'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, September 26, 2015
မရဏကိန်းဆိုတာနဲ့ တန်းသေရမယ့် အပေါက်...
မရဏကိန်းဆိုတာနဲ့ တန်းသေရမယ့် အပေါက်...
---------------------
အခု အသက် ၃၉ ကြာသာပတေး သက်ရောက်ထဲဝင်သွားတဲ့  ၂ သောကြာအဓီပတိဖွား ပညာတတ်ကျားတစ်ယောက်ပေါ့ ..၂ ခေါ်က်မြောက်ရောက်လာတာ ၊ ၃၈ စနေ ဖြတ်တုန်းက လစိတ်ဆိုးတွေမှာ စိတ်တွေ ကသောင်းကနင်းဖြစ်ခဲ့ တယ် သူလာတော့  လွတ်တောင်လွတ်ခါနီးနေပြီ ဒါနဲ့  အရွက်ယတြာလေးလောက်ပြော စိတ်ထားနည်း လေးပြောလိုက်တော့  ဟန်ကျသွားတယ်
အခုလာတော့  ကျနော်က ၃၉ထဲရောက်ရင် ပြန်လာပေါ့ လို့  ပြန်ခေါ်ထားလို့  တဲ့  သြော် ဟုတ်လား..အဟီးး.မေ့ နေပြီလို့  ဒီလိုပဲ မေ့ တတ်တယ်လို့  .ဒါနဲ့ ပြန်ကံချိန်ပြီး နေနည်းထိုင်နည်းလေးတွေနဲ့  ကြာသာပတေးသက်ရောက်မှာ ရတတ်တဲ့ အခွင့် အလမ်းလေးတွေပြော အရွက်ယတြာတွေ စတိုင်သစ်ချိန်း ပြောတော့  တက်ကြွလာတယ်...
၉လိုင်း ၈၇ ပုတိ သောကြာသားသင်္ဘောနဲ့  ၇လပိုင်း ၈၇ ပုတိသောကြာသမီး လင်မယားအတွက် ရှေ့ ရေးတိုင်ပင်ကြခန်း
၉လိုင်း ၈၇ ပုတိ သောကြာသားသင်္ဘောနဲ့  ၇လပိုင်း ၈၇ ပုတိသောကြာသမီး လင်မယားအတွက် ရှေ့ ရေးတိုင်ပင်ကြခန်း
-------------
၂ယောက်စလုံး ၅ သောကြာချည်းဖြစ်တော့  ဒီသောကြာသား သင်္ဘောသား ဖြစ်နေတာဟာ ဘ၀တစ်သက်တာ အသက်မွေးဝမ်းကြောင်းအလုပ်သဘောဆန်ပြီ
ကုန်ပေါ် အလုပ် အခြေပြန်ချဖို့  အလွယ်နဲ့ မဖြစ်နိုင်တော့ ဘူးပေါ့ လေ..
သူတို့ လင်မယား အသက်၂၈ မှာ စ လာခဲ့ တယ် စလာတုန်းက သောကြာသားဟာ သင်္ဘောပြန်တက်ရကောင်းမလား အိမ်အမွေကိစ္စ ရှင်းပြီးတဲ့အထိ စောင့် ရမလားဆိုပြီး လမ်း ၂ကြောင်း ကိစ္စ အုံးစားပြီးတော့ လာခဲ့ တယ်...အမွေအိမ်က ညီအစ်ကို ၂ယောက်ဆိုင်ဖြစ်တယ် အစ်ကိုနေတယ်..အစ်ကိုက တာဝန်ရှိတာသိပြီး မငြင်းဆန်ပေမယ့်  ၀ါးတားတားတွေဖြစ်နေတယ် .သင်္ဘောကလည်းခေါ်နေပြီ....
Subscribe to:
Posts (Atom)