Powered By Blogger
Sunday, May 24, 2015
ဝဋ်ကြောက်သူ...
ဝဋ်ကြောက်သူ...
-------------
''' အမလေးးး..ကိုကြီးရေ လုပ်ပါဦး '''တဲ့ ..'''ဟ..ဘာတုန်းဟ'''..ဆိုတော့ .'''.အမလေး အသဲယားလိုက်တာ..ဒီမှာ ကြွက်ပေါက်လေးတွေ.'''တဲ့ ...ဒါနဲ့   အိမ်ပေါ်ကနေ ဆင်းကြည့် လိုက်တော့ ...
သူတို့ တွေ အိမ်ရှင်းရင် ချောင်တစ်ခုကို ဆွဲရှင်းလိုက်တာ...ကြွက်သိုက် တစ်ခုတွေ့ တော့ တာပါပဲ..ကြွက်မအေကြီးက နေ့ ဘက်ဆိုတော့ မရှိဘူး ကြွက်ပေါက်လေး တွေက နီတာရဲလေးတွေ လှုပ်စိလှုပ်စိနဲ့  သုံးလေးကောင်..အရေပြားပါးချက်က အထဲဖေါက်ပြီးမြင်ရတော့ မတတ်ပေါ့  မျက်လုံးက မပွင့် သေးတော့  နီနီရဲရဲ ပေါ်မှာ အမဲစိလေး ၂ခုကပ်နေသလိုလို.တွားသွား လိုက်လံသွားလိုက် ယက်ကန်ယက်ကန်နဲ့ ....
အဲ့ ဒါမျိုးကို မရွံတတ်ပေမယ်...ဦးနောက်ထဲမှာ ဖိအားအကြီးကြီး ၀င်ချလာတာက.စိတ် သိပ်ပင်ပမ်းရတယ်..စာပေသိသဘောအရ ''၀ဋ်'' ဆိုတာကြီးကို အတော်ဖြုံတတ်တဲ့ ဖိအားပေါ့
သံသရာလည်စနစ်ကိုယုံတယ် ၀ဋ်ဆိုတာလည်တတ်တာကို ယုံတယ်...သူများအိမ်ဂေဟာ သူများမိသားစုကို ဖျက်ဆီးရင် ဖြိုခွဲရင် ကိုယ်လည်း သံသရာတကွေ့ ကွေ့ မှာ..ကိုယ့် အိမ်ယာ ကိုယ့် မိသားစုကို တစ်ခြားတစ်စုံတရာက..?..
.ဆိုတဲ့  '''၀ဋ်'' သဘောကို  တွေးကြောက်တာက တကယ်ကြောက်တာ...မောင်နှမတွေက  ကိုကြီးရေ လုပ်ပါဦးဆိုကတည်းက ..ဘာလုပ်စေချင်မှန်းက သိပြီးသား...
ဖယ်.ဖယ်..ဖယ်..ငါယူသွားမယ် ဆိုပြီး သတင်းစာစက္ကူဖြန့်  ကြွက်ကလေးတွေကို ကပ်ထူစကက္ကူတစ်ခုနဲ့  ယက်ပြောင်းတင်ရင်..ဘာဆက်လုပ်ရမှန်း မသိပဲ အတော်လေးချီတုံချတုံ ဖြစ်နေတယ်..
ကြွက်ထောင်တာတောင် မလွှဲသာလွန်းလို့ ကစ်နေရတဲ့  စိတ်က ဒီကြွက်ပေါက်လေးတွေကို သူ့ အမေကြွက်မကြီး ပြန်မလာခင်နေရာရွှေ့ သွားပစ်ရမှာ ပိုမ၀ံ့ မရဲနဲ့ ဖြစ်နေတယ်..ကြွက်မကြီးပြန်လာလို့ 
သူ့ ကြွက်ပေါက်ကလေးတွေ သူထားခဲ့ တဲ့ နေရာမှာများ မရှိတော့ ဘူးဆိုရင်...ဆိုတဲ့ အတွေးကလည်း ၀င်ချလာသေးတယ်....
-----------------------------
ဟီးဟီးး...နောက်တော့  လမ်းကြားက အိမ်ပြင်နားမှာရှိတဲ့ တိုင်ကီအောက်ကလွတ်နေတဲ့ နေရာလးမှာ စက္ကူကပ်ထူဘူးလေးနဲ့  သွားချထားလိုက်ရတယ်...အဲ့ မှာနေကြ..မင်းတို့ ငယ်သေးတယ်..ကြီးလာမှ...ဆိုပြီး..ခိခိခိ
၈ပေကနေ...
၈ပေကနေ...
---
၈ပေကြည့် လာတာ အတော်သက်တမ်းရပြီဗျ..အများအားဖြင့်  အင်ဒိုရယ်၊ အာရပ်ကမ္ဘာရယ် ၊ အာဖရိကဘက်က နဲနဲပါးပါးရယ်ဘက်ကိုသွားလေ့ရှိတယ်..
အဲ့  ဒေသမတူတဲ့ ဘက်သုံးဘက်က တကယ့် အခြေအနေတွေက ရိုးရိုးသတင်းအဖြစ် တွေ့ ရခဲတယ်..၈ပေကလာတဲ့ စတိုင်တွေက သတင်းနဲနဲ ဂီတနဲနဲထွေလီကာလီနဲံနဲ နဲ့  ဒေါကူမန်ထရီတွေက ခပ်များများသဘောပဲ..
ဒေါ့ ကူမန်ထရီတွေကြောင့် ပဲ ၈ပေ ကို လက်မလွှတ်ချင်သေတာသဘောရှိတယ်...ဘာလို့ ဆိုတော့  အကြောင်းအရာတစ်ခုကို ချုပ်ပြီးရိုက်ပြတဲ့  ဆရာသမားတွေက သူတို့ တကယ်ပြချင်တာကို ဒေါ့ ကူမန်ထရီထဲမှာအစိုးရဘက်ကလူတွေ တော်ယုံနဲ့ မရိပ်မိအောင် ခပ်ပါးပါးလေး မြှတ်ကွက်တွေ နဲ့ ထည့် ရိုက်ပြသွားတတ်တာများလို့ ပဲ...အဲ့ ဒါကို လိုက်ဖမ်းရတာကိုက ပျော်စရာနဲ့ တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို ဖမ်းဆုပ်လို့ ရတယ်..ပြကွက်တစ်ကွက်ဟာ တစ်ခါတစ်လေ ဒေသတစ်ခုလုံး ဘာတွေဖြစ်နေသလဲကို မှန်းကြည့် လို့ ရတာတွေရှိတယ်
''''Exodus ''' .နိုင်ငံတော်သစ်တစ်ခုမွေးဖွားလာခြင်း...
''''Exodus ''' .နိုင်ငံတော်သစ်တစ်ခုမွေးဖွားလာခြင်း...
--------
လူက ဘာတန်ခိုးမှမရှိတော့  တန်ခိုးတွေပြတဲ့  ကျမ်းတွေ စာတွေဆို အားကြီးသဘောကျသဗျ...၊ တန်ခိုးက ကိုယ့် ဘယ်ရှိမလဲ မကျေနပ်တဲ့ လူတွေဆို တန်ခိုးရှိရင် တန်ခိုးနဲ့ လိုက်သတ်ပစ်မှာပဲ ဆိုတဲ့ စိတ်မျိုး ရှိနေမှတော့ လေ..ဟီးး..
ကိုးတန်း ဆယ်တန်းလောက်မှာ ဘာသာပြန်တွေ အများကြီးထွက်လာတယ် ဘာပြောကောင်းမလဲ အင်း ပြောမကောင်းရင် မပြောနဲ့ လေ..အဟိ..အဲ အဲ့ မှာ ဘာသာပြန်တွေ မျိုးစုံ ဖတ်ရင် Exodus ..ဆိုတဲ့  ဘာသာပြန် စာအုပ်တစ်အုပ်ဖတ်မိရောဗျ...
ဗမာလိုပြန်ထားတာက နိုင်ငံတော်သစ်မွေးဖွားလာခြင်း သဘောလို့  ပြန်ထားတယ်.Exodus ခေါင်းစဉ် နဲ့  ဗမာလိုသဘောကိုက ဆွဲဆောင်မှု့ ရှိတယ်..အထဲကစာဖတ်တော့ လည်း လက်မချနိုင်လောက်အောင် စိတ်ဝင်စားစရာတော်တော်ကောင်းတယ်..
ဒုတိယကမ္ဘာစစ်အပြီးမှာ ကမ္ဘာစစ်မှာ မျိုးတုံးလုလုလည်း အသတ်ခံခဲ့ ကြရ ဥရောပမှာ ရုရှားမှာ အနှိမ်ခံ အနှိပ်ကွက်ခံနေရတာကနေ အဲ့ ဒီ့ ကမ္ဘာအရပ်ရပ်က ဂျူးမျိုးနွယ်တွေကို စုစည်းသတင်းပို့ ပြီး စွမ်းရည်ထက်မြက်တဲ့  ဂျူးခေါင်းဆောင်တွေက အစ္စရေးနိုင်ငံတော်သစ် စပြီးထူထောင်ဖို့  ကြိုးစားကြတဲ့  အကြောင်းကို ဇာတ်လမ်းဖွဲ ထားတာဖြစ်နေတယ်...
မအေတွေရဲ့  အချစ်
မအေတွေရဲ့  အချစ်
------------
မအေတွေရဲ့  အချစ်ကလည်း ပကတိအနေအထားတွေကို အမှန်မမြင်နိုင်တော့ တာ ကိုယ့် သားသမီးမို့ မေတ္တာစိတ်နဲ့ လျှော့ ပေါ့ တွေးပေးတာတွေဖြစ်တတ်တယ်ဗျာ့ 
ဒဲ့ ထောက်ပြတဲ့ သူနဲ့ ကျမှ ကိုယ်တိုင်သိနေပေမယ့်  စိတ်ဘယ်လိုထားရမလဲကိုသိသွားတာများတယ်....
၉၄ဖွား ၄ကြွင်းသောကြာသား အခု ၁၉ နှစ်ပြည့် ၂၀ အ၀င်..သားက အူနီဘာစတီ မျာ ကျနေတာ ၂ နှစ်ရှိပြီတဲ့ ကျောင်းလဲမှန်မှန်သွားတယ်ဆြာရယ် စာလဲဖတ်သားပဲတဲ့ ..
ကျောင်းမှန် စာဖတ်မှတော့  ကျစရာအကြောင်း ဘယ်ရှိမလဲ..အိမ်ကထွက်သွားတာကျောင်းဆိုပေမယ့် ..သိတယ်မလား...အဲ့ ဒီ အူနီဘာစတီကျောင်းသားသဘာဝတွေပြောလိုက်မှ....ဟုတ်ပါတယ်ဆြာရယ်.တဲ့ 
ဒါနဲ့ ပြောရတယ် အစ်မသားက အရပ်သားစိတ်ဝင်နေပြီ..ကျောင်းပြီးတာ မပြီးတာတောင် သိပ်မျှော်လင့် ထားမနေတော့ တာကောင်းမယ်..အန္တရာယ်မဖြစ်ရင် အရက်သမားဆေးသမားမဖြစ်ရင် မိန်းမစောစော မရသွားရင် ကံကောင်းတယ်ပဲသဘောထားတော့ 
တစ်ခုတေ့ ကြိုပြောထားမယ်...၂၂ နှစ်မကျော်မချင်း မလေးရှားသွားချင်တယ်တွေ ဆိုင်ထောင်ချင်လို့  အရင်းအနှီးလေးထုတ်ပေးပါဆို နိုး ပဲ..ထုတ်ပေးလိုက်တာနဲ့  ဘာမှဖြစ်လာမှမဟုတ်ဘူး ကုန်တာပဲ အဖတ်တင်မှာ...ကျောင်းကိုစိတ်ကုန်ပါပြီ အလုပ်ပဲလုပ်ချင်ပါတော့ တယ်ဆိုရင် မိဘနဲ့ ဝိုင်းလုပ်ဝိုင်းစားတို့  သူများစီ အတွေ့ အကြုံယူတဲ့ လခစားတို့ တော့ ရမယ် အဓိကကတော့ ငွေထုတ်ပြီး စီးပွားမထူထောင်ပေးဖို့ ပဲ...စီးပွားထောင်ပေးချင်ရင် ၂၃ ကြမှ ပြန်စဉ်းစားပါ  လို့ ပြောလိုက်တော့ ..
အခု ဆွေးနွေးခဲ့ တာဟာ လောကသဘာဝကို ဗေဒင်နဲ့ ရောပြောသွားတာပါဗျား...မအေက အသက် ၄၉ နှစ် ၆ကြွင်း ဗုဒ္ဒဟူးသမီးပါဗျား...
ဒါက ဒီလိုရှိတယ်လေ...
ဒါက ဒီလိုရှိတယ်လေ...
---------------
လင်လောင်းမွေးရက်က ၃၁၊ မယားလောင်းလေးမွေးရက်က ၄ရက် သူတို့ က စိနနွယ်လေးတွေဗျ...အဲ့ ဒါ မင်္ဂလာလက်မှတ်ထိုးမယ့် ရင်လာရွေးတယ်..ဧည့် ခံပွဲက ရက်ချိတ်ပြီးသား ၃၀ရက်နေတဲ့ ..
လင်လောင်းလေးက အသက် ၂၈ ၅ကြွင်းသောကြာသား...အင်္ဂါသက်ရောက်၊ မယားလောင်းလေးက သုညကြွင်းတနင်္လာသမီး..အသက် ၂၆ မရဏအင်္ဂါသက်ရောက်ထဲမှာ...
ဒီတော့  အားလုံးစီစဉ်ထားပြီးသားဖြစ်နေတဲ့ အပြင် သူတို့ လိုချင်တာ လက်မှတ်ထိုးတဲ့ ရက်ဆိုတော့ ...ပထမဆုံးက ၄နဲ့ ၈ ကိုရှောင်လိုက်တယ်ပေါ့ ....
ဒီတော့  ၂၆ရက်နေ့ မှာ မထိုးနဲ့  ၂ လုံးပေါင်း ၈ မို့ ...၊ ၂၈ ရက်က ၁လုံးထဲဖြစ်အောင်ပေါင်းရင်  ၁  မ ဂဏန်းနေ့  ကြာသာပတေးနေ့ မှာလက်မှတ်ထိုးပေါ့ ...
အိုကေ ဘဲလေးက အိုကေတယ် မဒီလေးက အဲ့ ၂၈ရက်က ပြက္ခဒိန်ထဲမှာ သမားညိုရက်ဆို...လို့ ဆိုလာတော့  ကျနော်က အဲ့ ပြက္ခဒိန်ထဲက သမားညိုတွေအဖြူတွေအမဲတွေ ရက်ရာဇာတွေ ပြဿဒါးတွေကို ကျနော်တို့ မယူဘူး လိုင်းမတူဘူး ကျနော်တို့ က ဒါနဲ့ ပဲသွားတာ..
တစ်ပတ်လုံးလုံးမှာမှ ကြာသာပတေးနေ့ လက်မှတ်ထိုး ဆိုတာ သောကြာသားရော တနင်္လာသမီးပါ အဲ့ နေ့ တစ်ရက်ထဲ ကံကြမ္မာလယ်ဘယ်ညီနေလို့  ဆိုပါတော့ ဗျာ ဗုဒ္ဒဟူးနေ့ မှာ လက်မှတိထိုးရင် တနင်္လာသမီးက သောကြာသာထက် ကံသာတယ်ပေါ့ ဗျာ...ဒီတော့  ဘယ်ကောင်းမလဲ လယ်ဘယ်မှကောင်းမှာပေါ့ ဆိုတော့ ..
အိုကေပြန်ရော...အဲ့ မှာ သာမီးတို့ က ၈ ကို ကံကောင်းတဲ့ ဂဏန်းလို့ ပြောတယ်ဆြာ လို့ ဆိုလာပြန်တော့  ကျနော်က အဲ့ ဒါက ပြည်မကြီးမှာဆိုဟုတ်တယ်..ဒါပေမယ့်  ဒေသမတူတာက ဒီဒေသမှာ ၈ က လူတွေအတွက် လောကီအတွက်ဆို အန်လပ်ကီးသဘောများတယ် ၈ က ဘာသာရေးဂဏန်းဖြစ်လို့  မကောင်းမှု့ လုပ်စားလို့ မရဘူး အကုသိုလ်နဲ့ အသက်မွေးလို့ မရဘူး လောင်းကစားတွေ ဘာတွေမရဘူးပေါ့ .
..ပြီးတော့  ဒေသတိုင်းမှာ သူ့ အစဉ်အလာယုံကြည်မှု့  ဖိအားရှိတဲ့  အဲ့ ဒါကို သွားဖိုက်လို့ မရဘူး..ဒါကြောင့်  ၈ က ပြည်မကြီးမှာလပ်ကီးဖြစ်ပေမယ့်  ဒီမှ အန်လပ်ကီးပဲ ဒီမှာနေရင် တတ်နိုင်သမျှ ၈ ကို သတိထားတယ်ပေါ့ ဗျာ...လို့ ဆိုမှာ အိုကေ ဖြစ်သွားပြန်ရောဗျား...
နောက်တော့ မှာ ဂြိုလ်အကြောင်း ရှင်းပြရင်း...ဧည်ခံပွဲပြီးရင် သောကြာသားက ၃၀မကျော်ခင်  တနင်္လာသမီးက ၂၈ မကျော်ခင် ၃ နှစ်အတွင်း သားသမီးမြန်မြန်ယူလိုက်ဖို့ ပါ ထည့် လမ်းကြောင်းလိုက်ရပါသဗျား...
ကံပဲ...
ကံပဲ...
--------
ဆက်ဆံလာတာတော့ ကြာပြီဗျ..သူက ၆ ကြာသာပတေး..လူလည်..အခု ၄၁ လောက်ရှိပြီ ကြာသာပတေးထဲမှာ ၃လပိုင်းမွေးမို့ ရာဟုလစိတ်ထဲမှာ..မိန်းမ စနေသမီး ရှိပေမယ့်  မိန်းမက ဥရောပမှာ နှင်လျှောအစီးကောင်းလိုက်တာ ချော်လဲရာကနေ မိန်းမကိစ္စပါ ဘရိပ်ဖြစ်သွားပြီး သားသမီးမရတော့ ဘူးဖြစ်သွားတယ်..
ဒီဘဲ ၄၁ ၀င်တော့  န၀င်းလာထိုင်တယ်..ပျောက်နေတာ စနေသက်ရောက် တစ်နှစ်လုံးပေါ့ ...အခုပေါ်လာတော့  သူ့ မှာ ငွေဂျမ်းဖြစ်နေတာ ကား ၁၃ စီး ရောင်းမထွက်ပဲ ပိုက်မိနေတာတဲ့  အရင်းရရင်တောင်လွှတ်မယ်ဆြာရယ်တဲ့  ...အဲ့ တော့ မှ န၀င်းလာထိုင်တဲ့  ရည်ရွယ်ချက်သိတော့ တယ်...ငွေတော်တော်ကျပ်နေလို့ ကိုးပေါ့ ...( ဂိုထောင်မှာ ရက်ကြာလာရင် ဘာခ ညာခ တွေ လည်ပင်ခိုက်လာပြီလေ...ခ်ခ်)
နောက်သုံးရက်လောက်ကြာတော့  ပြန်ရောက်လာပြီး တစ်စီးတော့ ထွက်သွားပြီ အဲ့ ဒါ ပွဲလာလှုတာတဲ့ ....အင်းပေါ့ ...အဲ့ ဒါ မပြီးဘူး သူ့ ဟာသူ ကားအကုန်လုံးအတွက် ပွဲလှုမယ်ဗျာ...တဲ့ ..ငင့် ....၆ ကြွင်းလောဘ အနန္တ......ခိခိ....အင်းလဲမပြော မလိုဘူးလည်း ပြောမနေတော့ ပဲ သဘောပါဗျားးးး...လို့ ...
ဟီးဟီး..အခု ပွဲ အလွတ်ချည်း ထိုင်ထွန်းပေးနေရသလို ဖြစ်နေပြီ..တစ်ရက်ခြား နှစ်ခြားတစ်စီး ရောင်းထွက်သွားလို့ တဲ့ သူ့ ကိုယ်ပိုင် စီးနေတဲ့ ကားပါ လာဝယ်လို့  မထူးဘူးဆိုပြီးရောင်းပစ်လိုက်တယ်တဲ့ ....ခွိခွိခွိ.....
ပါးစပ်က ပထမကားထွက်သွားရင် ပွဲတစ်ပွဲ လာထွန်းလိုက်ဆိုတာက သူ့ လစိတ် က ရာဟုလစိတ် ငွေဝင်ကံပေါ်တတ်တဲ့ လစိတ်ကို မြင်လိုက်လို့  ပြောလိုက်တာ....ဟီးဟီး...အဲ့ ဒီလိုပဲ တရုပ်တန်းက လူတွေနဲ့ အလုပ်လုပ်ရတာ အလုပ်ဖြစ်မယ်ဆို လက်တွန့် မနေတတ်ဖူးလို့ ...ကျနော်တို့ လူတွေများ..ပေးရပြီဟေ့ ဆို..နှမျောပြီး..လက်က ငိငိ နေတာပဲ...ကိုယ်ကအစ...ခ်ခ်ခ်...
ဆံပင်အိပ်မက်
ဆံပင်အိပ်မက် ကိစ္စ အများစုမှာ အတွေ့ အကြုံတွေအရပြောရရင်
'''ရှည်ထွက်လာတာကိုတော့  ''' လပ်ကီးတစ်ခုခုလာတော့ မယ်လို့  ဆိုနိုင်ပြီး ''
တိုတာသွားတာ  ညှပ်တာ ပြင်တာ ကတုံးတုံးတာကို
အန်လပ်ကီး( ခြူခြာတတ်တယ်သတိထား) လို့  အများအားဖြင့် ယူပါတယ်ဗျား.
.(အများစု မက်တတ် ဖြစ်တတ်တဲ့ သဘောကနေ ယူတာ)..
-------------
အာ့ ဆို အရောင်ဆိုးတယ်လို့ မက်ရင်ရော အာစိ...
------------
အင်းးး...အာ့ တော့ မမက်ဖူးသေးဘူး...အရောင်ဆိုးတယ်ဆိုတာ မူလအခြေအနေကိုဖုံးကွယ်တဲ့ သဘောမို့  ဘတ်ချင်စိတ်ပေါက်နေပြီလို့  ဆိုတာဖြစ်နိုင်တယ်ဗျ...ခိခိ
------------
ညယ်.....တူပြောတာနဲ့ ...မက်တောင် မက်ရဲတော့ ပုစ်...ခွိခွိခွိ...