Powered By Blogger

Sunday, August 28, 2016

အလွမ်းသင့် နေ့ ရက်များ...


အလွမ်းသင့် နေ့ ရက်များ...
----
ဓမ္မ နဲ့  ဂီတကို
အဖေါ်ပြုရင်း
အလွမ်းရတုတွေနဲ့ 
သစ္စာတိုင်ခဲ
့မေတ္တာမယိုင်ခဲ့ 
ချစ်တတ်ခြင်းတရားတွေပဲ ပိုင်ခဲ့ .
အနေ့ နေ့  အရက်ရက်တွေဟာ
တစ်နေထွက်လို့  တစ်နေ၀င်
မျှော်လင့် ခြင်းတွေ ပုခုံးဆင့် ရင်း
အလွမ်းသင့် သူတွေကို
အလွမ်းသင့် ရင်းနဲ့ ...
ဘ၀ခရီးက
နိဂုံးနား နီးခဲ့ ပြီလား...။

အင်းဝ


အင်းဝ
--
စောင့် ကြည့် ခဲ့ တဲ့  အသက်ပိုင်းတူ မွေးလ ရှေ့ ဆင့် နောက်ဆင့် တူတဲ့  တက္ကသိုလ်အတူတူ တက်ဖက် ကျောင်းအတူတူ ပြီးဖက် သူငယ်ချင်း ၃ ဟူး သမီး သုံးယောက် ရှိတယ်....အဲ့ မှာ ၆ လပိုင်း မှာမွေးတဲ့  ၃ ဟူးသမီး ၂ယောက်က သောကြာမရဏသက်ရောက်ကို အတူတူ ဖြတ်ပြီး အခု အသက် ၄၆ တနင်္ဂနွေသက်ရောက်ကို အတူတူ ၀င်ကြတယ်....၊ မနှစ်က သောကြာ မရဏ သက်ရောက် အသက် ၄၅ မှာ တစ်ယောက်က ဗိုက်ခွဲခဲ့ ရပြီး တစ်ယောက်က ကားမတော်တဆမှု့  ၂ ခါ နဲ့  လူမှု့ ရေးပြဿနာ ဖြစ်ခဲ့ တယ် ။ ဒီနှစ်မှာတော့ အဲ့ ကား မတော်တဆမှု့  ၂ ခါ ဖြစ်ခဲ့ တဲ့  ဟူးသမီးပဲ မနေ့ က ကားမတော်တဆမှု့  ထပ်ဖြစ်တယ် (အခု ၈လပိုင်းဟာ စနေလစိတ်ဖြစ်နေတယ်) ဆိုင်ကယ်သမားက အဲ့ ဟူးသမီး ကိုယ်တိုင်မောင်းလာတဲ့ ကားကို ၀င်တိုက်တာ မသေပေမယ့်  ခေါင်းကွဲ နံရိုး၂ ချေုာင်းအက်သွားတယ်..( ဘာညာယတြာတွေနဲ့ ပိုက်ဆံပေးညှိလိုက်တော့ ခုတော့ ပြီးသွားပြီ)
နောက်တစ်ယောက် ဟူးသမီးကတော့  အဘိဓမ္မာ သင်တန်းတက်နေတယ်လို့ ဆိုတယ် အဲ့ ဟူးသမီး ၂ ယောက်မှာ တစ်ယောက်က သူ့ တစ်သက်တာမှာ သေမလိုလို ဖြစ်တဲ့  ရေနစ်ဖူးတာ အပါအ၀င် မတော်တဆမှု့  ဖြစ်ခဲ့ တာ များလွန်းတာ သတိထားမိတယ် ကျန် ၂ယောက်မှာ တစ်ယောက်က ဘော်ဒီရောဂါ သဘောသာများပြီး တတိယမြောက် ဟူးသမီးကတော့  မတော်တဆမှု့  ဖြစ်တာအနဲဆုံး မဖြစ်သလောက်ပါပဲ
ရောဂါသဘောနဲ့  မတော်တဆမှု့  ကြုံတဲ့  ဟူးသမီး ၂ယောက်က လူအက်ရှင်လှုပ်ရှားမှု့ အလွန်များ အသွားအလာထူပြောပြီး တတိယမြောက် ဟူးသမီးကတော့  ကျန် ၂ ယောက်ထက်စာရင် အငြိမ်သမားလို့ ဆိုနိုင်တယ် ( မွေးချိန်တွေနဲ့  အသိုင်းအ၀ိုင်း ဆင်းသက်လာပုံတွေ သုံးယောက်စလုံး မတူကြဘူး )
--------------------------------------------------------------------------------------------------