Powered By Blogger
Saturday, October 31, 2015
'' ရင်ထဲမှာ ''နေ''....(မျိုးအေး)..( COVER)
'' ရင်ထဲမှာ ''နေ''....(မျိုးအေး)..( COVER)
----------
နွေနေရီ ရောင်ဝါသိမ်းဖို့ တိမ်းထွက်ဖို့ ရည် ညှိုးလုလုပြီ အတွင်းသဘောရယ်မတည် ရုန်းထွက် ဟန်ချီ ညအသက်က  ဘယ့် အတွက်ကြောင့် မညီ
စွေနေပြီ အမှောင်မှာယိမ်းလို့  စွမ်းအားနဲ့ အညီ အရေးအကြောင်းအတွေးသီ ခန်းစက်ရာအမှီ နန်းပျက်သာတည် တစ်ဖက်လှည့် တော့  အခက် ခက်ခဲ့ ပြီ
ကြည်ဖြူစရာ ဝေဒနာ နေခြည် အလာတစ်လှည့် အပြန်တစ်လှည့်  အသွားတစ်လှည့် အတားခက် ညှိုးနွဲ့ ဟန်ဆောင် ပြန်လည် အရုဏ်ကျင်း အလင်းရောက်ရင် ပြန်ဆုံမလား ရင်ထဲမှာ.....
ကြည်ဖြူစရာ ဝေဒနာ နေခြည် အလာတစ်လှည့် အပြန်တစ်လှည့်  အသွားတစ်လှည့် အတားခက် လောကရင်ခွင် ၀င်ကာ ခိုလှုံရင်း မှေးစက်ချင် ယုံမှာလား ရင်ထဲမှာ..
နေရယ် မညိုပါဘူး နေရယ် မညိုပါဘူး ထွန်းလင်းခဲ့ နှလုံးသား ထာဝရ အလင်းရှင်မို့ ..
နေရယ် မညိုပါဘူး နေရယ် မညိုပါဘူး ထွန်းလင်းခဲ့ နှလုံးသား သဘာဝ အလင်းရှင်သို့ ..
---------------
တေးရေး..မောင်ရဲ
ဆို..မျိုးအေး
''သွားပါရစေကွယ်.''.( လွှမ်းမိုး)...( COVER)..
''သွားပါရစေကွယ်.''...( လွှမ်းမိုး)...( COVER)..
-------
♫ ♪♫
တစ်ပြည်တစ်ရွာဆီသို့ တို့ နှစ်ယောက်ရယ် ခွဲခွာ ဝေးရမယ့် အခိုက်မှာ လွမ်းချင်းတွေရေး တေးကလေး ဆိုပြမယ်...
မင်းမျက်ဝန်းက ပုလဲတွေအုကာ စီးကျတဲ့ မျက်ရည် လွမ်းသက်သေပြ သိပ်ချစ်လို့ လားကွယ်...
ရင်မှာ အတူတူ သောကတွေနဲ့ ..လမ်းခွဲခါနီးမှာ အကြင်နာတွေပုံ ပေးထားပြီပဲ...မငိုပါနဲ့ တော့ ..တိတ်ပါ မိန်းကလေးရယ်...
ရှေ့ ဆက်ရမယ့် ဘ၀အတွက် မျှော်တွေးက ခွဲရမယ့် ခဏမှာ ချစ်သက်သေထား မင်းသိနေသားပဲ...
အားလုံး တိတ်ဆိတ် ညဖက် အမှောင်ရိပ်မှာ ပြုံးပြလိုက်စမ်းပါ  မင်းမျက်နှာလေး ကြည့် လို့ မှတ်ထားမယ်...
ပြန်လည် ဆုံရင် အတွေးနဲ့ စိတ်ကူး ရူးသွားမှာ စိုးတယ်...ငါဘယ်လို ခံစားရမှာလဲ မငိုပါနဲ့ တော့  တိတ်ပါ မိန်းကလေးရယ်...
ရီးစားဦးဆိုတာ ရီးစားဦးပါပဲလေ....
ရီးစားဦးဆိုတာ ရီးစားဦးပါပဲလေ....
တစ်ခါတစ်လေ ရီးစားဦးကို အတော်သတိရတယ်..
သတိရတဲ့ အချိန်မျိုးဆို လွမ်းစရာလဲကောင်းတယ်..
မကျေနပ်စရာလဲကောင်းတယ်...
လွမ်းစရာကောင်းတာကတော့  ဘာညာသာရကာလေးတွေအကြောင်းပေါ့ 
မကျေနပ်စရာကောင်းတာက ရီးစားဦးကို မဟုတ်ဘူး..
ရီးစားဦးဆိုတာ လွမ်းစရာပဲကောင်းရတာ..စိတ်နာစရာတွေရှိခဲ့ ရင်တောင် စိတ်မနာရက်ဖူး...ငိငိ
မကျေနပ်ဖူးဆိုတာက.ခေတ်ကို......
အဲ့ ခေတ်က ရီးစားဖြစ်ဖို့ ကလဲ ခက်သလို ရီးစားဖြစ်ပြန်တော့ လဲ ရီးစားနဲ့ ချိတ်ဆက်ရတာ သိပ်ခက်တယ်.
..ပြီးတော့ အမှတ်တရလေးပါဆိုပြီး ဓါတ်ပုံတစ်ပုံရဖို့ တို့  ရိုက်ဖို့ တို့ ဆိုတာလည်း ခက်မှခက်..
အများအားဖြင့်  စာပေစာယူ ရီးစားဘ၀လေးပေါ့ ...စာရွက်နဲ့ ဆို အိမ်က မိမှာမှာစိုးလို့  ဗလာစာအုပ်ထဲ အပြန်အလှန်ရေးရတာ...
စာအုပ်ချင်း ဖလှယ်ရတဲ့  ခေတ်ပေါ့ လေ...အဲ့ စာအုပ်လေးထဲလဲ ဖြတ်ညှပ်ကပ်တွေဆိုတာ တစ်ပုံကြီးပဲ....
အဲ့ စာအုပ်ကို ဖွက်ရတာကလဲ ရတနာသိုက်ကြီး ဖွက်ရသလိုပဲ အသည်းအသန်ကျလွန်းလှတယ်..မိသွားမှာ
စိုးတဲ့ စိတ်တပူပူက ရင်တခုန်ခုန်နဲ့  တစ်မျိုးတော့ လဲ အရသာရှိသား အဲ့ အရသာလေးကလဲ လွမ်းစရာ.....ငိငိ
ဓါတ်ပုံလေးတစ်ပုံ ရီးစားဦးဆီက တောင်းရတာ ကျားဖျင်ပြေးနှိုက်ရတာမှ လွယ်ဦးမယ်. ခက်ခဲချက်က..
ရီးစားဦးကလည်း ရှိဦးတောင် မူနေတာမျိုးထက် လူသိသွားမှာ အိမ်ကသိသွားမှာသေလုအောင်ကြောက်တော့  မပေးရဲ...
အငှိ အငှိ...
ခုတော့ ....လပြည့် ဝန်းကြီးသာ မော့ မော့ ကြည့် ပြီး ရီးစားဦးရဲ့  မျက်နှာတော်လေး စိတ်ကူးအာရုံထဲမှာပုံဖေါ်ကြည့် ရင်း .
တစ်ခါတစ်လေ လွမ်းကြည့် ရတယ်..
ရီးစားဦးနဲ့  ပြန်လည်းဆုံကြည့် ချင်တယ် ဆုံမှာလည်း ကြောက်စ်...
ခုနေများဆို...ဘယ်ကိုများရောက်နေပါလိမ့် ပေါ့ ..အရင်လိုပဲ လွတ်နေဆဲ လွမ်းနေမြဲလေလား..
တစ်ပြုံကြီးနဲ့  ခင်သန္တာသက်ချိုပြုံးကြီးများဖြစ်နေလေလျော့ မလားလို့ တွေးမိတဲ့ အခါ....အမငီး...လန့် စ်...ခ်ခ်...
ဒါပေပမယ့်  ရီးစားဦးဆိုတာ ရီးစားဦးပါပဲလေ..နော် မနှင်းဆီ......ငိငိ   :P =D
====================================
တစ်ခါကပေါ့  ..
သူက ကျနော့် ကို ကိုသီ လို့ ခေါ်တတ်ပြီး ကျနော်က သူ ကို နီ လို့ ခေါ်ခဲ့ တဲ့ သူလေးတစ်ယောက် ရှိခဲ့ တယ်...
ကျနော်က မဲမဲသဲသဲ ကလန်ကလားဆန်ပြီး သူလေးက အဖြုနွယ်ရွှေရောင်လင်း နဲ့  ညှက်သွယ်လေးဖြစ်နေလို့ ကျီးကန်း ဘဲဥချီလာသလိုလို စာကလေးကို အမြှောက်နဲ့ ပစ်တော့ မလိုလို ၀ိုင်းစတာခံရတယ်....ဒါပေမယ့်  အစခံနေရတာကိုပဲ အသိအမှတ် အပြုခံနေရသလိုလိုမျိုးမို့  ပျော်တာပေါ့ အမေရယ်ပေါ့ လေ...
ပုဏ္ဏမီသူ နဲ့ အနောက်ပိုင်းသား ဘာမှ မဆိုင်ဘူးလို့ ထင်ရတဲ့  အရပ်ကသူ နှစ်ဦး ရာသီတော်ထူးလို့ ရောက်ခဲ့ ရတဲ့  လှိုင်နယ်မြေကျောင်းတော်ရာ တစ်ကွေ့ မှာ နှစ်ယောက်သား ဆုံဆည်းခဲ့ ကြတဲ့  ကာလချိုလေးတွေက ဟောင်းမသွားခဲ့ တဲ့  လွမ်းစရာ့ အတိတ်ဟောင်း...တစ်ခါတုန်းက တက္ကသိုလ်မှာဆိုသလိုပါပဲလေ...
ရာသီ အခါမီ ပန်းသီတဲ့  သံယောဇဉ်ဖြစ် ရင်တွင်းက အမှတ်တရ မှတ်မှတ်ရရ ဖြစ်ခဲ့ ရတဲ့ အကြောင်းတွေထဲမှာ ..လ၀ါဆိုကုန်လို့  ပွဲတော်တွေ တန်းစီ ရှိလာရင်းက ရေကျော် သီတင်းကျွတ်မှာ ပထမဆုံး အပြင်လမ်းမှာဆုံကြရအောင်လို့  ချိန်းမိကြတဲ့  လပြည့် ညပေါ့ ....
ချစ်ခြင်းတရားရဲ့  သဘောတရားတွေက တစ်ခါတစ်လေ လွယ်ပါဘူး..ရင်ဆိုင်တွေ့ တော့ ဖင်ထိုင်မေ့ ..မရဲပဲ ကျွဲပြဲ စီးမိသူလေလား. သူ့ မျက်နှာလေး စိတ်ထားတော် အလိုမကျ မျက်ထားတော်သို လပြည်ဝန်း နဲ့ အပြိုင်း ၀င်းပနေတဲ့  သူ့ မျက်နှာတော် ရွှေအလင်းလေး အိုသွားမှာကို တွေးကြောက်မိလေသလား မပြောတတ်...
လပြည့် ညမှာ ပွဲဈေးတန်း ခဏခိုးတွေ့  သူ့ လက်ကလေး ဖမ်းဆုတ်ကြည့် ဖို့ တောင်  စွန့် စား အားထည့် ရတာ အာစေးတွေခြောက် ခြေဖျားတွေအေး...ဇောချွေးတွေ ပျံလာတာက .အမှတ်တရ ည  မှတ်မှတ်ရရ  ဘ၀တာ အလွမ်းဖြစ်ခဲ့ ရတဲ့ လပြည့် ည......
တစ်ခါကပေါ့  ..
သူက ကျနော့် ကို ကိုသီ လို့ ခေါ်တတ်ပြီး ကျနော်က သူ ကို နီ လို့ ခေါ်ခဲ့ တဲ့ သူလေးတစ်ယောက် ရှိခဲ့ တယ်...
စိတ်ချိန်းမှ ဖြစ်မယ်တဲ့ .
စိတ်ချိန်းမှ ဖြစ်မယ်တဲ့ .
----
အဲ့ လူက လုပ်ငန်းကောင်းတယ် ( ရှိသလောက်ရှိတယ်ပေါ့ )...ဒါပေမယ့်  ဆီးချိုအတက်အကျ ကစားလွန်းနေလို့  ကျမ္မာရေးသိပ်မကောင်းဘူး....အဲ့ ဒါ န၀င်းလာလာထိုင်တယ်.
( ကျမ္မာရေး မကောင်းဘူးလို့  ခို အရှုံးပေးရလောက်အောင် ငြီးပြီး န၀င်းသာလာလာထိုင်တာ ဘီယာက အကစ်မပျက် တွတ်တီးက မလျှော့ ဘူး)...ဒါနဲ့ ကျနော်က သူန၀င်းထိုင်နေချိန်မှာ နဲနဲတော့ 
တော်ကီလွှတ်ပေးလိုက်တယ်...ခါတိုင်းတော့  မလွှတ်ပါဘူး..ဒီတစ်ခါတော့  စိတ်ပေါက်လာလို့ ....ကျနော်က သူ့ ကိုပြောလိုက်တယ်...ဘော်ဒီ ရှိလာမှတော့  လူဆိုတာ ရောဂါတစ်ခုခု မရှိပဲ မဂန့် ဘူး..
အက်ဆီးဒန့် နဲ့ မဂန့် ပြီးတာပဲ...ကိုယ်က သူများထက်စာရင် ကံတောင်ကောင်းသေးတယ် သူများတွေ တစ်ချို့  ပါရာစီတမောတောင် ခပ်ပေါပေါ ၀ယ်မသောက်နိုင်တဲ့  သူတွေ တစ်ပုံကြီးပဲ တစ်ချို့ 
ဆေးမကုနိုင်လို့  သေတောင်သွားတာတွေ ရှိတယ်လေကိုယ်က ဒေါင်းတောင်းမှလဲ နေရတယ် ဆေးလဲကုနိုင်တယ် ဆေးရုံဆိုလဲ ဗဟိုစည်က နီးနီးလေး ကိုယ့် ဘ၀က ဒီလောက်ကံဆိုးနေသေးတာမဟုတ်ဘူးဗျလို့   ပြီးတော့  သူ့ ကို နဲနဲထပ်ပြောလိုက်သေးတယ်.. လွတ်မြောက်မှု့ ဆိုတာ အာရုံက အရင်လွတ်တာဘော်ဒီက သံသရာဝဋ်သဘောကျန်ခဲ့ သေးတယ်...ခင်ဗျားကြည့်  ဘုရားရဲ့ ဝဋ်ကြွေးတော် ၁၂ ပါးကြားဖူးတယ်မလား လို့ မေးလိုက်တော့  ကြားဖူးတယ် တဲ့ ( ..ဟီးဟီး...)..အဲ့ မှာဗျာ ဘုရားလဲ ခေါင်းကိုက်တာ ခါးနာတာတွေ ခံရတယ်ဗျာ ဒါပေမယ့် ဗျာ.
ဘုရားရဲ့ စိတ်က လွတ်မြောက်ပြီးသား ဖြစ်နေတော့  အဲ့ ရောဂါတွေပေါ်မှာ ပြဿနာရှိမနေဘူး...ဘော်ဒီဝဋ်ကြွေး သဘောလို့ သိနေပြီးသား သူ့လုပ်သွားတာ ရောဂါဖြစ်လာဆေးကုမယ် နေကောင်းရင်တရားဟောမယ် ဒါပဲဗျ..အဓိက အာရုံတွေချိန်း စိတ်တွေ ချိန်းလိုက်ရင် စိတ်တွေ ပေါ့ ပေါ့ ပါးပါး ဖြစ်သွားတာပါပဲဗျာ...လို့ တော်ကီလွှတ်လိုက်တော့ ....
အင်း ဟုတ်တယ်နော် ကျနော်လဲ စိတ်ချိန်းမှ ဖြစ်မယ်တဲ့ ....( အားနာလို့ နားပူသွားလို့ လား ဘာလားမသိ..အဲ့ လိုတော့ ပြန်ပြောသွားတာပဲ...အဟီးး...အဲ့  ၅၀တော့ကျော်နေပြီ )
ဗေဒင်ဆရာအိမ်
ဗေဒင်ဆရာအိမ်
---
ကျနော့် ညီမ သုံးကြွင်း ဟူး သမီးက သောကြာသက်ရောက်ကို ၀င်တော့  သူက မေးတယ် မွေးနေ့ ကြရင် ဘာလှုရမလဲကိုကြီးတဲ့ .....ကျနော်က..ဖိနပ်ရယ် ခြေသုတ်ခံရယ် တံမျက်စီး ရယ် လှုလိုက်လေလို့ ပြန်ဖြေလိုက်တာပေါ့ ဗျာ.....အဲ့ ဒါ  ကိုယ်တတ်ထားတဲ့  ဗေဒင်ကို နေ့ တဓူဝမှာ မိသားစုတွေအတွက် အရင် လက်တွေ့ ချသုံးဖြစ်နေတဲ့  သဘောပေါ့ ...ဗေဒင်ကို ဘ၀ခရီးမှာ တစ်ထောင့် တစ်နေရာက အသုံးချချသွားတယ်ဆိုတာ ဒီလိုပါလို့ ပြောတာပါ...
(ကိုယ့် အိမ်သား ကိုယ့် အမျိုး ကိုယ့် အရပ်ကလူတွေက ကိုယ့် ကိုယ် ဗေဒင်ပညာနဲ့ ပတ်သက်ပြီး လေးစားသမှု့ သဘောထားလာပြီဆို အတော်အလုပ်ဖြစ်ပြီ)
ပိုက်ဆံ ။ ပိုက်ဆံ (၂)
ပိုက်ဆံပဲ
---
ပြောရရင် ပိုက်ဆံက ဘ၀တစ်ခုမှာ အတော်အရေးပါတာ ငြင်းရခက်မယ်ဆိုတာ အများအသိပေါ့ ...ထွေလီကာလီတွေပြောမနေတော့ ပါဘူး.ကျနော့် သွားတွေ သွားကလိတဲ့  အတွေ့ အကြုံအကြောင်း ပြန်ပြောတာ...၁၀တန်းလောက်ကတည်းက ကွမ်းတဖတ်ဖတ်လုပ်လာတာ အခုတော့  သွားတွေက ရွဲကုန်ပြီပေါ့ ဗျာ..
သွားတွေသရုပ်ပျက်လွန်းလာတာ ပြင်မလို့ က အစောကတည်းက စိတ်ကူးရှိပေမယ့်  ချက်ချင်းသေနိုင်တဲ့ ကိစ္စမဟုတ်လို့ သက်ရောက်အညံ့ သဘောဖြတ်ရင်  ကြိမ်းကြေတဲ့ သဘောလည်းဖြစ်အောင် အပေအတေနေပြီး သက်ရောက်အညံ့  ဖြတ်တော့ မှ ကလိမယ်ဆိုပြီး ပစ်ထားလိုက်တယ်...ဘယ်သူက ကိုယ့် ရွဲနေတဲ့  သွားတွေမြင် လို့  ဘာဖြစ်ဖြစ်ဆိုပြီး...
ဒီလိုနေလာခဲ့ ရင်းက မေ့ တေ့ တေ့ ဖြစ်နေရာက အွန်လိုင်းမှာ သွားတွေ ပြင်တဲ့ နည်းပညာ ရှော့ ဗီဒီယိုလေးတွေ မြင်တော့ မှ သွားကိစ္စပြန်သတိရလာပြီး သွားစစ်ဆင်ရေး လုပ်ဖို့  သွားဆရာဝန်ကိုစပ်စုတော့ တယ်....အဲ့ မှာ ခေတ်သစ် ဆရာဝန်နဲ့  ခေတ်ဟောင်းဆရာဝန် တွေးခေါ်ပုံမတူတာတွေပါ တွေ့ ခဲ့ ရတယ်..
ပထမ အိမ်နားက သွားဆရာဝန်ကို ပြကြည့် တော့  သူက သွားအရှင်စိုက်ရမယ် ၈ သောင်းကျမယ်လို့ ဆိုတယ်...ကျနော်က ကြားဖူးထားတာ သုံးပုံးလောက်ကြားဖူးထားတာဆိုတော့  သက်သာလှချည်လားဆိုပြီး လုပ်ထည့် လိုက်ရောဗျာ....အဲ့ မှာ ဒုက္ခရောက်တော့ တာပဲ...ကိုယ်က သွားဆေးပညာအကြောင်း နားမှမလည်ပဲ တစ်သက်လုံးမှာမှ ဒါက ပထမဆုံးရောက်တာ..အိမ်မှာ သွားမကောင်းလို့  စိုက်ထားတဲ့ ညီမတွေ ရှိနေပေမယ့်  ဘယ်လိုမျိုးစနစ်နဲ့ စိုက်ထားတာလဲ ဘာညာက စပ်မှ မစပ်စုဖူးတာ...အဲ့ မှာ အရှင်စိုက်တာဆိုပြီး လုပ်လည်းပြီးရော အံကပ်စတိုင်ဗျား...ရေးရင်းနဲ့  ရွံတွန်တွန်တောင်ဖြစ်လာပြီ....ခ်ခ်..
ငယ်ငယ်က တစ်ချို့ တွေမှာ အံကပ်အရှင်ကိုမြင်ဖူးတယ် အမှန်အတိုင်းပဲ ဖြုတ်လိုက်တပ်လိုက် နဲ့  အဲ့ သွားတုအံကပ်ကိုမြင်ရင် နှလုံးက မကောင်းချင်ဘူး...ဟီးး..အဲ့ ဒါ ကိုယ့်  သွားအရှင်ကလည်း အဲ့ လိုချည်းဆိုတော့  ဆိုးပါ့ .....အဲ့ မှာ အိမ်ကလူတွေက ၀ိုင်းပြောတယ် အသေတပ်လို့ ရတယ်လေ ဆရာက မပြောဘူးလား သူတို့ တပ်တာတောင် အဲ့ တုန်းက အများကြီး ကျတာ အခုက သက်သာတယ်ထင်နေတာ....ဘာလားညာလားဆိုတော့ မှ သွားဆေးပညာကို ပြန်စပ်စုတော့ မှ သွားအသေတပ်လို့ ရတာသိလာတယ်...ကျနော် လိုချင်တာလဲ အဲ့ လို အသေတပ်တာမျိုးပဲလိုချင်တာ  သွားတွေ အရင်လို အရမ်းသရုပ်မပျက်တော့ ရင်ပြီးတာပဲဆိုပြီးလောက်ပဲ....
အဲ့ မှာ ညီလုပ်သူရဲ့  ဘော်ဒါတွေထဲမှာ သွားဆရာဝန်ရှိနေတယ် သူနဲ့ ချိတ်ပြီး သူ့ ဆေးခန်းလစ် စစ်လိုက်တော့  အိုကေ သွားအသေစိုက်လို့ ရတယ်ပေါ့ ...အဲ့ မှာစိုက်တာ ၅ ချောင်းတန်းလေး...ပုံစံလောင်းတာ ဘာညာ နဲ့  သွားဆေးခန်း ၃ ခါသွားလိုက်ရတယ်....အမယ်...မဆိုးဘူုး...အရင်လို နာ့ ရှဲစောင်းလေးတွေက သရုပ် သိပ် မပျက်တော့ ဘူးဟ...ပေါ့ လေ...အဲ့ မှာ ပိုက်ဆံ အကြောင်းက အရေးပါတော့ တာပဲ...အဲ့  သွား ၅ ချောင်းတန်းက ၂ သိန်းခွဲကျတယ်တဲ့ ဗျားးးးး...ငင့်  :'(
သေရင် ကိုယ့် နောက်မပါဘူး ဘာဘူးလို့ က တစ်ပိုင်းပေါ့  မသေခင် စိတ်လက်ချမ်းသာဖို့  ကိုယ်ထင်တာကိုယ်လျှောက်ဖို့ ကလဲ ပိုက်ဆံက စကားပြောသေးတယ်လို့ ...ပိုက်ဆံ ၂ သိန်းခွဲသာ ပက်ကနဲ မပေးနိုင်ရင် ကိုယ့်  ရှဲစောင်းတွေ ဒတ်တဗိုင်လိုက်နေတဲ့ အတိုင်းကြီး နေရတော့ မှာပေါ့  အဲ့ ဒါဆို ပြင်လို့ ရရဲ့ သားနဲ့  ပိုက်ဆံမရှိလို့ မပြင်နိုင်ဘူးဆိုတာ အတော် ငုတ်တဲ့  ဖီလင်ကြီးပေါ့ လေ...အဲ့ ဒါကြောင့်  ပိုက်ဆံ ရနိုင်သမျှ ရအောင်ရှာထားကြပါ...ိုက်ဆံရှာတာ ဒီဘ၀မှာ ကိုယ်ထင် ရာကိုယ်သုံးဖို့ ပါ  မသမာဇီဝ အလွန်အကျွံမဖြစ်ရင်ပြီးတာပဲလို့ စ်..ပိုက်ဆံချမ်းသာတာ ရှက်စရာ မကောင်းပါဘူးလို့ စ်.....ပိုက်ဆံရလို့  ကိုယ်ထင်ရာ ကိုယ်သုံးနိုင်ရင်လဲ စိတ် ချမ်းသာတာပါပဲလို့ စ်.....အဟီး...ငိငိ   :P =D
ပိုက်ဆံပဲ
---
ပြောရရင် ပိုက်ဆံက ဘ၀တစ်ခုမှာ အတော်အရေးပါတာ ငြင်းရခက်မယ်ဆိုတာ အများအသိပေါ့ ...ထွေလီကာလီတွေပြောမနေတော့ ပါဘူး.ကျနော့် သွားတွေ သွားကလိတဲ့  အတွေ့ အကြုံအကြောင်း ပြန်ပြောတာ...၁၀တန်းလောက်ကတည်းက ကွမ်း တဖတ်ဖတ်လုပ်လာတာ အခုတော့  သွားတွေက ရွဲကုန်ပြီပေါ့ ဗျာ..
သွားတွေ သရုပ်ပျက်လွန်းလာတာ ပြင်မလို့ က အစောကတည်းက စိတ်ကူးရှိပေမယ့်  ချက်ချင်းသေနိုင်တဲ့ ကိစ္စမဟုတ်လို့ သက်ရောက် အညံ့ သဘောဖြတ်ရင်  ကြိမ်းကြေတဲ့ သဘောလည်းဖြစ်အောင် အပေအတေနေပြီး သက်ရောက်အညံ့  ဖြတ်တော့ မှ ကလိမယ်ဆိုပြီး ပစ်ထားလိုက်တယ်...ဘယ်သူက ကိုယ့် ရွဲနေတဲ့  သွားတွေမြင် လို့  ဘာဖြစ်ဖြစ်ဆိုပြီး...
ဒီလိုနေလာခဲ့ ရင်းက မေ့ တေ့ တေ့ ဖြစ်နေရာက အွန်လိုင်းမှာ သွားတွေ ပြင်တဲ့ နည်းပညာ ရှော့ ဗီဒီယိုလေးတွေ မြင်တော့ မှ သွားကိစ္စပြန်သတိရလာပြီး သွားစစ်ဆင်ရေး လုပ်ဖို့  သွားဆရာဝန်ကိုစပ်စုတော့ တယ်....အဲ့ မှာ ခေတ်သစ် ဆရာဝန်နဲ့  ခေတ်ဟောင်းဆရာဝန် တွေးခေါ်ပုံမတူတာတွေပါ တွေ့ ခဲ့ ရတယ်..
ပထမ အိမ်နားက သွားဆရာဝန်ကို ပြကြည့် တော့  သူက သွားအရှင်စိုက်ရမယ် ၈ သောင်းကျမယ်လို့ ဆိုတယ်...ကျနော်က ကြားဖူးထားတာ သုံးပုံးလောက်ကြားဖူးထားတာဆိုတော့  သက်သာလှချည်လားဆိုပြီး လုပ်ထည့် လိုက်ရောဗျာ....အဲ့ မှာ ဒုက္ခရောက်တော့ တာပဲ...ကိုယ်က သွားဆေးပညာအကြောင်း နားမှမလည်ပဲ တစ်သက်လုံးမှာမှ ဒါက ပထမဆုံးရောက်တာ..အိမ်မှာ သွားမကောင်းလို့  စိုက်ထားတဲ့ ညီမတွေ ရှိနေပေမယ့်  ဘယ်လိုမျိုးစနစ်နဲ့ စိုက်ထားတာလဲ ဘာညာက စပ်မှ မစပ်စုဖူးတာ...အဲ့ မှာ အရှင်စိုက်တာဆိုပြီး လုပ်လည်းပြီးရော အံကပ်စတိုင်ဗျား...ရေးရင်းနဲ့  ရွံတွန်တွန်တောင်ဖြစ်လာပြီ....ခ်ခ်..
ငယ်ငယ်က တစ်ချို့ တွေမှာ အံကပ်အရှင်ကိုမြင်ဖူးတယ် အမှန်အတိုင်းပဲ ဖြုတ်လိုက်တပ်လိုက် နဲ့  အဲ့ သွားတုအံကပ်ကိုမြင်ရင် နှလုံးက မကောင်းချင်ဘူး...ဟီးး..အဲ့ ဒါ ကိုယ့်  သွားအရှင်ကလည်း အဲ့ လိုချည်းဆိုတော့  ဆိုးပါ့ .....အဲ့ မှာ အိမ်ကလူတွေက ၀ိုင်းပြောတယ် အသေတပ်လို့ ရတယ်လေ ဆရာက မပြောဘူးလား သူတို့ တပ်တာတောင် အဲ့ တုန်းက အများကြီး ကျတာ အခုက သက်သာတယ်ထင်နေတာ.နင့် ကိုများ မတတ်နိုင်ဖူးထင်နေလို့ လား (ကျန် ကျန် ချွန်ပေး ပင့် ပေးချက်တွေက .ပေါက်ကွဲချင်စရာ...ခ်ခ်ခ်)......ဘာလားညာလားဆိုတော့ မှ သွားဆေးပညာကို ပြန်စပ်စုတော့ မှ သွား အသေတပ်လို့ ရတာ သိလာတယ်...ကျနော် လိုချင်တာလဲ အဲ့ လို အသေတပ်တာမျိုးပဲလိုချင်တာ  သွားတွေ အရင်လို အရမ်း သရုပ်မပျက်တော့ ရင်ပြီးတာပဲဆိုပြီးလောက်ပဲ....
အဲ့ မှာ ညီလုပ်သူရဲ့  ဘော်ဒါတွေထဲမှာ သွားဆရာဝန်ရှိနေတယ် သူနဲ့ ချိတ်ပြီး သူ့ ဆေးခန်းလစ် စစ်လိုက်တော့  အိုကေ သွားအသေစိုက်လို့ ရတယ်ပေါ့ ...အဲ့ မှာစိုက်တာ ၅ ချောင်းတန်းလေး...ပုံစံလောင်းတာ ဘာညာ နဲ့  သွားဆေးခန်း ၃ ခါ သွားလိုက်ရတယ်....အမယ်...မဆိုးဘူုး...အရင်လို နာ့ ရှဲစောင်းလေးတွေက သရုပ်
 သိပ် မပျက်တော့ ဘူးဟ...ပေါ့ လေ...အဲ့ မှာ ပိုက်ဆံ အကြောင်းက အရေးပါတော့ တာပဲ...အဲ့  သွား ၅ ချောင်းတန်းက ၂ သိန်းခွဲကျတယ်တဲ့ ဗျားးးးး...ငင့်  :'(
သေရင် ကိုယ့် နောက်မပါဘူး ဘာဘူးလို့ က တစ်ပိုင်းပေါ့ .... မသေခင် စိတ်လက် ချမ်းသာဖို့  ကိုယ်ထင်တာကိုယ်လျှောက်ဖို့ ကလဲ ပိုက်ဆံက စကားပြောသေးတယ်လို့ ...ပိုက်ဆံ ၂ သိန်းခွဲသာ ပက်ကနဲ မပေးနိုင်ရင် ကိုယ့်  ရှဲစောင်းတွေ ဒတ်တဗိုင်လိုက်နေတဲ့ အတိုင်းကြီး နေရတော့ မှာပေါ့  အဲ့ ဒါဆို ပြင်လို့ ရရဲ့ သားနဲ့  ပိုက်ဆံမရှိလို့ မပြင်နိုင်ဘူးဆိုတာ အတော် ငုတ်တဲ့  ဖီလင်ကြီးပေါ့ လေ...အဲ့ ဒါကြောင့်  ပိုက်ဆံ ရနိုင်သမျှ ရအောင်ရှာထားကြပါ..ပိုက်ဆံရှာတာ ဒီဘ၀မှာ ကိုယ်ထင် ရာ ကိုယ်သုံးဖို့ ပါ  မသမာဇီဝ အလွန်အကျွံ မဖြစ်ရင်ပြီးတာပဲလို့ စ်..ပိုက်ဆံချမ်းသာတာ ရှက်စရာ မကောင်းပါဘူးလို့ စ်.....ပိုက်ဆံရလို့  ကိုယ်ထင်ရာ ကိုယ်သုံးနိုင်ရင်လဲ စိတ် ချမ်းသာတာပါပဲလို့ စ်.....အဟီး...ငိငိ   :P =D
-------------------
ပိုက်ဆံ (၂)
----
အမေ့ အဆုပ်ကင်ဆာရောဂါကို ဆေးကုတုန်းက ပိုက်ဆံကို သိပ်မကျွတ်သေးဘူး...အကြောင်းက ကင်ဆာကု စားရိပ်ကို ကျနော်တို့  နိုင်နေလို့ ပဲဗျ.....အဖေ့ ကျောက်ကပ်ပျက်တဲ့ ရောဂါကြမှ  ပိုက်ဆံခြောက်တာကို အတော် ကျွတ်သွားတာ....အဲ့ မှာ ပိုက်ဆံများမရှိလို့ ကတော့  လွယ်လွယ်လေး သေနိုင်တယ်လို့ တွေးမိတာ...
ပါရဂူက အဖေ့ မှာ ကျောက်ကပ်အခြေအနေမကောင်းတော့ ဘူးဆိုတာ ဖွင့် ပြောပေမယ့်  စက်နဲ့ ဆေးတဲ့ နောက်ဆုံးနည်း ချက်ချင်း ချမသုံးသေးဘူး...ပိုက်ဆံက တအားသုံးရမှာဆိုတော့  လူနာရှင်တွေကိုငဲ့ နေတာမျိုး...အဖေ့ ကျောက်ကပ်က မဟန်တော့ ဘူးဆိုတဲ့ အချိန်မှာ အသိဆရာဝန်တွေကအစ ခေါင်းတခါခါ လည်တရမ်းရမ်းနဲ ကျောက်ကပ်က ဆေးပြီဆိုမသေမချင်း ဆေးသွားရတော့ မှဆိုတော့   ခြံရှိခြံပြုတ် ကားရှိကားပြုတ်ပဲ ...အဆေးခံနိုင်လျက်နဲ့  ပိုက်ဆံမရှိလို့  မဆေးရင်လဲ တစ်ပတ်အတွင်း ဆီးဆိပ်တွေတက်လို့  အကြောတွေဆွဲ ငန်းတွေဖမ်း မျက်စိတွေကွယ် သတိတွေကင်းမဲ့  ပြီးမချိမဆန့် သေနိုင်တယ်ဆိုတော့ ...
မဆေးခင် ဆေးရတော့ မယ်လို့ သေခြာနေတဲ့  ရက်ပိုင်းတွေမှာ လူဟာ ပိုက်ဆံအကြောင်းတွေးလိုက်ရင် ဆောက်တည်ရာမဲ့ ပြီး မျက်ရည်တောက်တောက်ကျခဲ့ ရတယ်...ဆက်တွေးတာက ကျောက်ကပ်ဆေးနေရင်းက ငါ့ အဖေကို ကျောက်ကပ်ဆေးဖို့  ပိုက်ဆံမရှိလို့  ပိုးစိုးပက်စက်သေရပါ တယ်ဆိုရင်လဲ ငါတော့ ရင်ကွဲနာကျပြီဆိုပြီးတွေးတွေးပြီးငို......နောက်တော့  အငိုကို ဟန်လုပ်သိမ်း ရင်ထဲက ပိုက်ဆံသောကမီးတောက်လောင်နေတာကို ခဏမေ့ ထားပြီး လောလောဆယ် ကျွမ်းသဒါလန်အောင်ခံနေရတာကို ငြိမ်းချမ်းသွားအောင် အဖေ့ ကို ကျောက်က်သာမြန်မြန်ဆေးပေးပါတော့ ဆရာလို့  ပြောချလိုက်ရတယ်...
လူကကျောက်ကပ်သာပျက်သွားတာ ဘော်ဒီ ဓါတ်ခံကကောင်းနေတော့  ကျောက်ကပ်အဆေးခံနိုင်ရည်ကရှိနေတယ်....အဲ့ တော့  ဆေးတာပေါ့  ဆေးတော့  ပိုက်ဆံဆိုတာ စက်နဲ့ လှည့် ထုတ်နေရသလို သုံးရတော့ တာပေါ့ ..ဒါပေမယ့်  အဲ့ အတွက် စိတ်ထဲမှာ တစိမှ အာရုံမနောက်ခဲ့ ဘူး..အချိန်တိုင်းတွေးပူနေတာက ပိုက်ဆံပြတ်သွားမှာကိုပဲ  တစ်သက်တာ စာရိတ္တကောင်းကောင်းနဲ့  သားသမီးတွေကို လုပ်ကျွေးလာတဲ့ ဖခင်ကြီးကို သူမကျမ္မာတော့ မှ သူ့ သားသမီးတွေက ပိုက်ဆံမတတ်နိုင်လို့  ဆေးလေးတောင် ကုမပေးနိုင်ရှာကြဘူးဆိုတဲ့  အတွေးက လူကို တစ္ဆေတစ်ကောင်လိုခြောက်လှန့် နေခဲ့ တယ်...
အဲ့ ဒီမှာ သမာဇီဝကျကျ ငွေရှာတာတွေက မနိုင်တော့ တဲ့ လတွေဆို အရင်က ရှိတာလေးတွေ ထုခွဲဆေးခဲ့ ရသလို....တစ်ဖက်တစ်လမ်းက ဆေးဖိုးငွေရအောင်ဆိုပြီး
ဥပဒေဘောင်လွတ်နေတဲ့  ခိုးကူးခွေတွေ စက်ဝယ်ပြီး အိမ်မှာ ၂၄ နာရီ မောင်နှစ်မတွေ အလှည့် ကျ ထိုင်ကူးပေးခဲ့ ရတယ် မင်္ဂလာဈေးကနေ အော်ဒါ ယူပြီးတော့ ပေါ့  ..ထောင်တန်းကိုသေလောက်အောင်ကြောက်ပေမယ့်  ကျေးဇူးရှင်ဖအေအိုကြီးရဲ့ ဆေးဖိုးအတွက်ဆိုပြီး ကြောက်ကြောက်နဲ့ ပဲ ခိုးကူးခွေတွေ ထောင်နဲ့ ချည်ထွက်အောင် ကူးရတော့ တယ် အဲ့ ကာလကဆို လူဟာ  အိမ်သားတွေရဲ့ စိတ်ဟာ လောကငရဲကျနေသလိုပါပဲ...စက်ရုပ်တွေနဲ့ လဲတူလာတယ် အကြောက်တရားကလဲ တစ်ချိန်လုံး အလွှမ်းမိုးခံနေရတယ်....အဲ့  လောကငရဲကျနေသလိုဖြစ်တဲ့ ဘ၀ဟာ ကျောက်ပါဆေးသက်အတိုင်း ၄ နှစ်နီးနီး ကြာပါတယ်
ကိစ္စတွေပြီးသွားချိန်မှာတော့  အိမ်မှာဖြစ်ကျန်ခဲ့ တာက  ကင်ဆာဖြစ်တာ အရေးမကြီးဘူး ကင်ဆာက ဆေးမြီးတိုရှိတယ် ကျောက်ကပ် မဖြစ်ရင်တော်ပြီ ကျောက်ကပ်က တကယ်ပျက်သွားရင် ပိုက်ဆံရှိထားမှ အသက်ငယ်ရင် ကျောက်ကပ်လဲ ကြီးရင် တစ်သက်တာ စက်နဲ့ ဆေးပေတော့ ပဲ ပိုက်ဆံမရှိရင်တော့  အသေပဲလို့  ငါများ ကျောက်ကပ်ပျက်လို့ ကတော့ ကုမနေနဲ့ ဟေ့  ပစ်ထားလိုက် ငါ့ ဟာငါ ကြုံသလိုဆေးမြီးတုနဲ့ ကုရင်း အသေခံသွားမယ် နင်တို့  မွဲကျန်ခဲ့ လို့ တော့ မဖြစ်ဖူးလို့ ..ကျောက်ကပ်ရောဂါကို သွေးလန့် ပြီးကျန်ခဲ့ တာ နှစ်တွေတော်တော်ကြာသလို ပိုက်ဆံခြောက်တဲ့ ဒဏ်ကိုလဲတော်တော်ခံခဲ့ ရတယ်.....အဲ့ ဒါကြောင့် တစ်ခါတစ်ခါ အတွေးပေါက်မိတယ် ပိုက်ဆံရှာနေတာ ရောဂါကြီးတွေ ဖြစ်လာရင် အသက်ရှင်တဲ့ ရက် နဲနဲပိုရအောင် ကုဖို့ များလားလို့ တောင် ဂေါက်တောက်တောက်တွေးမိတဲ့ အထိပဲ....
လက်တွေ့ ဘ၀တွေမှာ ကြုံတွေ့ ရတဲ့  ဘ၀အတွေ့ အကြုံတွေကလဲ လက်တွေ့ ဘ၀တွေရဲ့  အတွေးတွေကို ပုံဖေါ်တတ်လေရဲ့ ..
အလျော်အစား နဲ့ အိမ်ထောင်ရေး
အလျော်အစား နဲ့ အိမ်ထောင်ရေး
--
သမီးအတွက်တဲ့  ၇လပိုင်း ၉၄ ဟူးသမီး အထွန်းဘွား ၅ကြွင်းလေးပေါ့ ...သောကြာတိုင်လေးဖြစ်နေတာနဲ့  အသက်က ၂၂  တနင်္ဂနွေမရဏ သက်ရောက်ဖြစ်နေလို့  ဘာအတွက်လဲ အိမ်ထောင်ရေးလား လို့ မေးလိုက်တော့  ဟုတ်တယ် အိမ်ထောင်ရေးတဲ့ ....အဲ့ တော့  ပြောလိုက်တယ် တွဲတာမတွဲတာ ကျနော် ဘာမှသိပ်မပြောပါဘူး ယူလို့ တော့ မဖြစ်ဖူး ပေးစားလဲ မဖြစ်ဖူး ခိုးရာလိုက်လဲမဖြစ်ဖူး.ဒီနှစ်က သူ့ အတွက် အိမ်ထောင်ရေးရော အလုပ်သဘောရော မိန်းကလေးကျမ္မာရေးသဘာရော သိပ်ကံမကောင်းဘူး...ပြောရရင် အိမ်ထောင်ရေးကံက ကောင်းတဲ့ အထဲမှာ သိပ်မပါဘူး...လို့ ဆိုလိုက်တော့  ဟုတ်တယ် သူ့ သမီးက ကံမကောင်းဘူးထင်လို့ လာတွက်တာလို့ ဆိုလာတယ်....သမီးအိမ်ထောင်ရေးကံ သိပ်မကောင်းဘူးဆိုတာ စိတ်ညစ်တယ် ဘယ်လိုလုပ်ရမလဲလို့  ဆက်ငြီးတယ်..
ကျနော်က အဲ့ ကိစ္စက ယတြာမရှိဘူး သူ့ အပေါ်မှာပဲမူတည်တယ်  ကံကောင်းအောင်ဆိုရင်တော့  ချိန်းလို့ ရတယ်လို့ ဆိုလိုက်တော့  အဲ့ အမေက ဘယ်လိုချိန်းရတာလဲလို့  ပြန်မေးတော့  ကျနော်က  အဲ့ ဒါ သူ့ အပေါ်မှာပဲ တာဝန်ရှိတယ် သူက မိဘကိုပြန်ဗိုလ်ကျလွန်း ဂျစ်တိုက်လွန်း ၀ူးဝူးဝါးဝါးပြန်လုပ်လွန်းရင်
ကျနော်က အဲ့ လို မိဘက အင်တင်တင်လုပ်လေလေ သူတို့ က ဇွတ်တိုးမှာ ဇွတ်တိုးလေ သူတို့ ပဲ နာလေလေပဲ...တစ်ခုတော့ ရှိတယ် ၂၆ နှစ်ပြည့် ပြီးမှ ရယ် တနင်္ဂနွေမဟုတ်ဖူးဆိုရင်တော့  အိမ်ထောင်ရေး သိပ်ပုံမလာတာလောက်တော့  လျော့ သွားပြီးမြဲတတ်ပါတယ် ၂၆ မပြည့် ခင် ပြုရင်သား အပျော်ဘ၀ထက် အငိုဘ၀က များနေတတ်တာ ၂၆ မကျော်ခင် မကျရင်ပြီးတာပဲ..ဆိုတော့ ....အဲ့ အမေက အဲ့ အသက်လာက်ဆိုရင်ရော နောက်မကျဘူးလား တဲ့ ....(ငင့် .)
ကျနော်က အဲ့ အမေ အဲ့ အတွေးက နောက်ကျကျန်ခဲ့ ပြီ အရင်ခေတ်လိုမဟုတ်တော့ ဘူး...အခုခေတ်က မိန်းမတွေက ပညာတတ်လာတော့ ကိုယ့် ဟာကိုယ် ရှာစားနိုင်တယ် အဲ့ တော့  ပိုက်ဆံလောက်အတွက်နဲ့ အိမ်ထောင်ရေးမလိုဘူး တစ်ခြားအချက်တွေအများကြီးတွက်တာ...အခြေအနေမကောင်းရင် မပြုပဲတောင်နေရဲကြပြီ..ဒီဖက်ခေတ် အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတာ ပညာအား စီးပွားအားမကောင်းရင် ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှု့ နဲရင် ကျကုန်တာများတယ်လို့ ပြောလိုက်တာပေါ့ ဗျား...
နောက်ဆုံးတော့  ရီးစားအနိုင်ခံနေရတဲ့ သူ့ သမီး အိမ်ထောင်စောစော မကျသွားအောင် အိမ်ထောင်စောစောမကျစေချင်ရင် ပေးနေကျယတြာဖြစ်တဲ့ အရုပ် ရိုးရာနည်းလေး ပြောပြလိုက်ရတယ်.(၀ဋ်တော့ လည်ပါပြီ...ငိငိ ) ...မိန်းမဆိုတော့  ယောက်ျားလေးကော်ပတ်ရုပ် ခပ်သေးသေးလေးဝယ် အဲ့ အရုပ်လေးရဲ့ ရင်ဘတ်မှာ အိမ်ထောင်မကျစေချင်တဲ့ သမီးရဲ့  တစ်ယောက်ထဲ ဓါတ်ပုံ ပတ်စပို့ ဓါတ်ပုံလေကို မျက်နှာအုပ်ကပ်လိုက်  ပြီးရင် တိတ်နဲ့  အရုပ်ရော ဓါတ်ပုံကို ရောပြီးပတ်ထားလိုက်  သမီး နင်  ဒါလေးနဲ့ ပဲယူထားဦးလို့  စိတ်ကပြောပတ်လိုက်
ပြီးရင် ဖွက်ထားလိုက်ပေါ့ ....အဲ့ ဒါပတ်တဲ့ အချိန်က သောကြာနေ ညနေ ၄နာရီခွဲကနေ ည ၇နာရီခွဲ ကြားထဲ လုပ်လိုက်...အဲ့ ဒါဆို တော်တော်နဲ့  အိမ်ထောင်မကျတော့ ဘူး...အိမ်ထောင်စောစောမကျတော့  ဒုက္ခတွေ သက်သာတာာပေါ့ လို့ ပြောပေးလိုက်ရတယ်....
မွေးချိန်တောင် မမေးလိုက်ရဘူး မူလမဟာဘုတ်ရဲ့ မရဏအိမ်က တနင်္ဂနွေနံကို သူများအတွက် ချကြွေး ကစားသွားရမယ့်  သဘောကို ကိုယ့် အတွက် ဆုတ်ကိုင်ထားတာ တင်းကျပ်လွန်းနေပုံက မိသားစုအပေါ် အပြင်လူတွေကို သီးခံအလျှော့ ပေးသလို မပေးတဲ့ အပြင် နိုင်စားလွန်းချင်စိတ်ပြင်းထန်ချက်က အိမ်ထောင်တောင်မပြုရသေးဘူး ထားမိတဲ့ ရီးစားကို ကြိုပြီး အလိုလိုက်နေရချက်က မိဘတွေကို ဖီလင်ငုတ်စေတာမျိုးပေါ့ .
သဘောကတော့  မရဏအိမ်က နံကောက် သဘောဆိုတာ အများသဘောဆိုင်ရာအတွက်တွေကို အခြေအနေကြည့်  ချကြွေးပြီး ကိုယ့် ဘ၀တက်လမ်းတို့ ကိုယ့် ဘ၀ခရီးရှည်ကြီး တည်ငြိမ်မှု့ တို့ အတွက် ကစားရတာမျိုးပေါ့ .ကိုယ့် အတွက်တစ်ခြမ်းကြည့် ဆုတ်ထားမိလေလေ ဘ၀ဟာ အဲ့ မရဏနံ အတွက်ပဲ ပူလောင်သောကသဘော ပြန်ပေးဆပ်ရတာ ပွဲကြမ်းတတ်တဲ့ သဘော ရင်ဆိုင်ရတာမျိုးဖြစ်လာတတ်လွန်းတယ်..နောက်တစ်ချက်က မရဏနံကို ဆုတ်လွန်းထားသလား သူများကိုချချကြွေးတတ်သလားကို ဖမ်းချက်လိုက်ရင်လဲ အဲ့ လူရဲ့  အလျော်အစားဟာ ဘာတွေ ဖြစ်လာမလဲဆိုတာ ခန့် မှန်းလို့ လွယ်သွားတယ်
မီးထွန်း ပိုက်ဆံရဲ့ ရာဇ၀င်နဲ့  အိုင်ဒီယာစရပုံ
မီးထွန်း ပိုက်ဆံရဲ့ ရာဇ၀င်နဲ့  အိုင်ဒီယာစရပုံ
----
ဘ၀နဲ့  ဆက်စပ်နေတယ်ဗျ.....ကျနော့် အဖေ မမာတော့  ဆေးကုစားရိပ်ငွေပြတ်သွားမှာ သိပ်စိုးရိမ်ခဲ့ တယ်....အဲ့ တော့  ငွေရရာရကြောင်းတွေ အပြင်းအထန်တွေးရတော့ တယ်..
လက်တွေ့ ဘ၀မှာလည်း လုပ်နိုင်တာတွေ လုပ်တတ်တာတွေ ဆုံးဖြတ်ချက်မေ၀၀ါးပဲ လက်တွေ့ လုပ်ခဲ့ သလို ကိုယ်သတိထားတဲ့ လောကီယတြာနည်းတွေပါ ပုံအောချသုံးခဲ့ တယ်
( နဂိုရည်ရွယ်ချက်ကိုက ကိုယ့် ဘ၀ ကိုယ့် မိသားစုအတွက် လောကီယတြာနည်းတွေ လိုက်စားခဲ့ တာ)....
အဲ့ မှာ ကျမ်းရင်းလင်္ကာ ၄၀ အကြောင်း အနက်အဓိပ္ပါယ်တွေ ကို စာပေတွေ ဆရာသင်တွေနဲ့ ပေါင်းစပ်ပြီး ခေါင်းကို အလုပ်ပေးခဲ့ တယ် ငွေက မရှိမဖြစ်လိုဖြစ်နေပြီလို့  ခံစားလာရလို့ ပေါ့ လေ..
အဲ့ မှာ ကျမ်းရင်းလင်္ကာ ၄၀ ထဲက' ''ဓါတ်တူနံတူ ဆေးကိုယူ '' ဆိုတဲ့ စာကြောင်းကို တွေးတော့ တာ....အဲ့ သဘောကနေ ကျနော်တို့  သုံးနေတဲ့ အရွက်တွေအကြောင်း ပိုနားလည်လာတယ်...
လူကလည်း ပထ၀ီ တေဇော အာပေါ ၀ါယော ဆိုတဲ့  မဟာဘုတ် ဓါတ်ကြီးလေးပါး သဘောနဲ့ ပေါင်းစပ်ဖွဲ့ စည်းပြီး အာကာသဓါတ်ထဲမှာ ရှင်သန်ကြီးထွားပွားများတတ်တဲ့ သဘာဝ..
.လူနဲ့  နံတူဖြစ်တဲ့  ၀ါးညွန့်  ရွက်လှညွန့် ဆိုတာမျိုးကလည်းပထ၀ီတေဇော အာပေါ ၀ါယော ဆိုတဲ့  မဟာဘုတ်ဓါတ်ကြီး ၄ ပါး နဲ့ ဖွဲ့ စည်းထားပြီး အာကာသဓါတ်ထဲမှာ ရှင်သန်ကြီးထွားပွားများတတ်တဲ့ သဘာဝ....
ဒီတော့  လူ နဲ့  ၀ါးတို့ ရွက်လှတို့ က ဓါတ်တူ သဘော....ပြီးတော့  လူ ဆိုတဲ့  သမုတိ ပညတ်ကလည်း ဗုဒ္ဓဟူးနံကောက်  ဖြစ်သလို ၀ါးတွေ ရွက်လှတွေကလည်း သမုတိပညတ် ဗုဒ္ဓဟူ နံကောက်...ဖြစ်တယ်
ဒီတော့  လူနဲ့  ၀ါးတို့ ရွက်လှတို့ က နံတူ တွေသဘော...ဒီတော့  လူနဲ့  ၀ါးတို့ ရွက်လှတို့ က ဓါတ်တူနံတူ တွေ ဖြစ်လာပြီ.....
ဓါတ်တူနံတူတွေ ဖြစ်လာရင် သုံးတတ်ရင် ဆေးဖြစ်လာပြီး  ဆေးမှာလည်း သေစေလိုရင် အသေဆေး ရှင်စေလိုရင် အရှင်ဆေး သဘောရှိပြီ...ဒီလိုတွေ တွေးပြီပေါ့ လေ...
( အဲ့ ကနေ တွေးနိုင်ရင်တွေးနိုင်သလောက် ကိုယ်စားကိုယ်ငှားကိုယ်ပွား နာနာရုပ် လူရုပ် သဘောတွေ နဲ့ အဝေးရောက် လူသတ်နည်းတွေ တန်းစီထွက်လာတယ်)
အဲ့ လိုတွေ ဓါတ်တူနံတူ ဆေးကိုယူသဘောကနေ တွေးမိသွားတာက ငွေလိုချင်ရင် သမုတိသဘော ခေတ်အလျောက် အများ အသိအမှတ်ပြုထားတဲ့  ငွေ ပိုက်ဆံကို တရားဝင် ငွေအစစ်ကို အကြံအဖန် လုပ်နိုင်ရင် ငွေရလွယ်လောက်တယ်လို့ တွေးမိသွားတယ်...အဲ့ မှာ ပိုက်ဆံ အစစ်တွေကို နည်းတွေတွေးပြီး စမ်းသတ်ရင်းက ဒီမီးထွန်းပိုက်ဆံနည်းလေးဖြစ်လာတော့ တာပါပဲ
အဓိက တွန်းအားက ဖအေ့ ရောဂါအတွက် ဆေးကုစားရိပ် ပိုက်ဆံ လိုအပ်ခြင်းက တွန်းအားပေါ့ ....နောက်တစ်ချက်က ဒီနည်းကို ကိုယ်တိုင်တွေး ကိုယ်တိုင် သုံးလာတာ ၁၀စုနှစ်တွေကြာခဲ့ ပြီလို့ လဲ ပြောလို့ ရပါတယ်...ပြီးတော့  စိတ်ကုးတွေ ယဉ်ပြီးတော့ လို့  ကိုယ့် ကိုယ် အထင်ကြီးဖို့ လောက်တော့ လို့ တွေးပြီး နည်းတွေ လျှောက်တွေးတာမျိုးမဟုတ်ပဲ  ကိုယ့် ဘ၀မှာ တကယ် လက်တွေ့ ရင်ဆိုင်နေရတဲ့  အကျပ်အတည်းတွေကို တစ်ဖက်တစ်လမ်းက ဖြေရှင်းဖို့ စတွေးခဲ့ တာမျိုးလို့ 
စမ်းသတ်ရင်းက ကံ အခြေအနေပေးလာပုံက အနားမှာ ဖန်ခွက်ထဲထည့် ထွန်းတဲ့ ဖယောင်းတိုင်ခွက်စတိုင် လုပ်တဲ့  အိမ်ရှိနေတယ်...ပထမစစချင်းမှာ ဖယောင်းတိုင်ကို တစ်နာရီတိုင်နဲ့ တစ်တိုင်ချင်း ထွန်းတဲ့ စတိုင်ကစခဲ့ တာ...
အဲ့ ဖန်ခွက်ဖယောင်းတိုင် ကို မြင်သွားတော့  အတွေးထပ်ဖြစ်လာတာက တစ်တိုင်ချင်း ထွန်းထားရတာက အလုပ်ရှုတ်တယ် အားမရဘူး...အဲ့ ဖယောင်းတိုင်ဖန်ခွက်ဆိုရင် ကြာကြာခံမယ် မီးဘေးလည်း စိတ်မပူရတော့ ဘူး လို့ တွေးပြီး ဖန်ခွက်ဖယောင်းတိုင်ခွက်ကို စသုံးကြည့် တော့ တာပါပဲ
ပိုက်ဆံကို အရင်ချ အဲ့ ပိုက်ဆံအပေါ်မှာမှ ဗျက်ကျယ် ဇောက်ရှိတဲ့ ခွက်ကို တင်..အဲ့  ဗျက်နဲနဲကျယ်တဲ့ မူလအောက်ခံခွက်မှာ ရေထည့်  ပြီးမှ ဖန်ခွက် တစ်ဝက်လောက် ရေထဲမြုတ်အောင်ထည့်  မိုးလင်းတာနဲ့  ခဏနေ ဖယောင်းတိုင်စထွန်းထားလိုက်တယ်...မိုးချုပ်အထိ တစ်နေကုန်ခံတယ်...
ရေပတ်လည်ဝိုင်းထားတဲ့  ဖန်ခွက်ဖြစ်နေလို့  အပူလွန်လို့  ဖန်ခွက် နံရဲဘေး မီးဇာထောက်နေလို့   ဖန်ခွက်ကွဲတာမျိုးမဖြစ်တော့ ဘူး..
.
( ရေမခံခင်က ဖန်ခွက်က အပူလွန်ပြီးခဏခဏကွဲခဲ့ တယ်)....အဲ့ မီးထွန်းပိုက်ဆံလေးက ငွေဝင်လွယ်အောင်ကူညီနေခဲ့ ပုံရလို့  အဖေ့ ရောဂါ ဆေးစားရိပ်အတွက်
 ငွေ မပြတ်တော့ ဘူးပေါ့ လေ...ပြတ်လုလုဆို  ငွေတစ်ချို့  လုံလောက်အောင် ခေါင်းစဉ်တစ်ခုခု ခံပြီး ၀င်ဝင်လာတတ်တယ်ပေါ့ လေ..
အဲ့ ဒါ ကျနော့် မီးထွန်းပိုက်ဆံ စဖြစ်လာတဲ့ ရာဇ၀င်ပါပဲ....ကိုယ်တကယ် ရင်ဆိုင်နေရတဲ့  ဘ၀ဖြစ်တည်မှု့ ကနေ ဖြစ်လာတဲ့ နည်းလေးပေါ့ လေ...
သုံးကွင်း အပြီး
သုံးကွင်း အပြီး
----------
အခုနည်းက ဘယ်သက်ရောက် ဖြစ်ဖြစ် န၀င်းရိုက်ပေးလို့  ရတဲ့ နည်း ဒါကို ( ကာ..ဖွင့် ..ရှင်း..)လို့  ခေါ်ပါတယ်....(.မတွန့် စေရ အညွန့် တစ်မျိုး + ဆောင်ပန်းနင်းကြမ်းခိုက်+ တြိစတု အခွဲ တြင်းန၀င်း) ထည့် သုံးပေးလိုက်တယ်...( အဲ့ တော့  အရွက်တွေ တစ်ပုံကြီးဖြစ်သွားတာပေါ့ ..)
ဆိုပါတော့  ၅ကြွင်း အဓိပတိဖွား တနင်္လာသား တစ်ယောက်ကို န၀င်းရိုက်ပေးမယ်ဆိုပါတော့ ...လိုအပ်တဲ့  အရွက်တွေက ...မတွန့် စေရ အဖြစ် အလွယ် သပြေညွန့် + ဆောင်ပန်းက ဒန်း + နင်းကြမ်းက ရွက်လှ + တြိစတုက ရွက်လှနဲ့ ပျဉ်းမပေါ့ လေ..
သုံးကွင်းထဲ အပြီးမို့  ဖျာ အောက်လှန်ပြီး ဘာအရွက်မှ မထားတော့ ပါဘူး.....
၁။...တနင်္လာသားကို  တင်ပလ္လင်ခွေလေး ထိုင်စေလိုက်ပါတယ်.....၊ သူ့ ရှေ့  မလှမ်းမကမ်းမှာ ကန့် လန့် ချထားတာက  သူ့ ကိုယ်စား မွေးနံ ကံ့ ကော်ရိုးလေး တစ်တောင်လောက်ပါ...အဲ့  ကံ့ ကော်ရိုးအောက်မှာ ကန့် လန့် ခံထားတာက တနင်္လာ နံ ရဲ့ ခိုက် အမြစ် အုန်း ၆ ညွန့် ပါ
၂။...တင်ပလ္လင်ခွေထိုင်နေတဲ့  တနင်္လာသားလက်ထဲမှာ အညွန့်  ဇီး (၀ါ) ဇော်စိမ်း ၁ ညွန့် စီကို ဘယ်ညာကိုင်ထားစေပါတယ်...၊ ဘယ် ဒူး အောက်မှာ နင်းကြမ်း ရွက်လှရွက် ၄ ရွက် + နင်းကြမ်းအဖြစ် နောက်ထပ် ရွက်လှ ၁၇ ရွက် ခံထားလိုက်တယ်။ ညာ ဒူး အောက်မှာ စတုရန်းအဖြစ် ပျဉ်းမရွက် ၅ ရွက် ခံထားလိုက်ပါတယ် ဘုရားစင် (သို့  ) တနင်္လာသားရဲ့ ရှေ့  မျက်နှာမူရာ အမြင့် မှာ သပြေညွန့်  ၁၁ ညွန့်  ဇော်စိမ်း ၃ညွန့်  ဒန်း ၁၀ ညွန်  ကို အထက်ဆောင်ပန်းအဖြစ် လင်ပန်းနဲ့  တင်ထားပါတယ်.. ခြေမန်းကွင်းက စလွယ်သိုင်း သုံးကွင်းစွပ်ထားပါတယ်...ပြီးတော့  ခဏထိုင်နေစေတယ်ပေါ့ 
၃။...အချိန်အတော်ရတော့  န၀င်းရိုက်ပေးဖို့  အဲ့ တနင်္လာသားကို ထိုင်လျက်သားကနေ ဖင်လှည့် ပြီး ခြေဆင်းထိုင်လိုက်စေပါတယ် ( သန်းတုတ်ရင် ခြေဆင်းထိုင်ကြသလိုပေါ့ လေ..ငိငိ)... ခြေဆင်း လိုက်ပြီးတဲ့ အခါ....
၎။  ဘယ်ဒူးအောက်က တြိရန်းနဲ့  နင်းကြမ်း ရွက်လှ ၄ ရွက်နဲ့  ၁၇ ရွက် ၂စုံကို ဘယ်ခြေထောက် ဖနောင့် အောက်ကို ရွှေ့ ခံလိုက်တယ်...ညာဒူးအောက်က ပျဉ်းမ ၅ ရွက်ကို ညာ ဖနောင့် အောက်ကို ပြောင်းခံလိုက်တယ်...အဲ့ ဒီ ဘယ်ခြေညာခြေ ကြားထဲမှာ မွေးနံ ကံ့ ကော် အောက်က  ခိုက်အညွန့်  အုံး ၆ ညွန့် ကို နေရာခချထားလိုက်တယ်....ခြေဆင်းရာရှေ့ မှာ ဓါတ်ခံ အဖြစ် မွေးနံ ကံ့ ကော်ညွန့် ကို ကန့် လန့် သွားချထားလိုက်ပါတယ်
၅။...န၀င်းရိုက်ပြီဆိုတဲ့ အခါ..... လက်ကိုင် အညွန့် ကို ယူ တစ်ညွန့်စီ နဲ့  ခေါင်းကနေစပြီး ခြေဖျားအထိ န၀င်းရိုက်သပ်ချပေးလိုက်တယ်...ဘယ် ညာရိုက်ပြီးတော့  သူ့ လက်ထဲကို လက်ကိုင်အညွန့် ကို ခဏပြန်ထည့် ပေးထားလိုက်ပါတယ်
၆။....ဒုတိယမြောက်က...မတွန့် စေရ သပြေ အညွန့်  ၁၁ ညွန့် ကို ယူပြီး အားလုံးဆုတ်ကိုင်ပြီး ခေါင်းကနေခြေဖျားအထိ ခပ်စိပ်စိပ် ကျောတွေ လက်တွေ စသဖြင့်  ရိုက်ပေးလိုက်တယ်.( တစ်ညွန့် ချင်း မခွဲတော့ ဘူး စုပြုံကိုင်ရိုက်တဲ့ သဘောပေါ့ ...ဒါက ကာတာလို့ လဲခေါ်နိုင်တယ်  ဘော်ဒီမှာ ရှိနေတဲ့  ကံဓါတ်အစုတ်လုပ်တွေကို သန့် ပစ်တာလို့ လဲ ဆိုနိုင်တယ်....ခြေဖျားအထိ ရိုက်ချလာပြီး ခြေဖျားကိုရိုက်ပြီးတဲ့ အခါ အဲ့ သပြေတွေကို မွေးနံကံ့ ကော်ရိုးကို ကျော်ပြီး ပစ်ချထားလိုက်တယ်...( ဒီသဘောက လူနဲ့  န၀င်းရိုက်ပြီးသား သုံးပြီးသား သပြေကြားထဲမှာ ကံ့ ကော်ရိုးက စည်းခြားထားလိုက်တဲ့ သဘော...ပြီးတော့  ဘော်ဒီကို န၀င်းရိုက်လိုက်လို့  ခြေဖျားက ထွက်သွားတဲ့ ကံဓါတ်အညံ့ တွေဟာ  ခြေဖျားရှေ့ မှာ ကန့် လန့် ချထားတဲ့  ကံဓါတ်အညံ့ တွေ ကံ့ ကော်ရိုးကို သွားကူးစေလိုက်တဲ့ သဘော  ဒီတော့  မွေးနံ ကံကော်ဟာ န၀င်းရိုက်ပြီးရင် ကံဓါတ်အဆိပ်သင့် ပစ္စည်း ဖြစ်သွားလို့ အဲ့  န၀င်းရိုက်ပြီးသား
ပစ္စည်းတွေကို န၀င်းထိုင်တဲ့  တနင်္လာသား (၀ါ) နံတူနေ့ သား ရဲ့ ဘော်ဒီတွေ လက်တွေနဲ့  ပြန်မထိတွေ့ စေရပါဘူး.
၇။...သပြေနဲ့ ပြီးတော့  ကံ အပွင့် ဓါတ်လေးထည့် ပေးတဲ့ အနေနဲ့ ( တြင်းန၀င်း ( အညွန့်  နံ + တြိရန်း + စတုရန်း= တြင်းန၀င်း)  အခွဲ ( ရွက်လှ+ ပျဉ်းမ) ...အပွင့် ဓါတ်လေး) ဒုတိယရိုက်တာက..ဇော်စိမ်း ၃ ညွန့် ကိုယူ တစ်ညွန့် စီ ရိုက်ပေးပြီး ကံ့ ကော်ရိုးကို ကျော် ပစ်ချထားလိုက်ပါတယ်...ဒါက အဖွင့် ပေါ့ ..
.( ပါဝါ အနေတော်ဖွင့် တာ...အပြည့် ဖွင်က တြိစတု အတွဲ ( ရွက်လှ ၄ + ပျဉ်မ ၅ နေရာမှာ တြိစတု အတွဲ အဖြစ် လက်ပံ (၀ါ) လဲမှို့  ၉ညွန့်  ခံပေးထားပါတယ်)..
၈..။ ..တြင်းန၀င်း အကံအပွင့် ဓါတ်လေးရိုက်ပေးပြီးတော့  ဆောင်ပန်းနင်းကြမ်း အရှင်းအဖြစ် ရိုက်တာက ဆောင်ပန်း ဒန်း ၁၀ ညွန့် ကိုယူပြီး တစ်ညွန့်စီ ရိုက်ပေးလိုက်ပြီး အပေါ်ကလိုပဲ ကံ့ ကော်ရိုးကို ကျော်ပစ်ချလိုက်တာပါပဲ...အဲ့ ဒီ အဆင့် ရောက်တော့  ဆောင်ပန်းနဲ့  န၀င်းရိုက်တာ ပြီးသွားပါပြီ....( ဘုရားစင်က ရိုက်ပန်းအညွန့် တွေကုန်ပြီပေါ့ လေ)
၉...ပြီးတော့ အဲ့ တနင်္လာသားကို မတ်တတ်ထရပ်လိုက်စေပြီး ခြေဖနောင့် အောက်က ရှိသမျှ အရွက်တွေကို ခြေဖ၀ါး ၂ ဖက်အောက် မျှပြီး တက်နင်းထားစေလိုက်ပါတယ်....ပြီးရင် လက်ကိုင်အညွန့် ကို ကံ့ ကော်ရိုးကျော်ပြီး ပစ်ချထားစေလိုက်တယ်...ပြီးရင် စလွယ်သိုင်းထားတဲ့  ခြေမန်းကွင်း သုံးကွင်းစလုံးကို ချွတ်ချတယ်...( တစ်ကွင်းချင်း သုံးခါချွတ်ချင်ချတယ် သုံးကွင်းစလုံး တစ်ပြိုင်နက်ထဲ ချွတ်ချချင်ချပါတယ်.. ဓါတ်အကြမ်းအနုသဘောတော့ နဲနဲကွာပါတယ်)
၁၀။...ကြမ်းပေါ် ခြေမန်းကွင်းလေးတွေ စက်ဝိုင်းလိုပုံပြီးကျသွားပြီးတဲ့ အခ့ တနင်္လာသားကို ခြေမန်းကွင်းကို မထိအောင် ကျော်ထွက်ခိုင်ပါတယ်...ညာခြေဖက်က စထွက်စေတယ်...( ကမ္ဘာ့ အစဉ်အလာသဘော အတက် အကောင်း သဘောကအဖြစ် ညာဖက်က ခြေစလှမ်းစေတာ) ( ဘော်ဒီ ဘယ် ညာမှာ ဘယ်က အနိဌ သဘော ညာက ဣဌ သဘောယူတာ)..အဲ့ မှာ တနင်္လာသား န၀င်းကိစ္စက သူ့ အတွက်ပြီးပြီ..ကျန်တာ ထိုင်ပေးတဲ့ သူရဲ့ ကိစ္စက ကျန်သေးတယ်..
၁၁...ခြေမန်းကွင်း စက်ဝိုင်းလေးထဲမှာ နင်းကြမ်း ရှိသမျှ အရွက်တွေ အပုံလိုက်လေး ကျန်ခဲ့ ပါတယ်...အဲ့  အရွက်တွေအပေါ်ကို ရိုက်ထားတဲ့  ဆောင်ပန်းတွေ သွားယူလိုက်ပြီး အဲ့ ခြေမန်းကွင်းထဲမှာပဲ တူရာတူရာထပ်လိုက်ပါတယ်...ဆောင်ပန်း ( လက်ကိုင်+ ဆောင်ပန်း+ တြင်းန၀င်းအညွန့် ကို နင်းကြမ်း+ ခိုက်+တြိစတု) အပေါ်တင်ထပ် နောက်သပြေတွေယူတင်ပြီး အဲ့ အကုန်လုံးကို ခြေမန်းကွင်း တစ်ကွင်းထဲနဲ့ အကုန်တုတ်ချုပ်လိုက်ပါတယ်...( တစ်ကွင်း)
၁၂...မွေးနံကံ့ ကော် ရိုးကို ခြေမန်းကွင်း တစ်ကွင်း အဖျားကနေ အလယ်နားအထိ စွပ်ချ တစ်ပတ်နှစ်ပတ် အစချန်ပတ် ပြီးရင် စောစောက ထုတ်ချုပ်ထားတဲ့  ဆောင်ပန်းနင်းကြမ်းအထုပ်ကို ယူပြီး ခြေမန်းကွင်းလျိုစွပ်ပြီး မွေးနံနဲ့  အကုန်ပေါင်းထုပ်လိုက်ပါတယ် ( ၂ကွင်းမြောက်)...
၁၃..ကျန်တဲ့  နောက်ဆုံးတစ်ကွင်းက န၀င်းပွဲနဲ့ အတူ ညနေစောင်းမှာ မီးရှို့ ပစ်ဖို့  တစ်ကွင်းပေါ့ လေ...ဒါဟာ သုံးကွင်းထဲနဲ့  နည်းပညာအတော်စုံအောင် န၀င်းရိုက်ပေးလိုက်တာပါပဲ..ဒီလို ရိုက်ပေးရတဲ့ လူတွေက လှုပ်ရှားစီးပွားသမားတွေ ဖြစ်နေလို့  အန္တရာယ်လည်း ကင်းရမယ့်  အပွင့်ဓါတ်လည်းပါနေရမယ် လမ်းရှင်းထားတာလဲ ပါနေရမယ်ပေါ့ လေ...
၁၄...သုံးကွင်း သုံးတာဟာ ခြေမန်းကွင်း ချွေတာတာအဓိက ဖြစ်ပြီး ခပ်ပေါပေါ သုံးရင် ၅ ကွင်း သုံးတဲ့  နည်းပါ...( တြင်းန၀င်း ၁ကွင်း ၊ လက်ကိုင်+ ခိုက် ၁ကွင်း ၊ ဆောင်ပန်းနင်းကြမ်း မတွန့် စေရ ၁ ၊ ကွင်း မွေးနံနဲ့  အားလုံးထည့် ချုပ် ၁ကွင်း မီးရှို့ တာ ၁ကွင်းပေါ့ လေ)
၁၅...အခု နည်းစနစ်မှာ အဓိက ပြောင်းလဲပစ်လိုက်တာက နင်းကြမ်းတွေကို ဖျာအောက်မှာ တစ်ခုမှ ခင်းမထားတော့ ပဲ ဘယ်ဒူး ညာဒူး တွေအောက်မှာ တိုက်ရိုက်ခံထားလိုက်တာချည်းပါပဲ....
၁၆...မတွန့် စေရကို ရှေ့ က အရင်ရိုက်တာဟာ အရင်ကာထားတာ လမ်းရှင်ထားတာဖြစ်ပြီး လမ်းဆက်လျှောက်ရတာ လွတ်လပ်စေတယ်....မတွန့် စေရ အရွက်တွေကို နောက်ဆုံးပိတ်ရိုက်တာကတော့  ဘယ်မှ မလျောက်ပဲ ကိုယ့်  ကတုတ်ကျင်းထဲကနေ ကာကွယ်ရေးလုပ်လိုက်တဲ့  သဘောပါ..( နောက်ဆုံးမှ မတွန့် စေရကို ရိုက်တာ သုံးခဲတယ်..တော်တော် ရွဲနေပြီး အဖက်ဖက်က ခံနေရချိန်မျိုးနဲ့  သုံးဖို့  လိုပြီလို့  ဆရာ့ လမိုင်းက ဖြစ်လာမှသာ မတွန့် စေရကို နောက်ဆုံးက ပိတ်ရိုက်ပေးတာမျိုးပါ)
၁၇...မီးရှို့ တဲ့ ခြေမန်းကွင်းဟာ ကံဓါတ်အညစ်တွေကို ရှင်းပစ်လိုက်တာဖြစ်ပြီး န၀င်းပွဲနဲ့  ဆက်စပ်နေပါတယ်...ပွဲထွန်းစမှာ တစ်ပြိုင်နက်ထဲ မီးရှို့ ပစ်တာပါ....
လက်ကိုင် အညွန့် ...( န၀င်းရိုက်တဲ့ နည်းစနစ် ပညာခန်းတစ်ခန်း အကြောင်းပါ)
လက်ကိုင် အညွန့် ...( န၀င်းရိုက်တဲ့ နည်းစနစ် ပညာခန်းတစ်ခန်း အကြောင်းပါ)
----
န၀င်းထိုင်တဲ့ အခါ အမှန်က '''န၀င်းထိုင်နေသူဟာ န၀င်းထိုင်နေတဲ့ ကာလလေး အတွင်း လက်ကနေ ပုတီးထိုင်စိတ် နေနိုင်စရာ အကြောင်းမရှိပါဘူး
''( ထိုင်ပေးတဲ့ ဆြာနဲ ထိုင်နေတဲု့ သူ နဲ့တော့  အပြန်အလှန် လေပစ်နေလို့ ရပါတယ် ငိငိ) ...အကြောင်းက သူ့ လက်ထဲမှာ အညွန့်  ၂ ညွန့်  ဘယ်ညာကိုင်ထားရလို့ '' လက် ၂ဖက်စလုံး မအားပါဘူး.'''.....
ပုံမှာ န၀င်းထိုင်နေသူဟာ စနေသမီးပါ..ဒါကြောင့်  သူ့ လက် ဘယ်ညာမှာ စနေသားသမီးတွေရဲ့  အလယ်အညွန့်  အုန်းညွန့် တွေ ကိုင်ထားတာ တွေ့ ရတာပါ....သောကြာသားသမီးဆို အလယ်အညွန့်  စနေနံ ဒန်းတို့ ထန်းတို့ ပေါ့ ...
.ဒါကို လက်ကိုင်အညွန့် လို့ ခေါ်ပါတယ်..
ဒီလက်ကိုင်အညွန့် ကို ကိုင်ထားစေတာဟာ...အလှအပသဘော မဟုတ်ပါဘူး.. ပညာကဏ္ဍပါပါတယ်....မြန်မာဆိုရိုးစကား မွေးနေ့ ဆောင် အောင် သဘောလိုပဲ အညွန့် ဆောင် အောင် သဘောလည်းယူသလို ..တကယ့်  ပညာ အနှစ်က န၀င်းရိုက်တဲ့  ပညာမှာ သုံးတဲ့  '' ခိုက် '' ဆိုတဲ့  အမြစ်အညွန့် မတွန့် စေရ အလယ်တွဲက ..အမြစ်နံ နဲ့  ဓါတ်လှိုင်း အဆက်အသွယ်ရှိပါတယ် ..
သဘောက စနေသားသမီး ရဲ့  လက်ကိုင်အညွန့် ဟာ သူ့ မွေးနံအောက် (၀ါ) သူခြေဖ၀ါးအောက်မှာ ရှိတဲ့  ''' ခိုက်'' ဆိုတဲ့  သောကြာနံ သီဟိုညွန့် ''နဲ့  '' န၀င်းဓါတ်လှိုင်း တစ်လုံးရအောင် ''' နဲ့  အထက်ဆောင်ပန်း အောက်နင်းကြမ်း အဖြစ်..ချိတ်ဆက်ထားတာပါ ....န၀င်းထိုင်သူအဖို့  ပိုကောင်းသွားတာပေါ့ လေ
အဲ့ ဒီလက်ကိုင်အညွန့် ကို ကျနော်တို့  ဆရာတို့  ဆရာကြီးတို့  စအသုံးပြုချိန် သင်ပေးချိန်တုန်းက အဲ့ ဒီ့ လက်ကိုင်အညွန့် ဟာ မရဏအိမ်က အညွန့် နံ ဖြစ်နေရင် လူကိုမရိုက်ပဲ ကိုင်ယုံ ကိုင်ထားစေတာပါ ( န၀င်းရိုက်ပြီးတော့  အဲ့  လက်ကိုင်အညွန့် နဲ့  ခိုက် က ခြေမန်းကွင်းတစ်ကွင်းနဲ့  သီးသန့် ချုပ်ပါတယ် ( န၀င်းတစ်လုံးရသွားအောင်)
မရဏအိမ်က နံ မဟုတ်ရင် အဲ့ ဒီ့ လက်ကိုင်အညွန့်  နဲ့  အရင်ဆုံး န၀င်းရိုက်ပြီးမှ ကျန်တဲ့ ဆောင်ပန်းနင်းကြမ်း ဘာညာကွိကွတွေ ရိုက်စရာ ရှိတာ ဆက်ရိုက်ပါတယ်..
ဥပမာ....၆ ကြွင်း တနင်္ဂနွေသား သိုက်ဖွားကို န၀င်းထိုင်ပေးရင် သူ့  လက်ကိုင် အညွန့် ဟာ တနင်္လာနံ ကံ့ ကော် ၂ ညွန့်  ဖြစ်ပြီး အဲ့ ကံ့ ကော်ညွန့် ဟာ ၆ ကြွင်း မှာ မရဏအိမ်က အညွန့် ဖြစ်လို့  အဲ့ ကံ့ ကော်ညွန့် ကို လက်ကိုင်အဖြစ်ပဲကိုင်ထားစေတာပါ...သိုက်ဖွားကလွဲရင် တစ်ခြား အဖွား တနင်္ဂနွေသားသမီး သဘော
လက်ကိုင်အညွန့် တွေကလည်း ကံ့ ကော်ညွန့် ဖြစ်ပြီး  အဲ့  ကံ့ ကော်ညွန့် တွေမှာတော့  တနင်္လာနံဟာ မရဏအိမ်မှာ မဟုတ်လို့  သိုက်ဖွား မဟုတ်တဲ့  တစ်ခြား တနင်္ဂနွေတွေကို န၀င်းရိုက်ပေးတဲ့ အခါ အဲ့ လက်ကိုင်ကံ့ ကော်ညွန့် နဲ့ အရင်ထဲ့ ရိုက်သတ်ချပေးပါတယ်... ဒါဟာ ပထမပေါ် နည်းစနစ်ပါ....
နောက်ပိုင်းမှာတော့  ဒုတိယနည်းအဖြစ် ပြောင်းလိုက်တာကတော့  မရဏအိမ် ရယ် ဘာရယ် မခွဲတော့ ပဲ ၇ နေ့ သားသမီးအားလုံး န၀င်းထိုင်တဲ့  အခါတိုင်း န၀င်းစရိုက်တာနဲ့  ကိုင်ထားစေတဲ့ လက်ကိုင်အညွန် ဘယ်ညာ ၂ ညွန့် ကို ယူပြီး တစ်ညွန့် စီနဲ့  အရင်ရိုက်သပ်ချပြီး သူ့ လက်ထဲ ခဏပြန်ထည့်  ကျန်တဲ့  ဆောင်ပန်းနင်းကြမ်း ဘာညာကွကွတွေ ဆက်ရိုက်ပါတယ် ကိစ္စပြီးလို့ ခြေမန်းကွင်းချွတ်ချတော့  ခိုက်ဆိုတဲ့ အမြစ်နံကို လက်ကိုင် ဆိုတဲ့  အညွန့် နဲ့  ခြေမန်းတစ်ကွင်းသီးသန့် သုံးပါတယ်ပေါ့ လေ
ဒီတော့  လူတစ်ယောက် န၀င်းလာလာထိုင်တိုင်း အရွက်နဲ့ ရိုက်ရတာ ၂ ကြိမ် အနဲဆုံး န၀င်း ရိုက်ပေးလိုက်ရပါတယ်...ပထမ လက်ကိုင်အညွန့် နဲ့  တစ်ကြိမ်ရိုက်...ပြီးမှ သူ့ ဆိုင်ရာဆိုင်ရာ ဆောင်ပန်းအညွန့် နဲ့  နောက်တစ်ခါရိုက်တယ်ပေါ့ ...
ဒီတော့  နည်းစနစ်ကျကျဆိုရင် လူတစ်ယောက်ကို န၀င်းထိုင်ပေးရတိုင် ခြေမန်းကွင်း
( ၃) ကွင်း ပုံမှန်သုံးပေးရတဲ့  သဘောပေါ့  လက်ကိုင်အညွန့် + ခိုက်က တစ်ကွင်း၊
(ဆောင်ပန်း+နင်းကြမ်းက တစ်ကွင်း) ၊ ၊ (မွေးနံ + စောစောက ၂ ခုနဲ ) ဆိုတဲ့  အရွက်တွေ အားလုံး ချုပ်ကွင်း တစ်ကွင်းသဘောပေါ့ ...ဒါက န၀င်းပွဲအလွတ်၊
ပွဲနဲ့ ထည့် ကစားပြီဆိုရင်တော့  မီးရှို့ ဖို့ အတွက် တစ်ကွင်း ဖယ်ရမှာမို့  သုံး ကွင်းထဲနဲ့  ပြီးအောင် ကစားပုံက ( ခိုက်+လက်ကိုက်အညွန့် +ဆောင်ပန်း+နင်းကြမ်း)ကို တစ်ကွင်းထဲနဲ့ ချုပ်တယ် မွေးနံနဲ့ ပေါင်းချုတစ်ကွင်းလုပ်တယ်ပေါ့ လေ..။( ခြေမန်းကွင်း ပေါရင် ၅ ကွင်း သုံးလိုက်တယ်ပေါ့ လေ
နည်းတွေ ပြောင်းတယ်ဆိုတာ န၀င်းလာထိုင်တဲ့ သူတွေကို ပိုကောင်းသထက်ကောင်းစေချင်လို့  လုပ်ရင်းကိုင်ရင်း ပြန်လာတဲ့  အက်ရှင်တွေနဲ့ တွေးဆချက်တွေ ပေါင်းပြီး ထပ်ထပ် မွမ်းမံနေတဲ့ သဘောမျိုးသာ ဖြစ်ပါတယ် အရင် ပထမနည်းက အလုပ်မဖြစ်တာ ပစ်ပယ်လိုက်တာ အမှားလို့  ဆိုလိုတာမဟုတ်ပဲ ဆက်သုံးနေလည်း ဖြစ်တာပါပဲဗျ..
သဘောက ပညာရှင်တွေရဲ့  ပညာသဘောဆိုတာ ပညာအသေသဘောမဟုတ်ပဲ ပညာအရှင်သဘောလို့  ဆိုလိုတာပါ...
နဲနဲသိထားတဲ့  သိမှု့ ပညာက ဖြစ်လာတဲ့ ပြဿနာသဘော
နဲနဲသိထားတဲ့  သိမှု့ ပညာက ဖြစ်လာတဲ့ ပြဿနာသဘော
-----
အရွက်တွေနဲ့  လူတွေရဲ့  အခက်အခဲကို ကူညီတဲ့ ကိစ္စတွေမှာ အသက်မွေးဝမ်းကျာင်း အဖြစ် လက်တွေ့ နယ်ပယ်မှာ ကျင်လည်နေတဲ့   လူတွေရဲ့  သိမှု့ သဘောနဲ့  စာသမားတွေရဲ့  သိမှု့ သဘောက တစ်ချို့ ကိစ္စတွေမှာ တော်တော်ကွဲတယ်...တစ်ခါတစ်လေ အဲ့ ဒီ့  အကွဲ သဘောကို
 ကြိုတွက်ဆမိလို့ယတြာတွေကို စွတ်မပေး စွတ်မပြောပဲ တစ်ဖက်လူရဲ့  အနေအထားကို ချိန်ဆပြီးမှ ဖြစ်နိုင်ခြေနဲ့  ဖြစ်နိုင်လောက်တဲ့ ယတြာနည်းတွေကိုသာပေးရလေ့ ရှိတယ်...
တစ်ချို့  ဖတ်ဖူးသလို လက်တွေ့ မလုပ်ဖူးပဲ ဗဟုသုတရှာတတ်တဲ့  စာသမားတစ်ချို့ ရဲ့ သိမှု့  ပြဿနာကို ရည်ညွှန်းတာမျိုးလို့ ဆိုနိုင်တဲ့  တစ်ခါတစ်လေ သိမှု့ ဗေဒတွေမှာ သိဖို့ အကြောင်းတစ်ခုကို  သိဖို့ အားထုတ်တာမှာ အစုံမသိသေးပဲ နဲနဲ သိတာကို တော်တော်လေးသိနေပြီလို့ ထင်လာတာမျိုး
က တစ်ခါတစ်ရံမှာ သိမှု့ ပညာတွေမှာ  ပြဿနာရှိတယ် ဆိုတာမျိုးကို အရွက်နည်းပညာတွေမှာ ကြုံရလေ့ လဲရှိတယ်.ကြိုလဲတွက်ထားရတယ် .
အဲ့ မှာ ပြဿနာဆိုတာ စီးပွားကြီးပွား သိက္ခာပြဿနာမျိုးကိုဆိုလိုတာ မဟုတ်ပဲ ကောင်းဖို့ လုပ်နိုင်ခွင့်  အခွင့် အလမ်းတစ်ခု ဆုံးရှုံးသွားတာမျိုးကိုဆိုလိုတာပါ...
ဆိုပါတော့  ကျမ္မာရေးသဘောကို အဓိကထားပေးတဲ့  အရွက်တွေ ခေါင်းအုံးအောက် ခြေရင်းအောက် ကျောအောက် ထားအိပ်တဲ့ နည်းပညာတွေမှာ....
အထူးသဖြင့်  ခေါင်းအုံးအောက် အရွက်တွေ ထားအိပ်တဲ့ နည်းမှာ စာသမားတစ်ချို့  စာဖတ်သူတစ်ချို့ တွေ  ဗဟုသုတ ဂမ္ဘီရစာတွေ  အင်တာတိန့် မန့် ဆန်ဆန်  လျှောက်ဖတ်တတ်တဲ့ စာဖတ်သမားတစ်ချို့ ရဲ့ သိမှု့ သဘောမှာ နာတာရှည် လူမမာတွေ သေပြီးလျက်သား နဲ့ ဘော်ဒီကို  ပယောဂ အပမှီထားလို့  စွဲကပ်နေတယ်ဆိုတဲ့  ''ဖုတ်'' ကို မှီစွဲနေတဲ့ ဒက်ဘော်ဒီကနေ ထွက်ပြေးသွားအောင် နှင်ထုတ်တယ်ဆိုတဲ့  '' သြဇာရွက်တွေ '' အဲ့ လူမမာရဲ့ ခေါင်းအုံးအောက်မှာ ထည့် တာမျိုး ဖုတ်ထုတ်တာလောက်ကိုပဲ သိထားသူတွေရဲ့ စိတ်ထဲမှာ အခုလို တစ်ခြားယတြာနည်းပညာတွေမှာလည်း
တစ်ခြား ရည်ရွယ်ချက်ကောင်းတွေ အတွက် လူ့ ဘော်ဒီအောက် အရွက်တွေထားတဲ့  နည်းပညာတွေရှိနေသေးတာ မသိထား  မဖတ်ထားဘူးလို့  မသင်္ကာဖြစ်တာ မကြိုက်ချင်တာမျိုးတွေ ဖြစ်လာတတ်သလို တစ်ချို့ ဆို နည်းပညာပေးသူကိုတောင် အစာမကြေသလိုလိုတွေ ဖြစ်ကုန်တတ်လေ့ ရှိပါတယ်  ..
အဲ အတွက် ယတြာတွေပေးဖို့ လိုတယ်ထင်လို့ ပေးတယ်ဆိုတိုင်းမှာ စွတ်ပေးတာမျိုးမလုပ်ပဲ မေးစမ်းတီးခေါက် ရှင်းပြပြောဆိုပြီးမှ ဖြစ်နိုင်ခြေရှိတဲ့ 
ယတြာမျိုးကိုသာပေးရတော့ တယ်ပေါ့ လေ..
အိပ်ယာခင်းအောက်မှာ အရွက်တွေ ခင်းအိပ်တဲ့ နည်းပညာ
အိပ်ယာခင်းအောက်မှာ အရွက်တွေ ခင်းအိပ်တဲ့ နည်းပညာ
-------------------
အများအားဖြင့်  တရှောင်ရှောင်ချူခြာနေသူတွေ နာတာရှည်သမားတွေမှာ လုပ်တဲ့ နည်းပါ...အခက်အခဲက အိပ်ယာုံသေထားအိပ်တဲ့  သူတွေကတော့  အဆင်ပြေလွယ်ပြီး မိုးလင်းဖျာလိပ်ထောင်တွေအတွက်က အခက်အခဲ နဲနဲရှိပါတယ်...
ဒါပေမယ့် လဲ အကြံအဖန်နည်းက ရှိပါတယ်...ကပ်ထူပြားမှာ အရွက်တွေကို တိပ်ပြားကြီးနဲ့  အုပ်ကပ်ထားပြီး အိပ်ခါနီးမှ ထားအိပ်စေတာပါ မနက်ကြတော့  အဲ့ ကပ်ပြား ယူသိမ်းထားတယ်ပေါ့ 
ထားပုံက ဆိုပါတော့  အင်္ဂါသားတစ်ယောက် ခြူခြာနေတယ်ဆိုရင် ...ခေါင်းရင်း အိပ်ယာခင်းလှန်ပြီး ခရေ ၆ ရွက် စီခင်းထည့် ထားလိုက်ပါတယ်...အရွက်အဖျားတွေက ခေါင်းရင်းဖက်သာလှည့် ထားပါတယ်
ခြေရင်းဖက်မှာတော့  ဘယ်ခြေအခြမ်းမှာ သီဟို ရွက် ၆ ရွက်ပေါ့  ညာခြေအခြမ်းမှာ ပျဉ်းမရွက်လေး ၅ရွက်ပေါ့  အရွက်အဖျားတွေက ခြေရင်းဖက်ကို လှည့် ထားပါတယ်....ဘော်ဒီအောက်ပိုင်းမှာ တြိစတုနင်းကြမ်း အရွက်တွေထားအိပ်တာဖြစ်ပြီး ဘော်ဒီအောက်ပိုင်း နယ်နမိတ်ဟာ တင်ပါးလောက်ကနေ ခြေဖျားအထိ အကျုံးဝင်ပါတယ်...ဘော်ဒီ အထက်ပိုင်းကို ကျောနေရာကနေ ခေါင်းပိုင်းအထိ ယူပါတယ်
သဘောက...မတွန့် စေရ ခရေရွက်တွေကို ကျောကနေ ခေါင်းအထိ ဖြန့် ခင်းအိပ်လို့ ရပြီး တြိစတုကို တင်ပါးကနေ ခြေဖျားအထိ ဖြန့် ခင်း အိလို့ ရတယ်ပေါ့ 
( ခြေရင်းက အရွက်တွေ ဘယ်ညာနေရာမှားလဲ ကိစ္စမရှိပါဘူး ခြေရင်းအရွက် ခြေရင်းဖြစ်နေရင် အလုပ်ဖြစ်တာပါပဲ.....
အကျိုးကျေးဇူးက နလံထမြန်တယ်..ပယောဂမ၀င်နိုင်တော့ ဘူး..အိပ်လို့ ကောင်း စားလို့ ကောင်းပြန်ဖြစ်လာတယ် အိပ်မက်တွေ ကယောင်ခြောက်ခြားမလာတော့ ဘူးပေါ့ လေ..( နောက်ဆုံးစကားဆိုရရင် လွယ်လွယ်နဲ့ မဂန့် တော့ ဘူးပေါ့ လေ)
ဒါကို တပွဲတိုးသဘောလည်း သုံးနိုင်ပါတယ် ( အရွက်တွေ ရှာရလွယ်ရင်ပေါ့ လေ)
4 in 1 တပွဲတိုးယတြာ
 4 in 1 တပွဲတိုးယတြာ
---
မတွန့် စေရ ကို ၄ မျိုးသုံးသွားတာပါ  ကျနော် ကြံဆပြီး သုံးနေတဲ့  ပေးနေတဲ့ ယတြာနည်းပါ အများအားဖြင့်  ကံတော်တော်မကောင်းနေချိန် နဲ့  ကျမ္မာရေး ခဏခဏ ညံ့ နေတဲ့ လူတွေ ငွေကုန်ခံပြီး န၀င်းထိုင်မနေရပဲ စားရိပ်သက်သက်သာသာ နဲ့  အဆင်ပြေသွားအောင် ကြံဆ စမ်းသတ်ပြီး ပေးတာပါ ...
ဆိုပါတော့  တနင်္လာသားသမီးတစ်ယောက်က အတော်လေး ကံညံ့ နေတယ် အဆီအငေါ်တွေမတည့် ဘူးဖြစ်နေတယ်ဆိုလာတဲ့ အခါ..
၁....သပြေ ၁၁ ညွန့် ကို ဖန်ခွက်သပ်သပ်နဲ့ ထည့်  ရေထည့်  ဘုရားပန်းလှုသလို လှုထားလိုက် နွမ်းရင်အသစ်လဲ
၂။ နောက်ထပ် သပြေ ၁၁ ရွက်လောက် (သို့ ) ၁၁ညွန့် ကို ပလပ်စတစ်အိပ်လေးနဲ့ ထည့်  ခေါင်းအုံးအောက်မှာထားအိ တစ်ပတ်တစ်ခါ အသစ်လဲ ( ကိုယ်ပိုင်ခေါင်းအုံးထား ခေါင်းအုံးစွပ်ကြားမှာ သပြေ၁၁ရွက်ထားအိပ်လည်း ဖြစ်တယ်ပေါ့ )
၃။ မနက်ရေချိုးတိုင်း သပြေ ၁ ညွန့် ရေစိမ်ချိုးလိုက် တစ်ပတ်လောက်ပေါ့  ( ဖျားနေရင် သပြေညွန့်  ရေစိမ် ရေဖတ်တိုက်လိုက်ပေါ့ ဆိုတာမျိုး)
၎။ အပြင်သွား အပြင်လာ သပြေ ၁ ရွက်ကို ပိုက်ဆံအိပ်လေးထဲဆောင်သွား တစ်ပတ်လောက်ဆို အသစ်လဲလိုက်ပါ ဆိုတာမျိုး...ယတြာပေးလိုက်ပါတယ်...
.( အဓိကက မတွန့် စေရ အရွက်ကို စတိုင် ၄ မျိုး တစ်ပြိုင်နက်ထဲ သုံးချပစ်လိုက်တာပါ ...တပွဲတိုး ခပ်မြန်မြန်လေး ကံအကြောတည့်သွားအောင်သဘောပေါ့  )
ဘုရားလှုထားတာ က တစ်ပတ်တစ်ခါ အသစ်လဲ သုံးပတ်လောက်လုပ်ပါလို့ မှာတတ်ပြီး ခေါင်းအုံးအောက်ထားအိပ်တာက ပုံမှန်ဖြစ်သွားရင် မလိုတော့ ...ရေချိုးတာလဲ တစ်ပတ်လောက်ဆိုရပြီသဘော လူမှဆောင်တာက ဆောင်ချင်သလောက်ဆက်ဆောင်ထားနိုင်တယ်ပေါ့ ဗျာ)
ဂြိုလ်ပြေ နံပြေ...
ဂြိုလ်ပြေ နံပြေ...
---
ရေးပြဘူးတယ်..ပြန်ရေးပြတာပါ...သက်ရောက်ဂြိုလ်တစ်ခုခု ရောက်နေလို့  ယတြာခြေတဲ့ အနေနဲ့  အရွက်တွေကို လှုတဲ့ အခါ  ကိုယ့် သက်ရောက်ဂြိုလ်မှာရော ကိုယ့် မွေးနံ ဂြိုလ်ထောင့် မှာပါ နှစ်နေရာ နှစ်စုံ ခွဲ လှုတာပါ
ဆိုပါတော့  အင်္ဂါသား တစ်ယောက်ဟာ တနင်္ဂနွေ သက်ရောက် ဖြတ်နေလို့  ရွက်လှ ညွန့်  ကို ကံအပွင့် အဖြစ် ယတြာအဖြစ် လှုစေတဲ့ အခါ သက်ရောက် တနင်္ဂနွေထောင်မှာလည်း ရွက်လှညွန့် ကို လှုစေတယ်....သူ့ မွေးနံ အင်္ဂါထောင့် မှာလဲ လှုစေပါတယ်....
အကယ်၍ စနေသက်ရောက် ဖြတ်နေရင်  စနေထောင့် မှာ လည်း ခရေ ၆ ညွန့်  လှူစေတယ် သူ့ မွေးန အင်္ဂါံထောင့် မှာလည်း ခရေ ၆ ညွန့်  လှုစေပါတယ်...
၀၀၀၀၀၀၀၀၀
နောက်တစ်ခါ အလိုဆန္ဒကို ချိန်ပြီး လှုစေတာက တနင်္လာနံသဘော ငွေလိုရင် ငွေကိစ္စဆိုရင် တနင်္လာထောင့် မှာရော မွေးနံထောင့် မှာပါ ယတြာခြေစေတာ...အချစ်ရေး ဆိုရင်တော့  ပီယဂြိုလ်စန်းဂြိုလ်ဖြစ်တဲ့ ရာဟုထောင့် မှာရော ကိုယ့် မွေးနံ ထောင့် ရော သူ့ မွေးနံထောင်မှာပါ အညွန့် တွေလှုတာမျိုး...စာရွက်စာတမ်းကိစ္စတွေဆို အင်္ဂါထောင့် မှာရော ကိုယ့် မွေးနံထောင့် မှာပါ လှုစေတာသဘော...