Powered By Blogger

Sunday, May 24, 2015

၈ပေကနေ...




၈ပေကနေ...
---
၈ပေကြည့် လာတာ အတော်သက်တမ်းရပြီဗျ..အများအားဖြင့်  အင်ဒိုရယ်၊ အာရပ်ကမ္ဘာရယ် ၊ အာဖရိကဘက်က နဲနဲပါးပါးရယ်ဘက်ကိုသွားလေ့ရှိတယ်..

အဲ့  ဒေသမတူတဲ့ ဘက်သုံးဘက်က တကယ့် အခြေအနေတွေက ရိုးရိုးသတင်းအဖြစ် တွေ့ ရခဲတယ်..၈ပေကလာတဲ့ စတိုင်တွေက သတင်းနဲနဲ ဂီတနဲနဲထွေလီကာလီနဲံနဲ နဲ့  ဒေါကူမန်ထရီတွေက ခပ်များများသဘောပဲ..

ဒေါ့ ကူမန်ထရီတွေကြောင့် ပဲ ၈ပေ ကို လက်မလွှတ်ချင်သေတာသဘောရှိတယ်...ဘာလို့ ဆိုတော့  အကြောင်းအရာတစ်ခုကို ချုပ်ပြီးရိုက်ပြတဲ့  ဆရာသမားတွေက သူတို့ တကယ်ပြချင်တာကို ဒေါ့ ကူမန်ထရီထဲမှာအစိုးရဘက်ကလူတွေ တော်ယုံနဲ့ မရိပ်မိအောင် ခပ်ပါးပါးလေး မြှတ်ကွက်တွေ နဲ့ ထည့် ရိုက်ပြသွားတတ်တာများလို့ ပဲ...အဲ့ ဒါကို လိုက်ဖမ်းရတာကိုက ပျော်စရာနဲ့ တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို ဖမ်းဆုပ်လို့ ရတယ်..ပြကွက်တစ်ကွက်ဟာ တစ်ခါတစ်လေ ဒေသတစ်ခုလုံး ဘာတွေဖြစ်နေသလဲကို မှန်းကြည့် လို့ ရတာတွေရှိတယ်



အဲ့ မှာ အာဏာမှာ ဘာသာမရှိဘူး အာဏာရဖို့ အာဏာမြဲဖို့ ဆို ဘာမဆို လုပ်ဝံ့ တယ် ဆိုတဲ့ သဘောကို မျက်မြင်တွေ အများဆုံးတွေ့ ခဲ့ ရတာပဲဗျာ..အင်ဒိုဆို ရေလည်ပွဲကြမ်းတာ...အပြင်သတင်းအရသာ အယူပြင်းထန်တယ်ထင်ရတာ သူတို့ တကယ့် လူနေမှု့ သဘောက အနောက် နဲ့ အမေရိကားက စတိုင်တွေကိုတကယ့် ခရေဇီတွေ များတာ ထင်တောင်ထင်မထားဘူးလို့ ဆိုရလောက်မယ့် သဘောရှိတယ်..ဂီတမှာဆို ပိုသိသာတယ်..၊.

.ဥပဒေအရလို့ သာထင်ရတယ် မြို့ နားကပ်နေတဲ့ ကျူးကျော်အိမ်တွေဆိုပြီး ဘူဒိုဇာနဲ့ ထိုးတာ တာဝန်ရှိတွေဆိုပြီး အကြမ်းပတမ်းကိုင်တွယ်တာကအစ ဒီမှာ မတွေ့ ရခင်ကတည်းက အင်ဒိုမှာ ပွဲကြမ်းချက်က သူတို့ လူတွေအချင်းချင်း ရက်စက်ပါပေ့ ကွယ်လို့ တွေးမိတဲ့ အထိပဲ...ဒါထက် ဆိုးတာတွေတောင် ပါသေးတယ်... ဘောစိနဲ့ ဘေ့စစ်က အရမ်း အလှမ်းကွာသလိုဖြစ်နေတော့  အလှုဝေတယ်ဆိုပြီး အသားတွဲတွေ တန်းစီရာကနေ လူများလွန်းလို့ တိုးဝှေ့ ရင်း လူပိ လူညပ်ပြီး မူးမော်သတိလစ် နောက်တော့  လူပါသေတဲ့ အဖြစ်တွေလည်း ကြည့် ရတာ တစ်နှစ်တစ်ခါ.


အာရပ်ကမ္ဘာ မှာလည်း အပေါ်လွှာနဲ့ ဘေ့စစ်အလွှာကွာချက်က အတော့် ကို ကွာတာပါပဲ...အာဖရိက ဘက်ဆို စိတ်ပျက်စရာကနေ ရယ်စရာတောင်ဖြစ်ရတာက ဘောစိအလွှာတွေရဲ့  ဖက်ရှင်အလန်းစားတွေက လူနဲ့ ဟတ်ကြည့် ရတာ ကာလာကအစ အတော်အဆီအငေါ်မတည့် သလိုမြင်ရတတ်တာကနေ ဘေ့ စစ်အလွှာလည်းကြရော လန်ကွပ်တီတောင် မကောင်းတတ်လို့ ဆိုတာမျိုးပဲ ဖုတ်အလူလူးသဲတပေပေတွေ ယင်တလှောင်းလှောင်းပေါ့ ..အဲ့ လို ရွံ့ ဝါခြောက်ရောင်ထနေတဲ့  မြို့ တွေကြားကဘောစိတွေက ကားဖြူကြီးတွေ စီးသွားရင်းက သူ့ ပြည်သားတွေကို အပေါ်စီးကကြည့် သွားတဲ့ မျက်လုံးအမူအယာက လိုက်ခဲနဲ့ ထုချင်စရာ...

နောက်တော့  ၈ပေက လာသမျှ သတင်းတွေ ဒေါ့ ကူမန်ထရီတွေ ကြည့် တိုင်း အခွံတွေ ခွာကြည့် တတ်တဲ့  အကျင့် လေးရလာတဲ့ အခါ လူတွေကို အခွံခွာချလိုက်ရင် ကမ္ဘာပေါ်က ဘယ်အရပ်က လူတွေဖြစ်ဖြစ် လူတွေဟာ လူတွေပါပဲ လူကျင့် လူကြံတွေပါပဲဆိုတာတွေ တွေ့ တွေ့လာတာပါပဲ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..