'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, October 10, 2015
သေခြင်းတရားရဲ့ သဘာဝကို ရှင်းပြလိုက်တော့ 
သေခြင်းတရားရဲ့ သဘာဝကို ရှင်းပြလိုက်တော့ 
----------------------------
ပုထုဇဉ်တော့ ပုထုဇဉ်သဘောပေါ့ လေ...ဒါပေမယ့်  သဘာဝတ္တတရားလေးတွေကိုတော့ ကြိုကြိုတွေးထားရင် စိတ်ဖြေရာလေး ကြိုဖြစ်တာပေါ့ ..ကျနော်လဲ အစကမတွေးခဲ့ မိသေးပါဘူး..ဒါပေမယ့်  မအေက မျှော်လင့် ထားတာထက်စောပြီး ကိစ္စဖြစ်သွားတော့  လူ့ မှာဟတ်ထိသွားတာ တော်တော်ခံလိုက်ရတယ်
အဲ့ နောက်ပိုင်းတော့ ကိုယ့် ကိုယ်ကိုယ် ကြိုတင်ပြင်ဆင်ထားခဲ့ တော့ တယ်...စိတ်အတွေးတွေနဲ့ ပေါ့ လေ..အဲ့ တော့  အဖေလုပ်သူ မမာတော့ တဲ့ အခါ လုပ်စရာရှိတာတွေကို စိတ်အပူသောက နဲနဲ နဲ့  အစွမ်းကုန်ကိုယ်ဖိရင်ဖိ လုပ်ပေးနိုင်ခဲ့ တော့တာမျိုးပေါ့  ပြီးတော့  လမ်းကိုသိနေပြီဖြစ်လို့  ကြိုတင်ပြင်ဆင်စရာရှိတာတွေလဲ ကြိုတင်ပြင်ဆင်နိုင်ခဲ့ လို့ နောက်ပိုင်းမှာ ဟာကွက်တွေ နဲသွားတော့ တဲ့ အကျိုးတွေရခဲ့ တော့ တာမျိုးပေါ့ ...လူဆိုတာ အချိန်မရွေး အကြောင်းတစ်စုံတစ်ရာကြောင့် သေနိုင်တယ်ဆိုတဲ့ အသိကို ကြိုတွေးပေးထားတဲ့ သဘောပေါ့ လေ..
ဒီလို
ဒီလို
----
မရဏဥာဉ်သဘောက မဟာဘုတ်ရှင်တွေအတွက် အရေးပါပြီး ထင်သာမြင်သာရှိပုံကလည်း လူက သူတွေးတာ သူကြည့် မြင်တာတွေက အများအားဖြင့်  မရဏအိမ်က သတ္တိအပေါ်ကနေ လှမ်းကြည့် လေ့ ရှိတတ်လို့ ပဲ...သဘောက ကိုယ့် မရဏအိမ်ကနေ ကျန်တဲ့  မဟာဘုတ်အိမ်တွေကို လှမ်းခံစားတတ်လေ့ ရှိတာကိုဆိုလိုတာ...မရဏဥာဉ်အကောင်းစိတ်ဝင်နေချိန် အကောင်းကြည့် သဘော လွှမ်းမိုးနေတတ်ပြီး မရဏဥာဉ်အဆိုးစိတ်ပေါက်နေချိန်မှာ အဆိုးမြင်လွှမ်းနေလေ့ ရှိတယ်...ဒီနေရာမှာ မရဏဥာဉ်သဘောဆိုတာ အမြဲတမ်းကောင်း အမြဲဆိုးသဘောတော့  လူတွေမှာ ဖြစ်မနေတတ်ဖူး သူ့ စိတ်ကျေနပ်စရာတွေဖြစ်နေချိန်မှာ မရဏဥာဉ်သဘောက ကောင်းနေတတ်ပြီး စိတ်အလိုမကျတာတွေ များနေချိန်မှာ မရဏဥာဉ်အဆိုးစိတ်တွေ ၀င်လာလေ့ ရှိတယ်
Subscribe to:
Posts (Atom)