Powered By Blogger

Saturday, May 9, 2015

အနှောင်အဖွဲ့ ကင်းတဲ့ 

ကောင်းကင်သား မဖြစ်ရင်နေပါစေ
အနှောင်အဖွဲ့ ကင်းတဲ့ 
မြေကြီးသားဘ၀မှာပဲ နေပါရစေ...


ဖြူမယ်ဆို



ဖြူမယ်ဆို ရဲရဲသာဖြူလိုက်ပါမနှင်းဆီ.....


လွမ်းစေတီ

''လွမ်းစေတီ တောင်တော်ဦး
နေခြည်ဦီး ကူးတော့ မည်
အနောက်ကိုတဲ့ ဂေါယာဆီ
ရော်ကာရည် မင့် ကိုလွမ်းပါရ
တမ်းတသူ လွမ်းရင်မောတယ်လေ..
သောကနယ်သား.''.။ ။


အလွမ်းစိတ်ကူး


''အလွမ်းစိတ်ကူး မျှော်ရည် စူးသည်
ကြည်ပြာစိမ်းမြ ၊အင်းလျားစပ်ဝယ်
ကန်လယ်ကျွန်းက၊ မှိုင်းပျပျနှင့် ။
ညနေတစ်ခို
ဟို.......အဝေးဆီက ခုံပြာတန်းနှင့် 
ကံ့ ကော်သခင်၊ ဘွဲ့ နှင်းသဘင်ကြား
အာရုံ ၀ိုးတ၀ါး မှုန်ရီကြားမယ်
အို.ကွယ်....နှင်းဆီသခင် မင်းသည်လေလား
အာရုံပြားခဲ့  အလွမ်းဖွဲ့ နွေဦးရယ်သာလေ''။ ။




သွားတော့ မယ် လား........

'' သွားတော့ မယ် လား........
ထားခဲ့ လေ လို့  မပြောရဲပါ.....
နှောခဲ့ သည့်  သံယောဇဉ် နွယ်
ရှောင်ပုန်းကွယ် မလွယ်ဘူးပေမို့ 
ရွယ်စူးမိ မခင်တွယ်သူက
ချစ်ကြိုးမျှင် တမင်ဖြတ်ရင်တော့ 
ဇွတ်ဆွဲကာ မတားသာဘု
ကြွေလုလု ၀ဲမျက်ရည်လည်
မင်းပျော်မယ်ဆို အငိုသရုပ်
ဟန်လုပ်လို့  ပြုံးပေးပါ့ မယ်..
(ချစ်သူရေ.)
အဝေးတစ်နေရာမှာ
တို့ ရှိနေဆဲဆိုတာလေးတော့ ...


ရူးတဲ့ အိန်ဂျယ်



''ငါ့ စိတ်ကူးတွေက..လှမ်းဆွတ်ကြယ်များ..
ငါ့ လက်ထဲမှာတော့ ..သစ်ရွက်ကြွေ အနွမ်းများ...
အိန်ဂျယ်တွေလို့ များ..ပျံနိုင်မယ်ဆိုရင်..
ကမ္ဘာမြေကို ခုထက်လေ ပိုလှပသွားအောင် ငါဖန်ဆင်းလိုက်ချင်..ရူးမိနေပြီ...''

((ရူးတဲ့ အိန်ဂျယ်...သအို)))


''ဘ၀ ဆိုတာ တောင်တက်သမားလိုပါဘဲ''





''ဘ၀ ဆိုတာ တောင်တက်သမားလိုပါဘဲ''
-------------------------------------------
တောင်တက်သမား ရုပ်ရှင်တွေကြည့် ရင်း သူတို့ ရဲ့  ပစ်မှတ် တောင်ရွေးချယ်ပုံ ၊ လမ်းကြောင်းရွေးတာ၊ တောင်တက်နေပုံ နည်းစနစ်တွေနဲ့ ဇွဲတွေ၊ ရုပ်ကြံ့ ခိုင်မှု့  ၊ စိတ်ကြံ့ ခိုင်မှု့  ၊ လေတိုက်နှုံးတွက်တာတွေ ၊တောင်တက်ရာလမ်း ကိုရွေးချယ်ပုံရှာဖွေပုံတွေကိုကြည့် ရင်း...ဘ၀တစ်ခုဖြစ်တည်ဖို့ မှာလည်း ဒီသဘော ဆင်တာတွေ့ တွေ့ လာရတာပါဘဲဗျာ..၊

တောင်တက်သမားဟာ ရုပ်သန်စွမ်းမှု့ စိတ်ဓါတ်ခွန်အား ပန်းတိုင်သဘော လေတိုက်နှုံးတို့ အပူအအေးတို့ တွက်ရသလို ဘ၀ခရီးမှာလည်း ပြင်ပ ပယောဂတွေ ၊ ကိုယ်သွားသင့် တဲ့ လမ်းကြောင်း ၊ရှောင်သင့် တဲ့ လမ်းကြောင်း သဘောရွေးတာမျိုးမှာ သဘောဆင်တာပါပဲ...

တောင်တက်သမားဟာ သူတက်ချင်တဲ့ တောင်ကြော ကိုရွေးတာ လမ်းကြောင်းရှာတာက တောင်တက် ခရီးရှည်ကြီအတွက် ပုံကြမ်းသဘောလိုဘဲ ဘ၀ခရီးသွားမယ့် သူကလည်း ကိုယ်လိုချင်တဲ့ ဘ၀ကို ရွေးလိုက်တာ အဲဒီဘ၀အတွက် လိုအပ်ချက် လမ်းကြောင်းတွေကို ချဉ်းကပ်ဖြည့် တင်းယူတာမျိုးဟာ ဘ၀ခရီးရှည်ကြီးအတွက် စိတ်ကူးပုံကြမ်းသဘောပေါ့ ၊