Powered By Blogger

Sunday, May 3, 2015

''သားအမိသားအဖ ၃ ယောက် ရဲ့  ကံကြမ္မာကြိုး...''

''သားအမိသားအဖ ၃ ယောက် ရဲ့  ကံကြမ္မာကြိုး...''
--------------------------------------------------
မနှစ်ကအကျဉ်း ရေးဘူးတယ်။ ခုပြန်ရေးပြတာပါ...၊ လာတွက်နေကြ ယတြာလုပ်နေကြက သား ပါ...စိနလေးပါ အရမ်းချမ်းသာတဲ့ မိဘကမွေးလာတာပါ အပေါ်လွှာဝင်တွေပေါ့ ...အင်္ဂလိပ်ကျောင်းထွက်ဖြစ်ပြီး မောင်နှစ်မသုံးယောက်မှာ အကြီဆုံးသားကြီးသြရသ ဇြစ်ပါတယ်...ငွေချမ်းသာတော့  ပညာရေးကိုရပ်ပစ်ပြီး စီးပွားဖက် လိုက်သွားသူပါ အလွန်အကျွံ ချမ်းသာသူတွေအကျင့် အတိုင်း တွေ့ ကရာ စိတ်ကူးပေါက်ရာ ၀ယ်ချင်တာဝယ်သုံး နိုင်တဲ့ အခြေအနေ ပါ..

သူက ၁ကြွင်း တနင်္ဂနွေသားပါ..ငွေကိုသာယုံပြီး ဗေဒင်တွေ ဘာတွေညာတွေ ကိုမယုံခဲ့ ရာက ကျနော် ချိတ်ဆက်ပြတာတွေ နဲ့  အာလူးပေးတာတွေကိုသဘောကျ သွားရင်း သူ့ ကိစ္စ တွေ လာလာတိုင်ပင်လေ့ ရှိလာပါတယ်...ဒီလိုနဲ့  သူ့ အသက် ၁၈ နှစ်ထဲမှာ အယ်လ်ဇေးရှင်း ခွေးကြီး ၂ကောင်ကို ၀ယ်မွေးခဲ့ ပါတယ် တနင်္လာသက်ရောက်ဆိုတော့  ဂြိုလ်နဲ့ ကကွက်တိပေါ့ ...ကြေးအရမ်းကြီးပြီး သခင်ကိုချစ် သစ္စာရှိပြီး အသင်ခံလို့  သူတော်တော် သံယောဇဉ် ကြီးသွားတဲ့ ခွေးကြီးတွေ ဖြစ်သွားပါတယ်....



ဒီလိုနဲ့  သူ့ အသက် ၁၉ နှစ် ၀င်စ (အင်္ဂါသက်ရောက်) မှာ ကြားဘူးနားဝရှိတဲ့ အတိုင်း သူက သူရောက်မယ့်  အင်္ဂါသက်ရောက်ရဲ သဘောတရားတွေ သိချင်ပါတယ်တဲ့  ဒါနဲ့ ကျနော်က အင်္ဂါသက်ရောက်မှာ တနင်္လာနံပတ်မွှေတာ ခံရတဲ့ အကြောင်း ဥပမာမျိုးစုံ ပေးပြောပြပါတယ်...ဒီတော့  သူက မေးလာပါတယ်...ဒါဆို သူ့ ခွေးကြီးတွေရောပါသလားတဲ့  ကျနော်က အင်း...အနဲ နဲ့ အများတော့ ပါနိုင်တာဘဲလေ.ဒီခွေးကြီးတွေက မင်းဝယ်မွေးတာလေ ၊ ဘာတွေ ဘယ်လိုအခြေအနေအထိဖြစ်မလဲ ဆိုတာတော့  မပြောတတ်ဘူး လို့ ပြောလိုက်ပါတယ်...သူ့ ခွေးကြီးတွေ က ခြံထဲက ခွေးဖြစ်နေယုံတင်မက ဘဲ မိသားစု တိရိစ္ဆာန်ဆရာဝန်နဲ့ ပါ အမြဲစစ်ဆေးထားလို့  ရောဂါတွေ မရှိ ကားတိုက်စရာမရှိပေါ့ ..ဒီတော့  သိပ်မစိုးရိမ်ပါဘူး နေမကောင်းတာနဲ့  ဆရာဝန်မှီပါတယ်လို့ ပြောပါတယ်...

ဒါနဲ့  နောက်တစ်နေ့ ကြတော့  သူ့ အဖေ မွေးသက္ကရာဇ် ယူလာပါတယ်..သူ့ အဖေလည်း တနင်္လာပါဘဲ တွက်ကြည့် ပေးပါလို့ ဆိုလာတယ် ...တွက်ကြည့် တော့  သူ့ အဖေဟာ သုညကြွင်း တနင်္လာသားသိုက်ဖွားဖြစ်ပြီး အသက်၅၅ နှစ် သောကြာသက်ရောက် (သောက) အတွင်းရန်ဝင် တဲ့ သက်ရောက်ပါ ၊အများအားဖြင့်  တနင်္လာတွေဟာသောကြာသက်ရောက် ၀င်ရင်သောကအားနဲ့  အိမ်ကခွဲခွာရတဲ့  သဘောဝင်လာလေ့ ရှိပြီး ကျမ္မာရေးငြိတတ်ပါတယ် စီးပွားရေးတော့ မငြိတတ်ပေါ့ ...ဒါကို မြင်လိုက်တော့  ဒီတနင်္လာသားရဲ့  သား တနင်္ဂနွေသားက အသက်၁၉နှစ် အင်္ဂါသက်ရောက် ၀င်နေတယ် အင်္ဂါသက်ရောက်ဟာ တနင်္လာနံခိုက်တယ်၊ ပြီးတော့ စိတ်ပူစရာတွေကြုံတတ်တယ် ဒီတနင်္ဂနွေသားရဲ့ ဖအေက တနင်္လာသား အသက်က ၅၅ ၊ အိမ်ကအထွက်ပြနေတယ် ဒါကိုကြည့် ရင် တနင်္လာသားကျမ္မာရေးငြိပြီးဆေးရုံစော်နံနေပြီလို့  စိတ်ထဲမှာ အလိုလိုခံစားလို့ ရလာပါတယ်...ဒီတော့  မင်းအဖေ ဒီနှစ်ကျမ္မာရေးဂရုစိုက်ရမယ်ပေါ့ ....တနင်္ဂနွေသားကပြောတာကတော့ လောလောဆယ် အဖေက ကော့ သောင်းက ပုလဲမွေးမြူရေးစခန်းမှာဆရာ ပင်လယ်မှာ ကျမ္မာရေးတော့ ဒေါင်ဒေါင်မြည်ဘဲဆြာ လို့ ပြန်ပြောပါတယ်..

ဒါနဲ့  စိတ်ထဲမှာ စနိုးစနောင့်  ဖြစ်လာတာနဲ့  မင်းအမေ မွေးသက္ကရာဇ် မှတ်မိလား လို့ မေးလိုက်တော့  အလွတ်ရပါတယ်တဲ့ ...။ ဒါနဲ့  သူ့ အမေ မွေးသက္ကရာဇ်ကို တွက်ကြည့် လိုက်တော့  အသက်၅၆ နှစ် ၆ကြွင်း ဗုဒ္ဓဟူးရာဇဖွား အင်္ဂါသက်ရောက်ထဲရောက်နေပါပြီ...ဗုဒ္ဓဟူးသားသမီးအင်္ဂါသက်ရောက်ဆိုတာ ဟာလည်း တနင်္လာနံ ခိုက်သဘောအပြင် အတွင်းရန်သဘော (ရာဇာကိန်း) ပါဖြစ်နေတာပါဘဲ...သဘောက တနင်္ဂနွေသား ရဲ့ ဖအေရောမအေပါ နှစ်ယောက်စလုံးမှာ (သောကနဲ့ ရာဇာ) ကိန်း တစ်နှစ်ထဲစုံထပ်သွားတဲ့ သဘောပေါ့ ...ပြီးတော့  အတွေ့ အကြုံတွေအရ ၆ကြွင်း တွေဟာတော်ယုံရောဂါကြီးတွေနဲ့ စောစောသေလေ့ မရှိဘူး အသက်ရှည်လွယ်တယ် ကံညံ့ လာရင် သူတို့  မရဏ တနင်္လာနံငွေကုန်ကြေးကျ များတာကိုဘဲအရင်လာလာထိခိုက်လေ့ ရှိပါတယ်....

ဒီတော့  သားတနင်္ဂနွေ အသက်၁၉နှစ် က အင်္ဂါသက်ရောက်က ခိုက်တနင်္လာ အရရော၊ တနင်္လာသားရဲ့  မိန်းမ ဗုဒ္ဓဟူးသမီး အင်္ဂါသက်ရောက် က ခိုက်တနင်္လာ သဘောအရရော တနင်္လာသား အသက်၅၅ သောကြာသက်ရောက်ဟာ ဆေးရုံရောက်ဖို့ လမ်းကြောင်းနား ပိုနီးစပ်သွားပြီးလို့  စိတ်ထဲမှာ ပိုသေခြာသွားပါတယ် ဘယ်လောက်အထိဘယ်လို ဖြစ်နိုင်သလဲ ကိုတော့  ဆက်မတွက်တော့ ပါဘူး ဖြစ်နိုင်ခြေအများဆုံးလတွေကိုတော့ လစိတ်တွေတွက်ပြီး ထောက်ပြထားလိုက်ပါတယ်...စကားတော့  နှစ်ခွပြောလိုက်ပါတယ်...မင်းအဖေ နဲ့  အမေ တစ်ယောက်ယောက် ကျမ္မာရေး အတော်ခြူခြာနိုင်တယ်...မအေထက် ဖအေ က ပိုခြူခြာသွားနိုင်တယ်လို့  ထင်နေတယ်ပေါ့ ...။

သိပ်မကြာခင်မှာ သူမွေးတဲ့ ခွေးကြီး တစ်ကောင်ဟာ ရုတ်တရက် ချက်ချင်း မကျမ္မာဖြစ်ပြီးဆရာဝန် ရောဂါမရှာရခင်ဘဲသေသွားပါတယ်...။ ပထမခွေးသေပြီး ၂ ပတ်အကွာမှာ နောက်တစ်ကောင် မမာမကျမ်းဖြစ်လာပါတယ် ဒီတစ်ခါတော့ မသေခင်ဆရာဝန်လက်ထဲရောက်လို့ စစ်လိုက်တော့  အဆိပ်မိထားတာပါလို့ အဖြေထွက်လာပါတယ်...ကလပ်တက်ပြိုင်ဘက်တွေ လက်ချက်လို့  တနင်္ဂနွေသားလေးက သိလိုက်ပေမယ့် တရားခံတော ရှာမရပါဘူး ..ခွေးလည်း သေသွားပါတယ်......အဲဒီလို တနင်္ဂနွေသားသူ့ အသက်၁၉မှာ သူ့ အချစ်တော် အယ်လ်ဇေးရှင်းကြီး၂ ကောင် ရှေ့ ဆင့် နောက်ဆင့် သေသွားတော့  သူ့ အဖေ တနင်္လာသားအတွက် နဲနဲတွေးပူစဖြစ်လာပါတယ်...ကံကောင်းတာက သူ့ အဖေဟာ သွေးတိုးရှိတာကလွဲလို့ ဆီးချို နှလုံး ပြဿနာမရှိဘဲ ကျမ္မရေးလိုက်စားလို့  ဘော်ဒီကြံ့ ခိုင်နေတဲ့ သိုင်းသမားဟောင်းဖြစ်နေပါတယ် ပြီးတော့  ကော့ သောင်းဘက် ပင်လယ် ပုလဲမွေးမြူရေးစခန်းက ကျွန်းပေါ်မှာဖြစ်လို့ ကားတိုက်မှု့ ဖြစ်စရာအကြောင်း သိပ်မရှိဘူးပေါ့ လေ...ဒါပေမယ့်  သူက မေးလာတာသူ့ အဖေ သေနိုင်လားတဲ့ ....ဒါတော့  ကျနော်မပြောနိုင်ပါဘူးလို့ ပြန်ပြောလိုက်ပါတယ်...

ဒါနဲ့  တနင်္ဂနွေသားဟာ လိုရမယ်ရ သူ့ အဖေအတွက် ယတြာကြီးကို သူ့ အဖေရဲ့ အကျီင်္ နဲ့  ဓါတ်ပုံ ယူလာပြီး ကာကွယ်ပေးထားဖို့  လာပေးတော့  လက်ခံပြီး လုပ်ပေးထားလိုက်ပါတယ်....ယတြာ ကြိုကာထားတာက လုံးဝကံမဆိုးအောင် လို့  ရည်ရွယ်ပေမယ့် အတိတ်ကံသဘောကရှိသေးလို့  ရှောင်မရဘဲ မကောင်းတဲ့ ကံကြမ္မာ တစ်ခုခု ဖြစ်လာရင်တောင် ယတြာကြိုကာထားလို့  မကောင်းကံကနေ အပြီးမလွတ်တောင် သက်သာနိုင်သလောက်သက်သာခွင့် ရလေ့ ရှိပါတယ်...

ကျနော်ထောင်ပြ ချိန်ပြထားတဲ့  လပိုင်းလောက်မှာဘဲ တနင်္လာသားဟာ ပင်လယ်ကနေ ရန်ကုန်ခဏပြန်တက်လာရင်းက ရန်ကုန်မူလအိမ်မှာ မခံမရပ်နိုင်အောင် ဗိုက်အောင့် လာလို့  အရေးပေါ်ဆေးရုံတင်လိုက်ရပါတယ် မူလက အစာအိမ်ကြောင့် ထင်ရာက ဆေးရုံရောက်တော့  အူအတက်ကပေါက်လုဆဲဆဲယောင်နေလို့  အချိန်မှီ ခွဲထုတ်လိုက်နိုင်ခဲ့ ပါတယ်ဗျား...။ အူအတက်ကိစ္စကတော့  ဘယ်လို့ မှ ကြိုဆေးစစ်လို့  ရှောင်လို့ ရတာမျိုးမဟုတ်တဲ့  အတိတ်ကံဦးစီးတဲ့ ရောဂါမျိုးပါ ။ ယောင်ချင်သလိုထယောင်ပြီး....အူအတက်မှန်း မသိလိုအူကို စွတ်နှိပ်မိမှ့  ဗိုက်ပေါက်ချင်သလိုထပေါက်တတ်တဲ့ သဘောပါနေတာကိုး...။

အားလုံးအိုကေသွားပါတယ်...သုညကြွင်းသိုက်ဖွား တနင်္လာသား အသက်၅၅ သောကြာသက်ရောက် ဆေးရုံတော့ တက်လိုက်ရတယ် သေတော့ မသေဘူးပေါ့ .....

ဒီဖြစ်ပျက်ခဲ့ ပုံ လမ်းကြောင်းကို ကြည့် ရင် အိမ်က အထွက်ပြနေတဲ့ ကံရှိသူဟာ သာမန်အားဖြင့် အိမ်နဲ့ ဝေးရာရောက်နေရင် နဂိုကကို ထွက်ပြီူသားလိုဖြစ်နေလို့  ကြိမ်းကျေသလိုဖြစ်နေပြီး တော်ယုံ ကျမ္မာရေးလောက်ကလွဲလို့ အလန့် တကြားထဖြစ်လေ့ မရှိပါဘူး...ဖြစ်ကို ဖြစ်ရမယ့် လူမို့ လိုသာ မိသားစုအိမ်ကို ပြန်ရောက်လာပြီး မိသားစုတွေပြန်စုံမိမှ အိမ်က အထွက်အားက အင်အားဝင်လာပြီးဆေးရုံတန်းရောက်သွားတဲ့ သဘောမျိုးပါပဲ..ယတြာတွေ လုပ်ခဲ့  ရာ မှာ လည်း မမြင်ရတဲ့ ထူးဆန်းတဲ့  သဘောတွေကတော့ အများကြီး ကြုံခဲ့ ရပါတယ်.နောက်တော့  ယတြာတွေရဲ့ ထူးဆန်းတဲ့ မျက်စိလည်စရာ အကြောင်းတွေကိုကြုံရင်ရေးပါဦးမယ်...။ .ပြီးတော့  အကယ်၍သာ ဒီတနင်္လာသားဟာ ပင်လယ်မှာဆက်နေရင် ဒီလို ဆေးရုံတက်ရမရမတော့  ယတ်ပြတ် မပြောနိုင်ပြန်ဘူး..ပြီးတော့  မြို့ ကြီး နဲ့ မနီးတဲ့  ပုလဲကျွန်းပေါ်မှာသာ အူအတက်ပေါက်ရင် ဒီလိုဆေးကုသဖို့ အခြေအနေလွယ်ပါ့ မလားကလည်း စဉ်းစား စရာပါဘဲ....ဒီလို လင်မယားခွဲခွာတဲ့ ကိန်းခန်းမျိုး စုံသွားတာမျိုးကို သင်္ဘောသားလင်မယားတွေမှာ အများဆုံးကြုံခဲ့ ဖူးပြီးအများအားဖြင့် သင်္ဘောပေါ်မှာရှိနေရင် ဆေးရုံမရောက်ဘဲ အချင်းချင်းရန်ထဖြစ်တာ ဖျားနာတာ အရက်နာကျ မျိုးလောက်သာအဖြစ်များပါတယ်...သိပ်ကံဆိုးသူမျိုးကတော့  သင်္ဘောပေါ်မှာပြုတ်ကျ ချော်လဲသဘော ကြုံတတ်လေ့ရှိပါတယ်ဗျား......

ခုရေးပြတဲ့  ဇာတ်လမ်းက အကြီးဆုံး သြရသ သား ရဲ့  ကံ ၊ လင်မယား ၂ယောက် ရဲ့  ကံကနေ အဖြစ်အပျက်ကြီးတစ်ခုကို ထောက်လှန်းရေးဆင်းပြ ခဲ့ တဲ့ အကြောင်းပါဘဲဗျား...။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..