''အဓမ္မလက်ကြားက အတ္တဓမ္မရဲ့ ဝေဒနာသည်တွေရယ်ပါလေ...''
----------
တစ်ခါတစ်လေ
ကိုယ့် ဟာကိုယ်သာ လန်းနေတာ
နွမ်းလျအိမ်ပြန်ခက်နေရတဲ့ ဘ၀တွေရဲ့ ဒုက္ခတရားတွေ
ကိုယ့် ရင်ထဲ သောကလှိုင်းတွေ အဖြစ် ရိုက်ခတ်လာတဲ့ အခါ ...
အနတ္တဓမ္မလောကရဲ့  အဓမ္မလက်ကြား အတ္တဇော ဒေသနာတွေ ဟောကြားရက်မှာလားရယ်လို့ ...
စေတနာဒေါသောတွေ နှလုံးသားထဲဖွဲ့ တည် ....
ကြည်လင်မှု့ မရှိတော့ တဲ့ အာရုံနဲ့ 
ကိုယ်ရေးကိုယ်တာတွေရေးဖွဲ့ ရမှာ အားနာပါတယ်လေလို့ သာ.....
အဖြေရှာရခက်တဲ့  မရေရာအနာဂတ်တွေအကြောင်းတွေကြား
နေသာသလိုမနေရက်ခဲ့ တော့ ..
ကျနော်ရယ်လေ....
စာတိုပေစ ဘ၀အတွေ့ အကြုံလေးတွေတောင်မှ
ရေးပြရခက်...။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..