Powered By Blogger

Saturday, October 10, 2015

ဒီလို


ဒီလို
----
မရဏဥာဉ်သဘောက မဟာဘုတ်ရှင်တွေအတွက် အရေးပါပြီး ထင်သာမြင်သာရှိပုံကလည်း လူက သူတွေးတာ သူကြည့် မြင်တာတွေက အများအားဖြင့်  မရဏအိမ်က သတ္တိအပေါ်ကနေ လှမ်းကြည့် လေ့ ရှိတတ်လို့ ပဲ...သဘောက ကိုယ့် မရဏအိမ်ကနေ ကျန်တဲ့  မဟာဘုတ်အိမ်တွေကို လှမ်းခံစားတတ်လေ့ ရှိတာကိုဆိုလိုတာ...မရဏဥာဉ်အကောင်းစိတ်ဝင်နေချိန် အကောင်းကြည့် သဘော လွှမ်းမိုးနေတတ်ပြီး  မရဏဥာဉ်အဆိုးစိတ်ပေါက်နေချိန်မှာ အဆိုးမြင်လွှမ်းနေလေ့ ရှိတယ်...ဒီနေရာမှာ မရဏဥာဉ်သဘောဆိုတာ အမြဲတမ်းကောင်း အမြဲဆိုးသဘောတော့  လူတွေမှာ ဖြစ်မနေတတ်ဖူး သူ့ စိတ်ကျေနပ်စရာတွေဖြစ်နေချိန်မှာ မရဏဥာဉ်သဘောက ကောင်းနေတတ်ပြီး စိတ်အလိုမကျတာတွေ များနေချိန်မှာ မရဏဥာဉ်အဆိုးစိတ်တွေ ၀င်လာလေ့ ရှိတယ်



ဆိုပါတော့  ၆ ကြွင်းတစ်ယောက်က မရဏာဥာဉ် တနင်္လာနံ သဘော စိတ်ဆိုးလောက်စရာတွေ မကြုံသေးဘူး ဒါမှမဟုတ် ကိုယ့် အင်ပရက်ရှင်ကိုလဲ ကိုယ်ထိမ်းထားတယ် သူများအင်ပရင်ရှင်ကိုလည်း အကောင်းမြင်ပေးချိန်တွေမှာ အဓိပတိက အင်္ဂါနံ စိတ်က စင်ကြယ်မြင့် မြတ်နေတယ် မဟုတ်တာ မကြံဘူး ကိုယ့် ကိုယ်ကိုယ်ရော သူများကိုရော စိတ်အနှောက်အယှက်ဖြစ်အောင် မပြုမူဘူးသဘော၊ အထွန်းက ကြာသာပတေး နံ ပညာသဘာက  ပညာသိသဘောတွေကို သန့် သန့် ရှင်းရှင်းသုံးတယ် ပြောပြတယ် မလှည့် စားဘူး မျှဝေမယ် ခံယူမယ် ဒီသဘော၊ သိုက်က တနင်္ဂနွေနံ အလုပ် မိသားစုသဘောမှာ မှန်မှန်ကန်ကန်ဆက်ဆံမယ် ဖြောင့် ဖြောင့် လုပ်မယ် အာဏာရှင်မဆန်ဘူးသဘော ရာဇက ဟူးနံ လူနေဟန်ထားသဘောက သိက္ခာသမာဓိနဲ့ ရိုးရှင်းပြီး အရှိအရှိတိုင်းနေမယ် ဆက်ဆံမယ် ပရိယာယ်မများ ဟန်မများဘူးသဘော ပုတိက စနေနံ ဂုဏ် သဘောမှာ ဖုံးဖိကွယ်ဝှက်ထားတာမျိုးမလုပ်ဖူး ရှိရင်ရှိတယ်မရှိရင်မရှိဘူး ဒဲ့ ပြောမယ် သူများရဲ့ အားနဲချက်တွေကို သိပေမယ့်  ဘာမှမပြောဘူး မသိချင်ယောင်ဆောင်ပေးထားမယ် လိုအပ်ရင် ကွယ်ပေးထားမယ် သဘော.....( အဲ့ စိတ်တွေဟာ အများအားဖြင့်  သက်ရောက်ကောင်းတွေ လစိတ်ကောင်းတွေမှာ ဖြစ်နေလေ့ ရှိတယ် အဲ့ တော့  အဲ့  ၆ ကြွင်း နာမည်ကောင်းရလာတယ်ပေါ့ )

ဆိုပါတော့ ...၆ ကြွင်းးတစ်ယောက်ဟာ မရဏဥာဉ် တနင်္လာနံသဘော စိတ်ဆိုးစရာတွေ ကြုံလာပြီ ဒါမှမဟုတ် ကိုယ့် အင်ပရက်ရှင်ကို မထိမ်းတော့ ဘူးဖြစ်လာပြီဆိုရင် အဓိပတိ အင်္ဂါနံ စိတ်ဟာ အဆိုးဖက်ကသွားပြီ တောင်တောင်အီအီတွေကြံပြီ ဆင်ကြံကြံနေတတ်ပြီ အရင်လို စိတ်မစင်ကြယ်တော့ ဘူးသဘော၊
ကိုယ်ဘာဖြစ်ဖြစ် သူမကြည်လင်တဲ့ သူ ဒါမှမဟုတ် သူလိုရာကို ဘေးမကြည့် တော့ ပဲ ဇွတ်လုပ်တော့ မယ်သဘော၊ အထွန်းကြာသာပတေးနံက ပညာဥာဏ်သဘောက  ဥာဏ်နီဥာဏ်နက်တွေ ထုတ်ပြီ ပရိယာယ်တွေများလာတတ်ပြီသဘော ၊ သိုက်က အလုပ် မိသားစု သဘောတွေမှာလဲ ဘူဇွာ စီးပွားစိတ်ဆန်သွားပြီးအာဏာရှင်ဆန်လာပြီသဘော၊ ရာဇက လူ အကြွားဆန်ပြီ ကိုယ့်  ၀ိတ်ကို ကိုယ်ဆွဲတင်ပြတတ်ပြီ  အဟန့် တွေဖန်တီးတတ်ပြီ၊ ပုတိက စနေနံ ဂုဏ်သဘောမှာ ဖွက်ပြီ ဒိုင်လျိုပြီ ရန်ဖက်လို့ သတ်မှတ်ထားလိုက်တဲ့ သူ ကို ပညာပါပါ ရစ်မယ် မခံချိမခံသာတွေဖြစ်အောင်ဆွတော့ မယ်...မြောက်ပြီး ပြန်ရိုက်ချတာမျိုးတွေလုပ်မယ်..ဒီသဘော....( ဒီလိုမျိုး စိတ်အဆိုးတွေ ၀င်တတ်တာက သက်ရောက်အဆိုး လစိတ်အဆိုးမျိုးနဲ့  သူ့ ရဲ့ အင်ပရက်ရှင်တွေ သူ ဖုံးထားတဲ့  အားနဲချက်တွေကို ထိလာတဲ့ အခါမျိုးမှာ  ဖြစ်လာလေ့ ရှိတယ်...)

ဒါတွေ ဖြစ်တော့ အကျိုးသက်ရောက်မှု့ က ဘာဖြစ်တတ်လဲဆိုတော့  အကောင်းစိတ်ဖြစ်နေချိန်မှာ လူတကာရဲ အလေးစားခံနေရတတ်ပြီး အဆိုးစိတ်ဖြစ်ချိန်မှာ လတကာရဲ့ အတင်းတုတ်တာ အထင်သေးသွားတာတွေ ခံလိုက်ရလေ့ ရှိတယ် အဲ့ ကနေ သက်ရောက်ဆိုးတွေမှာ လူမှု့ ရေးတွေ စီးပွားရေးတွေ ကျဆင်းသွားတာ အရင်လို လူယုံမခံရတော့ တာမျိုးတွေ ဖြစ်လာတာမျိုး..။ တစ်ခုတော့ ရှိတယ် အခုရေးပြတာဟာ မူလမဟာဘုတ် တစ်ကြောင်းထဲက ရေးပြတဲ့  ယောဘူယျသဘောဖြစ်လို့ ယေဘူယျ သဘောသာဖြစ်တယ်ပေါ့  ကျား မ လိင်သဘောတွေ မွေးနံတွေ မွေးချိန်တွေ အမည်တွေ မျိုးနွယ်တွေ ပညာရည်စသဘောတွေ စသဖြင့်  စသဖြင့်  တစ်ခြားအချက်အလက်တွေအပေါ်မှာ မူတည်ပြီးတော့ လဲ  စိတ်ကောင်း စိတ်ဆိုး ပြောင်းလဲချိန်မှာ ကြံစည်ပုံကြံစည်နည်းတွေ နဲနဲ နဲနဲ ကွာသွားတာမျိုးရှိတယ်...ဘေ့ စစ်သဘောသာ ဆိုလိုတာ....( ဒါတောင် တနင်္လာနံကို နာမ်ပစ္စည်း သိက္ခာ သဘောပဲရှိသေးတယ် ရုပ်ပစ္စည်း ငွေကြေးသဘောကနေကြည့် ရင် ကျမ်းစာတောင်ဖြစ်သွားနိုင်တယ်..ငိငိ)

သဘောက မဟာဘုတ်ကို ချဉ်းကပ်ပုံက မရဏကနေ ချဉ်းကပ်တာ ပိုလွယ်တယ်လို့ ဆိုလိုတာပါ....ဆိုပါတော့  ၁ကြွင်းက လူတွေအပေါ်စိတ်ကောင်းဝင်လာရင် အဓိပတိက ပညာဥာဏ်ဦးစီးပြီး ထိမ်းထိမ်းသိမ်းသိမ်း ဆက်ဆံမယ် လူတွေကို အချဉ်ပေါက်ပြီဆိုရင် သူ့ အတွေးက ဘယ်ကောင်မှ သောက်ဂရုမစိုက်ဘူးဆိုတဲ့ အတွေးဥာဏ်သဘော နဲ့  တုံးတိုက်ကျားကိုက်ပစေ ရမ်းပြီသဘော...ကျန်တာတွေ နည်းမှီပြီး တွေးကြည့်  ပြီးတော့  လူအစစ်တွေကို လေ့ လာကြည့်  ပျော်စရာကောင်း တစ်မျိုးကောင်းတဲ့  ဗေဒင် ဖျော်ဖြေရေးလေးတစ်ခုလို ရလာလိမ့် မယ်ပေါ့ လေ ...ခ်ခ်...


နောက်တစ်ချက်က အညံ့ တွေ ၀င်လာရင် ကံကြမ္မာ သဘောက သူမခံနိုင်တဲ့ အားနဲချက်ကနေ စပြီးထိုးနှက်ကြည့် လေ့ လည်းရှိတယ်  ဆိုပါတော့  ၆ တစ်ယောက် အညံ့ ဝင်ရင် သူ့ မရဏ အင်ပရက်ရှင်ပိုင်းနဲ့  ပိုက်ဆံကို စရစ်မယ်ပေါ့  ၅ ဆိုရင် သူ့ မိသားစုတွေက သူ့ ကို အရင်စရစ်လာတာမျိုး ၁ ကိုဆို လူ့ ရှေ့ လာပြီးအာရုံနာက်အောင်လာလုပ်တာ လုတွေကို ကြည့် မရတော့ တာ  ၂ က သူ့ အတွေးအခေါ်ကိုမှ ရစ်မယ့်  အတိုက်လုပ်မယ့် လူတွေ ပေါ်လာတာ ၃က စကားလာတင်စီးတာခံရတာ ၄ က အလွှာချင်းလာပြိုင်တာ ခံရတာမျိုး သုညက ခေါင်းစဉ်မျိုးစုံနဲ့  စိတ်မတိုတိုအောင်လာအရစ်ခံနေရတာမျိုး....သဘောက အဲ့ မရဏ အိမ်က ဂဏန်း ပရိယာယ်တွေကို အရင်လာလာ ထိကပါးရိကပါးလုပ်တာလို့ ဆိုလိုတာ...ဒါမှ အဲ့ မဟာဘုတ်ရှင်က အမှားလုပ်မိဖို့ လွယ်မှာ ဖြစ်လို့ ပဲ..
အဲ့ မှာ ဒဲ့  ရစ်တာနဲ့  သွယ်ဝိုက်ရစ်တာရှိသေးတယ်...ဆိုပါတော့  ၁ ကို ငယ်ထ်သွားပုပ်တာ သူကခံနိုင်ပေမယ့်  သူ့ အိမ်သားကို သွားရစ်တာမျိုးကို အဲ့ ၁ မခံနိုင်တော့ ရင် အဲ့ ၁ ရဲ့  အိမ်သားကိုပဲ ကံကြမ္မာက ပြဿနာ သွားသွားလုပ်နေတာမျိုး.....ဒါကို သွယ်ဝိုက်ရစ်တာလို့ ဆိုလိုတာ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..