Powered By Blogger

Saturday, November 21, 2015

ဖွဘုတ် ဂရုထဲက စာပေါင်းစုံ...

ဖွဘုတ် ဂရုထဲက စာပေါင်းစုံ...

ဗေဒင်သာလုပ်နေတာ ဗေဒင်ကို ဟဲဗီးကြီး စွဲ မနေတတ်ဖူး.( ကျနော် တစ်ခါက ရေးပြဖူးသလိုပဲ ဗေဒင်လိုက်ရင်းကနေ ဗေဒင်ထောင်ထဲ ကျနေသလို ဖြစ်လာပြီထင်လာတယ် မလွတ်လပ်တော့ ဘူးလို့ ထင်လာတာနဲ့  တဖြည်းဖြည်း ပြန်ဆုတ်ခဲ့ တယ် ဓမ္မစာပေတွေဖက်ပြန်သွားတယ် ကံ သဘောတွေဖက်ပြန်နှလုံးသွင်းနေခဲ့ တယ်ပေါ့ ဗျာ )...
..ဒါပေမယ့်  ဟဲဗီးကြီး စွဲနေတဲ့  အံ့ ဖွယ် လူသားတွေလဲ ကြုံခဲ့ ဖူးတယ်....သူ့ အစွဲထဲက တစ်ကွက်က..
''ကြိစတု နင်းကြမ်းပြု '' ဆိုတာကို ပုံသေယူလိုက်ပြီး နင်းကြမ်းကို အမြဲ နင်းထားရင် ကောင်းတယ် လုံခြုံတယ်လို့  ထင်မှတ်သွားပုံရပါတယ်...လုပ်ပုံက..သူစီးနေကျ  မန္တလေး ခြေညှပ် ဖိနပ် ဆိုးလ် ကို ခွာပြီး  ဘယ် ညာ နှစ်ဖက်မှာ တြိရန်းအသားလေး နဲ့  စတုရန်းအသားလေးကိုထည့်  သားရည်ကပ်ကော်နဲ့ ပြန်ကပ်ပြီး အမြဲစီးနေတော့ တာပါပဲ...စီးပေမယ့်  ဒိုင်လျိုစီးတာမျိုးမဟုတ်ပဲ ပညာယူတွေ အချင်းချင်းကို သူ့ ဖိနပ်မှာ အဲ့ ဒီလို ထည့် ထားတဲ့ အကြောင်းကို ပညာအပေါ်ဘ်ာလောက်တောင်အားကိုးတယ် ယုံပါတယ်
လက်တွေ့  ဘယ်လိုသုံးနေပါတယ် ဆိုတဲ့ အကြောင်း အသိပေးတဲ့  အနေနဲ့  ပြောပြလိုက်ပါသေးတယ်...ရယ်ချင်မိပေမယ့်  သူ့ ရှေ့ မှာတော့  ပေါ်တင်မရယ်ခဲ့ ပါဘူး...တွေးမိတာကတော့ လူတစ်ချို့ တွေရဲ့  ယုံကြည်မှု့ သဘောဟာ  ယုံလောက်စရာကို ယုံပြီဆိုရင်  အဲ့ ဒီလောက်ကို ယုံတတ်ပါလားလို့ တွေးမိပါတယ်ပေါ့ ဗျာ..
-