Powered By Blogger

Friday, May 1, 2015

ကိုယ့် မဟာဘုတ်အိမ်က မရဏနေ့ သားကိုယူရင်..




ကိုယ့် မဟာဘုတ်အိမ်က မရဏနေ့ သားကိုယူရင်..
------------------------------
ဥပမာ ၁ကြွင်းမဟာဘုတ်နဲ့  မွေးတဲ့ သူတွေ ဆို သူတို့ ၁ကြွင်းမဟာဘုတ်ရဲ့  မရဏအိမ်က ဗုဒ္ဓဟူးသားသမီးနဲ့  အိမ်ထောင်ပြုရင်ပေါ့ လေ...

မယူနဲ့ ပြောရတာရော ယူရင်ဘာဖြစ်သလဲသဘောဟာ အတွင်းသဘောတွေရှိပါတယ်. .အခြေခံသီအိုရီသဘောကို ဥာဏ်ကစားနိုင်မှသာ အကြောင်းအကျိုးကို ရိပ်မိနိုင်ပါတယ်

မဟာဘုတ် တွေသဘောမှာ မရဏ အိမ်ကို ခြူခြာပျော့ ညံ့  သည်းမခံနိုင်မှု့ အမှားလို့  သီအိုရီသဘော ထုတ်ထားပါတယ်.....ဒီတော့  ဒီသီအိုရီရဲ့  နောက်ကွယ်မှာ အတွင်းတုံန့် ပြန်မှု့  အဖြေ ကြီး ၂ ခုရှိပါတယ်...တစ်ခုက ထိုက်သလောက် သည်းမခံရင် ဆိုကျိုးကြီးကြီးပြန်လာပါတယ်...ထိုက်သလောက် သည်းခံပေးရင် အလျော်အစားသဘော အကောင်းတွေပြန်ပေးပါတယ်..

ဒါပေမယ့် ..ဒါဟာ ဒီမဟာဘုတ် သီအိုရီ သဘောတွေပေါ်ထွက်လာမှ သိလိုက်ရတာပါ...ဒါကိုမသိတဲ့ သူတွေ ကျင့် သုံးရကောင်းမှန်းမသိတဲ့ သူတွေ သိပေမယ့်  မကျင့် သုံးနိုင်တဲ့ သူတွေ အများစုက ကိုယ့် ကို  ထ ထ ရစ်တတ်တဲ့  မဟာဘုတ်က ဂဏန်းပရိယာယ်သဘောတွေအပေါ် သည်းခံရိုး မရှိတဲ့ အပြင် အမြဲဖိနှိပ်ဖို့  အနိုင်ယူဖို့  လွှမ်းမိုးနိင်ဖို့  သူ့ အတွင်းစိတ်က ကြိုးစားနေလေ့ ရှိတတ်ပါတယ်....ဒီလို များများအနိုင်ယူဖို့ ကြိုးစားလေလေ သူ့ အနာဂတ်ကို ဒီမရဏအိမ်က ဂဏန်းအတိုင်းဘဲပြန်ပြီး ဆိုးကျိုးပေးလာတတ်ပါတယ်..



နောက်တစ်ချက် မရဏအိမ်က နေ့ သားကိုယူမှ ဖိနှိပ်တာမျိုးလို့ ကွက်ပြီး ယူတာမျိုးမဟုတ်ပါဘူး ၇ နေ့  သားသမီး အပေါ်ကို မရဏအိမ်က ဂဏန်း အဆိုးအားနဲ့  ဆက်ဆံမိတာများနေတာမျိုး  ဖြစ်ပြီး မိမိမဟာဘုတ်က မရဏနေ့ သားကိုတော့  ပိုပြီးဖိအားပေးတဲ့ သဘောပါပဲ..ဥပမာ ၁ကြွင်း မွေး အများစုက လူမှု့ သဘောတွေမှာ အဆိုးဘက်က သွားသွားကြည့် မိတတ်တာမျိုးနဲ့  ဗုဒ္ဓဟူးသားသမီးအပေါ်ဆို တစ်ခြားနေ့ သားတွေထက် ရစ်လိုက်ချင်စိတ် ကြွတက်လာတာမျိုးသဘောပါ 

ဥပမာ..၆ကြွင်း တစ်ယောက်ရဲ့ မရဏ ဂဏန်းဟာ တနင်္လာပါ...အဲဒါကိုခွဲလိုက်ရင် အကြွား(ဂုဏ်ခံတာ)(သို့ ) အရှက်သိက္ခာ သဘော ၊ ငွေလာဘ်လာဘသဘော ၊ တနင်္လာနေ့ သား သမီးသဘောပေါ့ ....

ဒီတော့  ဘယ် ၆ကြွင်းမဆို သူ့ တနင်္လာ နံ မရဏကို ထိမ်းချုပ်ဖို့  သာမန်အားထုတ်မှု့ ထက် သူတို့ အတွင်းစိတ်က ပိုအားစိုက်မိနေတတ်ပါတယ်...

ဒီတော့ ..၆ကြွင်းတွေဟာ ငွေကုန်မှာ စိုးလွန်းတော့  ငွေအထွက်ကိုထိမ်းချုပ်ပါတယ် ၊ စည်းကမ်းအဆင့် ကနေ လွန်ကဲသွားတဲ့ အခါ တွန့် တိုတာ ကပ်စေးနဲတာ ပေသီး စီးပွားရေးဆန်လွန်းတယ်တွေစသဖြင့် အပြောခံထိပြီး လူမှု့ ရေးပျက်လာတတ်ပါတယ်....ဒါတင်မကပါဘူး...မကုန်စေအောင် ပိုက်ဆံပွတ်လေလေ ထွက်ဖို့ အကြောင်းတွေ အလိုလိုဆိုက်ရောက် လာလေလေပါ...ဒါက ထိမ်းချုပ်ခြင်းသဘော....

စိတ်က ငွေကြေးထိမ်းချုပ်မှု့ တွေအပေါ် လွှတ်ပေးလွန်းပြန်ရင် ငွေကို တန်ဘိုးမထားလွန်းပြန်ရင်လည်း အိပ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်ပြီး အချိန်တွေသာကုန် အိုစာ မင်းစာမစုမိတော့ ပြန်ပါဘူး ...

ပိုလွန်းကဲသွားတတ်တာက ငွေကို သင့် တော်အောင်စီမံခန့် ခွဲ တာကနေ ကျော်ပြီး ချမ်းသာပြီးရော ငွေရပြီးရောဆိုရင်...၊ နောက်တစ်ချက်က အလွန်အကျွံ ကပ်စေးနဲသလို ဖြစ်သွားရင် ၊...

ပိုက်ဆံရပြီးရော တရားနည်းလမ်းကျမကျ မဆင်မခြင် တစ်ဘို့ ထဲကြံတဲ့ အခါ နဲ့  ဆင်းရဲမှာစိုးလွန်းလို့  လူ့ အောင်မကျချင်လွန်းလို့  နှမျှောလွန်းလို့  စသဖြင့်  စည်းကမ်းအဆင့် ကနေ လွန်ကဲသွားရင်  အဲဒီ၆ကြွင်းဟာ အချိန်တစ်ခုရောက်လာတဲ့ အခါ ကျောက်ကပ်ရောဂါမျိုးတွေလို ဖြစ်လာတတ်တာ  (ဈေးအကြီးဆုံးရောဂါပေါ့ ) အာရုံကြောချို့ ယွင်းလာတတ်တာမျိုးတွေ  ၊ ခါးစောင်းတာ ခါး အာရုံကြောထိသွားလို့  အောက်ပိုင်းမကောင်းတာတွေ အိမ်ထောင်သည်ဆိုရင်သားသမီးထဲက မိဘအရှက်ခွဲမဲ့ သူပါလာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်..

၆ကြွင်းတစ်ယောက်ဟာ သူ့ အိမ်ထောင်ဘက် ဖြစ်စေ မောင်နှစ်မဖြစ်စေ သူငယ်ချင်း ဖြစ်စေ တနင်္လာသားသမီး ဆိုရင် အောက်စည်းကဆင်းပြီး ပေါင်းသင်းတတ်ရင် (သို့  ) အလိုက်အထိုက် ပြေပြေပြစ်ပြစ် ဆက်ဆံပေးတတ်ရင် တစ်ခြားတစ်ဖက်က နေ ကံကြမ္မာက အလျော်အစားသဘော စီးပွားပြန်ရပါတယ်...

ဥပမာ ၆ကြွင်းဟာ တနင်္လာ အိမ်ထောင်ဘက်အတွက် စီးပွားရှာပေးရင် ပိုဖြစ်ထွန်းလာတာမျိုး ၊ တနင်္လာ အိမ်ထောင်ဖက်ကို သင့် တော် တရားမျှတတဲ့  သဘာဝကျတဲ့  အလိုတွေ ဖြည့် ပေးနေရင် သူဟာ အပြင်လောကမှာ အောင်မြင်သူ အလွယ်ဖြစ်လာတတ်ပြန်ပါတယ်...

၆ကြွင်းဟာ တနင်္လာ အိမ်ထောင်ဖက်ကို လိုတာထက် လွန်လွန်ကဲကဲ ဘောင်လွတ်အောင် ဖိအားတွေပေးထိမ်းချုပ် အနိုင်ကျင့် လေလေ သူဟာ အပြင်လောကမှာ စီးပွားရှာလို့ မကောင်းတတ်တော့ ဘူးဖြစ်လာသလို အရှက်သိက္ခာ ထိခိုက်စရာတွေကြုံလာတာ..ကားမတော်တဆဘေးတွေ ခါးရောဂါတွေရဖို့ ဖြစ်လာတာ ငွေအလိမ်အကောက် ခဏခဏခံရတာ တွေကြုံလွယ်လာပါတယ်..အကယ်၍ တနင်္လာက သည်းမခံနိုင်လို့  လမ်းခွဲရင် ၂ ဦးပိုင်ကို ရသင့် ရထိုက်တဲ့ အခွင့် အရေးထက် တရားမမျှ မတ အောင် ၆ကြွင်းက ပိုယူလိုက်ရင် ပိုယူလိုက်တဲ့ ဥစ္စာဓန ဟာ ဒီ၆ကြွင်းဟာ အဆိပ်သင့် စာစားမိသလိုဖြစ်သွားတတ်ပါတယ်

တစ်ချို့  ၆ကြွင်းဟာတော့  တနင်္လာနဲ့  ကံအလျောက် အိမ်ထောင်ကျတယ်...နဂိုကံပါလာတဲ့ စိတ်အရကို တနင်္လာကို အလျှော့ ပေးပေါင်းတယ် အလိုလိုက်တတ်ပါတယ်..ဒါပေမယ့်  တနင်္လာကို ယူလိုက်တာဟာ တနင်္လာနဲ့ တင်မပြီး တနင်္လာနဲ့ ပတ်သက်တဲ့ လူမှု့ ရေး အမိဘတွေ အမျိုးတွေ သူငယ်ချင်း ကိစ္စတွေကိုပါလိုက်ဖြည့် စည်းပေးရသလိုဖြစ်သွားလို့  ဒါကိုတော့  ၀ဋ်ကျွေးဆပ်ရသလိုပါဘဲလို့ ဆိုလိုက်တတ်ပါတယ်..

တကယ့် အဖြစ်အပျက်တစ်ခုမှာ ဂျပန်မှာ ခုရှိနေတဲ့  ၂ ယောက်စလုံး ၆ကြွင်း မိဘ တစ်စုံဟာ သူတို့ ရဲ့  တစ်ဦးတည်းသော တနင်္လာသား ကျားကလေး အတွက် အခု အသက် ၆၀တွေ ကျော်သွားတာတောင် နေ့ ဆိုင်းညဆိုင်း အလုပ်ဆင်းနေရတုန်းရယ်..အရင်က တအားချမ်းသာပြီး သူ့ သား တနင်္လာသားကို အင်္ဂလန် ကျောင်းတက်စေရာမှာ ကျောင်းမပြီးတဲ့ အပြင် လူမဲတစ်ကောင်နဲ အတူနေ အဖြစ် နေခဲ့ လို့  ၊မနဲ ပြန်ခေါ်ရတာ ပြီးမှ နောက်ဂျပန်ကို လှမ်းခေါ်ရတာစသဖြင့်  ကိုယ့် မရဏနေ့ သား တစ်ဦးတည်းသော သားလေူကို ချစ်လွန်းလို့  ဖြစ်ထွန်းစေချင်လွန်းလို့  ကိုယ်တွေမိဘ ၂ပါးရဲ့ အခြေခံတွေပျက်ကုန်တဲ့ အထိ အလိုလိုက်လွန်းခဲ့ ဟာ လည်း ကိုယ့် မရဏနေ့ သားလေးကို သားသမီး ဖြစ်နေရင်တောင် သာမန်သားသမီးနဲ့ မတူ ၀ဋ်ကြွေး လေး သဘောတောင်ဖြစ်နေတတ်တယ်လို့တင်စားရတဲ့ အထိ ကြုံသွားတတ်ပါတယ်..

ဥပမာ ၆ကြွင်းဟာ တနင်္လာ သူငယ်ချင်းနဲ့  တစ်ယောက် ၅ ကျပ်စီ နဲ့  ရှယ်ယာလုပ် ၂ ယောက်ပေါင်း တစ်ဆယ်အရင်းနဲ့  ဈေးရောင်းပါတယ်...၆ကြွင်းက ငွေ ၅ ကျပ်တင်မက ဘူး  လူပါ စိုက်ပြီးအားထုတ်ရပါတယ်၊ တနင်္လာက ၅ ကျပ် ရှယ်ယာ ထည့် ပြီး လူမပါဘူး ဆိုပါတော့ ...ဈေးရောင်းရင်းက ၁၀ မြတ်တော့  တစ်ယောက် ၅ ကျပ်စီ ခွဲယူရမယ့် အစား  လူမပါ ငွေသာပါတဲ့ တနင်္လာ က ၆ကျပ်ယူသွားပါတယ်..လူပါစိုက်ရတဲ့  ၆ကြွင်းက ၄ကျပ်ပဲရပါမယ်...ဒါကိုလက္ခံနိုင်ရင် ရှေ့ လျှောက် ဆက်လုပ်လို့ ရပါလိမ့် မယ်...လက်မခံနိုင်ရင် ကွဲသွားပြီး မိတ်ပါပျက်ပါမယ်.....တစ်ခါတစ်လေမှာ အလုပ်အရှိန်ရမှ တနင်္လာက သူ့  ၅ ကျပ် ချက်ချင်း ရှယ်ယာပြန်ထုတ်ပေးပါလို့ တောင်းဆိုတာမျိုးလည်းခံရတတ်ပါတယ်..

၆ကြွင်းတစ်ယောက်ဟာ ချမ်းသာကြွယ်ဝလိုပေမယ့် ...သူများကိုဆရာတင်ရမှာ အလွန်မလွယ်ကူတာ ဗီဇစိတ်ပါ...သိက္ခာ ကြီးနေတဲ့ သဘောပေါ့ ..ဒီတော့  အတက်နှေးပြန်ပါတယ် စီးပွားရဖို့ အတွက် နဲနဲလေးသာ သိက္ခာ သံပတ်လေးကို လျှော့ ပေးလိုက်ရင်စီးပွားမြန်မြန်တက်လာပါတယ်...

ငွေသာ လျင် သိက္ခာဖြစ်သည်လို့  ၆ကြွင်းတစ်ယောက်ဟာ ယူလည်း ယူဆလိုက်ရော.. ..တော်တော်ချမ်းသာသွားတတ်ပါတယ် သိက္ခာနဲ့ လာဘ်လာဘငွေကို လဲလိုက်တာမျိုးကြောင့် ပါ ...ဒါပေမယ့်  ဘ၀နိဂုံးဟာ ချမ်းသာကောင်းချမ်းသာနိုင်မယ် ဒါပေမယ့် လူကောင်းသူကောင်းတွေတော မတိုးတော့ တဲ့   အနေအထားမျိုးတွေနဲ့   အထီးကျန်  အစွန့် ပယ်ခံ လူမလေးခွေးမခန့် ဘ၀နဲ့ နိဂုံးချုပ်ရတတ်ပါတယ်..

၆ကြွင်းမေးတွေကို တနင်္လာသမီး ဘက်က အနိုင်ယူရင် အဖိခံရရင်ဆိုတာဟာ  သူ ၆ကြွင်းမဟာဘုတ် ရဲ့  မရဏ အိမ်ကသတ္တိရဲ့  စိတ်အနှောက်အယှက် ထထ လုပ်တတ်တဲ့ မဟာဘုတ် အရသာဖြစ်ပါတယ်...

အကယ်၍ တနင်္လာသမီးဟာ ၅ကြွင်း မွေးဖြစ်ပြီး သူအိမ်ထောင်မကျခင်က မိဘနဲ့  ညီအစ်ကို မောင်နှမတွေအပေါ် အနွံအတာမခံ ဘဲ အနိုင်ပြန်ကျင့် သလို သြဇာတွေပေး သူ့ ခြေရာလက်ရာတွေလုပ် အိမ် မိသားစုသဘောထက်သူ့ သဘောသူဆောင် လုပ်နေခဲ့ တာများလို့  ရှိရင် ဒီတနင်္လာသမီးဟာ ၆ကြွင်းနဲ့ မှ မဟုတ်ပါ ဘယ်မဟာဘုတ်နဲ့ ကျကျ ဘယ်နေ့ သားနဲ့ ယူယူ အိမ်ထောင်ဘယ်၂ဆက်ယူယူ သူ့ ဟာ အိမ်ထောင်ရေးမှာ သူ့ ကို ပြန်နှိပ်ကွပ်မဲ့ သူတွေနဲ့ သာ ပုံစံမျိုးစုံနဲ့  တွေ့ ရမှာပါပဲ...ဒါကိုလည်း ၅ကြွင်းဟာ သူ့ မရဏအိမ်က ဂဏန်ုးဖြစ်တဲ့ တနင်္ဂနွေနံ သူ့ အတွင်းမိသားစုကို သူက ဖိအားသွားပေးလို့  သူ အိမ်ထောင်ကျတော့ သူ့ မရဏအိမ်က ဂဏာန်း ပရိယာယ် သူ့ အိမ်ထောင်ဘက်က ဘဲသူ့ ကိုပြန် ဖိအားပေးတာခံလိုက်ရတဲ့ သဘောပါဘဲ

အကယ်၍ ၆ကြွင်းရဲ့  အိမ်ထောက်ဘက် တနင်္လာဟာ ၅ကြွင်းသာမဟုတ်ခဲ့  ရင် ဒီ ၆ကြွင်းဟာ ၅ကြွင်းတနင်္လာကို နိုင်သလို နိုင်လို့ မရတဲ့ အပြင် အဖြေတွေ အဖြစ်အပျက်တွေ နောက်တစ်မျိုးပြောင်း သွားပါဦးမည်..။ ပြီးတော့  မတူညီတဲ့ နေ့ သားတွေ ကျားမကွဲတာတွေ မွေးချိန်မတူတာတွေ အယူမတူတာ လူမျိုးနွယ်စုသွေးသဘော ဓလေ့ သဘောမတူတာတွေ ကြောင့်  ဒီ သဘောတွေဟာ အလျော့ အတင်း အနဲနဲ့ အများရှိနိုင်ပါလိမ့် မယ်..

၆ကြွင်းဟာ တနင်္လာနဲ့  အိမ်ထောင်ဖက်လို့  အိမ်ထောင်သက် အတိုအရှည်ကို မရဏ ဆိုတာနဲ့ တင် ထောက်လို့  မပြည့် စုံပါဘူး အိမ်ထောင်တည်မြဲတာ လမ်းခွဲတာဟာ တစ်ခြားအချက် အလက်ပေါင်းများ စွာရှိပါသေးတယ်..။ အဓိက ဆိုလိုတာက ကိုယ့် မဟာဘုတ်အိမ်က ဂဏန်းပရိယယ်နဲ့ ကိုယ်နဲ့ အပြန်အလှန်ဆက်ဆံရေးသဘောပါပဲဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..