Powered By Blogger
Thursday, February 5, 2015
'' မှတ်မှတ်ရရ...''
မှတ်မှတ်ရရပေါ့ ဗျာ....အဲ့ ခေတ်က ပွဲတော်ဆိုတာ ညကြီး ၃နာရီ လောက်အထိကို စည်ပါတယ် တေးသရုပ်ဖေါ် စင်တွေကလည်း များလှသလို ပွဲတော် ၃ ရက်ကို စင်ကုန်အောင် အစအဆုံး လိုက်မကြည့် နိုင်ပါဘူး...ညဦးပိုင်းတွေရဲ့ လူစည်ချက်က လူအုပ်နဲ့ ညပ်ပါသွားလို့  ခြေထောက်ဖျားတွေ ကတ္တရာလမ်းနဲ့ လွတ်တဲ့ အခါ လွတ် လွတ်သွားပါသေးတယ်..တစ်ယောက် ပုခုံးတစ်ယောက်ကိုင် တန်းစီပြီး အပျော်လူတိုးကြတဲ့ သဘောပေါ့ ..ညစ်ညမ်းတဲ့  စိတ်တွေသဘောလည်း မရှိကြသလောက်ပါ..
နောက်ဆုံးညမှာ သူငယ်ချင်းက မိန်းမခိုးဖို့  ဒိတ်လုပ်ပါတယ်...သူ့ ကောင်မလေးကို သူ့ အိမ်က ရီးစားထား နေမှန်းသိသွားလို့  ဂုမ္ဘန်တစ်ထောင်နဲ့ စောင့် သလို အစောင့် ခံနေရတဲ့ ကာလပါ...ပထမ နှစ်ရက်မှာ ပွဲခင်းထဲပေးမလည်ပေမယ့်  ခိုးပြေးမယ့် သူငယ်ချင်းက ခြေရာဖျောက်ထားလို့  နောက်ဆုံးညမှာ သူ့ အိမ်က မယ်ကုဝဏ် အဒေါ်ကြီး ၂ ယောက်ခြံရံပြိး ပွဲခင်းထဲ ခဏပေးဆင်းပါတယ်....
ဘ၀အတွေ့ အကြုံဆိုတာ တစ်ခါတစ်လေ နှလုံးသားနဲ့ ရင်းခဲ့ ရတဲ့ အခါတွေမျိုးလည်းရှိပါတယ်.
စာစောင်ထဲမှာ..အသက်၆၀ တန်းရှိနေပြီဖြစ်တဲ့ သူ့ အစ်ကိုဟာ ချောင်းတခွတ်ခွတ်ဆိုးလို့  ပါရဂူနဲ့ ပြ စစ်စရာရှိတာအကုန်စစ်ပြီး မှတ်ချက်ချတာက နဲနဲပြင်းတဲ့  တီဘီပါလို့ ဆိုတယ်..သူများ၆လ သူ၉လလောက်ဆေးသောက်ရမယ်လို့ လည်းဆိုတော့  သောက်ပါတယ်..၂ပတ်လောက်မှာ အခြေအနေပိုဆိုးလာလို့ ဒုတိယမြောက်ဆီရောက် လည်ချောင်းလိုလိုနဲ့ ကြာ..တတိယမြောက်ကြမှ ချက်ချင်းနီးပါးလောက်ခေါင်းစဉ်တပ်တာက အဆုတ်ကင်ဆာလို့ ဆိုတယ်...ဆေးလိပ်သက်က အနှစ်၃၀ လောက်ကိုး..ရောဂါနဲ့ အမည်နဲ့ ကွက်တိကျတော့  လွန်ခဲ့ ပြီပေါ့ လေ...တီဘီဆေးပြင်းအားက ၀ိတ် နဲ့ ကိုယ်ခံစွမ်းအားကိုအရင်ဖြိုချထားလိုက်သလိုဖြစ်သွားပုံပေါ့ ...ညီလုပ်သူက ဘာညာဘာညာတွေ အတွက်မဟုတ်ဖူး အချိန်လေးယူပြီးတော့  စစ်ပေးသင့် တယ်ဒါဆို ရောဂါနဲ့ ခေါင်းစဉ် သိပ်မလွဲနိုင်တော့ ဘူးဆိုရင် အခြေအနေတစ်မျိုးဖြစ်လာနိုင်တာပေါ့ လို့ ဆိုတယ်...
'''၀ိဇ္ဇာ ဖြစ်မယ့် လူ....'''
ကံကောင်းတာက အဖေက စာဖတ်ဝါသနာပါတော့  စာအုပ်ပေါင်းစုံဝယ်တတ်တဲ့ အဖေမျိုးဖြစ်နေတယ်...ဒီတော့ သူဝယ်တဲ့ စာအုပ်တွေ ကို ကျောင်းစာ မဖတ်ချင်လို့ ယူဖတ် အိပ်ခါနီးဖတ် အိမ်သာတက်ရင်းဖတ် ကျောင်းပြေးရင်းဖတ် နဲ့  စာစုံဖတ်မိတဲ့ အနေအထားလေးရလာတယ်..အဲ့ ဒီကနေ တွေးတောတတ်တဲ့  သဘောပါလာတယ်...ဒီလိုနဲ့  အပိန်ပိန် အလိမ်လိမ်နဲ့  ၁၀တန်းအောင်ရော ဆိုပါတော့ ....
၁၀တန်းဖြေပြီးကနေ တစ်နွေလုံး ကာလရှည် နွေကျောင်းပိတ်ရက်က စာဖတ်ချိန်တွေအများကြီးရခဲ့ တယ်..အဲ့ မှာ ဒဿန စာပေတွေ သွားဖတ်မိတော့  သဘောတွေကျနေတော့ တာပေါ့ ..ဒဿန စာပေတွေ အများစုက အုံး စားစရာတွေ ပါနေလေ့ ရှိတာကိုး...ပြီးတော့  အလိုရမက်တွေကြောင့်  မွန်းကျပ်နေတတ်တဲ့ လူ့ လောကထဲက စိတ်ကို ခဏထွက်ပြေးလို့ က ရနေတဲ့ သဘောလည်းရှိတယ်လေ....
ပွဲရုံ . ပွဲရုံပိုင်ရှင် ပွဲရုံလုပ်သား
ပွဲရုံတစ်ခု လည်ပတ်နေဖို့ နဲ့  ပွဲရုံပိုင်ရှင်ဖြစ်ဖို့ ဆိုတာထဲမှာ ဓနရှိထားယုံနဲ့ တင်မပြီးပဲ ပင်တိုင်ပွဲရုံလုပ်သားတွေနဲ့ တပွဲတိုးလုပ်သားတွေ အနဲနဲ့ အများရှိနေဖို့ လိုပါတယ်....
ပွဲရုံပိုင်ရှင်ဟာ သူ့ ပင်တိုင် လုပ်သားတွေကို အမြဲ မျက်ခြေမပြတ်ကြည့် နေလေ့ ရှိပြီး.အလုပ်ပါးချိန်မှာတောင်မှ ..ငြိမ်သက်ပြီး ကျားထိုးနေတာ ငိုက်နေတာစတာမျိုးတွေကို မကြိုက်ပါဘူး..ဒီတော့  ကြံဖန်ပြီး ဟိုပစ္စည်းဒီရွှေ့ ဒီပစ္စည်းပြန်ပြင်နဲ့  အလုပ် ခိုင်းလေ့ရှိပါတယ်....အကြောင်းက ပွဲရုံဟာ ရိပ်သာ မဟုတ်ဖူး အမြဲ လှုပ်ခတ်လှုပ်ခပ်ဖြစ်နေမှ အသက်ဝင်တယ် လို့ ထင်သလို နေ့ စားခ လစားခ အလကားပေးနေရတာမျိုးအဖြစ်မခံနိုင်လို့ ပါ.....
''လူတန်းစား တန်းညှိခြင်း...ဖရန့် ရှစ် ခွက်စောင်း နဲ့  သူဖုန်းစားပေးတဲ့ အကြံမို့ ...''
မော်စီတုံးခေတ် စတာလင်ခေတ် နဲ့ တူပါရဲ့  လူကြီးတွေ လှောင်ပြောင် သရော်စကားပြောတာတွေထဲက ကြားဖူးသမျှထဲမှာ မှတ်မိနေပြီး ဟာသမြောက်တဲ့ သရော်စကား  ထိုးဇာတ် ဆန်ဆန်လေးကြားဖူးတယ်...၀ိသမ ဘာညာ မသမာ အာဇီဝ ဘာညာတွေကြောင့် ဆင်းရဲချမ်းသာ မညီမျှလာတော့  ဘယ်လို တိုက်ရင်ကောင်းမလဲဆိုပြီးကနေ လူတန်းစား မကွာရတော့ အောင် '' တန်းညှိလိုက်ကြတာပေါ '့''ဆိုပြီး တော်လှန်ရေး စနစ်တစ်ခု တည်ဆောက်လိုက်တာ အိုကေ ဖြစ်သွားရော တဲ့  အိုကေပုံက အကုန် ဆင်းရဲသွားတာ လို့ ဆိုတယ်.....
''ဖရန့် ရှစ် ''ဆိုတဲ့  ဟာသ ပုံပြင်လည်းကြားဖူးတယ်...နန်းတော်က ဗျင့် သားတော် မင်းသားပျိုလေး တောလည်ရင်းက ရွယ်တူတောသားလေးနဲ့ မိတ်ဖြစ် မိတ်ဖြစ်တော့  နန်းတော် အလည်ခေါ်တယ်..နန်းတော်မှာ ဧည့် ခံပွဲကြီး လုပ်ပေးတော့ စွပ်ပြုတ်တွေ တည်ခင်းတာပါလာတယ်၊ ကိုင်း ကိုင်း..ပျော်ပျော်ပါးပါးကြီး စားကြသောက်ကြပါစို့ ရဲ့ ဆိုတော့  အကြမ်းသမား တောသားလေးက သူ့ ဓလေ့ အတိုင်း အသားတုံးတွေ ပေါင်မုန့် တွေ အားပါးတရစားရင်ကနေ ''စွပ်ပြုတ်'' အလှည့် လည်းကျရော မူလ အလယ်တည် အင်တုံထဲကနေ ပန်းကန်လုံးလေးထဲ ထည့် ပေးထားတာကို ဇွန်း နဲ့ ခတ်သောက်နေရတာ ကြာတယ် ဆိုပြီး ခွက်စောင်းမော့ ရောတဲ့ ......
''အမြဲတန်း ''မဟောသဓာ'' နဲ့  ကြုံနေရမှာမဟုတ်ဖူး..''
ပင်လယ်ဓားပြသင်္ဘောမှာ အောက်ခြေသိမ်း သင်္ဘောသားလေး အဖြစ်ကနေ ထမင်းချက်ရတဲ့  သဘောအထိ လိုက်ခဲ့ ရသူဖြစ်လို့ အားကြီးသူ ဓားပြအပေါင်းရဲ့ အလယ်မှာ ဗိုလ်ကျတာ ခဏခဏ ခံရပါတယ်...ဗိုလ်ကျသူက မာလိန်မှုး ဓားပြဗိုလ်ကြီးရဲ့ လက်ရုံးဆိုတော့ မပြောသာဘူးပေါ့  တစ်နေ့တော့  ထမင်းချက် ခမျာ သူ ပိုက်ဆံ ပျောက်ပါတယ်...ခိုးသူက ဗိုလ်ကျနေကြသူပါပဲ ဒါကို ဓားပြဗိုလ်ကြီးကို သွားတိုင်တော့ ..ဓားပြဗိုလ်ကြီးက နားထောင်ပြီး စီရင်ချက်ချပုံက '' ကိုယ့် လက်ထဲက ပိုက်ဆံမှ ဟာကိုယ် လုံခြုံအောင်မသိမ်းထားနိုင်ရင် အဲ့ ပိုက်ဆံဟာ ပျောက်ထိုက်တယ် '' ဆိုပြီး တရားဆုံးဖြတ် လိုက်ပါသတဲ့ .....
ထင်ရှားတဲ့  သားတရားစီရင်ခန်းမှာ...သားကို မရ ရအောင် ဇွတ်အတင်း လုသူဟာ မိခင်အရင်း မဟုတ်သည့် အပြင် လူစင်စစ်လည်းမဟုတ် ဘီလူးမသာ ဖြစ်ကြောင်း နဲ့  သားကလေး ရဲ့ ကိုယ်လုံး သေးသေးလေးတွေ နာကျင်သွားမှာစိုးလို့  လူယောင်ဆောင်ထားတဲ့  ဘီလူးမ နဲ့  ပြိုင် ဆွဲမိနေသေးရာက ဆက်ပြီးမဆွဲရက်တော့ ပဲ ရင်နာနာ နဲ့ လွှတ်ပေးမိလိုက်သူသာ မအေ အရင်း ဖြစ်ကြောင်းကို.....စီရင် ဆုံးဖြတ်သူက သြဇာကြီးပြီး သမာသမတ်ရှိလို့  တစ်ရွာလုံးနဲ့  ရွာနီးချုပ်စပ်ပါမကျန်မင်းနေပြည်တော်အထိပါ ဂုဏ်သတင်းကောင်း နဲ့ ကျော်ကြားနေတဲ့  ပြီးတော့  ဘုရားလောင်းလဲဖြစ်နေတဲ့ '' မဟောသဓာ''ပါ.....
မဟောသဓာ နေရာမှာ ပင်လယ်ဓားပြမာလိန်မှုးဖြစ်နေပြီး...ဘီလူးမနေရာမှာ မာလိန်မှုးရဲ့ လက်ရုံးကြီးဖြစ်နေရင်...သားလေးဟာ မာလိမ်မှုးနဲ့ သူ့ လက်ရုံးကြီးတို့  နှစ်ဦးသားရဲ့ ညစာစားပွဲကြီးက ၀က်ကောင်လုံးကင် ဖြစ်သွားလောက်မယ်လို့  တွေးစရာရှိပါတယ်....
လောကထဲမှာ နေရတယ်ဆိုတာ...လွယ်ကူတာ မဟုတ်ပါဘူး..အထူးသဖြင့် ဥာဏ်သိပ်များတဲ့ လူ့ လောကထဲမှာပေါ့ လေ..အဲ့ တော့ .လောကခရီးကိုလျှောက်တဲ့ အခါ ...ကိုယ့် အားကိုယ်ချိန်ပြီး.အတော်လေး စဉ်းစဉ်းစားစားတွေးတော လျှောက်ရတဲ့ သဘောပေါ့ လေ..။
'' အပျက်ကမ္ဘာ..''
ကီးကျယ်လွန်းတဲ့ ငလျင်တွေထဲမှာ ငယ်ငယ်ကကြုံဖူးခဲ့ တဲ့  ပုဂံငလျင်ကြီးတစ်ခု ကို အရင်စကြုံခဲ့ ဖူးပြီး..အတော်ကြာကြာ မကြုံရတော့ ဘူး...ခုနောက်ပိုင်းတော့  ငလျင်ကြီးတွေဆိုတာ အတော်စိတ်လာခဲ့ တယ်....
ကမ္ဘာ့  လူဦးရေကလည်း ကမ္ဘာစစ် ၂ စစ်ရော ဒေသန္တရ စစ်တွေရော ဒီလောက် အဆက် မပြတ်ဖြစ်နေတာတောင် သေနှုံးထက် မွေးနှုံးက ပိုနေပုံရလို့ နဂိုကကို လူဦးရေများပြားလှတဲ့ ကမ္ဘာ့ နေရာ အတော် များများမှာ သားဆက်ခြား ကိစ္စတောင် လုပ်နေရတယ်....လူတိုးနှုံးကလည်း မြန်ချက်က..၇၀လွန်နှစ်တွေကမှ သန်းပေါင်း လေးငါးထောင်ကျော်ကနေ ခုန်တက်ပြီး.သက္ကရာဇ် နှစ်ထောင်ကျော်လေးမှာ....သန်း ၇၀၀၀ကျော်သွားတာ တော်တော်မြန်တယ်...လူ့ ဘ၀ ရဲခဲ တယ် ဆိုတာထက် ကောင်းမွန်ငြိမ်းချမ်း သာယာသော အစာရေစာ နပ်မှန်အောင်စားရသော လူ့ ဘ၀ရခဲ ဘိ ဆိုတဲ့  စကားလုံးမျိုးတောင် ပြောင်းမှတ်ရမလိုပဲ...
အယူဝါဒတွေ လိုက်စပ်စုကြည့် တော့ လည်း မနေ့ ကထက် ဒီနေ့ ဒီနေ့ ထက် မနက်ဖြန်ပိုကောင်းလာသော ကမ္ဘာမျိုးကို မတွေ့ ရသလောက်ပဲ နောက်ဆုံး တရားစီရင်မယ့် နေ့ တို့ ဒွန်းစဒေး တို့  ဘာတို့ နဲ့  ကမ္ဘာပျက်ခန်းမှာချည်းလိုလို နိဂုံးချုပ်သွားတာချည်းများတယ်...
သိပ္ပံဆရာတွေကလည်း ကမ္ဘာကြီးကို တစ်နေ့ နေ့ ဆိုတဲ့  အပျက်ဖက်ကချည်း မျှော်လင့် ထားပုံရတယ်..အဲ့ ဒါနဲ့  သိပ္ပံဆိုင်ရာစူးစမ်းချက်တွေလုပ်ဖို့ ဆိုတာနဲ့  ရောသုတ်ကလေးလုပ်ပြီး  အနန္တစင်္ကြာဝဠာကြီးထဲ နေစင်္ကြ၀ဠာကိုတောင် ကျော်ပြီး နေလို့ ထိုင်လို့  အဆင်ပြေလောက်မယ့်  ကမ္ဘာသစ်တွေ တွေ့ လို တွေ့ ငြား ထွက် ထွက် ရှာနေလိုက်တာ..နဲနဲနောနော ဒေါ်လာ အသုံး စားရိပ်တွေလား ဆိုရမလောက်..
အကုန်အကျတွေ ခံနေလိုက်တာ....
အယူအသီးသီးက သဘောတွေအရ ဆိုရင် အနာဂတ်ကာလတွေရဲ့ အဆုံးသတ်တစ်နေ့ မှာ ဒွန်းစဒေးဆိုတဲ့ သဘောလို ကမ္ဘာကြီးက အပျက်သဘောဖက်သွားကိုသွားရမယ့် သဘောဆိုတော့  ကမ္ဘာပျက်ဖို့ ဆိုတာ အပြုဓမ္မ၀ါဒတွေက တဖြည်းဖြည်း နောက်ဆုတ် ပေးလာလိုက်ရပြီး အဖျက် အပျက် အဓမ္မ၀ါဒ သဘောတွေက တိုးတိုးပြီး ပွားများလာမှ ပျက်လို့ ရမှာဖြစ်လို့  အဓမ္မတရားတွေကို ဓမ္မတရားတွေလိုလို ပြောဆိုကျင့် သုံးလာကြတာပိုများလာပုံရတဲ့  သဘောမျိုးဖြစ်နေတဲ့ သဘောပေါ့ လေ..
'' တစ်ခါတုန်းက မန္တလာဆေးရုံကြီးမှာ..'''
တစ်ခါကပေါ့  သင်္ကြန်ရက်ကြီး မိသားစုလိုက်ကြီး မင်းကွန်းကိုတက်သွားပါတယ် ..အညာနွေနဲ့  ငံပြာရည်ကျော်နဲ့ တွဲမိရာက ဖအေလုပ်သူသွေးတိုးသမားရဲ့  ပရက်ရှာဟာ ကောင်းကင်ရောက်သွားလို့  ကမန်း ကတန်း မန်းရွှေမြို့ တော်ဖက်ပြန်ကူး ဆေးရုံကြီးကို အပြေးအလွှားတင်လိုက်ရပါတယ်..အကြိုနေ့ တင် ရေစပက်နေကြတာရယ်..ကားကိုက ရေပက်ခံဖို့ တာလပတ်အမိုးဖွင့် ထားတဲ့ ဂျစ်ကားဖြစ်နေလို့ လမ်းတစ်လျောက် ရေတွေ ၀ိုင်းပက်တာ..လူမမာပါ ရွှဲရောဆိုပါတော့ ...၊ 
အဲ့ လို ရေပက်ခံလိုက်ရလို့ လည်း လမ်းမှာ ထိလာတဲ့ ရေအအေးဓါတ်ကြောင့်  နေပူဒဏ် နဲ့ အငံ သွေးတိုးပေါင်းပြီး တရှိန်ထိုးတက်နေတဲ့  ပရက်ရှာ နဲနဲကျသွားပြီး ချက်ချင်း ဦးဏှောက်ကြောပြတ် မဂန့် သွားတာလို့ အဆိုးထဲက အကောင်း အဖြစ် ဆရာဝန်ကြီးက ဆိုတော်မူပါတယ်...
'' ပြောနေရဦးမည့် ...''
မေတ္တာတရားအကြောင်းတွေ ပြောနေကြရင်းကနေ
ကိုယ့် မေတ္တာနဲ့ သူ့ မေတ္တာ စစ်ဖြစ်ကြတယ်..
စစ်ဖြစ်မှတော့ မေတ္တာတွေအသေအပျောက်ရှိလာတော့ တာပေါ့ 
မေတ္တာပြိုမေတ္တာပျက်ကပ်တွေဆိုက်လာတယ်
မေတ္တာပြေးဒုက္ခသည်တွေ လည်းများလာတယ်
မေတ္တာငတ်ဘေးတွေလည်းဆိုက်လာတယ်
မေတ္တာမုဆိုးမမေတ္တာသားပျောက်သမီးပျောက်မြေးပျောက်တွေ
မေတ္တာအိမ်ခြေမဲ့ မေတ္တာယာမဲ့ မြေမဲ့ တွေဒုနဲ့ ဒေးဖြစ်လာတယ်
မေတ္တာအကြောင်းတွေပြောတဲ့ နေ့ တော့ ပြက္ခဒိန်ထဲရောက်နေပြီ
စစ်ပွဲကင်းတဲ့ နေ့ တော့  ပြက္ခဒိန်ထဲမှာ မထည့် နိုင်သေးဘူး.
မေတ္တာအကြောင်းတော့ ပြောလို့ ရသလောက်တော့ ပြောနေကြတုံးပဲ
ပြောဖို့ ကတာဝန်ရှိတယ်လေ...
'' ဖိနပ်ဇာတ်ထုတ် ''
ပုံပြင်ထဲမှာ လမ်းပေါ်မှာ ဖိနပ်မစီးဘူး ရေစပ်စပ် စီးနေတဲ့ ချောင်းရိုးလေးတွေဖြတ်မှ ဖိနပ်ချစီးသတဲ့  သူများတွေက လမ်းတစ်လျှောက် ဖိနပ်စီးလာပြီး ရေတောဖြတ်မှ ဖိနပ်ရေစိုမှာ စိုးလို့  ချွတ်ပြီး ခြေဗလာနဲ့  ရေတောဖြတ်တယ် သူက ပြောင်းပြန် အဲ့ တာ ဘယ်လိုကြောင့်  လမ်းတစ်လျှောက်တော့ မစီး ရေတောဖြတ်မှ ဖိနပ်ချစီးရသလဲလို့ မေးတော့ ....လမ်းမှာက လမ်းပေါ်က ခလုပ်ကန်သင်းတွေမျက်စိနဲ့ မြင်နေရလို့ ဖိနပ်မစီးလဲ ရတယ်ပေါ့  ရေတောဖြတ်တော့ ရေအောက်က ခလုပ်ကန်သင်းတွေ ရှိမရှိက ရေတွေ ဖုံးနေတော့ မမြင်ရလို့ ဖိနပ်ချစီး အကာ အကွယ်ယူရတာလို့  ပြန်ဖြေတော့  အလဲ့ ..သူ့ ဆင်ခြင်မှု့ နဲ့  သူ့ ဆင်ခြေက ဂလိုဆိုတော့ လည်း အဟုတ်သားပေါ့ ......
တကယ်ဆို ပြဿနာရဲ့ အရင်းအမြစ်က ပုံမှန်နေ့ စဉ်သုံး ဖိနပ်လေးတစ်ရံတောင် အလွယ်တကူ အပျက်အစီး အပျောက်အရှ မခံနိုင်လောက်အောင် ဖြစ်နေကြတဲ့  မွဲတေမှု့ ပြဿနာများ ဖြစ်နေမလားလို့ ဆိုတာ ဘယ်ထပ်တွေးမိမလဲ..သူများတွေးပြတဲ့ အထိပဲ ....'' သြော် ဂလိုဆိုတော့ လည်း အဟုတ်သား..အတော်ဥာဏ်ကြီးတဲ့ .ဥာဏ်ကြီးရှင်ပေပဲ ''လို့ တောင် ချီးမွမ်းရင်း နောက်ထပ် ထောင့် ပြောင်းတွေးမကြည့် တော့ ပဲ နိဂုံးချုပ်သွားတာ..
အဲ အဲ..တွေးတော့ တွေးမိတာရှိသေးတယ်.'' ငင့် .. ပုံပြင်ကလည်း ရေတော ဖိနပ် ချွတ် လက်ကကိုင်လျှောက်သွားပုံက..ဖိနပ်ကို လူက စီးလိုက် လူကို ဖိနပ်က ပြန်ခို စီးလိုက်သွားလိုက် နဲ့ ဖြစ်နေသလိုကြီးပေါ့ '' လို့  တွေးမိသေးတာ...ဟီးးးး
'' လူဘွန်ဆိုင်း ''
လွတ်လပ်စွာတွေးတောရှင်သန်ခွင့် တွေ
ပိတ်ဆို့ ခံထားလိုက်ရတဲ့ အခါ
အသက်တွေသာ တစ်စတစ်စကြီးလာကြတယ်..
ဘ၀တွေကတော့ ဘွန်ဆိုင်းလိုပါပဲ
သိပ်မထူးပါဘူး..။
အသွားအပြန်..
အိမ်မှာကြောင်လေးတွေရှိပါတယ်.၊ အိမ်သားတွေထဲမှာ ကြောင်လေးတွေကို အချိန်မှန် အစာနယ်ကျွေးသူရယ်၊ ကြုံရင်ကျွေးသူရယ်၊ ဖာသိဖာသာ နေသူရယ်။ ကြောင်မုန်းသူရယ်ဆိုပြီး ကွဲသွားတယ်...
အဲ့ ကြောင်လေးတွေဟာ အချိန်မှန် အစာနယ်ကျွေးပြီး ပွတ်သီးပွတ်သတ် အလုပ်ခံသူနောက်ကို အမြဲတမ်း တကောက်ကောက်လိုက်ပေးနေတတ်တယ် ၊ ဘာလုပ်လုပ် အချိန်ပြည့် ဝိုင်းပေး နေတတ်တယ်..အနားကနေ သိပ်ခွာမသွားတတ်သလို ညဆိုရင် ခြေရင်းတွေနားမှာသာ လာအိပ်နေတတ်တယ်...အစာတောင်းတဲ့ အသံကိုက ချစ်စဖွယ်အသံလေးတွေ နဲ့ အပြင် အကြည့် ကိုက အားကိုးတဲ့ မျက်လုံးရွဲကြီးတွေနဲ့ မော်ကြည့် တတ်တယ်..ဘေးကနေကြည့် ရင် သိင်္ဂါရရသမြင်ကွင်း အပြည့် နဲ့ ပေါ့ ......
.သူမရှိတဲ့ အခါ အလုပ်ကြောင့် အပြင်သွားနေတဲ့ အခါ ကြုံရင် အစာကျွေးသူနားကို လာလာ ကပ်နေတတ်တယ်..အချိန်မှန်နယ်ကျွေးနေသူကိုလိုမျိုး...အစာတော့ သိပ်တောင်းလေ့ မရှိပေမယ့် အနားမှာ လူပေါ်မှာ လာခွေနေပေးတတ်တယ်...
ဖာသိဖာသာနေတတ်သူတွေ နဲ့ ကြောင်မုန်းသူတွေကိုတော့  တစ်အိမ်ထဲ တစ်မိုးအောက်မှာ အတူတူနေကြပါလားဆိုတာမျိုးလို...ရှိတယ်လို့ တောင် အသိအမှတ်ပြုပုံမရပါဘူး....။
မောင့် မိုးသက်လေနှင် ..( အေသင် )
စကားလုံးများ..
စကားလုံးတွေ အကြောင်း တစ်ခါတစ်လေစဉ်းစားရတာ ဂိမ်း တစ်ခုလိုပဲ စိတ်ဝင်စားစရာကောင်းတယ်. ဆိုပါတော့ .. '' ဒါန '' ကို အနက်တွေ ဘယ်လိုဖွင့် ဖွင့် အခြေခံ ဒက်ဖနေးရှင်းက ရိုးရိုးလေးပဲ ကိုယ်ပိုင်တယ်ထင်တဲ့ အရာတစ်ခုခု သူများကို ပေးလိုက်တဲ့ အပြုအမူ တစ်ခုပေါ့ လေ.. အဲ အကျယ်ဖွင့် တွေကတော့ အများကြီးပေါ့ ..အဲ့ ထဲမှာ '''ဒါန'' ဆိုတာကို လှတပတ ရေးထားတာ လူသေလူဖြစ်စာအုပ်နဲ့ စရင်းနှီးခဲ့ ဘူးတဲ့ တောင်တွင်းနှတ်မှီတောရဆြာတော် ရှင်ဥက္ကဌဆြာတော်ကြီးရဲ့ ဒကာတော် သ္ခင်မြတ်ဆိုင်ရဲ့ စာတွေထဲမှာ စတွေ့ ခဲ့ ရတယ်..သူဖွင့် သွားတာက ဒါန= စွန့် ကြဲ ပေးကမ်း လှုဒါန်း တာတဲ့ ..။ ကိုယ့် ထက် ဓန ဂုဏ် တစ်ခုခု နိမ့် သူလို့ ထင်ရသူကိုဆို ''စွန့် ကြဲ '' တာ၊ ကိုယ်နဲ့ လယ်ဘယ် တူတွေကိုဆို ''ပေးကမ်း'' တာ(လက်ဆောင်ပေါ့ လေ) ကိုယ့် ထက် ဂုဏ်သီလဘာညာကြီးမြတ်သူလို့ ထင်ရသူ ဥပမာရဟန်းတွေကိုဆို '''လှုဒါန်းတာ ''လို့  သုံးနှုံးတဲ့ သဘောပေါ့ လေ..အမယ်..ဒက်ဖနေးရှင်းလေးက အလှသားဟပေါ့ လေ.။ ( ကိုယ့် ရဲ့ အစွဲတဏှာရမက်တွေ ပါးသထက်ပါးသွားအောင် စွန့် တာပါ ဘာညာကတစ်ပိုင်းပေါ့ ) / 
နောက်တစ်ခါ ဒါန စတိုင် ကို ထပ်ပြောပြန်တာက '' လွတ်လွတ်စွန့် ကြဲ ''လို့ ဖတ်ရပြန်တယ်..သူပြောလိုပုံက ဒါနခန်းလုပ်တာ လွှတ်လိုက်တဲ့ သဘောလောက်သာ
စိတ်ကရည်စူး ဒါနလုပ်လိုက်လို့  ပြန်ရလာမယ့် ကောင်းကျိုးတစ်ခုခု ရီအက်ရှင်ကိုပြန် မျှော်မနေနဲ့ ကိုယ့် တပ်မက်မှု့ တွေကို လျှော့ ချလိုက်ပါ ဆိုတဲ့ သဘောပေါ့ လေ..လိုရင်းသွားချင်တာက အစွဲကင်းဖို့ လမ်းကြောင်းကို ဒါန နဲ့ ပံ့ ပိုးသွားတယ်ပေါ့ လေ..အဲ့ ဒါကို ထပ်ပံ့ ပိုးတဲ့  စကားစုက ''တစ်စတစ်စ စွန့် ဝံ့ မှလျင် ..''နဲ့ ချိတ်ဆက်နေပြန်ရောဗျာ....
အဲ့ လိုစကားလုံး ထွေလီကာလီတွေ ဖတ်လိုက် စဉ်းစားလိုက်ကနေ ပထမ ဒါန=စွန့် ကြဲ ပေးကမ်း လှုဒါန်း ဆိုတဲ့  စတိုင်ကို အာရုံက ပြန်ရောက်သွားပြီး စွန့် ကြဲတယ်ဆိုတာ ဘယ်နေရာမှာ သုံးတာလဲ ၊ ပေးကမ်းတာ လှုဒန်းတာကရော ဘာညာနဲ့  အုံးစားရင်က '' အမယ်..ဒါဟာ လူတန်းစားအမြင်ပါတဲ့ စကားလုံးလေးတွေပါလား ကျန် ကျန်..''..ဟဲဟဲ...တစ်ခါတည်း ကွန်မြူနစ် ဖတ်စာတွေထဲက လေသံ ''လူတန်းစားအမြင်'' စကားလုံးတွေ ဘာတွေနဲ့ တွေးလိုက်ပုံက...ဟီး...အဲ အဲလိုတွေ စကားလုံးတွေကို ဘာရယ်ညာရယ် မဟုတ်ပဲ ပေါ့ ပေါ့ ပါးပါးလေး တစ်ခါတစ်လေ လိုက်စပ်စုရတာ အပျင်းပြေတယ်လို့ ပြောပြတာပါဗျာ..
''' အတွေးအခေါ်တို့ လွင့် မျောခြင်းနှင့်  ..''
အတွေးအခေါ်တို့ လွင့် မျောခြင်းနှင့်  လူ၏ ဆောက်တည်ရာ ဆိုတဲ့ ဘုတ်အုပ်ကြီးကို ယောင်တောင်ပေါင်တောင်နဲ့  စဖွင့် လိုက်တာနဲ့  သိပ်စိတ်ဝင်စားစရာ ကောင်းသွားတယ်၊ အများတကာက ထမင်းအိုး နဲ့ ဖက်ရှင်အကြောင်းချည်းလိုလို တွေးနေချိန် သူတို့ က ကမ္ဘာကြီး ဘယ်ကစသလဲဆိုပြီး တွေးနေကြတာကိုး၊
အစတွေ တွေးကြပုံပါကလည်း စုံနေတာပါပဲ၊ ရေကစသူ၊ မီးကစသူ၊ မြေကစသူလဲပါသေး၊ ရေမြေလေမီးကစတာတဲ့ တစ်ယောက်က၊ ကမ္ဘာကြီးက ဖန်ဆင်း ခံ ထားရတာပါ..ဘာညာတွေလည်း ဆိုတယ်၊ သူတို့ တွေကလည်း တွေးဖို့ က သူတို့ အလုပ်နဲ့ တူပါရဲ့ ထမင်းအိုးသမား နဲ့ ဖက်ရှင်သမားတွေကလည်း သူတို့ အိုးထဲဆန်ပြည့် နေဖို့ နဲ့ အင်းကျီလေး စင်တီမီတာနဲ့ ချုပ်တတ်ဖို့ သာ အရေးကြီးတယ်လို့ တွေးနေကြပုံရပါတယ်။ ကိုယ့် အတွေးနဲ့ ကိုယ်လှုပ်ရှားနေကြတော့  အတွေးသမား ပေါင်းစုံတွေ အများကြီးနဲ့ မျက်မှောက်ခေတ်အထိ တွေးထားတာတွေ တစ်ပုံကြီး ဖြစ်လာသလို ထမင်းအိုးတွေကလည်း မြေအိုးခေတ်ကနေ စတီးအိုးခေတ် ရောက်လာ ဖက်ရှင်သမားတွေကလည်း သစ်ရွက်အုပ် လယ်သာခေတ်ကနေ ရှည်လိုက် တိုလိုက် လုံလိုက် ဖေါ်လိုက်နဲ့ ဒီ့ အနေ့ အထိ ဒီဇိုင်း စုံလွန်းလို့  ကိုယ်လုံးတီး နေတာတောင်ဖက်ရှင် တစ်မျိုးထဲအကျုံးဝင်သွားတယ်၊
စက္ကန့် နဲ့ အမျှ
အမေ ကင်ဆာသည်ရဲ့ နောက်ဆုံးညတွေလည်း
နေ့ သေမလား ညသေမလားကနေ
နာရီပိုင်းဆို သွားတော့ မှာလားနဲ့ 
သောက ဆိုတာ
စက္ကန့် တံလေး ရွေ့ တိုင်းရွေ့ တိုင်း
လိုက်ပါ ဖြစ်နေသလား ထင်ရတယ်..
သံယောဇဉ်နဲ့ တန်ဘိုးထားမိသူတွေအတွက်ဆိုတာ
တွယ်တာမိရင် တွယ်တာမိသလောက်
ရွတ်နေကြပါဆိုတဲ့ ဘုရားစာဆိုတာ
 ခေါင်းထဲမှာ ဗလာဟင်းလင်း..
 ''ဓမ္မ''.
 အပြောလွယ်သလောက်..
 ခက်တယ်။
အာသီသ
ကျနော့် အဖေ ကျောက်ကပ် ၄နှစ်လောက် ဆေးလာရင်းက ပွဲသိမ်းခါနီးတော့  အသက်က ၇၀တော်တော်ကျော်ပြီ..ခွန်အားစိတ်အားလဲကျသွားပြီပေါ့ ..နောက်ဆုံးရက်တွေလဲနီးလာပြီပေါ့ လေ..
မောင်နှစ်မတွေ တက်ညီလက်ညီနဲ့ ဝိုင်းဝန်းကြလို့ သာ ဒီလောက်သက်တန်းရှည်နေခဲ့ သေးတာလို့ ပြောကြတယ်၊..အားလုံး ၀ိုင်းပေမယ့် ဖအေအတွယ်တာဆုံး အား အကိုးဆုံးက ကျနော်လိုဖြစ်နေတယ်..မျက်စိအောက်ကကို သိပ်အပျောက် မခံချင်ဘူး..ကျနော်ကလည်း မအေ့ အတွက်ပါ ဆိုပြီး ၂ယောက်စာပုံအောပြီး ကိုယ့် ဘ၀တစ်ခုလုံးကို ကြိုက်သလိုသဘောရှိ ဆိုပြီး ချပေးထားလိုက်သလိုမျိုးဆိုတော့  အဲ့ လိုမျိုး ကလေးတွယ် တွယ်နေတော့ တဲ့ သဘောပဲ
မတွယ်ခံနိုင်ရိုးလားပြောရမလိုပါပဲ..ကျနော်က ကိုယ့် အဖေဟာ သေလမ်းကို ချီတက်နေပြီလို့ အပြည့် ခံယူထားလိုက်တော့  တစ်ခြားမောင်နှစ်မတွေလို ဖအေသေမှာကို စိုးရိမ်တစ်ကြီးတော့  သိပ်မရှိတော့ ဘူး..ဖအေလိုချင်တာ ဘာလုပ်ပေးလို့ ရဦးမလဲပဲအမြဲတွေးပေးနေတာမျိုးနေလိုက်တယ်လေ..။ ကံကောင်းချင်တော့  အိမ်နဲ့ ဆေးရုံက နီးနေတော့  တစ်ခုခုဆိုတိုင်း ချက်ချင်း ဆေးရုံကောက် တင်လိုက်တယ်ဗျာ...ကျနော့် အတွေးက ရှင်းတယ်..လူမမာ အတွက်က ဆေးရုံက အကောင်းဆုံးပဲ အိမ်မှာတစ်ခုခုဆို အဖေ အဖေ့  အဖေ နဲ့  ၀ိုင်းခေါ်နေတာနဲ့ ပဲ အသက်က မြန်မြန်ထွက်သွားမှာ တကယ်ကြတော့  ဆေးပညာနဲ့ ပတ်သက်လာရင် ကိုယ့် လိုင်း မဟုတ်လို့  ဘာမှ ဟုတ်တိပတ်တိ ကူညီနိုင်တာ မဟုတ်ဖူးလေ ။
မိအိုဖအိုတွေ သဘာဝ အများစုကလည်း သူ့ ကိုအလိုလိုက်တဲ့  သားသမီးမျိုးဆို ပို တွယ်တာ တတ်တာသဘာဝပဲလေ။ ဒါက လူ့ သဘာဝကိုး။ ဒီတော့  သူလိုချင်တာ စားချင်တာတွေက သူနဲ့ မတည့် စာဆိုရင် သူ့ အသက်ဘေးအတွက် ကန့် ကွက် တတ်တဲ့ ကျန်တဲ့ သားသမီးတွေထက် နောင်ခါလာနောင်ခါဈေး စားချင်တာစားပလေ့ စေ..နေရချိန်က သိပ်ကျန်တော့ တာမဟုတ်ဖူးဆိုတဲ့ ကျနော့် ကိုပိုတွယ်တာနေတော့ တာမျိုးပေါ့ ။
မုန့် ဟင်းခါးစားချင်လို့ တဲ့  ရေခဲမုန့် လေကွာတဲ့  စီးကရက်ဖွာချင်လိုက်တာတဲ့ ...သူ့ ဟဲဗီး ကျောက်ကပ် ရောဂါနဲ့ က တစိမှမတည့် ဘူးလေ...အဲ့ တော့ ကျန်တဲ့ သူတွေက မကျွေးစေ့ ချင်ဘူး..၊ ကျနော်က အိုကေ..ရမယ်ပဲ...ကျနော်က သိနေတာက ဒါဟာ သွားခါနီးလူတွေရဲ့ တောင့် တချက် အာသီသတွေ သဘော သွေးတောင်းနေတာ တကယ်ဆို လူသာမန်လို မစားနိုင်ပါဘူးလို့ သိနေတာ...တကယ်ပါပဲ မုန့် ဟင်းခါးလေ ၂ဇွန်း၃ဇွန်းဆို ပြီးပြီ ရေခဲမုန့် လေး၂ဇွန်းလောက်ဆိုဝပြီတဲ့  စီးကရက်များ ၂ဖွာလားပဲ အရသာမရှိတဲ့ ..ဒါပဲ..ကျေနပ်သွားပြီလေ သူလိုချင်တာ သူမြင်တာရသွားရင်ပြီးတဲ့ သဘော
ကျနော်ကတော့ မျက်ခြေမပြတ်ကြည့် နေရတာပေါ့ ဗျာ..အခြေအနေမဟန်ရင် ဆေးရုံချက်ချင်းပို့ ဖို့ စတန်းဘိုင်ပေါ့ ..အဲ့ လိုပြင်ဆင်ထားပြီးမှ ...လွယ်တယ် လူတွေနဲ့ ပေါင်းရ သင်းရတာ..အပေးဖက်ကချည်း နေပေးနိုင်သလောက်နေပေးလိုက်ရင် တည့် မှတည့် ...ဟီးးးး....
ဆင်းရဲတော့ လေ..
ဆင်းရဲတာဟာ တော်တော် သိမ်ငယ်စိတ်ဝင်ပါတယ်..ကိုယ်တွေ့ ပါပဲ..ပြန်တောင်အမှတ်မရချင်ပါဘူး..ကလေးချင်းဆိုတာ အများအားဖြင့် ကြားမှာ ကာလာ သိပ်ခံလေ့မရှိပါဘူး.ဒီတော့  သူဌေးသားလေးက သူ့ အိမ်ထဲလိုက်ခဲ့ လို့ ခေါ်ပါတယ် ကလေးဆိုတော့ လိုက်သွားပါတယ်..ကိုယ်တွေက ဈေးဆိုင်ကို အိမ်လုပ်နေရသေးတဲ့ အချိန်ပါ သူ့ ကအဲ့ ခေတ်က ရေခဲ သေတ္တာကြီးတွေသုံးနိုင်တဲ့ မိသားစုကပါ မိဘတွေကလည်းအလွန်သဘောစေတနာကောင်းတာသိသာပါတယ်...
သူအိမ်ထဲလိုက်ခဲ့ လို့ ခေါ်တာက ရေသောက်မလို့ ပြန်ဝင်တာပါ...ကလေးဆိုပေမယ့်  လူ့ သဘာဝက မရှိတဲ့ သူအချင်းချင်းတောင် ငါ့ ဓနိမိုးက ပိုအသားကောင်းတယ် ပိုးမကိုက်ဖူးလို့ နဲနဲပါးပါးကြွားတတ်တာတော့ သဘာဝပါ...သူက ငါတို့ အိမ်မှာ ရေခဲသေတ္တာ ရှိတာ လိုက်ခဲ့  ရေခဲရေတိုက်မယ်ဆိုလို့  ကိုယ်ကလည်း အလကားသောက်ရမနဲဘူးဆိုတဲ့ စိတ်ရယ် ရေခဲသေတ္တာကြီးထဲဘာတွေများရှိမလဲလို့ မမြင်ဘူးလို့  ကြည့် ချင်လို့  လိုက်သွားတာပါ 
အိမ်ထဲရောက်တော့ ရေခဲသေတ္တာကြီးနားကိုမကပ်ရဲပါဘူး..ဗုံးတစ်လုံကို မြင်လိုက်ရသလိုပဲ လန့် နေပါတယ် ငါအနားကပ်ကိုင်ကြည့် လိုက်လို့  အစင်းရာထင်သွားရင် ဒုက္ခပါပဲဆိုပြီး လန့် နေတာပါ...သူက ဟန်ပါပါ နဲ့ ရိုးနေပြီဆိုတဲ့ ပုံစံနဲ့ ရေခဲသေတ္တာတံခါးကို ဆွဲဖွင့် လိုက်ချိန်မှာ လန့် လန့် နဲ့ အထဲက ၀ါကျင်ကျင်မီးရောင်အောက်မှာ တန်းစီထည့် ထားတဲ့ ရေခဲရေပုလင်းတွေရယ် တစ်မျိုးလေးလေအေးဓါတ်နဲ့ မွှေးနေတဲ့ အနံ့ လေးရယ်ကို ရှု့ မိလိုက်ချိန်မှာ အိပ်မက်ထဲအထိ ပါလာတဲ့ ရေခဲ့ သေတ္တာကြီးဖြစ်သွားပါတယ်...သူငှဲ့ တိုက်တဲ့ ရေခဲရေကို ကုန်မှာစိုးလို့ ဖြည်းဖြည်းလေးသောက်ရင် သူ့ မိဘတွေများ လာဆူမှာလားလို့ ကလည်း တွေးကြောက်နေမိပါသေးတယ်....
ဆင်းရဲတာဟာ လူကို အလိုလို သိမ်ငယ်စိတ်ဝင်သွားပြီး လူတော သိပ်မတိုးရဲတော့ သလိုဖြစ်ခဲ့ ဘူးတဲ့ အကြောင်းလေးပါ..ပြန်ဆင်းရဲမှာကိုကြောက်ပြီး .ပြန် မတွေးမိအောင်တောင်နေခဲ့ ရပါတယ်...ကံကောင်းတာက ချမ်းသာပြီးရော စိတ်ဝင်မသွားတာကိုပါပဲ...
''လျှာကြော..''
တင်စားတာမှန်းတော့ သိပေမယ့်  အတွဲအစပ်က နေနဲ့ လ ကို မင်္ဂလာဆောင်ပေးလိုက်သလိုမျိုးကြီးဖြစ်နေတာမျိုးလို့ ဖီးလ်ငုတ်သလိုလိုကြီးဖြစ်နေတာပေါ့ ..
ဒါပေသိ အဲ့ ဒီကိစ္စက ကိုယ်က စခဲ့ တာမဟုတ်သလို ကိုယ်လည်း ပြင်နိုင်တဲ့  ကန့် ကွက်နိုင်တဲ့ အစွမ်းကမရှိ ၊ ကန့် ကွက်နိုင်တယ်ထား ဒါ့ ထက်ကောင်းအောင်
''အနေအထား''..(ဓါတ်ပုံခံစားမှု့ )
တစ်ခါတစ်လေ ပုံမှန်အနေအထားလေးကို နဲနဲလောက်ပြောင်းလိုက်တာနဲ့ မူလရည်ရွယ်ချက် သဘောကနေ လုံးဝလမ်းကွဲသွားတာမျိုး (သို့ ) ပျက်ဆီးသွားတာမျိုးလည်းကြုံရနိုင်တယ်..