မဏ္ဍိုင်တစ်ယောက်ပါ
-----
မင်းကိုယ်မင်း လျှော့ မတွက်လိုက်ပါနဲ့ 
ဒီကမ္ဘာကြီးမှာ မင်းကိုယ်တိုင်ကိုက မဏ္ဍိုင်တစ်ယောက်ပါ
ဒီကမ္ဘာကြီး ရဲ့ ပျော်ရွှင်ခြင်း ကြေကွဲခြင်းတွေကို
မင်း တစ်ယောက် လိုက်ခံစားသိရှိနေမိနေတာဟာ
ဒီကမ္ဘာကြီးမှာ မင်းရှိနေလို့  မင်းသိနေတာပါ
မင်းမရှိတော့ ရင် ဒီကမ္ဘာကြီး ဘာတွေဖြစ်ကျန်ခဲ့ လဲဆိုတာလဲ မင်းမသိနိုင်တော့ သလို
မင်းရဲ့ နောင်ဘ၀အကြောင်း ရှိခဲ့ ရင်လည်း ဒီကမ္ဘာကြီးက မသိတော့ ပါဘူး
မင်းရဲ့ နောင်ဘ၀အကြောင်း ဒီကမ္ဘာကြီးက သိပါတယ်ဆိုရင်လည်း
မင်းအတွက် အရေးမပါတော့ ပါဘူး....
မင်းကိုယ်မင်း လျှော့ မတွက်လိုက်ပါနဲ့ 
ဒီကမ္ဘာကြီးမှာ မင်းကိုယ်တိုင်ကိုက မဏ္ဍိုင်တစ်ယောက်ပါ....