Powered By Blogger

Thursday, February 5, 2015

အာသီသ
















ကျနော့် အဖေ ကျောက်ကပ် ၄နှစ်လောက် ဆေးလာရင်းက ပွဲသိမ်းခါနီးတော့  အသက်က ၇၀တော်တော်ကျော်ပြီ..ခွန်အားစိတ်အားလဲကျသွားပြီပေါ့ ..နောက်ဆုံးရက်တွေလဲနီးလာပြီပေါ့ လေ..

မောင်နှစ်မတွေ တက်ညီလက်ညီနဲ့ ဝိုင်းဝန်းကြလို့ သာ ဒီလောက်သက်တန်းရှည်နေခဲ့ သေးတာလို့ ပြောကြတယ်၊..အားလုံး ၀ိုင်းပေမယ့် ဖအေအတွယ်တာဆုံး အား အကိုးဆုံးက ကျနော်လိုဖြစ်နေတယ်..မျက်စိအောက်ကကို သိပ်အပျောက် မခံချင်ဘူး..ကျနော်ကလည်း မအေ့ အတွက်ပါ ဆိုပြီး ၂ယောက်စာပုံအောပြီး ကိုယ့် ဘ၀တစ်ခုလုံးကို ကြိုက်သလိုသဘောရှိ ဆိုပြီး ချပေးထားလိုက်သလိုမျိုးဆိုတော့  အဲ့ လိုမျိုး ကလေးတွယ် တွယ်နေတော့ တဲ့ သဘောပဲ

မတွယ်ခံနိုင်ရိုးလားပြောရမလိုပါပဲ..ကျနော်က ကိုယ့် အဖေဟာ သေလမ်းကို ချီတက်နေပြီလို့ အပြည့် ခံယူထားလိုက်တော့  တစ်ခြားမောင်နှစ်မတွေလို ဖအေသေမှာကို စိုးရိမ်တစ်ကြီးတော့  သိပ်မရှိတော့ ဘူး..ဖအေလိုချင်တာ ဘာလုပ်ပေးလို့ ရဦးမလဲပဲအမြဲတွေးပေးနေတာမျိုးနေလိုက်တယ်လေ..။ ကံကောင်းချင်တော့  အိမ်နဲ့ ဆေးရုံက နီးနေတော့  တစ်ခုခုဆိုတိုင်း ချက်ချင်း ဆေးရုံကောက် တင်လိုက်တယ်ဗျာ...ကျနော့် အတွေးက ရှင်းတယ်..လူမမာ အတွက်က ဆေးရုံက အကောင်းဆုံးပဲ အိမ်မှာတစ်ခုခုဆို အဖေ အဖေ့  အဖေ နဲ့  ၀ိုင်းခေါ်နေတာနဲ့ ပဲ အသက်က မြန်မြန်ထွက်သွားမှာ တကယ်ကြတော့  ဆေးပညာနဲ့ ပတ်သက်လာရင် ကိုယ့် လိုင်း မဟုတ်လို့  ဘာမှ ဟုတ်တိပတ်တိ ကူညီနိုင်တာ မဟုတ်ဖူးလေ ။

မိအိုဖအိုတွေ သဘာဝ အများစုကလည်း သူ့ ကိုအလိုလိုက်တဲ့  သားသမီးမျိုးဆို ပို တွယ်တာ တတ်တာသဘာဝပဲလေ။ ဒါက လူ့ သဘာဝကိုး။ ဒီတော့  သူလိုချင်တာ စားချင်တာတွေက သူနဲ့ မတည့် စာဆိုရင် သူ့ အသက်ဘေးအတွက် ကန့် ကွက် တတ်တဲ့ ကျန်တဲ့ သားသမီးတွေထက် နောင်ခါလာနောင်ခါဈေး စားချင်တာစားပလေ့ စေ..နေရချိန်က သိပ်ကျန်တော့ တာမဟုတ်ဖူးဆိုတဲ့ ကျနော့် ကိုပိုတွယ်တာနေတော့ တာမျိုးပေါ့ ။

မုန့် ဟင်းခါးစားချင်လို့ တဲ့  ရေခဲမုန့် လေကွာတဲ့  စီးကရက်ဖွာချင်လိုက်တာတဲ့ ...သူ့ ဟဲဗီး ကျောက်ကပ် ရောဂါနဲ့ က တစိမှမတည့် ဘူးလေ...အဲ့ တော့ ကျန်တဲ့ သူတွေက မကျွေးစေ့ ချင်ဘူး..၊ ကျနော်က အိုကေ..ရမယ်ပဲ...ကျနော်က သိနေတာက ဒါဟာ သွားခါနီးလူတွေရဲ့ တောင့် တချက် အာသီသတွေ သဘော သွေးတောင်းနေတာ တကယ်ဆို လူသာမန်လို မစားနိုင်ပါဘူးလို့ သိနေတာ...တကယ်ပါပဲ မုန့် ဟင်းခါးလေ ၂ဇွန်း၃ဇွန်းဆို ပြီးပြီ ရေခဲမုန့် လေး၂ဇွန်းလောက်ဆိုဝပြီတဲ့  စီးကရက်များ ၂ဖွာလားပဲ အရသာမရှိတဲ့ ..ဒါပဲ..ကျေနပ်သွားပြီလေ သူလိုချင်တာ သူမြင်တာရသွားရင်ပြီးတဲ့ သဘော

ကျနော်ကတော့ မျက်ခြေမပြတ်ကြည့် နေရတာပေါ့ ဗျာ..အခြေအနေမဟန်ရင် ဆေးရုံချက်ချင်းပို့ ဖို့ စတန်းဘိုင်ပေါ့ ..အဲ့ လိုပြင်ဆင်ထားပြီးမှ ...လွယ်တယ် လူတွေနဲ့ ပေါင်းရ သင်းရတာ..အပေးဖက်ကချည်း နေပေးနိုင်သလောက်နေပေးလိုက်ရင် တည့် မှတည့် ...ဟီးးးး....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..