Powered By Blogger

Sunday, May 3, 2015

အခါတိုင်တွေ နမိတ်တွေနဲ့ တွေးဆချက်တွေ ကောက်ချက်တွေ...

အခါတိုင်တွေ နမိတ်တွေနဲ့ တွေးဆချက်တွေ ကောက်ချက်တွေ...
-----
ကျနော်တို့ တွေ ပညာကိုလိုက်တဲ့ အခါ ပုံသေတွေကိုလိုက်ယူမိသလိုဖြစ်ခဲ့ တာက အချိန်တွေ အများကြီးကုန်သွားတယ်..ပြီးတော့  ဓမ္မနဲ့  မချိတ်ဆက်မိတော့  အကြောင်းကို မဖမ်းမိတဲ့ အပြင် တစ်ချို့ စာတွေဟာယုတ္တိမတန်ဘူးလို့ တောင်အမြင်တွေ ဖြစ်သွားတယ်...နောက်တော့  ကျနော်တို့ သုံးနေတဲ့ ပညာတွေအများစုဟာ ဓမ္မစာပေတွေထဲကနေ လောကီလူမှု့ အကျိုးစီးပွားအတွက် အဆီအငေါ်တည့် အောင်ဆွဲသုံးလာတာတွေ များတာကို သတိထားမိလာတယ်..

ကျနော်တို့ ဗေဒင်ကိုအဓိကသုံးနေတာဟာ လူတွေအတွက်ဖြစ်တယ်ဆိုတာကို ပြန်တွက်မိတဲ့ အချိန်မှာ ဆရာလုပ်သူမှာရော အတွက်ခံတဲ့ သူတွေမှာပါ ကံသတ္တိ ရှိနေတယ်ဆိုတာ သတိထားမိသလို လူတစ်ယောက်ဖြစ်လာဖို့ ဆိုတာ လူဖြစ်ထိုက်တဲ့ ကံ ရှိမှ လူဖြစ်လာတာဖြစ်ပြီး လူ ၂ယောက် တွေ့ ဆုံဖို့ ဆိုတာကလည်း တွေ့ ဆုံချိန်ကျရောက်လာတဲ့ ကံ ရှိလာမှတွေ့ ရတာဖြစ်တယ် တွေ့ ဆုံချိန်မကျသေးရင် ဘယ်လိုစီစဉ်ပစေ မတွေ့ ဆုံနိုင်ဘူး..ဒီသဘောကနေ လူတစ်ယောက်ကိုဗေဒင်ဟောတော့ မယ်ဆိုရင်  သူနဲ့ ကိုယ်နဲ့ ကြားမှာ အများနဲ့ မဆိုင်ပဲ သူနဲ့ ကိုယ်နဲ့ သာဆိုင်တဲ့  ကံ သဘော ပညာထဲမှာပါနေတာ တွေ့ လာတယ်...

သဘောက စာတွေထဲက အဟောကို ပုံသေလိုက်မယူနဲ့  ဘေ့ စစ်ကိုယူ တွေးပုံကိုယူပါ ဒါမှ အသုံးချလို့ ရမယ်ပေါ့ ..ဆိုပါတော့ နန်းပြဿဒ်မှ လင်းတချီသွားလို့  ထမိန်သွားချိန်တာ အဟောဆရာက လင်းတ ဆိုတာ လင်တ သဘော ဗျင့် ဆီကို ကညာဆက်သူလာတော့ မယ်လို့ အဟောထုတ်ခဲ့ တဲ့  ဖြစ်ရပ်သဘောမှာ..

ဒီလို ဟောမိဖို့ အဟောဆရာတွေးမိတာဟာ သူမို့ တွေးမိတာဖြစ်တယ်၊ ဗျင့် အတွက်သာ သီးသန့် တွေးပေးမိတာဖြစ်တယ် မိဖုရားဖြစ်မယ့် သူအတွက်သာ တွေးပေး မိတာဖြစ်တယ်ပေါ့ ..ဒီတွေးဆချက်ကို အထောက်အကူပြုတာက မြန်မာသမိုင်းမှာ အဲ့ ဒီ့ အဖြစ်မျိုးအဲ့ ဒီတစ်ကြိမ်သာဖြစ်ခဲ့ တာဖတ်ရတယ် နောက်တစ်ခါ ဘယ်သူ့ ထမိန်မှ နန်းပြဿဒ်မှာတက်ချိတ်နေတာမျိုးမကြုံရမကြားရတော့ ဘူး...ဒါဆို ဒီအဟောထဲက ကျနော်တို့ ဘ၀ဖြတ်သန်းမှု့ အတွက် ဘာရလိုက်မလဲ...တော်လိုက်တာလို့ ချီးကျူးမိတာက လွဲလို့ ပေါ့ ...

တိုက်ရိုက်သာယူရခက်နေတာ အတွင်းသဘောက အဟောဆရာရယ် ဘုရင်ရယ် မိဖုရားလောင်းရဲ့ သုံးယောက်ကြားထဲမှာ တစ်ဦးနဲ့ တစ်ဦး သံသရာအကြောင်းအကျိုးဆက်နွယ်မှု့ တွေ  ရှိနေတယ်ဆိုတာ မြင်လို့ ရလိုက်တယ်ပေါ့ ...ဒီလိုအချိန်မှာ ဒီလို ဟောဖြစ်ဖို့  ဒီလိုဟောမိဖို့ အဟောဆရာမှာလည်း ကံပါလာတယ် မိဖုရားလောင်းမှာလည်းမိဖုရားဖြစ်ဖို့ ကံသတ္တိကပေါ်လာပြီ အဲ့ အချိန်မှာ ထူးခြားဖြစ်စဉ်ဖြစ်နေလို့  ဘုရင်ကမေးခွန်းထုတ်မိလျက်သားဖြစ်နေပြီ အားလုံး ကွက်တိပဲ..နောက်ဆုံးတော့  အဟောဆရာ သမိုင်းတွင်ကျန်ခဲ့ တယ်ပေါ့ လေ..နောက်အဟောဆရာတစ်ယောက်ယောက်ကတော့  နောက်ထပ် ထမိန်တထည်ထည်များ ဘယ်ဘုရင့် အိမ်ခေါင်မိုးပေါ်....... 

ဆိုလိုတာက တစ်ချို ကိစ္စတွေမှာ တိုင်ပညာကိုသုံးတယ် တစ်ချို့ ကိစ္စတွေမှာ နမိတ်သုံးတယ်ပေါ့ ...အဲ့ နမိတ်ကလည်း အများနဲ့ မဆိုင်ဘူး..အများနဲ့ မဆိုင်ဆိုတာ အများကကို ကိုယ်နဲ့ ဆိုင်တယ်လို့ ကို မထင်တာ မသိတာမျိုးပဲ....နမိတ်နဲ့ ဆိုင်တယ်ထင်တဲ့ အဟောဆရာက သူ့ ဟာသူ ဆိုင်တယ်လို့  သူ့ ကံကိုက တွေးဆမိပြီး ဒါဟာ ဘာအတွက် ဘာဖြစ်ရမယ် ဘာဖြစ်လိမ့် မယ်ဆိုတဲ့ အဟော နမိတ်အဖြစ် ယူသုံးလိုက်တော့ ဆရာ့ ကံသတ္တိအရ အလုပ်ဖြစ်သွားတာမျိုးသဘောပဲ..ကျနော်တို့ တွေက အဲ့ ထဲက ပုံစံကိုသာ ဖမ်းယူလိုက်လို့ ရတာမျိုးပဲ ဖြစ်ရပ်တစ်ခုလုံးကို ဒဲ့ ကြီး လိုက်ယူလို့  မရတတ်ဖူး...
ဟိုတစ်ခါက ကျနော်ရေးပြဖူးတယ် အိမ်ပြောင်းကိန်းရှိမရှိအမျိုးသမီးတစ်ယောက်က မေးလိုက်ချိန်မှာပဲ အိမ်ကကြောင်မဟာ သူ့ ကြောင်ပေါက်လေးကို ဂုတ်ကငုံခဲပြီးနေရာရွှေ့ သွားတာ လှမ်းမြင်ရလိုက်ချိန်မှာ ( အတွေးနဲ့ အဟောက အရမြန်တယ်) ဖြတ်ကနဲဆို ဒါဟာ အိမ်ပြောင်းကိန်းရှိမရှိမေးခွန်းရဲ့ အဖြေဆိုတာ ကျနော့် စိတ်ထဲချက်ချင်းရောက်လာတယ် ရှိတယ် ကြိမ်းသေပေါက်ပြောင်းရမှာလို့  တန်းဖြေလိုက်တယ်..အဲ့ အချိန်အထိ အခါတိုင်နဲ့ ဝင်မဆုံးဖြတ်သေးဘူး..အခါတိုင်ကြည့် ပြီးမှ တစ်လနှစ်လအတွင်းပဲ မကြာတော့ ဘူးလို့ ဖြေလိုက်တော့  မေးသူက ဟုတ်ကဲ့ ..ကန်ထရိုက်တွေပြောထားတာ နောက်လရွှေ့ ပေးရမယ်ဆိုလို့  မကြိမ်းသေမှာ
စိုးလို့ လို့ ပြန်ဖြေတယ်..။

ကြောင်မကြီးတွေ သူ့ သားပေါက်ကို ပါးစပ်နဲ့ ငုံပြီးနေရာရွှေ့ တတ်တာဟာထူးခြားဖြစ်စဉ်မဟုတ်ခဲ့ ဘူး ကြောင်လေးတွေမွေးလာတိုင် ပြုမူနေကျအပြုအမူတစ်ခုပဲ ပြီးတော့  အဲ့ လို ကြောင်မ သူ့  သားပေါက်ကို နေရာရွှေ့ နေတာ အဲ့ အမျိုးသမီးရယ် ကျနော်ရယ်ပဲမြင်နေတာမျိုးမဟုတ်ခဲ့ ဘူးအဖေါ်ပါလာသူ လူအုပ်ကြီးရော ကျနော်တို့ အိမ်သားတွေရော အကုန်မြင်နေတဲ့ မြင်ကွင်းပဲ့ .ကြောင်မ ကလေးမွေးတိုင်း နေရာခဏခဏရွှေ့ တတ်ခဲ့ ပေမယ့်  အဲဒီလို ကြောင်မ သူ့ ကြောင်လေးတွေကို နေရာရွှေ့ နေတုန်း အဲ့ အမျိုးသမီးရဲ့  အိမ်ပြောင်းကိန်းရှိမရှိ ဆိုတာ အမေးခံရတာမျိုး တစ်ခါမှမကြုံခဲ့ ရဘူး..နောက်ထပ် ကြောင်နေရာရွှေ့ သမျှတွေမှာလည်း အိမ်ပြောင်းကိန်းရှိ မရှိလာမေးတာမျိုးမတိုက်ဆိုင်တော့ ဘူး.....
သဘောက အမေးခံလိုက်ရတဲ့ မေးခွန်းနဲ့  ပြင်ပ လှုပ်ရှားမှု့ ဟာ ကွက်တိဖြစ်သွားသလို ကျနော့် လမိုင်းကိုက ဒါဟာ ဒါအတွက်အဖြေပဲလို အလိုလို တန်းသိလိုက်တာ.. ဒါကို မေးသူ အမေးခံရသူ ပြင်ပနမိတ် တွေဟာ ကံစပ်မှု့ တွေ (၀ါ) ပဌာန်းဆက်သဘောတွေရှိနေတယ်ဆိုတာ ရိပ်မိလို့ ရလာတယ်..ဒါမျိုး ဖြတ်ကနဲဖြစ်ပြတာမျိုးတွေ ခဏခဏကြုံခဲ့ ရတယ်.

.ပြီးတော့ ထူးခြားဖြစ်စဉ်တိုင်းပဲဖြစ်စေ...မြင်သမျှအရာတွေဟာ နမိတ်ဖြစ်တယ် မဖြစ်ဖူးဆိုတာ ပုံသေမပြောနိုင်ဘူးသူ့ အလိုလို ခံစားမိ သိမိ ဆုံးဖြတ်သွားမိသွားတာမျိုးပဲ...ဒါမျိုးသဘောတရားကို သင်ရခက်တယ် ပညာအပေါ်မှာ အာရုံနစ်နေတဲ့ စိတ်လမိုင်းနဲ့  ဆိုင်မယ်လို့ ဆိုနိုင်တယ်...
သဘောက ဘုရားပန်းအို ကျမကွဲပဲ အိမ်သားတွေ သေနေတာလည်းရှိတယ် ဘုရားပန်းအိုးကျကွဲပေမယ့်  ဘယ်သူမှ မသေပြပဲ တံမျက်စီးခပ်ကျုံးသူသာ ခြေထောက်ဖန်ကွဲစစူးမိတာမျိုးတွေလည်းရှိတယ်ပေါ့  ဖန်ခွက်ကျကွဲတိုင်း နမိတ်ဖြစ်ချင်မှဖြစ်မယ်ပေါ့ သေခြာတာက ဘုရားပန်းအိုးတစ်လုံး အစားထိုးဖို့  အသစ်ဝယ်ရတော့ မယ်ပေါ့ လေ...ဟဲဟဲ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..