'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, August 17, 2015
မြို့ ခိုခြင်း...
မြို့ ခိုခြင်း...
-----------
ဘယ်လောက်ဆိုးရွားတဲ့ နိုင်ငံရေးစနစ်ဖြစ်စေ ပြည်တွင်းစစ်တွေမှပဲ ဖြစ်စေ အဲ့ နိုင်ငံရဲ့ မြို့ တော်က မြို့ တော်သားတွေရဲ့  ဘ၀လူနေမှုက ဒေသအတွင်းက တစ်ခြားမြို့ ရွာတွေထက် ပိုပြီးလုံခြုံစိတ်ချရတဲ့ သဘောရှိတယ်၊ ဒါဟာ ဒီဗမာပြည်မှာမှ မဟုတ်ဘူး ဒေသတွင်းတည်ငြိမ်မှု့ မရှီိတဲ့ 
ကမ္ဘာ့ နိုင်ငံအသီးသီးရဲ့ သဘာဝပဲ ..
.ပြည်သူလူထု သန်းနဲ့ ချီ အငတ်ဘေးဆိုက်တော့ မှ ကယ်တော်မူကြပါလို့ ထအော်တဲ့  မြောက် နိုင်ငံဆိုလဲ ကျေးလက်တွေသာ ငတ်ကြောဆိုက်သွားတာမြို့ တော်ပြုံယမ်းသား ပြုံယမ်းသူတွေကတော့  အကမပျက် အခန်းနားကျင်းပမပျက်ပဲ
ကျနော်တို့ မိဘတွေ ဧရာတိုင်းကြီး အမဲရောင် ဖြစ်နေတုန်းက မြို့ တက်ပြေးရင်းက ရန်ကုန်ရောက်မှ လုံခြုံရာအရပ်ကိုရောက်ရတဲ့ သဘောဖြစ်သွားတယ် အမဲထဲကျန်ခဲ့ တဲ ရေကြည် အသုတ် ငါးသိုင်းချောင်းဆိုတာတွေ
ဥာဏ်ပညာ အနဲ အများ....သစ်တစ်ပင် ဥာဏ်စွမ်းအား မိုက်ရူးရဲဆန်ရင်တော့  မြန်မြန်ကားသွားမယ်ပေါ့ လေ.
ဥာဏ်ပညာ
---
သမိုင်းမှာ ရုပ်အင်အားချင်းယှဉ်ရင် ဘယ်လိုမှ နိုင်ဖို့ မလွယ်တဲ့ အင်အားကြီးတွေကို ဥာဏ်ပညာနဲ့  အနိုင်ယူပြီး ရပ်တည်လာခဲ့ တဲ့  အဖြစ်အပျက်တွေ ရှိခဲ့ တယ်.
ဆိုပါတော့ တရုပ်လူစွမ်းကောင်းနဲ့  စီးချင်းထိုးတော့ ခွန်အားဗလချင်း လက်နက်ချင်း သိပ်ကွာနေတယ်...သဘောက ပုံမှန် ခွန်အားချင်းဆို အရှုံူးပဲ...ဒါပေမယ့်  ဥာဏ်ပညာက တရုပ်လူစွမ်းကောင်းရဲ့  တစ်ကိုယ်လုံးဖုံး သံချပ်ကာဝတ်စုံမှာ လက်မြှောက်လိုက်ရင် လှုပ်ရှားရလွယ်အောင် ချုပ်ရိုးဆက်ဟပေးထားတဲ့ အသားစိုင်ပျော့ ပေါ်လာတဲ့  ချိုင်းနေရာက ဟာကွက်ကို တွေ့ လိုက်တယ်...အဲ့ ဟာကွက်ကနေ လှံရှည်ကို ထိုးသွင်းပြီး ကိုယ့် ထက် ခွန်အားကြီးသူကို အနိုင်ယူနိုင်ခဲ့ တာမျိုး.။ဒီလို ဥာဏ်ပညာကို လွှာသုံးပြီး မဟာအင်အားကြီးတွေကို ရင်ဆိုင်ပြီး ကိုယ့် မင်းကိုယ့် ချင်းဖြစ်နေဆဲ တိုင်းပြည်ကိုထူထောင်လာခဲ့ တဲ့  အဖြစ်အပျက်တွေ ရာဇ၀င်မှာ အများကြီး....ဆိုလိုတာက တိုင်းပြည်ကို ကိုယ့် မင်းကိုယ့် ချင်း နဲ့ ဖြစ်နေဖို့ ဆိုတာ စိတ်တိုတိုင်း ၀ူးဝူးဝါးဝါး ခံစားမှု့ မျိုးတွေနဲ့ မရဘူး ဥာဏ်ပညာကို လွှာသုံးနိုင်တဲ့  လူတွေနဲ့ မှ လို့ ....
.
'''ရမ်းပြော ရမ်းမှန် အကြားအမြင် ဆရာမ ''
'''ရမ်းပြော ရမ်းမှန် အကြားအမြင် ဆရာမ ''
------------------------------
အရေးအခင်းပြီးစ ၉၀စွန်းကာလတွေမှာ ဆရာက ရွှေတိဂုံဘုရား ဗဟန်းမုဒ် အလယ်ဖြတ်လမ်းဘေး က ယာယီ ဈေးဆိုင်တန်းက ဗေဒင်တန်းမှာ ဆိုင်ထိုင်ပါတယ် အဲ့ မှာ ကျနော်တို့ က တပည့် တွေပေါ့  ရုန်းရုန်းရုန်းရုန်းနဲ့  ဗေဒင်ကနဲနဲ ဆရာကြီးပညာအကြောင်း လေဖောကျတာကများပါတယ်..
အဲ့ ဆိုင်တန်းမှာ တစ်ခြားဆရာတွေလည်းရှိပါတယ်..ဗေဒင်ဆရာဆိုတာ ကိုယ့် ဟာကိုယ်တော့  ဆရာသခင်တွေချည်း လိုလို ကိုယ့် စတိုင်နဲ့ ကိုယ့် ပရိပ်သတ်သဘောမို့  မေးထူးခေါ်ပြောတွေပေါ့  ...( အဲ့ မှာ ဗေဒင်ဆရာတွေရဲ့  စရိုက် တော်တော်များများကို ဆရာ့ တပည့် စတိုင်နဲ့  ဒိုင်လျိုလေး ချက်နေလို့ ရခဲ့ တာပါပဲ

Subscribe to:
Posts (Atom)