Powered By Blogger

Thursday, February 5, 2015

'' မှတ်မှတ်ရရ...''


မှတ်မှတ်ရရပေါ့ ဗျာ....အဲ့ ခေတ်က ပွဲတော်ဆိုတာ ညကြီး ၃နာရီ လောက်အထိကို စည်ပါတယ် တေးသရုပ်ဖေါ် စင်တွေကလည်း များလှသလို ပွဲတော် ၃ ရက်ကို စင်ကုန်အောင် အစအဆုံး လိုက်မကြည့် နိုင်ပါဘူး...ညဦးပိုင်းတွေရဲ့ လူစည်ချက်က လူအုပ်နဲ့ ညပ်ပါသွားလို့  ခြေထောက်ဖျားတွေ ကတ္တရာလမ်းနဲ့ လွတ်တဲ့ အခါ လွတ် လွတ်သွားပါသေးတယ်..တစ်ယောက် ပုခုံးတစ်ယောက်ကိုင် တန်းစီပြီး အပျော်လူတိုးကြတဲ့ သဘောပေါ့ ..ညစ်ညမ်းတဲ့  စိတ်တွေသဘောလည်း မရှိကြသလောက်ပါ..

နောက်ဆုံးညမှာ သူငယ်ချင်းက မိန်းမခိုးဖို့  ဒိတ်လုပ်ပါတယ်...သူ့ ကောင်မလေးကို သူ့ အိမ်က ရီးစားထား နေမှန်းသိသွားလို့  ဂုမ္ဘန်တစ်ထောင်နဲ့ စောင့် သလို အစောင့် ခံနေရတဲ့ ကာလပါ...ပထမ နှစ်ရက်မှာ ပွဲခင်းထဲပေးမလည်ပေမယ့်  ခိုးပြေးမယ့် သူငယ်ချင်းက ခြေရာဖျောက်ထားလို့  နောက်ဆုံးညမှာ သူ့ အိမ်က မယ်ကုဝဏ် အဒေါ်ကြီး ၂ ယောက်ခြံရံပြိး ပွဲခင်းထဲ ခဏပေးဆင်းပါတယ်....



ခိုးမယ့် သူငယ်ချင်းကို သိနေကြတာကြောင့်  လူလုံးပြလို့ မရလို့  သူ့ သူငယ်ချင်းတွေက ကြားက ခိုးပေးရမယ့် ပလန်ပါ....သူငယ်ချင်းရီးစားလေးကလည်း နောက်ဆုံးညမှာ...ခိုးရာလိုက်ဖို့ နဂိုကကို မီးစိမ်းပြထားလို့  အ၀တ်အစားလေးနဲနဲ နဲနဲ သူ့ အိမ်က မသိအောင် အပြင်ကဲ့ ထားပြီးသား ငွေနဲနဲကြိုစုထားပြီးသားပါ....

ပွဲခင်းက ည၈နာရီကနေ ၁၀နာရီကြားမှာ လူအစည်ဆုံး ဖြစ်လာချိန်မှာ သူငယ်ချင်းရီးစားလေး ပွဲခင်းထဲရောက်လာတာကို နဂိုထဲက စောင့် နေတဲ့  မောင်တိုင်ပင်သူငယ်ချင်းတွေက ကြိုမြင်ရလို့  ဟော့ရှော့  ကာလာစုံ ခေါင်းစီးပုဝါအရောင်တွေနဲ့  အချက်ပြလိုက်ပါတယ်...ဒါကို သူငယ်ချင်းရီးစားလေးက မြင်ပြီဆိုတဲ့  သဘောနဲ့  ခေါင်းညှိပ်ပြပါတယ်....

ဘူးသီးကြော်ဆိုင်မှာ သူတို့ တွေ ၀င်ထိုင်ကြပြီး အကြော်တွေမှာကြတော့  လူကျနေလို့  အကြော်က ချက်ချင်းရောက် မလာတာရယ်..ကိုယ့်ဟာကိုယ် အကြော် ရွေးချင်သလိုလို ပုံ
နဲ့  သူငယ်ချင်း ရီးစားလေးက ကိုယ်တိုင်ထပြီး အကြော်ဗန်ကြီးရှေ့  သွားရပ်ပြီး အကြော် ရွေးသယောင် ထလုပ်ပါတယ်...အဲ့ ဒီအချိန်မှာ သူငယ်ချင်းတွေက ခပ်မြန်မြန်ပဲ သူငယ်ချင်း ရီးစားလေး ဘေးက ၀င်ရပ်လိုက်ပြီး ကိုယ်လုံးတွေနဲ့ ကွယ် လက်ဝင် ရှုတ်လိုက်ပါတယ်...စားပွဲမှာကျန်ခဲ့ တဲ့  ကိုယ်ရံတော်ကြီးဒေါ်ကြီးတွေက ပွဲခင်းထဲက လူတွေ ငေးလိုက်ချိန်မှာ သူငယ်ချင်းရီးစားလေးကို ခေါ်ပြီး..အသာလေး လစ်ထွက်လာပါတော့ တယ်..

ပွဲခင်းထဲမှာ တွဲနေကျသူငယ်ချင်း တစ်ချို့ ထားခဲ့ ပြီး...သူငယ်ချင်း ၂ယောက်က အဲ့ သူငယ်ချင်း ရီးစားလေးကို ခိုးမယ့် ဘော်ဒါနဲ့ ချိန်းထားတဲ့ နေရာဆီ သွားစောင့် နေပါတယ်...
(ပွဲခင်းနဲ့ ဝေးတဲ့ နေရာပါ) ညသန်းခေါင်ကျော်တဲ့ အထိ တကယ်ခိုးမယ့် သူက ရောက်မလာလို့  သူငယ်ချင်းရီးစားလည်း အိမ်ပြန်မရ..စောင့် ပေးနေရတဲ့  သူငယ်ချင်း ၂ယောက်လည်း ကျွတ်လာပါပြီ...ဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို အဲ့ အကောင် အိမ်သွားကြည့် ကွာ လို့ လွှတ်လိုက်တော့  သူပါ ည တစ်နာရီလောက်အထိ ပြန်ပေါ်မလာပြန်ပါဘူး

အဲ့ ခေတ်က လက်ကိုင်ဖုန်း မပေါ်သေးလို့  လူအားပဲသုံးနေရတော့ ကွန်တက် လုပ်ရတာ ခက်ပါတယ်....ညတစ်နာရီကျော်လာလို့  သူငယ်ချင်း ရီးစားလေးရော အတူတူကျန်ခဲ့ တဲ့ သူငယ်ချင်းလည်း မျက်နှာတွေ ပျက် စိတ်တွေ ပူလာပြီပေါ့ ဗျာ...ငါတော့ အဖတ်ကြီးတင်တော့ မယ်နဲ့ တူတယ် ဒွတ်ခနဲ့ လှလှကြီးတော့  တွေ့ ပြီနဲ့ တူပါရဲ့ ပေါ့ လေ....

ဟူး..တော်ပါသေးရဲ့ ဆိုသလို ည ၂ နာရီလောက်မှာ ဂျစ်ကားတစ်စီးနဲ့  တကယ့် ပစ္စည်းပိုင်ရှင်က ရောက်ချလာလို့  အလုံးကြီးက ကျသွားရပါတော့ တယ်...ရောက်ရောက်ချင်း နဲနဲပါးပါးဆဲလိုက်ပြီး နောက်ကျရတဲ့ အကြောင်းမေးတော့  အဲ့ အကောင်အိမ်ကပါ ရိပ်မိသွားလို့  ပေးမထွက်ဖူးလုပ်နေလို့  ညစ်နေတဲ့ အကြောင်း..သူ့ အိမ်သားတွေ အိပ်ကုန်တဲ့  သန်းခေါင်ကျော်ချိန်ကို စောင့် နေရလို့ ပါလို့ ဆိုပါတယ်...အဲ့ တော့ မှ ဂျစ်တစ်စီးနဲ့  သုတ်ချသွားလို့ ကိစ္စက အဖတ်ကြီးတင်တော့ မလိုလို အဖြစ်ကနေ လွတ်သွားပါတော့ တယ်....

ပွဲခင်းထဲမှာတော့  သူငယ်ချင်းရီးစားအိမ်က လူတွေ လူရှာပွဲကြီးဖြစ်နေပါပြီ...လမ်းထိပ်မှာ အုပ်လိုက်ကြီး ထိုင်နေတာတွေ့ ပေမယ့်  ဒဲ့ တော့ လာမမေးကြပဲ ကွက်ကြည့်  ကွက်ကြည့် နဲ့  ခဏခဏ ဖြတ် လျှောက်လိုက်...မကြားတကြား တွေ့ ရင်တော့  အသေပဲ ဆိုပြီး ဓားကြိမ်းကြိမ်းလိုက်နဲ့ လုပ်နေတာကို ကျိတ်ဟားနေကြတာပေါ့ ဗျာ....တစ်ခါက ပွဲတော်ရဲ့ နောက်ဆုံးညတစ်ညပါ.....ဟဲဟဲ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..