'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Thursday, February 19, 2015
'' ခြုံယူဆင်ခြင်ပညာရေးသဘော ''
ခြုံယူဆင်ခြင်ပညာရေးသဘော
------
အများကြီးသဘောကို လွှမ်းခြုံကြည့် တတ်ဖို့  ( အဲ့ လိုရေးရင် ဆရာလာကျတယ်လုပ်ချင်လုပ်နေဦးမှာ ငိငိ) အဲ လွှမ်းခြုံကြည့် ကြည့် ပါလို့ ပြောရမလိုပေါ့ ..သမိုင်းဖြစ်စဉ်ကြီးထဲမှာလည်း တက္ကသိုလ် ကောလိပ်တက်ရောက်ဖို့ ဆိုတာ အလွှာအဆင့် တစ်ခုလောက်ရောက်မှ တက် နိုင်အောင်. လုပ်ထားပြီး .သင်ပေးတော့ လည်း ကိုလိုနီ ယန္တရား လည်ပတ်နေဖို့ လောက် အဓိကထားသင်ပေးတာမျိုး..တကယ့် ခေတ်ပညာတွေ ထူးချွန်စေဖို့ မဟုတ်ခဲ့ လို့  အများစု တစ်ပြည်လုံးလိုလို ဒေသအသီးသီးမှာ.က အယူဝါဒ အခြေပြု ဘုန်းတော်ကြီး ကျောင်းပညာရေး စနစ်နဲ့ တင်ပြီးခဲ့ ရတာများတယ်ပေါ့ ..
ဒါတောင် မိန်းကလေးဆိုတာသေစာ ရှင်စာလောက်ဖတ်နိုင်ရင်တော်ရောပေါ့ ဆိုတဲ့ ခေတ်က နောက်ကြောင်း ပြန်လိုက်ကြည့် ရင် စစ်ပြီးခေတ်အထိ တွင်ကျယ်နေတုန်းပဲ..အဲ့ ဒီ သေစာ ရှင်စာလေးတောင် မဖတ် မရေးတတ်တဲ့ သူက အများကြီး ရှိနေသေးလို့  ၀ထကလသ ဆိုပြီး အသုံးလုံးတောင်ထကျေလိုက်ပေးရသေးတယ်...သေခြာတာက အသုံးလုံးကျေ ပညာရေးလေး လုပ်ပေးထားယုံလောက်နဲ့ ရေနံချက်စက်ရုံတို့  ကားထုတ်လုပ်ရေးတို့  ကျည်ဆံရထားကြီးဖြစ်လာဖို့ တို့  လကမ္ဘာကိုဟန်းနီးမွန်းထွက်ချင်တယ်တို့ ဆက်သွယ်ရေးဂြိုလ်တု ထပစ်တင်ဖို့ တို့ တော့  မရနိုင်ပေဘူး...။။
''အမြင်တွေကွဲတဲ့ အခါ...''
''အမြင်တွေကွဲတဲ့ အခါ...''
-------------
တစ်ခါတစ်လေ တန်ဘိုးထားမှု့ ရှု့ ထောင့် တွေ ကွဲသွားတဲ့ အခါ ပြဿနာတွေ အချောင်း အချောင်းတွေ တက် ကုန်တာ မျိုးတွေလည်း တွေ့ ရတာမျိုးပဲ..အဲ့ လို့ တော့ ပစ်တင်ပြီး အတည်ပေါက်နဲ့ ရွှီးမလားလို့ စိတ်ထဲ ကဖြစ် လာတော့  ဗလွတ်ရွှတ်တစိတ်က ဘယ်လို ၀င်လာပြန်လဲဆိုတော့  ပြဿနာက ဘာလို့ အချောင်းချောင်းတွေ ဖြစ်နေရတာတုံး...ပြဿနာဆိုတာ အလုံးအလုံးတွေရော အပြားအပြားတွေရော ရှိနိုင်သေးလားတွေဘာတွေ လျှောက်တွေးမိတော့ တာပေါ့ လေ...
ဒါနဲ့  မီဒီယာဆက်သွယ်မှု့ တွေက အများဆိုင်ရာမှာအားနဲနေတုန်းက အာဖဂန်မှာ ရှိတဲ့  ရှေးအကျဆုံး လက်ရာတွေထဲက တစ်ခုဖြစ်တဲ့  ဗုဒ္ဓရုပ်ပွားတော် ရပ်တော်မူအမြင့် စားကြီးတွေကို တာလီဘန်တွေက သူတို့ အယူ မဟုတ်လို့ မထားဆိုပြီး မိုင်းခွဲလိုက်တော့  ကမ္ဘာလုံးဆိုင်ရာ တုန်လှုပ် ခြောက်ခြားမှု့ တွေဖြစ်ကုန်တယ်ပေါ့ ..
''အဓမ္မလက်ကြားက အတ္တဓမ္မရဲ့ ဝေဒနာသည်တွေရယ်ပါလေ...''
''အဓမ္မလက်ကြားက အတ္တဓမ္မရဲ့ ဝေဒနာသည်တွေရယ်ပါလေ...''
----------
တစ်ခါတစ်လေ
ကိုယ့် ဟာကိုယ်သာ လန်းနေတာ
နွမ်းလျအိမ်ပြန်ခက်နေရတဲ့ ဘ၀တွေရဲ့ ဒုက္ခတရားတွေ
ကိုယ့် ရင်ထဲ သောကလှိုင်းတွေ အဖြစ် ရိုက်ခတ်လာတဲ့ အခါ ...
အနတ္တဓမ္မလောကရဲ့  အဓမ္မလက်ကြား အတ္တဇော ဒေသနာတွေ ဟောကြားရက်မှာလားရယ်လို့ ...
စေတနာဒေါသောတွေ နှလုံးသားထဲဖွဲ့ တည် ....
ကြည်လင်မှု့ မရှိတော့ တဲ့ အာရုံနဲ့ 
ကိုယ်ရေးကိုယ်တာတွေရေးဖွဲ့ ရမှာ အားနာပါတယ်လေလို့ သာ.....
အဖြေရှာရခက်တဲ့  မရေရာအနာဂတ်တွေအကြောင်းတွေကြား
နေသာသလိုမနေရက်ခဲ့ တော့ ..
ကျနော်ရယ်လေ....
စာတိုပေစ ဘ၀အတွေ့ အကြုံလေးတွေတောင်မှ
ရေးပြရခက်...။
Subscribe to:
Posts (Atom)