Powered By Blogger

Wednesday, June 29, 2016

ပြည်မှာဆောင်း



ပြည်မှာဆောင်း
-------
ယူကျူ့ ထဲ ပတ်နေရင်းက မြန်မာပြည် အကြောင်း ဒေါ်ကူမန်ထရီတွေထဲမှာ ဆေးလိပ်ခုံ အကြောင်းလေးတွေ့ လိုက်တော ငယ်ငယ်က နွေကျောင်းပိတ်ရက်တွေမှာ သွားပြီးနေခဲ့ ရတဲ့  အဖိုးတွေအဖွားတွေ ရှိတဲ့  ပြည် ကို လွမ်းသွားတယ် .

 ကျနော်ကလည်း ပြည်မှာ မွေးခဲ့ တာလေ.. အဖိုးအဖွားတွေအပါအ၀င် ဘကြီးဦးကြီး ကြီးဒေါ်တွေ ဦးလေးတွေ အစ်မတွေအများစုက ခေတ္တရာမြို့ သစ်မှာများပြီး တစ်ချို့ က ၀ါရုံ ထဲမှာ။
အဲ့ တုန်းက ခေတ္တရာမြို့ သစ်က အမျိုးသမီးငယ်အတော်များများက မူလတန်းလောက်နဲ့ ပြီးတာ များပြီး ကျားပျံမကောက် ဆေးလိပ်ခုံ မှာဆေးလိပ်သမတွေ ဖြစ်ကုန်တာများတယ် မြို့ သစ်ကနေ ရထားလမ်းကျော်ဖြတ်သွားရင် ဆေးလိပ်ခုံက နီးတယ်လေ အဲ့ အထဲ ဆေးလိပ်ခုံ အလုပ်သွားလုပ်တဲ့ အထဲ ကျနော်တို့ အမျိုးထဲက အစ်မ တစ်ယောက်လည်း ပါတယ် ဆေးလိပ်လိပ်ကြတာ အရမ်းမြန်တယ် တစ်နေ့ ကို ရာချီ ပြီးကြတယ် အစ်မက လုပ်သက်ရင့် လာတော့ တပည့် တွေ ဘာတွေ နဲ့ ဖြစ်လာပြီး ဆေးလိပ်ခုံက ဆေးစပ်တွေ သနပ်ဖက်ရွက်ကြီးတွေ ကို အိမ်မှာ ယူ ပြီး လိပ်တဲ့ အဆင့် ဖြစ်လာတယ် အဲ့ မှာ ဆေးလိပ်လိပ်ကြတဲ့  အလုပ်သဘောကို သိလာတော့ တာပေါ့ လေ...အခုတော့  အဲ့ အစ်မလဲ ဂိသွားပြီ. ကျနော်တို့ အဖွားက ခေတ္တရာမြို့ သစ်ဈေးထဲမှာ ဆိုင်ခုံနဲ့  မုန့် ဟင်းခါးရောင်းတယ်  ခေါက်ဆွဲဖတ်ကိုတော့ အိမ်မှာပဲ ကိုယ်တိုင်လုပ်တယ် မုန့် ကြိတ်ဆုံလည်းရှိတယ် ကိုယ်တိုင်ကြိတ်ပေါ့ လေ .တစ်ခါက ဖြတ်သန်းခဲ့ တဲ့  ငယ်ဘ၀တွေထဲက ဘ၀တစ်ကွေ့ အတွေ့ အကြုံလေးတွေပေါ့ လေ..ခုတော့  လွမ်းစရာ

ဘ၀တစ်ကွေ့ ကြုံခဲ့ ဘူးတဲ့ ကျောင်းချင်း ရန်ပွဲ

ဘ၀တစ်ကွေ့ ကြုံခဲ့ ဘူးတဲ့ ကျောင်းချင်း ရန်ပွဲ
------------------
စတိတ်ကျောင်းသားဘ၀မှာ ကျောင်းကျောင်းချင်း အကြီးအကျယ် ရန်ဖြစ်တာ ၃ ကြိမ်ကြုံခဲ့ ရတယ်  ပထမအကြိမ်က ကျနော်တို့ ၅ တန်းလောက်မှာ စိန်ဂျွန်နဲ့  ဖြစ်တာ အဲ့ ရန်ပွဲက ကျောင်းသားကြီးတွေ ဖြစ်ကြတာဆိုတော့  ဘယ်ကစဖြစ်တာလဲ မမှတ်မိတော့ ဘူး

ဒုတိယအကြိမ်မှာတော့ စိန်ပေါနဲ့ ဖြစ်တာ အဲ့ မှာတော့  ကျနော်တို့ က  ၈တန်း၉တန်းလောက်မှာ ၊ ပြဿနာက ကျောင်းပြေးအချင်းချင်း အပြင်မှာ ငြိကြတာ မပြီးပဲ စိန်ပေါက ကျောင်းသားတွေက ဘုရားလမ်းဘူတာရုံ ဖက်ကတက်လာပြီး ရထားလမ်းက ဂ၀ံကျောက်ခဲတွေ နဲ့  အပြင်ကားလမ်းမကနေ ကျောင်းဘော်လုံးကွင်းထဲကို လှမ်းပစ်ကြတာ

အဲ့ မှာဘော်လုံးကန်နေတဲ့ ကျနော်တို့ ကျောင်းကကျောင်းသားတွေက ကျောင်းထဲမှာ အဆောက်အဦးဆောက်ဖို့  ပုံထားတဲ့  အုပ်ခဲပုံထဲက အုပ်ခဲတွေ အဆင်သင့် ကောက်ခွဲပြီး ပြန်လိုက်ထုတော့  ရထားလမ်းဘူတာရုံထဲကနေ ဆင်းပြေးကြရော ။ မပြေးကြခင်
သူပစ်ကိုယ် နဲ့  ခဲစစ်ပွဲနွှဲနေကြတာ  မိန်းကလေးကျောင်း စိန်မေရီနဲ့  ကျားကျောင်း ကျနော်တို့ စန်ထရယ် ဆိုတဲ့  လသာ၁ ကြားက ဘုရားလမ်းပေါ်မှာ အုပ်ခဲကျိုးအပိုင်းအစတွေ ဖွေးလို့ ပေါ့  ကားအသွားအလာတွေပါရပါသွားရော အဲ့ ပွဲမှာနဲနဲ ၀င်နွှဲလိုက်သေး ကျောင်းထဲကနေ အပြင်ကိုဂဲနဲ့ လှမ်းထုရတာဆိုတော့  အန္တရာယ်ကင်းတယ်လေ..။