ဒေါင်းထားတာ အဲ့ တော့ မှ တစ်ခါ သတိရတယ်ဗျ...အေးသလောက်ရှိရင် မေ့ သွားပြန်ရော.ကိုယ့် အိမ် မပါသေးဘူးဟ ဆိုပြီး .ဟဲဟဲ ..အဲ့ ဂါထာစာရွက်ကိုတဲ့  ကျက်ထားပြီး အမြဲ ကြိုပြီး ရွတ်ပါတဲ့ ...အဟီးး မောင်နှမကျွေးမှု့ အမျိုးကျွေးမှု့ တွေများနေတော့  ငါးပါးသီလ ၅ ကြောင်းတောင် ဘုရား မကန်တော့ ဖြစ်တာကြာရင် စိတ်ကရွတ်ကြည့် တာ စီနေရာက မမှန်ချင်ဘူး..အဲ့ တော့ လည်းတဲ့  မိတ္တူဆွဲပြီး အိမ်ရှေ့ မှာကပ်ထားကြပါတဲ့ ဗျ...ညွှန်းတဲ့ သူက...အာ့ တောင် မိတ္တူ မဆွဲဖြစ်တာနဲ့  မကပ်ဖြစ်ပြန်ပါဘူးဗျား အဖြစ်က မနှစ်ကနဲ့ တောင် မတူဘူး.ဘယ်တူမလဲ အသက်က နောက်ကြောင်းပြန်မလှည့် ပဲ အိုတဲ့ ဘက်ပဲ သွားနေတဲ့ ဟာ.......ခ်.....

အဲ့ အတွက် သေခြင်းကို ကျေးဇူးတင်တယ်...




အဲ့ အတွက် သေခြင်းကို ကျေးဇူးတင်တယ်...
--------
မတူညီတဲ့ ခေါင်းစဉ်ကွဲတွေရဲ့  ယုံကြည်ရာဘက်တွေ မတူလို့ ဆိုပြီး ပြဿနာတွေ ထထ တက်ယုံတင်မကသေး.....

တူညီတဲ့ ခေါင်းစဉ်တစ်ခုကို အတူတူ ယုံကြည်တာတောင် ယုံကြည်တဲ့ ပုံစံခြင်း မတူလို့ ဆိုပြီး . ခေါင်းစဉ်တူပြီး စတိုင်မတူတဲ့ သူအချင်းချင်းတောင် ရန်ဘက် အသွင်ရှု့ မြင်ပြီး ပြဿနာတက်တဲ့ လောက...ဘာလွမ်းလောက်စရာရှိလဲ...

ကံကောင်းထောက်မလို့  ဘ၀ဖြစ်တည်မှု့ တစ်ခုရဲ့ လမ်းကြောင်းမှာ တစ်ချိန်ချိန်မှာ တစ်စုံတရာကြောင့်  မလွဲမသွေ သေဆုံးပေးရလိမ့် မယ်ဆိုတဲ့  သေခြင်းတရား ဆိုတဲ့ ခေါင်းစဉ်တစ်ခု အောက်မှာတော့  ရှင်နေတယ်ဆိုတဲ့ သူတွေ ယုံယုံ မယုံယုံ ငြင်းဆန်ခွင့် မရှိ ကျရောက်သွားတာကတော့  လောကကြီးကို ကျေးဇူးတင်တယ်..

တော်သေးတယ် အားလုံး အကျုံးဝင် ခေါင်းစဉ်တစ်ခုဖြစ်တဲ့ သေခြင်း ရှိနေလို့ ........အဲ့ အတွက် သေခြင်းကို ကျေးဇူးတင်တယ်...

ရာဟု ကိုလင်မယား၂ယောက် ပြိုင်တူဖြတ်တဲ့ အခါ..(အိမ်ထောင်းရေးဆိုတာ...)

ရာဟု ကိုလင်မယား၂ယောက် ပြိုင်တူဖြတ်တဲ့ အခါ..(အိမ်ထောင်းရေးဆိုတာ...)

---------------------------------------------------------------------------------

၁။ လင်က..၈၀ဖွား ၅ကြွင်းကြာသာပတေးသား ဘင်္ဂ ဖွား သဘောင်္သားပါ။ ခုတော့  ၃၄နှစ် ရာဟုသက်ရောက်ပါ..သဘောင်္လိုက်တာ သဘာရင့် ဖြစ်ပြီး ခုတော့ ကုန်းပေါ်မှာ၆လလောက် ဖရီးရိုက်နေပါတယ်..။(သူဟာသူ့ အသက် ၂၂ လောက်ထဲက စလိုက်လာသူပါ ၅ကြွင်းဖြစ်လို့  အိုတဲ့ အထိလိုက်ရမယ့် သူပါ)။


၂။မယားလုပ်သူကတော့   ၈၄ခုဖွား၁ကြွင်းဗုဒ္ဓဟူး မရဏဖွား ဆပ်ဆပ်ကျဲ  ယောက်ျားလုပ်စာစားနေ၊လင်ရဲ့ မိဘတွေနဲ့ သမီးအရင်းလောက်နီးနီအကျွမ်းဝင်သွားပြီး ချစ်ခင်မှု့ တောင်ရနေပါပြီ။ အခုအသက် ၂၈မှာ ရာဟုသက်ရောက် ဖြစ်နေပါပြီ။


၃။ ၂၀၁၀ ခုနှစ် က မိဘတွေ သဘောတူကြပြီး တင့် တောင်းတင့် တယ် ယူလိုက်ကြသူတွေပါ ရီးစားသက်တန်းကတော့ ကြာခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ထောင်သက်၃နှစ်ရပြီပေါ့ လေ ၊ပူတူတူးလေး ကတော့  မရသေးပါတဲ့ ..။


၎။ ဗေဒင်ဆရာဆီကိုရောက်လာရတာကတော့  လင်မယားကွဲမလိုလို ဖြစ်နေလို့ ပါ ။ လာတာကတော့  လင် ဖက်က မိဘ၂ပါးနဲ့  လင် ကိုယ်တိုင်ပါ...မယားက စိတ်တွေကောက်ကွေး သွားပြီးမိဘ အိမ်ဆင်းပြန်သွားတယ်လို့ ဆိုပါတယ်..၊ အကြောင်းအစကတော့ ထုံးစံအတိုင်း လင်သဘောင်္သား ကုန်းပေါ်မှာနားနေတုန်း အီစီကလီတွေလျှောက်လုပ်နေတာ မယားကနောက်ကလိုက်ချောင်းလို့ မြင်သွား ပြီး မယ်ကုဝဏ် လိုပေါက်ကွဲပြီး မိဘအိမ်ပြန်တော်မူသွားပြီး ကွဲမယ်ကွာမယ် လို့  လင် ကို ရာဇသံပို့ နေတယ်လို့ ဆိုပြီး လင်ကိုယ်တိုင် နဲ့  လင့် မိဘ ၂ပါးက သူတို့  ၂ ယောက်ကို မကွဲစေချင်ဘူးလို့  ဆိုလာပါတယ်။


ကိုယ် (သွယ်ဝိုက်) တွေ့ ကြုံခဲ့ ရတဲ့ မိသားစု ရဲ့  နာကျည်းမှု့ လောကဓံ ''..




ကိုယ် (သွယ်ဝိုက်) တွေ့ ကြုံခဲ့ ရတဲ့ မိသားစု ရဲ့  နာကျည်းမှု့ လောကဓံ ''..
=================================
ပြန်မတွေးမိအောင်အမြဲစိတ်ထဲက ကြိုးစား  မေ့ပစ်ထားခဲ့ တာပါ....ဒါပေမယ့်  ဘ၀တစ်ကွေ့ မှာ ကြုံလာရတဲ့ အခါ အပေါ် ရောက်နေသူက  အောက် ရောက်နေသူ ရဲ့ အနေအထား ကို မသုံးသပ်ဘဲ လွှတ်ကနဲ ပြောလိုက်တဲ့ စကားတွေ ဟာ အပြော ခံလိုက်ရသူအဖို  ဘ၀ တစ်သက်တာ မှာ  ဆူးကြီးကြီး နစ်မြုတ်ဝင်သွားသလိုခိုင်ခိုင်မြဲမြဲကြီး  မေ့ မရအောင် ခံစားလိုက်ရတဲ သဘောရှိတတ်ကြောင်း  ဆင်ခြင်နိုင်လို့ ရနိုင်အောင်...................။


ကျနော်တို မောင်နှစ်မ အုပ်စုတွေ မှာ မအေ မရှိတော့ တဲ့  နောက် ဖအေ ကြီးနဲ့  ဘ၀ခရီးဆက်ခဲ့ ပါတယ်..ဖအေကြီးဟာလည်း အသက်ရတော့  ကျောက်ကပ်ပျက်စီး သွားလို့  စက်နဲ့ မှန်မှန်ဆေးမှ အသက်ရှင်နေရတဲ့ အနေအထားကို ရောက်သွားခဲ့ ပါပြီ၊ ဒီတော့  မောင်နှစ်မတွေ  အကုန်လုံးဟာ ရှိသမျှ ခွန်အားတွေ  အကုန်သုံးပြီး ဖခင်ကြီး အသက်တစ်ရက်   ရှည်လည်း ကိုယ့် ဖအေပဲဆိုတဲ့စိတ်နဲ့  ကြိုးစားအလုပ်လုပ်ရင်း အလွန်ဈေးကြီးလှတဲ့  ဆေးကုသစားရိတ်ကိုရှာဖွေရင်း  ဆေးကုသပေးနေကြပါတယ်...


ဘယ်လောက်အထိ ငွေရှာယူရသလဲ ဆိုရင် တစ်သက်လုံး က ဥပဒေ နဲ့ မငြိအောင် နေခဲ့ သူတွေဖြစ်လျက်နဲ့  ဖအေကြီးအတွက် ဆေးကုသစားရိပ် ခုမိအောင်  ကြောက်ကြောက်နဲ့  မင်္ဂလာဈေးက တစ် ဆင့်  ယူပြီး နေ့ လုံးပေါက်ညလုံးပေါက် မောင်နှစ်မတွေ အလှည်ကျ ၀င် ထိုင်ပြီး ခိုးကူးခွေ တွေ ထောင်နဲ့ သောင်းနဲ့ ချီ ပြီး ထိုင်ကူးပေးခဲ ရ့ တဲ့ အထိ ရာဇ၀တ်မကင်းတဲ့  အလုပ် တွေ လုပ်ခဲ့ ရပါတယ်...အိမ်ရှေ့ က ရဲ ၀တ်စုံနဲ့  လူတစ်ယောက် သူ့ လမ်းသူဖြတ်လျှောက် သွားတာတောင်မှ ကိုယ့် မှာ လိပ်ပြာလွင့် မတတ် အကြောက် ပိုနေခဲ့ ရတဲ့ စိတ္တဇတောင် စွဲလုလုပေါ့ ...ဖအေကြီး အပေါ်ထားတဲ့  မေတ္တာ ကြောင့်  ဘေးမသီ ရန်မခ ခဲ့ ပါဘူး...။

''သုံးတန်ပေါ်နိစ္စပညာမှ နိစ္စ+ပြ ဆိုးကျိုး အတွဲ စတိ...''




''သုံးတန်ပေါ်နိစ္စပညာမှ နိစ္စ+ပြ ဆိုးကျိုး အတွဲ စတိ...''
------------------------------------------------------------
သုံးတန်ပေါ်နိစ္စပညာ တီးခေါက်မိထားသူတွေ အတွက် ရည်ရွယ်ပြီး သဘောတရား လေး ရေးလိုက်ပါသဗျာ...တွက်ထုတ်ပုံတော့  ရေးမပြတော့ ပါဘူး အဆင်သင့် တိုင်ထောင်ထားပြီးသား ကို သာ စတိ ရေးတာပါ...ကျနော်တို့  လိုင်း နဲ့ မတူပေမယ် လက်မလွှတ်ပါဘူး ဒီပညာကြီးကလည်း ကျယ်ပြန့် ပါတယ်..လိုအပ်တာလေး ဖဲ့ ဖဲ့  ယူသုံးတာပါ..အဟောမထုတ်ပါဘူး သတိထားစရာ တစ်ချက်အနေနဲ့ သာ ယူယူ သုံးတာမျိုးပါ.....အနဲဆုံးတော့  အပျင်းပြေပေါ့ လေ...ဟဲဟဲ...

ပထမ သတိထားရမှာက ဒီ နိစ္စပြကြိုးသဘောဟာ ဘာနေ့ သားသမီးကို အဓိက မဆိုလိုဘူးဆိုတာပါဘဲ...

အခု ပုံဆွဲပြထားတဲ့  တိုင်က စနေသက်ရောက် ဖြတ်တဲ့  သူတွေ အတွက် သုံးတန် ပေါ်နိစ္စပညာက လာတဲ့ တိုင်ထူထားတာပါ...အင်္ဂါဝိဇ္ဇာ တိုင်မဟုတ်ပါဘူး....စာမှာ နေရာ တွေကို အပေါ်ဆုံးကနေ အောက်ဆုံးကို ဒေါင်လိုက် ..ကျနော်တို့ အလွယ်မှတ်ပုံက အပေါ်ဆုံးကနေ အောက်ဆုံးကို ၀င်၊ ထွက်၊ ၀င်၊ ( မူလ) ၊၊ထွက်၊ နာ သေ ပျက် လို့ ပါ.....ဒါတွေမှတ်ရတာ ရှုတ်တော့  အဓိက အရေးပါတဲ့  နေရာလေးတွေ ကွက်ကျားမှတ် ယူထုတ်သုံး သာလုပ်ပါတော့ တယ်...ဒီအထဲက အရေးပါတဲ့  နိစ္စ ပြ ကြိုးတွဲ သဘောလေးအကြောင်းတီးခေါက်ပြပါမယ်....

ပုံမှာ ပြထားတဲ့ အတိုင်ဆို အပေါ်က စနေနံ (ပြ) နဲ့  အောက် နားက အင်္ဂါနံ (နိစ္စကြီး (၀ါ) နိစ္စ ကို မျဉ်းကြောင်းဆွဲလိုက်တော့  နိစ္စပြ ကြိုးတွဲဆိုပြီးရလာပါတယ်...ဒီကြိုးတွဲ
ပညတ်တွေဟာ စနေသက်ရောက် သမား နေ့ သားမှန်သမျှ တွေအတွက် အဖျက်သဘော အနှောက်အယှက်သဘော စိတ်ရှုတ်စေတဲ့ သဘောကို ဖြစ်တတ်စေတယ်လို့ ဆိုပါတယ်.......

နေကမ္ဘာ+လူ+လူ့ အဖွဲ့ အစည်း မိသားစု နိုင်ငံတော်....




နေကမ္ဘာ+လူ+လူ့ အဖွဲ့ အစည်း မိသားစု နိုင်ငံတော်....
------------------------------------------------------------
အခုရေးပြတဲ့  အတွေးအခေါ်သဘောဟာ ဟောဖို့  ယတြာခြေဖို့ မဟုတ်ပါဘူး..ဆြာတော်ခင်ကြီးဖျော်ရဲ့ အံ့ မခန်း ဥာဏ်ပညာကို ထင်ဟတ်ပြယုံနဲ့  တွေးနိုင်လေ နက်နဲလေသဘော၊ သာမန်ဗေဒင်သဘော အတွက်တင်မကဘူး ကမ္ဘာတစ်ခုလုံး နိုင်ငံတော်တစ်ခုလုံး ကိုယ့် မိသားစု ကိုယ့် ဘ၀ ဘာတွေ ဖြစ်နေသလဲ ကိုပါ ကျော်မြင်လာနိုင်ပါတယ်ဆိုတာ ကို တို့ထိပြတာပါပဲဗျာ...ဆြာသခင်က စတိပြောပြ အစထောင်ခဲ့ တာကို ကျနော်တို့ က ပြန်ချဲ့ တွေးပြတာပဲဖြစ်ပါတယ်...အနဲဆုံးတော့  ဖတ်ရတာ စိတ်ဝင်စားစရာ ကောင်းတဲ့  ဗဟုသုတသဘောပေါ့ ....အပျင်းတော့ ပြေလောက်ပါရဲ့ ဗျာ....ဟဲဟဲ...

''ဗုဒ္ဓတိုင်'' ကို '' လူတိုင်'' အဖြစ်နဲ့ ပုံစဖေါ်ကြည့် လိုက်ပါစို့ ဗျာ....''

လူတစ်ဦးချင်း (သို့ ) လူ့ အဖွဲ့ အစည်းတစ်ခုအတွင်း လူတွေဟာ....

''နာ''နေရာမှာ ရှိတဲ့  စနေ ဂုဏ်မာန ခံတတ်တဲ့ သဘော ခေါင်းမော့ နေလိုတဲ့ သဘော ၊ သူများဂုဏ်ကို ဖျက်လိုဖျက်စီးလုပ်လိုတဲ့ သဘော ၊ အတင်းအဖျင်းလုပ်လိုတဲ့ သဘော..မတော်လောဘသဘော ဖြတ်လမ်းကြံသဘော ၀မရှိပဲဝိလုပ်လိုတဲ့ သဘော

''အဂါ့င်္ဝိဇ္ဇာအင်းသဘော ''



''အင်္ဂါ့ဝိဇ္ဇာအင်းသဘော ''
-----------------------------------
သုံးစရာမလိုသေးလို့ ရယ် ၊ သုံးဖို့ စိတ်မလာလို့ ကြောင့် ရယ် ကြောင့် ကျယ်ကျယ်ပြန့် ပြန့်  မသုံးသေးပါဗျာ..ပုံမှာ ပြထားတာကို အညွန့် အင်းလို့ ခေါ်ပြီး တနင်္ဂနွေသား ကို နမူနာ ပြပေးပါတယ်..၊

တနင်္ဂနွေရဲ့ အညွန့် က တနင်္လာနံဖြစ်လို့  ၂ ဂဏန်း ဖြစ်ပြီး ကံ့ ကော်သား ကျွန်းသားတွေပေါ်မှာ ဆောင်ပန်းအညွန့်  အင်းအဖြစ် ကိုယ်မှာဆောင်ဖို့ သုံးတယ်၊ အညွန့် အင်းကို စီးပွားသဘော ကံပွင့် အဖြစ်ဆောင်ပါတယ်၊ ဂဏန်းရေးပုံက ဒါက ခေတ်ရေးနည်းပါ၊ အင်းဂဏန်းရေးပုံကရှေးပုံစံသတ်သတ်ရှိပါတယ်..ထောင့် ချိုးတွေရေးတာပါ။

မူတည် ဂဏန်းက တနင်္ဂနွေနံရဲ့  အပေါ် အညွန့် သုံးလုံးဖြစ်တဲ့  ၆+၂+၅= ၁၃၊ က ဆောင်ပန်း မူတည် ဖြစ်ပြီး ၊ နင်းကြမ်းက ၄+၇+၃=၁၄ ပေါ့ ၊ ၉ကွက်အင်း ကို မြင်းခုန်ကွက် သွားပုံနဲ့  သွားပါတယ်..အညွန့် အင်းဖြစ်လို့  ၂ တိုးသွားလို့  ၁၃၊၁၅၊၁၇ တွေဖြစ်ကုန်ပြီး ၊ နင်ကြမ်း အင်း ကတော့  စနေနံအသားထိန်သားထန်းသာ ပေါ်ဆွဲပြီး ၁၄။၂၁။၂၈ တွေဖြစ်ကုန်ပါတယ်..။ ၉ကွက်မြောက်အလယ်က အကွက်လွတ်မှာတော့  ပေးလိုသူရဲ့  နံ ကိုထည့် ပါတယ် တနင်္ဂနွေဆို ၁ ပေါ့ ။

ပုဏ္ဏမီသူ



ပုဏ္ဏမီသူ
--------
သူလေးက တောင်ဥက္ကလာပ ပုဏ္ဏမီအရပ်က သူလေးပါ..အရပ်အမည်လေးက လှသလို ပုဏ္ဏမီသူလေးတွေကလည်း ရန်ကင်းသူလေးတွေလို ချောမော လှပသူလေးတွေ ထွက်လာတာ များတယ်လို့  နာမည်ကြီးပါတယ်...သူနဲ့ ကျနော်ဆုံဆည်းခဲ့ တာက `RC 2 လို့ အခေါ်များကြတဲ့ လှိုင်နယ်မြေ တက္ကသိုလ်မှာပါပဲ..သူလေးတို့ က သူတို့ မြို့ နယ်နေ သဘောကြောင့်  ရောက်လာတာဖြစ်ပြီး ကျနော်ကတော့  `RC 2 ကိုသာ သွားတက်ချင်နေတုန်း နဲ့  ကိုယ်ဝါသနာပါတဲ့ မေဂျာကလည်း `RC 2 မှာသာရှိလို့  အတော်ပဲဖြစ်သွားပြီးရောက်သွားရင်းက ဆုံမိကြတာပါပဲ...

သူနဲ့ ကျနော် သိပ်ချစ်ကြတဲ့ ရီးစားတွေဖြစ်လာတဲ့ အခါ  ရီးစားတို့ ရဲ့ ထုံးစံအတိုင်းသူလာမယ့် လမ်းက ကားဂိတ်မှာ  ကြိုသွားစောင့် ပေးတာ သူပြန်မယ့် လမ်းက ကားဂိတ်ကို လိုက်ပို့ ပေးရတာဟာ ကျနော့် ရဲ့  အရေးအကြီးဆုံး အလုပ်တွေ ဖြစ်လာပါတယ်...။ စာသင်နှစ်ဝက်ကျော်မှ ခဲရာခက်ဆစ် နဲ့  ရခဲ့ တဲ့  ရီးစားဖြစ်လို့  နှုတ်အဖြေမှာတင် သိန်းထီဆုကြီးပေါက်သလို ၀မ်းသာနေတာရယ် မသာမာသူ ယှဉ်ဘက်ကြားလူတွေကြောင့်  အထင်လွဲပြီး လမ်းခွဲသွားမှာ အကြီးအကျယ်စိုးရိမ်
နေမိရာက သူ့ လက်ဖျားလေးကို တောင် မကိုင်ဝံ့ ဝံ ကိုင်ဝံ့ ဝံ့  နဲ့ မထိတထိလိုလို အမှတ်တမဲ့ ထိတိတိလိုလို ဘ၀ကတော့  ဖြစ်နေဆဲပါပဲ...

ငွေလည်ပတ်မှု့ အတွက် တြင်းန၀င်း အညွန့် လှုနည်းစတိုင်




ငွေလည်ပတ်မှု့ အတွက် တြင်းန၀င်း အညွန့် လှုနည်းစတိုင်
--------------
ရည်ရွယ်ချက်က တနင်္လာနံဆိုတဲ့ ငွေကြေး လည်ပတ်မှု့  ပိုအားကောင်းအောင် တြင်းန၀င်းစတိုင်နဲ့  အင်္ဂါနံ ဇီး(သို့ )ဇော်စိမ်း၈ရွက် အညွန့် လှုတာပါ..။ အခါတိုင်နဲ့ ချိန်လှုရင် တနင်္လာနေ့ မနက် ၉နာရီကနေ ၁၀နာရီခွဲကြား (သို့ ) အခါတိုင်မှာ တနလာံနံ န၀င်းရောက်ချိန် ဂုရုတိုင် (သို့ ) စိတ်ကူးပေါက်တဲ့ အချိန် ထ လှုတာပါ.

ငွေ အတွက်ရည်ရွယ်တာဖြစ်လို့  ကိုယ့် မွေးနံတွေ ကိုယ့် မဟာဘုတ်တွေ ဘာမှထည့် စဉ်းစားနေစရာမလိုပါဘူး၊ ဒီလှုနည်းဟာ နည်းပညာပိုင်းရှုတ်ထွေးတဲ့  ငွေန၀င်းပွဲနည်းပညာကနေပိုပြီး လူတကာလုပ်ရလွယ်အောင် နဲ့  အလုပ်ဖြစ်အောင်ချုံ့ ပြီး စဉ်းစားလုပ်ထားတဲ့ နည်းပါ။ လုပ်ခဲ့ တာ ၁၀စုနှစ်တွေတောင်ကျော်ခဲ့ ပါပြီ

မူလက ငွေထုထည်ကြီးတွေနဲ့ လည်ပတ်နေတဲ့ သူတွေ အတွက် တပွဲတိုးအဖြစ် ငွေဂျမ်းဖြစ်တဲ့ အခါ ပြောပြလိုက်တတ်ပေမယ့်  နောက်တော့  ကြုံရင်လိုရင်ပြောပြလိုက်ပါတယ်။

တြင်းန၀င်းဆိုတာ (အညွန့် နံ+တြိရန်း+စတုရန်း)= န၀င်းအင်အားရအောင် နံသုံးနံပေါင်းဓါတ်ဆင်တာပါ။ ဒွေးန၀င်းက အမြစ်အညွန်တို့ ပန်းယ တို့ လို ၂နံပေါင်းတဲ့ န၀င်းတို့ ပေါ့။ ။

''သားအမိသားအဖ ၃ ယောက် ရဲ့  ကံကြမ္မာကြိုး...''

''သားအမိသားအဖ ၃ ယောက် ရဲ့  ကံကြမ္မာကြိုး...''
--------------------------------------------------
မနှစ်ကအကျဉ်း ရေးဘူးတယ်။ ခုပြန်ရေးပြတာပါ...၊ လာတွက်နေကြ ယတြာလုပ်နေကြက သား ပါ...စိနလေးပါ အရမ်းချမ်းသာတဲ့ မိဘကမွေးလာတာပါ အပေါ်လွှာဝင်တွေပေါ့ ...အင်္ဂလိပ်ကျောင်းထွက်ဖြစ်ပြီး မောင်နှစ်မသုံးယောက်မှာ အကြီဆုံးသားကြီးသြရသ ဇြစ်ပါတယ်...ငွေချမ်းသာတော့  ပညာရေးကိုရပ်ပစ်ပြီး စီးပွားဖက် လိုက်သွားသူပါ အလွန်အကျွံ ချမ်းသာသူတွေအကျင့် အတိုင်း တွေ့ ကရာ စိတ်ကူးပေါက်ရာ ၀ယ်ချင်တာဝယ်သုံး နိုင်တဲ့ အခြေအနေ ပါ..

သူက ၁ကြွင်း တနင်္ဂနွေသားပါ..ငွေကိုသာယုံပြီး ဗေဒင်တွေ ဘာတွေညာတွေ ကိုမယုံခဲ့ ရာက ကျနော် ချိတ်ဆက်ပြတာတွေ နဲ့  အာလူးပေးတာတွေကိုသဘောကျ သွားရင်း သူ့ ကိစ္စ တွေ လာလာတိုင်ပင်လေ့ ရှိလာပါတယ်...ဒီလိုနဲ့  သူ့ အသက် ၁၈ နှစ်ထဲမှာ အယ်လ်ဇေးရှင်း ခွေးကြီး ၂ကောင်ကို ၀ယ်မွေးခဲ့ ပါတယ် တနင်္လာသက်ရောက်ဆိုတော့  ဂြိုလ်နဲ့ ကကွက်တိပေါ့ ...ကြေးအရမ်းကြီးပြီး သခင်ကိုချစ် သစ္စာရှိပြီး အသင်ခံလို့  သူတော်တော် သံယောဇဉ် ကြီးသွားတဲ့ ခွေးကြီးတွေ ဖြစ်သွားပါတယ်....

စကားလုံးတွေက အများကြီးနဲ့ 



စကားလုံးတွေက အများကြီးနဲ့ 
-------------------------
သရေမရှိတဲ့ ပွဲမျိုးမှာ မနိုင်ရင် ရှုံးတယ်...

ပွဲထက် ပွဲကြည့် လာသူတွေက ပိုစိတ်ဝင်စားစရာကောင်းတယ်

ဘာလို့ မကျေမလည်စိတ်တွေ ၀င်ပြီးကျန်ခဲ့ ကြသလဲ ဆိုတဲ့ 
စိတ် တွေကို လိုက်ဖတ်ရတာ ပျော်စရာတစ်မျိုးကောင်းတယ်...

အသီးသီးမှာ ကိုယ်ပိုင်အတွေးအမြင်တွေ ခံစားချက်တွေ ရှိနေတာကို မြင်ရတာ သဘောကျစရာ.....

ထောင်တန်းချ အချုပ်အနှောင်မရှိ အလုပ်ကိုမထိ ဘ၀ကို မစောင်းသွားစေနိုင် ငရဲမကြီးလောက်ဘူးလို့  ထင်ရင်

အသီးသီးဟာ လွတ်လပ်တဲ့ ခံစားချက်တွေ ပွင့် လင်းတဲ့ အတွေးအမြင်တွေကို
မမေးရပဲနဲ့ တောင် အလွယ်တကူပွင့် အံ့ ထွက်ကျလာကုန်တော့ တယ်..

''တကယ်တော့  အသီးသီးရဲ့ နှုတ်ဖျားက ပြောဖြစ်သွားခဲ့ တဲ့ စကားလုံးတွေထက်
အသီးသီးရဲ့ ရင်ထဲမှာ ပွင့် အံ့ ဖေါ်ထုတ်မပြောဖြစ်ခဲ့ တဲ့  စကားလုံးတွေက အများကြီးနဲ့ ....''

အလွယ်နည်းတွေ

အလွယ်နည်းတွေ
--------

ဗေဒင်နဲ့ စပတ်သက်ကတည်းက လူတွေရဲ့  ကံ လှည့် စားပုံသဘောတွေကို တစ်ထောင့် တစ်ညပုံပြင်တွေလို ကြားနာခဲ့ နေရတာ ခုထိပဲဆိုပါတော့  ၊ အဲ့ အထဲမှာ ဗေဒင်ဆရာက ခိုင်းလိုက်လို့  ယတြာခြေဖို့ အသွား လမ်းတင် ဒုက္ခတွေရောက်ခဲ့ ရပုံတွေကိုလည်း ကျော်မကောင်းကြားမကောင်းတွေ ကြားခဲ့ ရတာမျိုးတွေပါတယ်

ကဲ့ ရဲ့ စရာဖြစ်တာပေါ့ ..ဒီတော့  တော်ယုံနဲ့  တောင်သွားမြောက်လွှတ်တွေ လွယ်လွယ်နဲ့ မပြောတော့ ပဲ အိမ်တွင်းပြီးနိုင်သမျှပြီးတဲ့ ယတြာမျိးတွေကို အရင်စဉ်းစား
တဲ့ သဘောဖြစ်လာတယ်..ပြီးတော့  ကိုယ်တိုင်ကိုက ဘုရားတက်ယတြာခြေဖို့  ပျင်းရိတတ်သူဖြစ်နေတော့  သူများကိုလည်း ကိုယ်ချင်းတွေစာပြီး ပေါ့ ပါးလွယ်ကူထိရောက်နိုင်တဲ့ အိမ်တွင်းပြီး ယတြာမျိုးတွေကို ပိုစဉ်းစားဖြစ်သွားတယ်...။။

ခေါင်းဆေးမင်္ဂလာအလွယ်..

ခေါင်းဆေးမင်္ဂလာအလွယ်..
----------
မူလသဘောနဲ့  အသိများသဘောက နှစ်ဆန်းတစ်ရက်ကိုပဲ လုပ်တယ်...လုပ်တဲ့ အခါ တြိစတုကိုနင်းပြီး အညွန့် ကို တရော်ကင်းပွန်းစိမ်ပြီးခေါင်းစတိလျှော်တာ.. ကျက်သရေတိုးအောင်ပေါ့ ..ကျက်သရေမဲ့ တာတွေ ပပျောက်အောင်ပေါ့ ...ဥပမာ တနင်္ဂနွေဆို..ညာရွက်လှ ဘယ်ဇီး ကိုခြေမှာနင်း ကံ့ ကော် ကို တရော်နဲ့ စိမ် ပြီး ခေါင်းလျှော်တာ..နှစ်ဆန်း ၁ရက်နေ့  နေတက်ရေတက်မှာပေါ့ ..ပြီးရင် ကောင်းမှု့ တွေ ဆက်လုပ်ပေါ့ ...

ကျနော်တို့ က ဒါကို ချုပ်ချလိုက်တယ် အထက်ဆောင်ပန်း အောက်နင်းကြမ်းကိုပဲ ယူတော့ တယ်...ဆိုပါတော့  ကြာသာပတေး ဆို စွယ်တော်တွဲ လို့ ထားပါတော့ 
ဇော်စိမ်း ၈ ရွက်ကို တရော်နဲ့ စိမ်ထား ခြေဖ၀ါး ၂ဖက်မှာ ဒန်း (သို့ )ထန်း ၁၀ကို မျှနင်းထားပြီးခေါင်းလျှော်ပေါ့ .. (ဇော်စိမ်းကို တစ်ရွက်ချင်းဆယ်ပြီး သပ်ချတာ)
ပြီးရင် စွန့်  ရေဆက်ချိုး ပြီးရင်ကောင်းမှု့ တွေ ဆက်လုပ်ပေါ့ ...ဒါကို နှစ်ဆန်း ၁ရက်နေတက်ရေတက်မှာ လုပ်တယ်ပေါ့ ....

နောက်တော့  နှစ်ဆန်း ၁ရက်တင်မဟုတ်ဘူး လမရွေးလုပ်တယ် မွေးနေ့ မနက် ၉နာရီကနေ ၁၀နာရီခွဲကြားလုပ်တယ်..

နောက်တော့  ထပ်ချုပ်တယ် တရော်မထည့် တော့ ဘူး...ဆောင်ပန်း အညွန့်  ဇော်စိမ်းကို ရေစိမ်ချိုးတယ် ချိုးနေချိန် ချေဖျားမှာ ဒန်း တို့ ထန်းတို့ နင်းထားပြီးချိုးနေတယ်ပေါ့ ..ဒီနည်းက အညံ့ တွေ ဘူနေတာတွေ လာဘ်ပိတ်နေသလိုဖြစ်နေတာတွေ မိသားစု တိုက်ပွဲ အလုပ်ခွင် တိုက်ပွဲတွေကြားညပ် သလိုဖြစ်နေတာတွေမှာသုံးတယ် ထိရောက်တယ်....ဒါကို န၀င်းတစ်လုံး ကိုယ့် ဟာကိုယ် ရိုက်လိုက်တာလို့  ခေါ်တယ်...လုပ်ပါများရင် ကာဗာသိပ်ကောင်းလာတယ် ပိုသွားတယ်ရယ်လို့ မရိဘူး ဆိုက်အဖက်မရှိဘူး ဘေးကင်းတယ်...သန့် တယ် အရွက်လွယ်ရင် မခက်ခဲဘူး


မဟာဘုတ်မသိရင် နေ့ သားတွေရဲ့  အလယ်တွဲ အမြစ်အညွန့် မတွန့် စေရ အတွဲနဲ့  အမြစ်ခြေနင်း ဆောင်ပန်းရေစိမ်ချိုးတယ် ဥပမာ စနေဆို အုံး လက် ၆ ပိုင်း ရေစိမ် သီဟို ၆ရွက် (သို့ ) သီး ၆ညွန့် ကို နင်းရေချိုးတယ် နေ့သား က အခါတိုင် အပေါ်သုံးနေရာမှာရောက်နေချိန်ပေါ့ ...

ရေချိုးပြီး စွန့် ပစ်အရွက်တွေ ကောက်လွှင့် ပစ်ရင် သူများကို အကူအညီတောင်း ကောက်ခိုင်းတာကတစ်နည်း အဖေါ်မရှိလို့ ကွကိုယ် တစ်ပွေတည်းကျဲရပြီဆိုရင် ကိုယ့် အသားနဲ့ တိုက်ရိုက်မထိတော့ ပဲ ပလပ်စတစ်တို့ စက္ကူတို့ နဲ့ ညှပ်ကိုင်ပြီးအမှိုက်ပုံးထဲထည့် တယ်...
ပြီးတော့  ဒါဟာ အသက်အရွယ်မရွေး နေရာမရွေး လုပ်လို့ ရတဲ့ နည်းပဲ ...

မဟာဘုတ်တွေ ပြောခဲ့ သမျှ

မဟာဘုတ်တွေ ပြောခဲ့ သမျှ ဆင်းရဲမယ် ချမ်းသာမယ်က ဘယ်လောက်ဆင်းရဲမယ် ဘယ်လောက်ချမ်းသာမယ် မပါပါဘူး..သူပြောနေတာက ဘ၀ကို တည်တည်ငြိမ်ငြိမ်နဲ့  ဘယ်လိုဖြတ်သန်းမလဲ ဆင်းရဲနဲအောင် ဒုက္ခနဲအောင် ဘယ်လိုဖြတ်သန်းမလဲကို ပြောနေတာပါပဲ...ဘာကြောင့်  ဓနချမ်းသာ ဆင်းရဲကို မပြောရသလဲဆိုရင်
ဆင်ရဲချမ်းသာသဘောက ဓမ္မ အတိုင်းပါပဲ ...ဒါန= ဓန သဘောပါပဲ..လူ့ ဘ၀တစ်ခုဖြစ်တည်မှု့ ဟာ .ပစ္စုတ်ပန်ကံ အားထုတ်မှု့  + သံသရာဘ၀ကပါလာတဲ့ ကံ= အနာဂတ်ကံ သဘောပါပဲ။ သံသရာဘ၀က ဒါန အကျိုးပေးချိန် ကျရောက်လာတဲ့ အချိန်ဆိုရင် ပစ္စုတ်ပန်ဘ၀မှာ ဘာမှ လုံ့ လ၀ီရယတွေ အားမထုတ်ရသေးပဲ မွေးကတည်းက စီးတော်မြင်းရော ခိုင်းစရာလူရော ရွှေအိုးကြီးလေးလုံးပါ အတူတူ ပေါ်ပေးလာတာမျိုး သဘောပါပဲ...အကျိုးပေးချိန်မရောက်သေးရင်တော့  ပစ္စုတ်ပန်ဘ၀ရဲ့  ကိုယ်အားထုတ်နေတဲ့ ကံဥာဏ်ဝီရိယကိုသာ အားကိုးနေရမှာပါပဲ ဒီဗေဒင်က ပစ္စုတ်ပန်ဘ၀နေနည်းသဘောတွေကို ဥာဏ်နဲ့ ဖေါ်ထုတ်ချဉ်းကပ်သွားပြတာပါပဲ ဒီသဘောကြောင့်  ဆင်းရဲချမ်းသာကိစ္စတွေ မပြောတာပါပဲဗျာ...

ဘာကြောင့် ယတြာ အရေးပါလာ..

ဘာကြောင့် ယတြာ အရေးပါလာ..
----------
ဆိုတော့  လူတစ်ယောက် ဘ၀တစ်ခုရဲ့ အတက်အကျတွေ အပျော်တွေ ကြေကွဲစရာတွေ ဟာ ဘာကြောင့် ဆိုတာကို ဒီလို မဟာဘုတ်တွေ မတွန့် စေရကြိုးတွဲတွေ နေ့နံခိုက်တွေ န၀င်းစိတ်ဓါတ်တွေ စသဖြင့် ပေါ့ လေ..လမ်းမျိုးစုံက ချဉ်းကထောက်ပြလို့  အရင်ထက် မသိရခင်ကထက် ရိပ်စားမိလာပြီဆိုပါတော့  ပြင်နိုင်သလားဆိုတော့ ..?...ကိုယ်တိုင်ကအစ မလွယ်လှပါပေါ့ ...ဒီတော့  တတ်နိုင်ဘူး တတ်နိုင်သမျှ ကာစရာရှိတာ ကြိုကာမှပဲ ဆိုပြီး ယတြာ အကူယူရတဲ့  သဘောဖြစ်လာတယ်ပေါ့ ..

သဘောက..သွေးတိုးရှိတယ် ဒံပေါက်လည်းတီးချင်တယ် ဒံပေါက်တီးရင် သွေးတိုးမယ်မှန်းလည်းသိတယ် ဒါပေမယ့်  အာသာကလည်းမစွန့် နိုင်သေးဘူး...ဒီတော့  သွေးကျဆေးအားကိုးပြီး ဒံပေါက်ကို အလွန်အကျွံမဟုတ်တောင် အာသာပြေတော့  ကောက်တီးလိုက်တော့ တဲ့ သဘောပေါ့ ဆေးသောက်ဖို့ မေ့ သွားရင် ဒါမှမဟုတ် ဆေးစွမ်းလစ်မစ်ထက် အိုဗာဖြစ်အောင် စားလိုက်ရင်တော့  သွေးတိုးတဲ့ ဒဏ်ခံရမှာပဲပေါ့ ...

ဒီလိုလောကီနည်းတွေ မသိရင်တော့  ( ဗေဒင်နည်း လောကီနည်း စုံတကာစိတွေ အတွင်းသဘောအထိ မသိတဲ့ ရာခိုင်နှုန်းက တကယ်ဆို ကျနော်ထင်ပါတယ် ဒီမှာ ၇၀ရာခိုင်နှုံး အထက်တော့  ရှိလောက် မယ်ထင်တယ်...) ကုသိုလ်ရေးသာ နင်းလုပ် များများသာလုပ်ထား အကျွတ်အလွတ် အပြီးမဖြစ်တောင် ပစ္စုတ်ပန်ဘ၀မှာ သံသရာဘ၀မှာ လောကဓံတရားဆိုးတွေကြုံလာရင် ခုသာခံသာရှိတာ ဂိတ်ဆုံးအဆိုးထိမဖြစ်တော့ တာတွေကလည်း လက်တွေ့ တွေပါပဲဗျာ( ဒါလည်း နိုးဗေဒင် နိုးယတြာ ရက်စ် ဘာသာရေး ရက်စ် ကုသိုလ်ရေး လုပ်နေတဲ့  လူတွေ အများကြီးကို ကြည့် ပြီး ကောင်းမှု့ လုပ်ရင် ကောင်းတယ် လို့  ဆိုတာပါပဲဗျာ)

အင်္ဂါသားအများစုဟာ တနင်္လာနံ ခိုက် တယ် ဒီတော့ ငွေစီးပွားလာဘ်နဲ့  ပတ်သက်လာရင် ပေသီး ဖြစ်ရင်ဖြစ် မဖြစ်ရင် နဂိုထက်ပိုရှိသယောင် ဟန်အကြွား ငရွှီးဘက်ရောက်ရောက်သွားလေ့ ရှိတယ်ပေသီးဖြစ်ရင် သူ့ ဗိုက်တောင် မသထာချင်တတ်သလို ဟန်အကြွားဘက်သွားရင် အတုံးက ကြီးပြချင်လို့ အမြင်ကပ်စရာဖြစ်လာတတ်တယ်...အမြဲ ပေသီးအမြဲ အကြွားတော့ လည်း မဟုတ်ပြန်ဘူး ဟိုဘက်ကူးလိုက် ဒီဘက်ကူးလိုက်ပဲ..လူလည် အင်္ဂါကတော့  တွက်ချက်ပေါင်းတယ် ပေးတတ်တယ်..ဆုတ်တတ်တက်တတ်တယ် ပူးတတ်ခွာတတ်တယ် အခြေအနေကြည့်  ဖေါလိုက်တတ်တယ်.ဒီလို အင်္ဂါတွေက ချမ်းသာလွယ်တယ် .အလည်လွန် အင်္ဂါကတော့  ချမ်းသာချင်ဇောကြောင့်  ခွင်အရိုက်လွန်ရင်း နောက်တော့  ငဘတ် ဆိုပြီး မြောင်းထဲရောက်သွားတတ်လို့  ဒါကိုတော့  အကြွားအလိမ်အရှူတ် အင်္ဂါလို့ ခေါ်တယ်...ဒီလိုတွေ သိလည်း အများသဘောကတော့  အကျင့် ကို မပြင်နိုင်လွယ်ပါဘူး..ဒီတော့  လာ န၀င်းထိုင်..ရော့  ခရေ ရွက်ထိုးထား..အဲ့ သက်ရောက် အဲ့ လစိတ်တွေဆို ငြိမ်ငြိမ်နေဟ. သိပ်ဇောင်းမထနဲ့  မြွေဖမ်းသွားမယ်...စသဖြင့် ပေါ့  ယတြာ တွေအမြဲ ကူနေရတော့ တယ်...

သဘောက နေ့ သားတစ်ယောက်ရဲ့  တိုင်စဉ်မှာ ခိုက် နေရာက စရုက်ဟာ အမြင်သားဆုံးပဲ ဒါကို ချက်လိုက်ရင် ဘယ်လိုပေါင်းရမလဲ အတော်မှန်းလို့ ရပြီသဘော.....

နောက်ဆုံးတော့  ရှောက်ထိမ်းနေရတာ မလွပ်လပ်ဖူး..စိတ်ကျဉ်းကျပ်တယ် ..သက်ရောက်လေး လစိတ်လေး ချက်ကင်လိုက်ပြီး လိုအပ်ရင် ယတြာလေဘာလေး ကောင်းမှု့ ကုသိုလ်လေး ကူထားတာပဲအေးပါတယ်လေ ဖြစ်သွားပါရောဗျာ.....

အခါတိုင်တွေ နမိတ်တွေနဲ့ တွေးဆချက်တွေ ကောက်ချက်တွေ...

အခါတိုင်တွေ နမိတ်တွေနဲ့ တွေးဆချက်တွေ ကောက်ချက်တွေ...
-----
ကျနော်တို့ တွေ ပညာကိုလိုက်တဲ့ အခါ ပုံသေတွေကိုလိုက်ယူမိသလိုဖြစ်ခဲ့ တာက အချိန်တွေ အများကြီးကုန်သွားတယ်..ပြီးတော့  ဓမ္မနဲ့  မချိတ်ဆက်မိတော့  အကြောင်းကို မဖမ်းမိတဲ့ အပြင် တစ်ချို့ စာတွေဟာယုတ္တိမတန်ဘူးလို့ တောင်အမြင်တွေ ဖြစ်သွားတယ်...နောက်တော့  ကျနော်တို့ သုံးနေတဲ့ ပညာတွေအများစုဟာ ဓမ္မစာပေတွေထဲကနေ လောကီလူမှု့ အကျိုးစီးပွားအတွက် အဆီအငေါ်တည့် အောင်ဆွဲသုံးလာတာတွေ များတာကို သတိထားမိလာတယ်..

ကျနော်တို့ ဗေဒင်ကိုအဓိကသုံးနေတာဟာ လူတွေအတွက်ဖြစ်တယ်ဆိုတာကို ပြန်တွက်မိတဲ့ အချိန်မှာ ဆရာလုပ်သူမှာရော အတွက်ခံတဲ့ သူတွေမှာပါ ကံသတ္တိ ရှိနေတယ်ဆိုတာ သတိထားမိသလို လူတစ်ယောက်ဖြစ်လာဖို့ ဆိုတာ လူဖြစ်ထိုက်တဲ့ ကံ ရှိမှ လူဖြစ်လာတာဖြစ်ပြီး လူ ၂ယောက် တွေ့ ဆုံဖို့ ဆိုတာကလည်း တွေ့ ဆုံချိန်ကျရောက်လာတဲ့ ကံ ရှိလာမှတွေ့ ရတာဖြစ်တယ် တွေ့ ဆုံချိန်မကျသေးရင် ဘယ်လိုစီစဉ်ပစေ မတွေ့ ဆုံနိုင်ဘူး..ဒီသဘောကနေ လူတစ်ယောက်ကိုဗေဒင်ဟောတော့ မယ်ဆိုရင်  သူနဲ့ ကိုယ်နဲ့ ကြားမှာ အများနဲ့ မဆိုင်ပဲ သူနဲ့ ကိုယ်နဲ့ သာဆိုင်တဲ့  ကံ သဘော ပညာထဲမှာပါနေတာ တွေ့ လာတယ်...

သဘောက စာတွေထဲက အဟောကို ပုံသေလိုက်မယူနဲ့  ဘေ့ စစ်ကိုယူ တွေးပုံကိုယူပါ ဒါမှ အသုံးချလို့ ရမယ်ပေါ့ ..ဆိုပါတော့ နန်းပြဿဒ်မှ လင်းတချီသွားလို့  ထမိန်သွားချိန်တာ အဟောဆရာက လင်းတ ဆိုတာ လင်တ သဘော ဗျင့် ဆီကို ကညာဆက်သူလာတော့ မယ်လို့ အဟောထုတ်ခဲ့ တဲ့  ဖြစ်ရပ်သဘောမှာ..

ဒီလို ဟောမိဖို့ အဟောဆရာတွေးမိတာဟာ သူမို့ တွေးမိတာဖြစ်တယ်၊ ဗျင့် အတွက်သာ သီးသန့် တွေးပေးမိတာဖြစ်တယ် မိဖုရားဖြစ်မယ့် သူအတွက်သာ တွေးပေး မိတာဖြစ်တယ်ပေါ့ ..ဒီတွေးဆချက်ကို အထောက်အကူပြုတာက မြန်မာသမိုင်းမှာ အဲ့ ဒီ့ အဖြစ်မျိုးအဲ့ ဒီတစ်ကြိမ်သာဖြစ်ခဲ့ တာဖတ်ရတယ် နောက်တစ်ခါ ဘယ်သူ့ ထမိန်မှ နန်းပြဿဒ်မှာတက်ချိတ်နေတာမျိုးမကြုံရမကြားရတော့ ဘူး...ဒါဆို ဒီအဟောထဲက ကျနော်တို့ ဘ၀ဖြတ်သန်းမှု့ အတွက် ဘာရလိုက်မလဲ...တော်လိုက်တာလို့ ချီးကျူးမိတာက လွဲလို့ ပေါ့ ...

တိုက်ရိုက်သာယူရခက်နေတာ အတွင်းသဘောက အဟောဆရာရယ် ဘုရင်ရယ် မိဖုရားလောင်းရဲ့ သုံးယောက်ကြားထဲမှာ တစ်ဦးနဲ့ တစ်ဦး သံသရာအကြောင်းအကျိုးဆက်နွယ်မှု့ တွေ  ရှိနေတယ်ဆိုတာ မြင်လို့ ရလိုက်တယ်ပေါ့ ...ဒီလိုအချိန်မှာ ဒီလို ဟောဖြစ်ဖို့  ဒီလိုဟောမိဖို့ အဟောဆရာမှာလည်း ကံပါလာတယ် မိဖုရားလောင်းမှာလည်းမိဖုရားဖြစ်ဖို့ ကံသတ္တိကပေါ်လာပြီ အဲ့ အချိန်မှာ ထူးခြားဖြစ်စဉ်ဖြစ်နေလို့  ဘုရင်ကမေးခွန်းထုတ်မိလျက်သားဖြစ်နေပြီ အားလုံး ကွက်တိပဲ..နောက်ဆုံးတော့  အဟောဆရာ သမိုင်းတွင်ကျန်ခဲ့ တယ်ပေါ့ လေ..နောက်အဟောဆရာတစ်ယောက်ယောက်ကတော့  နောက်ထပ် ထမိန်တထည်ထည်များ ဘယ်ဘုရင့် အိမ်ခေါင်မိုးပေါ်....... 

ဆိုလိုတာက တစ်ချို ကိစ္စတွေမှာ တိုင်ပညာကိုသုံးတယ် တစ်ချို့ ကိစ္စတွေမှာ နမိတ်သုံးတယ်ပေါ့ ...အဲ့ နမိတ်ကလည်း အများနဲ့ မဆိုင်ဘူး..အများနဲ့ မဆိုင်ဆိုတာ အများကကို ကိုယ်နဲ့ ဆိုင်တယ်လို့ ကို မထင်တာ မသိတာမျိုးပဲ....နမိတ်နဲ့ ဆိုင်တယ်ထင်တဲ့ အဟောဆရာက သူ့ ဟာသူ ဆိုင်တယ်လို့  သူ့ ကံကိုက တွေးဆမိပြီး ဒါဟာ ဘာအတွက် ဘာဖြစ်ရမယ် ဘာဖြစ်လိမ့် မယ်ဆိုတဲ့ အဟော နမိတ်အဖြစ် ယူသုံးလိုက်တော့ ဆရာ့ ကံသတ္တိအရ အလုပ်ဖြစ်သွားတာမျိုးသဘောပဲ..ကျနော်တို့ တွေက အဲ့ ထဲက ပုံစံကိုသာ ဖမ်းယူလိုက်လို့ ရတာမျိုးပဲ ဖြစ်ရပ်တစ်ခုလုံးကို ဒဲ့ ကြီး လိုက်ယူလို့  မရတတ်ဖူး...
ဟိုတစ်ခါက ကျနော်ရေးပြဖူးတယ် အိမ်ပြောင်းကိန်းရှိမရှိအမျိုးသမီးတစ်ယောက်က မေးလိုက်ချိန်မှာပဲ အိမ်ကကြောင်မဟာ သူ့ ကြောင်ပေါက်လေးကို ဂုတ်ကငုံခဲပြီးနေရာရွှေ့ သွားတာ လှမ်းမြင်ရလိုက်ချိန်မှာ ( အတွေးနဲ့ အဟောက အရမြန်တယ်) ဖြတ်ကနဲဆို ဒါဟာ အိမ်ပြောင်းကိန်းရှိမရှိမေးခွန်းရဲ့ အဖြေဆိုတာ ကျနော့် စိတ်ထဲချက်ချင်းရောက်လာတယ် ရှိတယ် ကြိမ်းသေပေါက်ပြောင်းရမှာလို့  တန်းဖြေလိုက်တယ်..အဲ့ အချိန်အထိ အခါတိုင်နဲ့ ဝင်မဆုံးဖြတ်သေးဘူး..အခါတိုင်ကြည့် ပြီးမှ တစ်လနှစ်လအတွင်းပဲ မကြာတော့ ဘူးလို့ ဖြေလိုက်တော့  မေးသူက ဟုတ်ကဲ့ ..ကန်ထရိုက်တွေပြောထားတာ နောက်လရွှေ့ ပေးရမယ်ဆိုလို့  မကြိမ်းသေမှာ
စိုးလို့ လို့ ပြန်ဖြေတယ်..။

ကြောင်မကြီးတွေ သူ့ သားပေါက်ကို ပါးစပ်နဲ့ ငုံပြီးနေရာရွှေ့ တတ်တာဟာထူးခြားဖြစ်စဉ်မဟုတ်ခဲ့ ဘူး ကြောင်လေးတွေမွေးလာတိုင် ပြုမူနေကျအပြုအမူတစ်ခုပဲ ပြီးတော့  အဲ့ လို ကြောင်မ သူ့  သားပေါက်ကို နေရာရွှေ့ နေတာ အဲ့ အမျိုးသမီးရယ် ကျနော်ရယ်ပဲမြင်နေတာမျိုးမဟုတ်ခဲ့ ဘူးအဖေါ်ပါလာသူ လူအုပ်ကြီးရော ကျနော်တို့ အိမ်သားတွေရော အကုန်မြင်နေတဲ့ မြင်ကွင်းပဲ့ .ကြောင်မ ကလေးမွေးတိုင်း နေရာခဏခဏရွှေ့ တတ်ခဲ့ ပေမယ့်  အဲဒီလို ကြောင်မ သူ့ ကြောင်လေးတွေကို နေရာရွှေ့ နေတုန်း အဲ့ အမျိုးသမီးရဲ့  အိမ်ပြောင်းကိန်းရှိမရှိ ဆိုတာ အမေးခံရတာမျိုး တစ်ခါမှမကြုံခဲ့ ရဘူး..နောက်ထပ် ကြောင်နေရာရွှေ့ သမျှတွေမှာလည်း အိမ်ပြောင်းကိန်းရှိ မရှိလာမေးတာမျိုးမတိုက်ဆိုင်တော့ ဘူး.....
သဘောက အမေးခံလိုက်ရတဲ့ မေးခွန်းနဲ့  ပြင်ပ လှုပ်ရှားမှု့ ဟာ ကွက်တိဖြစ်သွားသလို ကျနော့် လမိုင်းကိုက ဒါဟာ ဒါအတွက်အဖြေပဲလို အလိုလို တန်းသိလိုက်တာ.. ဒါကို မေးသူ အမေးခံရသူ ပြင်ပနမိတ် တွေဟာ ကံစပ်မှု့ တွေ (၀ါ) ပဌာန်းဆက်သဘောတွေရှိနေတယ်ဆိုတာ ရိပ်မိလို့ ရလာတယ်..ဒါမျိုး ဖြတ်ကနဲဖြစ်ပြတာမျိုးတွေ ခဏခဏကြုံခဲ့ ရတယ်.

.ပြီးတော့ ထူးခြားဖြစ်စဉ်တိုင်းပဲဖြစ်စေ...မြင်သမျှအရာတွေဟာ နမိတ်ဖြစ်တယ် မဖြစ်ဖူးဆိုတာ ပုံသေမပြောနိုင်ဘူးသူ့ အလိုလို ခံစားမိ သိမိ ဆုံးဖြတ်သွားမိသွားတာမျိုးပဲ...ဒါမျိုးသဘောတရားကို သင်ရခက်တယ် ပညာအပေါ်မှာ အာရုံနစ်နေတဲ့ စိတ်လမိုင်းနဲ့  ဆိုင်မယ်လို့ ဆိုနိုင်တယ်...
သဘောက ဘုရားပန်းအို ကျမကွဲပဲ အိမ်သားတွေ သေနေတာလည်းရှိတယ် ဘုရားပန်းအိုးကျကွဲပေမယ့်  ဘယ်သူမှ မသေပြပဲ တံမျက်စီးခပ်ကျုံးသူသာ ခြေထောက်ဖန်ကွဲစစူးမိတာမျိုးတွေလည်းရှိတယ်ပေါ့  ဖန်ခွက်ကျကွဲတိုင်း နမိတ်ဖြစ်ချင်မှဖြစ်မယ်ပေါ့ သေခြာတာက ဘုရားပန်းအိုးတစ်လုံး အစားထိုးဖို့  အသစ်ဝယ်ရတော့ မယ်ပေါ့ လေ...ဟဲဟဲ

ကျမ္မာရေးအတွက် ခင်းအိပ်တဲ့  နည်းပညာ

ကျမ္မာရေးအတွက် ခင်းအိပ်တဲ့  နည်းပညာ
--------------
ကျမ္မာရေး မကောင်းရင် အိပ်ယာခင်းအောက်မှာ ဖျာအောက်မှာ ခေါင်းရင်းကနေ ကျောပြင်နားအထိက မတွန့် စေရ အရွက်တွေ ဖြန့် ခင်းအိပ်တာဟာ တော်တော်ကောင်းတဲ့ နည်းပါပဲဗျာ...အရေအတွက်တောင် တိကျစရာမလိုသလောက် အချိန်အခါတွေပါကြည့် နေစရာမလိုသလောက်ပါပဲ...
အရွက်နွမ်းရင် အသစ်လဲတယ်ပေါ့ ..ယတြာဆိုတာထက် အပြင်ဓါတ်ဆေးပညာသဘောဘက်တောင် နွယ်တယ်လို့ ဆိုလို့ ရလောက်တယ်...
တင်ပါးလောက်နေ ခြေဖျားအထိ ဖြန့် ခင်းတာကတော့  တြိစတု အရွက် အတွဲရရ အခွဲရရပါ...

ဥပမာ တနင်္ဂနွေသားသမီးကို စံနမူနာပြရရင် ခေါင်းဖျားကနေ ကျောပြင်အထိ အပေါ်မှာ ဖြန့် ခင်းအိပ်စေတာက မရမ်းရွက်တွေပေါ့ ...တင်ပါးကနေ ခြေဖျား အထိက ဇီဇ၀ါ ရွက်တွေ ဒါမှာမဟုတ် ဇော်စိမ်းနဲ့ ရွက်လှတွေပေါ့ ...

အဲ့ မှာ အရွက်အညွန့် တွေ အဖျားလှည့် ပုံက အပေါ်က အညွန့် က ခေါင်းရင်းဖက်လှည့် ပြီး အောက်ပိုင်းအညွန့် အဖျားက ခြေရင်းဖက်လှည့် ထားတယ်ပေါ့ ...

နာတာရှည်လိုဖြစ်လာရင်တို့  အသက်ရလာတဲ့ လူကြီးအရွယ်တွေ ရေရှည်ကုယူရမယ့် ရောဂါမျိုးတွေ ခွဲစိတ်ကုသချိန်တွေ ဆီးချို သွေးချို သွေးတိုးတွေ တက်နေချိန်တွေ အသည်းရောင်အသားဝါဖြစ်နေချိန် တီဘီရောဂါကုနေချိန်တွေ အရက်နာကျနေလို့ ဆေးကုနေချိန်တွေ မှာ အများဆုံးသုံးတယ် ဆေးဝါးကုသမှု့ ကို အထောက်အကူအများကြီး ပေးသလို နလံထတာမြန်တယ်..လွယ်လွယ်နဲ့ မသေလွယ်တော့ ဘူး .နောက်တော့ ကောင်းမှန်းသိတော့  နဲနဲ နေမကောင်းတာနဲ့  တြိစတုမထည့် တောင် မတွန့် စေရ အ့ညွန့် ကို ခေါင်းအုံးအောက်ထားအိပ်စေတော့ တာပါပဲ....ဘာနေ့ သားသမီးလဲ ဆိုတာလေးတစ်ခု ပဲ သိရင်လုံလောက်ပြီပေါ့  အသက်ပိုင်းတောင်မလိုဘူး

အဲ့ ဒါကြောင့်  မဟာဘုတ် ဓါတ်ကြီး ၄ ပါး ဓါတ်အရှင် အရွက်အညွန့် အစစ်တွေမရတဲ့ အခါ (ပညတ်သွားရာဓါတ်သက်ပါ ဆိုတဲ့ စာဆိုအတိုင်း) ရုပ်ပညတ်အားကို ယူပြီး တနင်္ဂနွေသားသမီး ဆို မရမ်းမရရင် ပုလဲလုံးလေးတွေ ပုဝါနဲ့ ထုပ် ခေါင်းအုံးအောက်ထားအိပ်တို့ ...။ ဗုဒ္ဒဟူးဆို ဆပ်ပြာတုံးသေးသေးလေးကို ၈ ပိုင်းပိုင်း ပလတ်စတစ်နဲ့ ထုပ် ခေါင်းအုံးအောက်ထားအိပ်ပါတို့ ...ပြည်ပရောက်တွေ အတွက် အဓိကပေးလို့ ရလာတာ....ရုပ်ပညတ်သဘောက အစစ်မရနိုင်လွန်းတဲ့ အခါမှာ အဓိကထားသုံးတယ်...ဓါတ်အစစ်ကိုတော့  အရင်ကြိုးစားကြည့် တယ်ပေါ့ လေ....

(ပညတ်သွားရာဓါတ်သက်ပါ ဆိုတဲ့ စာဆိုအတိုင်း) ဆိုတဲ့  သဘောမှာ တကယ် ဓါတ်သေပညတ်ကို ဓါတ်ရှင်ပညတ်အဖြစ် ဓါတ်သက်ဝင်သွားဖို့ မှာ ဆရာမှာ ဆရာဂုဏ်မြောက်တဲ့  ယုံကြည်ခံရမှု့  မကောင်းတာတွေ မလုပ်ဖူး သူများဒုက္ခရောက်အောင်မလုပ်ဖူးဆိုတဲ့  ကောင်းတဲ့ သီလ ကောင်းသွားစေချင်တဲ့ စိတ်ကောင်းစေတနာ စိတ်က လေးနက်နေမှု့  ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု့  စတဲ့  သြဇာဂုဏ်အားတွေ အနဲအများတော့ လိုမယ်...

လက်ဝှေ့ ထိုးခြင်းအနုပညာ...( လူ၂ယောက် သတ်ကြတာကို အနုပညာတဲ့  ကြံကြံဖန်ဖန် အဟိ..ခိခိ)




လက်ဝှေ့ ထိုးခြင်းအနုပညာ...( လူ၂ယောက် သတ်ကြတာကို အနုပညာတဲ့  ကြံကြံဖန်ဖန် အဟိ..ခိခိ)
---------------------
အမှန်က အမှတ်ပေးပွဲဆိုတာ အဆိုပြိုင်ပွဲလို သဘောတရားပါပဲ...အဆိုပြိုင်ပွဲမှာ ကိုယ်ကသာ သူ့ အသံကို နားထောင်ကောင်းလိုက်တာ ဆိုပြီး ကြိုက်နေတာ ဒိုင်လုပ်တဲ့  သူတွေကတော့  အဆိုရှင်အသံဟာ  နားထောင်ကောင်းယုံလောက်နဲ့ တင်မလုံလောက်ပဲ အဖြတ်အတောက် အပီအသ အနိမ့် အမြင့် အ၀င်အထွက် အဆွဲအငင်တွေ နရီစည်းဝါးတွေနဲ့  ကိုက်မကိုက်ပါကြည့် တော့  ကိုယ်ကြိုက်တဲ့ သူက ပြိုင်ပွဲက ပြုတ်သွားသလိုမျိုးနဲ့ တူပါရဲ့ နော်

အဲ ပရိပ်သတ်အကြိုက်ဆု ဆိုရင်တော့  ဟို ပုတက်ဗလကြီး ရလောက်မှာပေါ့ ..ခွိခွိ..

အဲ့ မှာ ပြဿနာတရပ်က  ဒိုင်က အနိုင်ပေးတဲ့ သူကို ပရိပ်သတ်က မကြိုက်ဘူးဆိုရင် ပညာရှင်က စည်းမျဉ်းနဲ့ အညီ အမှတ်ပေးတာမို့  မကြိုက်တဲ့ ပရိပ်သတ်က ပညာမတတ်တဲ့ စည်းမဲ့ ကမ်းမဲ့  နတုံးတွေလိုလို....ပရိပ်သတ်က အကြိုက်ဆု ရတဲ့ သူက   နပိန်းကြိုက်လောက်ပဲ အဆင့် ရှိသလိုလို...ခိခိ.သြော် ပရိပ်သတ်ကြီးခမျာ....ကိုယ်လည်း မခိုင်းရပါပဲနဲ့  ကိုယ်လည်း တပြားမှမရတဲ့ အပြင် ယားမိရင် ပိုက်ဆံတောင်ကိုယ့် ဟာကိုယ် အိပ်စိုက်ကုန်ရဖို့ ရှိတဲ့  သူတို့ ဟာ သူတို့ ပြိုင်ပွဲ လုပ်တာကို ကြည့် မိတဲ့  ပရိပ်သတ်က အိမ်မှာနေရင်းထိုင်းရင်းကနေ နတုံးဖြစ်ရမယ့် ပုံ.....အဟီးးးးး...