--------------
ကျမ္မာရေး မကောင်းရင် အိပ်ယာခင်းအောက်မှာ ဖျာအောက်မှာ ခေါင်းရင်းကနေ ကျောပြင်နားအထိက မတွန့် စေရ အရွက်တွေ ဖြန့် ခင်းအိပ်တာဟာ တော်တော်ကောင်းတဲ့ နည်းပါပဲဗျာ...အရေအတွက်တောင် တိကျစရာမလိုသလောက် အချိန်အခါတွေပါကြည့် နေစရာမလိုသလောက်ပါပဲ...
အရွက်နွမ်းရင် အသစ်လဲတယ်ပေါ့ ..ယတြာဆိုတာထက် အပြင်ဓါတ်ဆေးပညာသဘောဘက်တောင် နွယ်တယ်လို့ ဆိုလို့ ရလောက်တယ်...
တင်ပါးလောက်နေ ခြေဖျားအထိ ဖြန့် ခင်းတာကတော့  တြိစတု အရွက် အတွဲရရ အခွဲရရပါ...
ဥပမာ တနင်္ဂနွေသားသမီးကို စံနမူနာပြရရင် ခေါင်းဖျားကနေ ကျောပြင်အထိ အပေါ်မှာ ဖြန့် ခင်းအိပ်စေတာက မရမ်းရွက်တွေပေါ့ ...တင်ပါးကနေ ခြေဖျား အထိက ဇီဇ၀ါ ရွက်တွေ ဒါမှာမဟုတ် ဇော်စိမ်းနဲ့ ရွက်လှတွေပေါ့ ...
အဲ့ မှာ အရွက်အညွန့် တွေ အဖျားလှည့် ပုံက အပေါ်က အညွန့် က ခေါင်းရင်းဖက်လှည့် ပြီး အောက်ပိုင်းအညွန့် အဖျားက ခြေရင်းဖက်လှည့် ထားတယ်ပေါ့ ...
နာတာရှည်လိုဖြစ်လာရင်တို့  အသက်ရလာတဲ့ လူကြီးအရွယ်တွေ ရေရှည်ကုယူရမယ့် ရောဂါမျိုးတွေ ခွဲစိတ်ကုသချိန်တွေ ဆီးချို သွေးချို သွေးတိုးတွေ တက်နေချိန်တွေ အသည်းရောင်အသားဝါဖြစ်နေချိန် တီဘီရောဂါကုနေချိန်တွေ အရက်နာကျနေလို့ ဆေးကုနေချိန်တွေ မှာ အများဆုံးသုံးတယ် ဆေးဝါးကုသမှု့ ကို အထောက်အကူအများကြီး ပေးသလို နလံထတာမြန်တယ်..လွယ်လွယ်နဲ့ မသေလွယ်တော့ ဘူး .နောက်တော့ ကောင်းမှန်းသိတော့  နဲနဲ နေမကောင်းတာနဲ့  တြိစတုမထည့် တောင် မတွန့် စေရ အ့ညွန့် ကို ခေါင်းအုံးအောက်ထားအိပ်စေတော့ တာပါပဲ....ဘာနေ့ သားသမီးလဲ ဆိုတာလေးတစ်ခု ပဲ သိရင်လုံလောက်ပြီပေါ့  အသက်ပိုင်းတောင်မလိုဘူး
အဲ့ ဒါကြောင့်  မဟာဘုတ် ဓါတ်ကြီး ၄ ပါး ဓါတ်အရှင် အရွက်အညွန့် အစစ်တွေမရတဲ့ အခါ (ပညတ်သွားရာဓါတ်သက်ပါ ဆိုတဲ့ စာဆိုအတိုင်း) ရုပ်ပညတ်အားကို ယူပြီး တနင်္ဂနွေသားသမီး ဆို မရမ်းမရရင် ပုလဲလုံးလေးတွေ ပုဝါနဲ့ ထုပ် ခေါင်းအုံးအောက်ထားအိပ်တို့ ...။ ဗုဒ္ဒဟူးဆို ဆပ်ပြာတုံးသေးသေးလေးကို ၈ ပိုင်းပိုင်း ပလတ်စတစ်နဲ့ ထုပ် ခေါင်းအုံးအောက်ထားအိပ်ပါတို့ ...ပြည်ပရောက်တွေ အတွက် အဓိကပေးလို့ ရလာတာ....ရုပ်ပညတ်သဘောက အစစ်မရနိုင်လွန်းတဲ့ အခါမှာ အဓိကထားသုံးတယ်...ဓါတ်အစစ်ကိုတော့  အရင်ကြိုးစားကြည့် တယ်ပေါ့ လေ....
(ပညတ်သွားရာဓါတ်သက်ပါ ဆိုတဲ့ စာဆိုအတိုင်း) ဆိုတဲ့  သဘောမှာ တကယ် ဓါတ်သေပညတ်ကို ဓါတ်ရှင်ပညတ်အဖြစ် ဓါတ်သက်ဝင်သွားဖို့ မှာ ဆရာမှာ ဆရာဂုဏ်မြောက်တဲ့  ယုံကြည်ခံရမှု့  မကောင်းတာတွေ မလုပ်ဖူး သူများဒုက္ခရောက်အောင်မလုပ်ဖူးဆိုတဲ့  ကောင်းတဲ့ သီလ ကောင်းသွားစေချင်တဲ့ စိတ်ကောင်းစေတနာ စိတ်က လေးနက်နေမှု့  ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု့  စတဲ့  သြဇာဂုဏ်အားတွေ အနဲအများတော့ လိုမယ်...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..