Powered By Blogger

Monday, March 21, 2016

မင်းသိစေချင်ခဲ့ သည်ပဲလေ....



မင်းသိစေချင်ခဲ့ သည်ပဲလေ....
-----------------
ထားလက်စ သစ္စာတရားတွေကလွဲရင်
မင်းနဲ့ ပတ်သက်ခဲ့ သမျှ
ငါရခဲ့ တာ အလွမ်းတွေမျှသာပါပဲ


ကွယ်ရင်မေ့ ခဲ့ 
တပ်မက်ခြင်းတွေသက်သက်နဲ့ 
သံယောဇဉ်ကြိုး
ကြိုးညှိ တီးခတ်ပြခဲ့ တာ မဟုတ်ခဲ့ ရပါဘူးလေ


လျှာဖျားစကား
တီတာခွန်းချို
မေတ္တာဆိုတေး မသွက်ခဲ့ လို
လမ်းခွဲခြင်း အက်ကြောင်းတွေဖြစ်လာလိမ့် မယ်လို့ 
ငါမသိခဲ့ ရိုးအမှန်ပါ


စိတ်ဗလာ အထာကြည့် ရင်း
သဏ္ဍာန်သရုပ်ကို
ဟန်လုပ် မပြုံးပြတတ်ခဲ့ ပေမယ့် 
မင်းပြုံးရင် ငါပျော်ခဲ့ 
မင်း ငိုရင် ငါကြေကွဲတတ်ခဲ့ ပါကြောင်းဆိုတာတော့ 
မင်းသိစေချင်ခဲ့ သည်ပဲလေ......။