Powered By Blogger

Sunday, May 3, 2015

မ၊သ၊ိကြ၊လျင်၊တွေး၊စ၊ဦး.၊..ကို လောကီပညာမှာ ပွားယူအသုံချပုံ။''

မ၊သ၊ိကြ၊လျင်၊တွေး၊စ၊ဦး.၊..ကို လောကီပညာမှာ ပွားယူအသုံချပုံ။''
========================================
''မ...နှင့် ...သိ...( ဂုရုတိုင်နှင့် သောကြာတိုင်)..။

မ=ကြာသပတေးနေ့  ဖြစ်သလို  အခါတိုင်ခေါ်အရ..ဂုရုတိုင်လို့ သုံးပါတယ်.....ဘုရားလောင်းပဋိသန္ဓေနေ ယူတဲ့  နေ့  ကို လောကီ အမြင်ဖက်က ကြည့် ရင်...လူ့  သဘာဝ သံဝါသ ပြုခြင်းသဘောတနည်းအားဖြင့်  ၊ ဘုရားလောင်းဝင်စားတဲ့ ဟာ သံသရာ မှာအနစ်နာခံခဲ့ မှု့ ပါရမီပြည့်  ၀တဲ့  နမိတ်သဘာဝအရာ ပြန်အကျိုးခံစားရတဲ့ သဘောအရ   ဒီ လူ့ လောကီဘက်ကိုယူရင် အလျော်အစားခံစားခွင့် ပြန်ရတဲ့ သဘာဝ အဖြစ် ဂုရုတိုင်ကို ဖွင့် ဆိုလိုက်တဲ့ အခါ.....အလျော်အစားတိုင်။လခူပျက်အကျင့် ပျက်တိုင် ဖြစ်သွားပါတယ်.....လက်ကြောတင်း ကိုယ်ကျင့် ကောင်းရင်ကောင်းကျိုးရပြီး လက်ကြောမတင်းအချောင် စား ကိုယ်ကျင့် ပါက်ရင် ပြန်ပြီးဆိုးကျိုးလာ မယ်လို့   မှတ်ရပါမယ်......အောင်မြင်ခြင်းတိုင်ထိပ်မှာ တနင်္လာနံ ငွေ ရှိပြီး....ခိုက်မှာ  ဗုဒ္ဓဟူးနံ လူ  ခိုက် ရှိပါတယ်....ဒါကြောင့်  ဂုရုတိုင်ကို အိုကေရင် ငွေဝင်ပြီး မအိုကေရင် လူ  ခံရမယ်ဆိုတာ ကို ဖွင့် ဆိုပါတယ်နော်...။ဒီဂုရုတိုင်မှာ...အများအားဖြင့် လောင်းကစားသမားတွေ ဖွန်ကြောင်သူတွေအတွေ့ ရများပြီး ထောမဲ့ လူနဲ့ မွဲတော့ မဲ့ လူတွေအများဆုံးတွေ့ ရမှာပါ..၊ လူခိုက်မို့ မတော်တဆမှု့ ဖြစ်မဲ့ လူတွေလည်းကြုံရတတ်ပါတယ်...ဘိုက်ကြီးသယ်တွေပါတွေ့ ရတတ်ပါတယ်။


သိ= သောကြာတိုင်.....ဖွားတော်မူနေ့ ပါ.....လူုလောကီ အလိုဘက်ဆွဲသွင်းတော့   ကလေးမွေးတော့ ပျော်ရတာပေါ့ ..လေ....ဒါကြောင့် အပျော်တိုင် သောကြ တိုင်လို့ သုံးပါတယ်....ဒါပေမယ့်  ဘုရားသာလျင်  မွေးမွေးခြင်း စကား ၃ ခွန်းပြော လို့  ထူး ခြား တဲ့ လူသား မွေးလာပေမယ့် ..တကယ့် လူ့ လောကမှာတော့   မွေးမွေးခြင်းစကားပြောလေ့ မရှိဘဲ..သူနဲ့  နီးစပ်တဲ့ ..စကားကြီးစကားကျယ်တွေ ပြောတတ်သူတွေဖြစ်နေလို့  ပရိယာယ်အရ  ထူးခြားသူအဖြစ်ကနေ  ရူးနှမ်းသူတွေ ဖြစ်ကုန်လို့ .....ဒီသောကြ တိုင်ကို  အရူးတိုင်  အပျော်တိုင်လို့ သတ်မှတ်လိုက်ပါတယ်အတိုပြောရရင်  ထူးရင်ထူး မထူးရင် ရူး  တယ်ပေါ့ လေ...ဒါကြောင့် သောကြာသားအများစုဟာ  စကားကြီး စကားကျယ် တွေပြောတတ်ပုံရတဲ့ သဘာဝလို့ ဆိုနိင်ပါတယ်..။ဒီတိုင်မှာ  အနံကြီး ကွင်းကျယ် စကားဆိုသူတွေ....အရမ်းပျော်ရတော့ မဲ့ သူတွေ   သေခြင်စော်နံအောင်ရူးခြင်စိတ်ပေါက်နေသူတွေတွေ့ ရပါတယ်....တိုင်ထိပ်မှာ  အင်္ဂါနံ  စိတ်  ရှိလို့ သမထ အောင်သူ ဆုတောင်းပြည့် သူတွေ လည်းပါသလို....ခိုက်မှာ....ကြာသပတေးအတွေးအခေါ်ရှိလို့   အစွန်းရောက်တွေးသူ  အပျော်ဖက်သွားသူ ပညာကောင်းကို အဆိုးလုပ်ပစ်သူတွေအများဆုံးတွေ့ ရမှာပါ...။




လျင် (ဗုဒ္ဓတိုင်) သီအိုရီလေးပါ..။ 

''လျင်''ဆိုတာ ဗုဒ္ဓတိုင်ပေါ့ ..ဗုဒ္ဓဟူးသက်ရောက်၊ ရာဟုသက်ရောက်၊ဗုဒ္ဓဟူးနေ့ သား တွေကိုလည်း လွှမ်းခြုံတဲ့ သဘောရှိပါတယ်...မူလသတ္တိအရ  ဘုရားဖြစ်သောနေ့ ပေါ့ ..အနိုင်ပေါ့ ဗျာ...၊ ဒါလေးပါ ပဲ အနှစ်က...၊အဲ..လောကီမှာ လူတွေအတွက် ဆွဲသုံးတော့ ဗုဒ္ဓတိုင်ဟာ ယှဉ်ပြိုင်တဲ့ သဘော ၊ရန်များတဲ့ သဘာဝ ၊ဖိုက်တာသမားတွေ ၊စွန့် စားခြင်း ၊စွန့် စားရမယ့် ကိစ္စတွေ အများဆုံးပါလာလေ့ ရှိတယ်ဗျရန်သဘောပါတာ ပုံထဲက မာနတ်ကြောင့်  ပေါ့ လေ..နော့် ..၊ တိုင်က ဂဏန်းတွေကြည့် ရင် အပေါ်မှာ ၁။၅၊၂။ သုံးလုံးကအသာစီး..၊အောက်က ၀၊ ၃။၆။ က အားနဲသူ ၊ဒီလို ယေဘူယျအရင်မှတ်နိုင်ပါတယ်...။ ကျနော်တို့  အလွယ် သီအိုရီက န၀င်း(၀ါ)တိုင်ထိပ်က ၁ဂဏန်းကအောင်မြင်တဲ့ သဘောနဲ့  ခိုက်မှာ ရှိတဲ့  ၃ အင်္ဂါနံက  ကျဆုံးသူ သဘော ကို ယူပြီး....ဗုဒ္ဓတိုင်မှာ ကိစ္စတစ်ခုခု ကြုံရင် ခိုက်သတ္တိ စိတ်အလွန်ပူရင်၊အရမ်းစိတ်တိုသွားရင် ဒုက္ခရောက်တတ်တယ်...၊ဗုဒ္ဓတိုင်မှာ စိတ်ရှည်သည်းခံတတ်သူတွေသာ နောက်ဆုံးမှာ  အောင်မြင်သွားကြတဲ့ သဘောကို အခြေခံဆွဲထုတ်လိုက်ပါတယ်...၊ဒါကြောင့်  ဗုဒ္ဓဟူးသားတွေဟာ အလွန်စိတ်ရှည်တတ်ရင် အောင်မြင်လွယ်ပြီး စိတ်တိုပေါက်ကွဲပြီးဆိုရင် သူရော သူ့ ကိစ္စတွေပါ ဒုက္ခကြီးလေ့ ရှိတဲ့ သဘောပါမြင်နိုင်ပါတယ်..၊

'ဒါကြောင့် ဒီအခါတိုင်ဖြတ်ရင် စိတ်ရှည်ရမယ် ဆိုတဲ့  လက်တွေ့ အသုံးသဘော တစ်ခုရပါပြီနော်..၊ကဲ....နောက်တစ်ဆင့် တက်ရင် ၁၊၂။၅။ နေ့ သားတွေနဲ့  ကိစ္စတွေဆို ဗုဒ္ဓတိုင်မှာ ဖြစ်နေရင် အပေါ်သုံးလုံးဖြစ်လို့  ကံ သာတယ်ပေါ့ ..၊အဲ...၀၊ ၃၊ ၆၊ နေ့ သားတွေနဲ့  ကိစ္စတွေဆို တိုင်အောက်ဖြစ်လို့  ကံ မသာဘူး ခဏစောင့်  မစွန့် စားနဲ့  ခဏစိတ်ရှည်လိုက် စသဖြင့် ချက်ချင်း မှာလို့ ရပါတယ်....မရှင်းမှာဆိုလို့ နမူနာပြောရရင် အင်္ဂါသား က ဗုဒ္ဓတိုင်မှုာ ကားဝယ်မလို့ တဲ့  ၊ မြေ ၊ အိမ် ၊ ၀ယ်မယ်တဲ့ ၊ ကဲ...ဒါကို စဉ်းစားပုံကပိုက်ဆံထုတ်သူက ၀ယ်မှာ.....ခိုက်သမားဟာ ဘာလုပ်လုပ် ကံမသာပါဘူး  န၀င်း၁ဂဏန်းနဲ့ ချိန်ရင်အနဲဆုံး၁၀ရက်ပေါ့ ...ပစ္စည်းတွေကောင်းတယ်ဒါပေမယ့် သူ့ ကံက ခိုက်မှာရှလို့ ဒါ သူနဲ့ ကံ မစပ်သးဘူးခဏစောင့် ရမယ်..ဇွတ်လုပ်ရင်ကိုယ်ဖြစ်ကိုယ်ခံ ယတြာ ဟာ ခိုက်သမားအတွက်မရှိဘူး အချိန်ခဏစောင့် တာသာ သူယတြာပါ..

..(ကျန်တဲ့  အောက်သမား စနေနဲ့ သောကြာလည်း ဒီလိုသဘာဝပါပါဘဲနော် အလေးအပေါ့တော့ ကွာတယ်။ကဲ...ပြီးခဲ့ တာက ၀ယ်တာ...ဒီခိုက်သမား အင်္ဂါသားကပဲ..စောစောက ပစ္စည်းတွေရောင်းရင် ခိုက်သမားကရောင်းတာဖြစ်လို့ ပေါက်ဈေးမရဘူးလျှော့ ရောင်းရမယ်သူများ လက်ထဲရောက်ရင် ဈေးတက်လိမ့် မယ်ခံနိုင်မှလုပ်၊ အဆင်မသင့် ရင်ငွေအကြေမရဘူးချန်ထားလိမ့် မယ်ရပြီးရင်လည်းရောင်းတာသာရောင်းတာငွေပေါ်ရင်စီးပွားမဖြစ်ဘူး ပြန်ကုန်မှာ...ဒီလိုတွေမြင်လို့ ရပါတယ်....တိုင်ဟာ သက်ရောက်မတွက်ဘဲ သုံးသပ်ရင် အကန့် အသတ်ရှိတယ်ဆိုတာလည်း သိရပါမယ်တသက်စာဟောနေတာမဟုတ်ပါဘူး တစ်ပွဲတိုးဆုံးဖြတ်နေတာပါ..ကဲ..အပေါ်ကိစ္စအပေါ်နေ့ နံသား ထပ်သွားရင်ယတြာတောင်မလိုပါဘူး ဆရာနာမည်ကြီးဖို့ ဖြစ်လာတာပါ..

အောက်ကိစ္စ အောက်သမား လာမေးရင်လက်ရှောင်ပြီပေါ့  ဆရာ ပြာ  ဖြစ်တတ်ပါတယ်...။ဟဲဟဲ..။ လူကအပေါ်မှာ  ကိစ္စကအောက်မှာဆိုရင် ပွတ်သီးပွတ်သပ် ယတြာကူရင်း အကျောတဲ့ သွားပါတယ် စိတ်တော့ အရှည်ခိုင်းရတာပေါ့ ...တိုင်ပညာမှာ....အန္တရယ် အကြီးဆုံးက ခိုက်သတ္တိပါဘဲနော်. ....ဗုဒ္ဓတိုင်မှာ  စိန်ထည် လာရောင်းခိုင်းလို့ ကတော့  တော်တော်နဲါထွက်မဲ့ ပုံမပေါ်တဲ့ အပြင် ခိုက်ပစ္စည်းဟာပြဿနာပါတဲ့ ပစ္စည်း ဆရာသွားမပတ်သက်တာကောင်းတယ်လို့  ဆင်ချင်ရပါတယ် ပိုင်ရှင်မှန်တောင် အလိမ်မိထွက်တာမျိုးပါ.ဒီသဘောပေါ့ ခိုက်ဆိုတာဟာဘယ်တိုင်မှာဖြစ်ဖြစ် တစ်တိုင်လုံးကိုဖျက်နိုင်ပါတယ်နော်..ဖျက်ဆို သူက အမြစ်လေ..ဟဲဟဲ..။ဒါကို လေ့ လာသူတွေ က ဘယ်လိုလေ့ လာသလဲဆိုရင် ကိုယ်တိုင်ရော  ၀န်းကျင်ပါ  ဗုဒ္ဓတိုင်ဖြတ်နေရင် စိတ်တွေတိုလာတတ်တယ်  တိုစရာကောင်းတဲ့ ကိစ္စတွေကြုံလာတတ်မယ်  ..ကိုယ်ဝန်းကျင်မှာလည်းစိန်ခေါ်သံ ရန်လိုသံစွန့် စားမယ့် အသံ တွေ အမြင်ဖြစ်စေ အကြားဖြစ်စေ စကြားရလေ့ ရှိမှာပါဒါဟာ ဗုဒ္ဓတိုင်ပါလားလို့  သိလိုက်ပါပြီပေါ့ ...အသုံးချပုံက  ကိုယ်ဗုဒ္ဓတိုင်တစ်နာရီခွဲ ဖြတ်နေပြီ ဘာကြားကြား ဘာမြင်မြင် ဘာတွေလာပါးစပ်နဲ့ စိမ်ခေါ်ခေါ် တတ်နိုင်သမျှ စိတ်ရှည်လိုက်မယ် တစ်နာရီခွဲလောက်ပေါ့ ...ဒါဟာ တိုင်  နဲ့ အတူနေထိုင်တတ်ခြင်းလို့ ကျနော်တို့ ကတင်စားပါသဗျ..။ရိပ်မိလောက်ပါပြီနော်....ဟဲဟဲ..။

သောရီတိုင်..(၀ါ) စနေတိုင် သီအိုရီပါ.....

-သောရီဆိုတဲ့  စနေတိုင်ဟာတရားဦးဓမ္မစကြာ ဟောရာနေ့ ကိုမှီပြီး လောကီလူ့ ကိစ္စတွေမှာဆွဲသုံးပါတယ်....ဓမ္မသဘာဝက သစ္စာတရားပေါ့ ...အဲဒီသစ္စာတရားမှာဘာတွေ အဓိကပြောပါသလဲ..ဒုက္ခတွေအကြောင်းချည်းပါ ပျော်စရာကောင်းတာမပါပါဘူး ..ဘယ်လို ဒုက္ခက လွတ်အောင်လုပ်မလဲဆိုတဲ့  အနှစ်သာရတွေချည်းပါ....ဒီတော့  သောရီတိုင်ကို စနေတိုင်(သို့ )စနေသက်ရောက်သဘာဝ၊စနေသားတွေရဲ့ စကားပြောဆိုပုံ ၊စသဖြင့် အကျယ်အတွေး ကစားနိုင်ပါတယ်..သောရီတိုင်မှာ တိုင်မှာ ဗုဒ္ဓဟူး လူ  တဲ့ ..န၀င်းလူပေါ့ ..န၀င်းလူဟာအောင်မြင်သူလို့ ဆိုတာထက်သောရီတိုင်ရဲ့ သစ္စာအားအရ လူမှန်နေရာမှန်သဘော ၊သီလကောင်းသူတွေ ၊စင်ကြယ်မြင်မြတ်သူတွေအတွက် ကောင်းတဲ့ သဘောဖြစ်ပါတယ် ဒါကြောင့်  စနေတိုင်ကို ဘုန်းကြီးတိုင်လို့ တောင်တင်စားပါတယ်

..စနေသက်ရောက်ဟာ လူမှန်သီလမှန်ဘုန်းကြီး မှန် တွေအတွက် ဂုဏ်ပြုခံရတဲ့ သဘောဟာ သီလစင်ကြယ်လို့  စိတ်စင်ကြယ်လို့ ဆိုတာ တန်းသိနိုင်ပါတယ်..၊ သောရီရဲ့ ခိုက်ဟာ သောကြာနံပါ...ခရီး  ၊ စကား ၊  လှုပ်ရှားတတ်တဲ့ သဘောတွေဟာ ခိုက်သတ္တိဝင်သွားတယ်လို့ မြင်နိုင်ပါတယ်..ဒါကြောင့်  သောကြာနံ ခိုက်လို့  ဒီတိုင်နဲ့ ကြုံရင် ဘ စနေသက်ရောက်ဖြတ်ရင်  စနေသားတွေကို သတိပေးလေ့ ရှိတာက ၁။ အသွားမတော်တစ်လှမ်း။  ၂။ အစားမတော်တစ်လုပ် ။  ၃။ အပြောမတော်တစ်ခွန်း..။လို့ မှတ်လိုက်ယုံပါဘဲ..၊စနေတိုင်ဟာမူလနေထိုင်သွားလာလှုပ်ရှားပြောဆိုနေတာတွေကိုတောင် ပြဿနာရှာဖို (တစ်နည်း ခိုက်ဖြစ်သွားဖို့ ) ချောင်းနေလို့  ၊မလုပ်ဖူး မသွားဖူးတာတွေလုပ်ရင် သွားရင်ဆိုးကျိုးပေးလိုက်ပါတော့ တယ်...၊အထူးသဖြင့် အလွန်စကားပြောဆင်ခြင်ရတဲ့ တိုင်ပါ..၊စနေတိုင်ဟာမှန်ကန်တဲ့ စကားကိုပဲကြိုက်တယ်..ချိုသာတာကြိုက်တယ် လိမ်တာမရဘူး မမှန်တာလုပ်ရင်မကြိုက်ဘူး ဒါကြောင့်  သူခိုးဖမ်းဓါတ်ဆင်ရင်စနေတိုင်ကိုသုံးကြတဲ့ သဘောပါ..

သောကြာဟာခိုက်နေတော့ ခြေချုပ်မိသွားတဲ့ သဘောပေါ့ လေဒါကိုအရပ်ထဲ ဘယ်လိုသုံးမလဲ... .စနေတိုင်မှန်းသိရင် ကိုယ်တိုင် ဘာမှ လွယ်လွယ်ကတိမပေးတော့ ဘူးပေါ့ .၊သူများက ကိုယ့် ကို ဆက်ဆက်လာမယ်နော်လို့ ပြောလေ သောကြာခိုက်လေဖြစ်ပြီး မလာဘို့ များပြီလို့ သိတော့  လည်ပင်မရှည်တော့ ဘူးလေ..၊ ဒီလိုဘဲ  စနေတိုင်ရောက်မှ ဈေားသွားဝယ်ရင်အဆင်မချောတာလည်း ရိပ်မိရမယ်  စနေတိုင်မှာ ဈေးဆစ်ရတာ ရိုက်ပေါက်ပေါ့ ..၊ နောက်စနေတိုင်ဟာ သောကြာနံခိုက်အားအရပဲ လှုပ်ရှားမှု့ တွေခိုက်လို့  ထောင်ကျတော့ မယ့် ကိစ္စတွေ...ဆေးရုံတက်ရမယ့် ကိစ္စတွေ မသာပေါ်မယ့် အပေါက်တွေ လည်း ကြုံနိုင်လို့ စားသတ်လာသတ်တိုင်ပေါ့  လှုပ်ရှားမှု့ ခိုက်သဘာဝအရ  မိဘ ထိမ်းချုပ်မှု့ အောက်မှာ ရှိတဲ့  ကလေးအရွယ်တွေက  ပါးစပ်က ရမ်းပြောလိုက်တဲ့ ကိစ္စတွေဟာ အမှတ်တမဲ့ နဲ့ တစ်ကယ်ဖြစ်တတ်တာလည်း စနေတိုင်ပါဘဲအရပ်ထဲသုံးအလွယ်က  စနေတိုင် စနေဂြီုလ်သက်ရောက်မှာ စတင်မိတဲ့ ကိစ္စတွေဟာ မသေချာခြင်းမှာ နိဂုံးချုပ်လေ့ ရှိတယ် အပျက်သဘော ဘုရားဟောသလို ဒုက္ခနဲ့ သာ နိဂုံးချုပ်တတ်တဲ့ သဘောကို အသုံးချဆင်ခြင်နိုင်ပါတယ်....ဆိုလိုတာက အရင်သွားမြဲလာမြဲ ကိစ္စတွေကိုသည်းခံပြီး ဆက်လုပ်ငြိမ်ငြိမ်နေတယ်ပေါ့ ဗျာ...။နံကောက်ကစားပုံက အရင်တိုင်စတိုင်တွေအတိုင်း အစားထိုးဥာဏ်ကစားရင်အိုကေမှာပါနော်..၊စနေသားတွေဟာ စကားဘုပြောရင် ကတိပေးလွယ်ရင်မကောင်းဘူးလို့ ဒဲ့ သုံးတာပေါ့ လေနော့် ...။

''ဆ''ဆိုတဲ့  ဘောမတိုင် (သို့ )အင်္ဂါတိုင်...

ဒီအင်္ဂါတိုင်က ရှေ့ ကတိုင်တွေလို ဒဲ့ မလာဘူးနဲနဲ ၀ိုက်တယ်..၊သိတဲ့ အတိုင်း အင်္ဂါအခါဟာ မြတ်ဘုရားပရိနိဗ္ဗာန်ပြုရာနေ့ ကို ယူထားတာပါ၊အဲဒီမှာ စတာပါဝိုက်ယူပုံက ဘုရား ရုပ်ကလာပ်တော်ကရှိသေးလားဆိုတော့ ရှိသေးတယ်...တကယ်ရှိလားဆိုတော့  အသက်တော့ မရှိတော့ ဘူးတဲ့ ကဲ..ဆိုလိုတာကို လှဲ့ ယူတော့  ဟန်ဘဲရှိတဲ့ အတွင်းက အဆံမရှိတော့ တဲ့ သဘော.ရုပ်တော့ .မြင်နေရတယ် အပေါ်ဟန်အတွင်းသရုပ်ကအသက်မရှိဘူးလေ..ဒါကိုလူမှာဆွဲသုံးတော့  အာလူးပေးသွားသူတွေ..၊ တစ်ကောင်ချကျွေးနှစ်ကောင်ပြန်စားသွားတဲ့ သဘော၊ ဟန်ဆောင်ပန်းဆောင်သမားတွေ ၊ဖေါ်ရှိုးကောင်းသူတွေ ။အကြွားသန်သူ ၊သူများပစ္စည်းနဲ့ ဂုဏ်ခံသူတွေသဘာဝ၊ (ငါ့ သူငယ်ချင်းကဘောစိကွဆိုပြီး ငါးပိရေနဲ့ ထမင်းစားရင်း ပြောလိုက်သလိုလူတွေပေါ့ လေ)  ဒါကြောင့် ဒီတိုင်ကို ငဘတ်တွေတိုင်  ဒီတိုင်မှာ ဆုံရင်ကတိပေးရင်ချီးရင်ငှားရင်ဘတ်ဖို့ များပြီဆိုတဲ့ သဘောကိုဆိုလိုပါတယ်.....တိုင်ရဲ့ ထိပ်မှာ  စနေရှိလို့ ဓါတ်တိုင်နတ်တိုင်လို့ လည်းခေါ်တယ် ဒီအင်္ဂါတိုင်မှာမွေးရင်ဓါတ်တွေနတ်တွေလာလာပတ်သက်တတ်တဲ့ သဘာဝရှိပါတယ်  ခိုက်မှာ  ၂  တနင်္လာနံထိုင်ပါတယ်ခိုက်ပါတယ်ဒါကြောင့် အင်္ဂါသက်ရောက်မှာ တနင်္လာနံကိုသွားကလိရင်ဒုက္ခကြီးကြီးဖြစ်တယ်လို ပြောတာပါ 

ဒါကြောင့် အရပ်ထဲသုံးတော့ အင်္ဂါအခါမှာငွေထုတ်ပြီး ထုထည်ကြီးမားတာတွေမ၀ယ်နဲ့ မရောင်းနဲ့ မချီးမငှားနဲ့ ယတြာကူလို့ မလွယ်ဘူး လို့ ပြောတာပါကု့ တနင်္လာနံမှန်သမျှငြိမ်ငြိမ်နေ ခိုက်ပါသည် ဘာမှလုပ်မရပါ  ဒုက္ခနဲ့ အဆုံးသတ်သည် အ၀င်လည်းမကောင်းအထွက်လည်းမကောင်းပေါ့   ကားဆို ၀ယ်မကောင်းရောင်းမကောင်းပေါ လေ..၊...အင်္ဂါသားဟာကြွားစရာရှိရင် ငါ့ ဘော်ဒါက   ဆိုပြီး ကြွားတတ်တယ်ဒါ ခိုက်တနင်္လာသတ္တိ သာမန်စိတ်မှန်နေရင်အင်္ဂါဟာငွေကပ်စီးနဲပေါ့ လက်ဖွာရင်ကျစ်တော့ မလို့ ပေါ့ ...ဒါဟာနေ့ သားကိုသိယုံနဲ့ သူ့ ကိုခိုက်ကြည့် ဖမ်းလို့ ရပြီလို့ ဆိုလိုတာပါ ....ထူးခြားတာ အင်္ဂါတိုင်မှာတစ်ခုရှိပါတယ်အင်္ဂါရဲ့ ဆပွတ်ဟာ တနင်္ဂနွေပါ  အိမ်ထောင် အချစ်ပေါ့   ဒါကြောင့် အင်္ဂါတိုင်ရောက်ရင် ဖွတ်ကြောင်တဲ့ သဘာဝတွေလွှမ်းမိုးလာတတ်သလိုအင်္ဂါသားတွေ စန်းထလွယ်တာလည်းဒီဆပွတ်ဂဏန်းကြောင့် ပါ..ဒါကချွင်းချက်...။အသုံးချပုံက  အင်္ဂါအခါမှာ ငွေပေးငွေယူလက် မရှုတ်ကြဖို့ အဓိကပါ  လက်ရှုတ်ရင်မြွေဖမ်းပြီလို့ သာမှတ်တော့ ပါလို့ .....အဲ..သိပ်သန့် တဲ့ အင်္ဂါဆိုသတိထား အဆင်မသင့် ရင်ငဘတ်။ ပုံမှန်နဲ့  ရိုးရိုးနေရင် အိုကေတဲ့ သိပ်ကျစ်မယ့် ကောင်မဟုတ်ဘူး ဒီလိုလောကထဲ ဆွဲသုံးသွားပါတယ်နော်....အင်္ဂါမှာကားမ၀ယ်ဖို့ လည်း မှတ်ထားကြပါဗျို့ .....ဟဲဟဲ..။

''ဦး'' ဆိုတဲ့ တနင်္ဂနွေတိုင်  ...(သို့ ) ပညာတိုင် အမှု့ တိုင် အမွေလုတိုင်..

ဘုရားဟာ ပရိနိဗ္ဗာန်ပြုပြီး သကာလ...ဟဲဟဲ..တေဇောဓါတ်လောင်းစေပါသတဲ့ ဒီအခါမှာ....ဇာတ်က ဒီမှာတင်မပြီးဘူးဗျ..ဓါတ်တော်တွေကို ခွဲပေးဖို့ လာလုတာလည်းပါတယ်..ဒေါနပုဏ္ဏား(ကြည့် စမ်းတနင်္ဂနွေတိုင်  စနေံခိုက်မှာ ဓါတ်တော် ဝေတာ ဒေါနတဲ့ ..စနေနံ၂ထပ်ဆရာကြီးလေ. .ဟဲဟဲ..ကျစ်ပြီပေါ့  ဆံပင်ကြားထဲကျစ်တော့ သကြားမင်းပြန်မသွားတာပေါ့ ...ဓါတ်တော်တွေကို ဟိုနဲနဲဒီနဲနဲခွဲဝေငေးတာကပညာသဘောပါပုဏ္ဏားကိုက ဆရာကြီးလေ..ဒါတင်မကဘူး  ဓါတ်တော်တွေမရရင်စစ်တိုက်ယူမယ်ဘာညာတွေပါလာလို့ အမှု့ တိုင်တဲ့ ...ကဲ..ရိုးရိုးလေး မရှင်းဘူးလား၊ဒါကို ...လူ့ သဘာဝမှာ ယူသုံးတော့  တရားတဘောင်တွေလွှမ်းမိုးတာ ၊အမွေလုတတ်တာ့ ညာရေးသဘောကျောင်းဆက်တက်တာစာပေသမား ရှေ့ နေသမားတွေစသဖြင့် ဒီအခါရဲ့ သဘာဝကိုမြင်ပါပြီနော်း..

လက်တွေမှာ  န၀င်းကိစ္စဟာတိုင်ထိတ်မှာ  ၅  ပညာဂဏန်းရှိလို့ သမာသမတ်ကျရင် ပညာကောင်းယုံမကမှန်မှန်ကန်ကန်သုံးရင် ဘ၀နိဂုံးအထိကောင်းတယ်လို့ ဆိုနိုင်ပြီး ပညာကိုကလိမ်ကျရင် ဒုက္ခရောက်တတ်တဲ့ သဘာဝရှိပါတယ်.....စနေနံခိုက်ဟာ ထင်ပေါ်မှု့  လောဘ ဂုဏ်မာနကြီးရင် သူများကိုသိက္ခာကျအောင်လုပ်ရင် အန္တရယ်ပေးကြောင်းသိရပါမယ်...ဒါကြောင့် တနင်္ဂနွေသားတွေ ပညာရေးဘက်ရောက်ရင်အိုကေသလို နှစ်တွေအကြာကြီး အသက်မွေးရတယ်ပေါ့ ...လက်တွေ့ ဘ၀ထဲတော့  တစ်ခြားတိုင်တွေလောက် မရှုတ်သလို့ ဒီတိုင်မှာ ပြဿနာကြီးကြီးလာလေ့ တွေ့ ရလေ့ မရှိနဲ့ ပါတယ်  တိုင်ကိုက  ပညာဦးစီးနေလို့ ပါ...

.အဲဒီတိုင်မှာ ခိုက်က  စနေနံအားကြောင့် တနင်္ဂနွေသားအများစုဟာကိုယ့် ပညာနဲ့ ကိုယ်မာနနဲနဲ သူများထက်ပိုကြီးလေ့ ရှိတာကို မြင်ရမှာပါနော်...အသုံးချတာက  ဒီတိုင်ဟာ မာန်မာန ကြီးသူ ဂုဏ်မက်သူ မတူမတန်ဆက်ဆံတတ်သူတွေကို အရှက်တကွဲအဖြစ်အပျက်တွေနဲ့ ပြန်နှိပ်ဆက်တတ်ကြောင်းရို့ ကျိုးနှိမ့် ချတတ်သူတွေကိုတော့  ပန်းသတင်းလေညှင်းဆောင် ပညာဂုဏ်သတင်းတက်ပါကြောင်းပေါ့ ...ဒီစနေနံဂုဏ်သတင်းခိုက်အားကြောင့်  တနင်္ဂနွေသက်ရောက်ဟာ အတိုက်အခိုက် မနာလိုခဲံရတာတွေလည်းများသလို ကိုယ့် အရည်အချင်း အစစ်ကြောင့် ဘ၀တိုးတက်မယ့် အခွင့် အခါတွေလည်းရပါကြောင်း ရုံးသမားတွေ တနင်္ဂနွေရောက်ရင် ရာထူးတိုးခံရလေ့ ရှိတာဟာ ဒီတနင်္ဂနွေတိုင်ကဖြစ်လာတဲ့  ပညာရဲ့ သတ္တိပါနော့် .....။ချုပ်လိုက်ရင်    ဒီအခါဟာ မာနကြီးရင် ရစ်မယ် အရှက်ကွဲမယ်လို့ သတိပေးလို့ရတဲ့ သဘော

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..