''သွားပါရစေကွယ်.''...( လွှမ်းမိုး)...( COVER)..
-------
♫ ♪♫
တစ်ပြည်တစ်ရွာဆီသို့ တို့ နှစ်ယောက်ရယ် ခွဲခွာ ဝေးရမယ့် အခိုက်မှာ လွမ်းချင်းတွေရေး တေးကလေး ဆိုပြမယ်...
မင်းမျက်ဝန်းက ပုလဲတွေအုကာ စီးကျတဲ့ မျက်ရည် လွမ်းသက်သေပြ သိပ်ချစ်လို့ လားကွယ်...
ရင်မှာ အတူတူ သောကတွေနဲ့ ..လမ်းခွဲခါနီးမှာ အကြင်နာတွေပုံ ပေးထားပြီပဲ...မငိုပါနဲ့ တော့ ..တိတ်ပါ မိန်းကလေးရယ်...
ရှေ့ ဆက်ရမယ့် ဘ၀အတွက် မျှော်တွေးက ခွဲရမယ့် ခဏမှာ ချစ်သက်သေထား မင်းသိနေသားပဲ...
အားလုံး တိတ်ဆိတ် ညဖက် အမှောင်ရိပ်မှာ ပြုံးပြလိုက်စမ်းပါ မင်းမျက်နှာလေး ကြည့် လို့ မှတ်ထားမယ်...
ပြန်လည် ဆုံရင် အတွေးနဲ့ စိတ်ကူး ရူးသွားမှာ စိုးတယ်...ငါဘယ်လို ခံစားရမှာလဲ မငိုပါနဲ့ တော့  တိတ်ပါ မိန်းကလေးရယ်...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..